ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

14.4.13

သင်္ကြန်အကျနေ့ ပုသိမ်ကားမှောက်မှုကြောင့် ၁၈ ဦး ဒဏ်ရာရ


၁၄.၄.၂၀၁၃၊ တနင်္ဂနွေနေ့



ယနေ့ သင်္ကြန်အကျနေ့မှာ ပုသိမ်ကနေ ချောင်းသာကိုသွားတဲ့လမ်းမှာ ကားတစီး ချောက်ထဲထိုးကျခဲ့ရာ ၁၈ ဦး ဒဏ်ရာရရှိ သွားခဲ့ကြောင်း သိရပါတယ်။

ပုသိမ်ကနေ ချောင်းသာကမ်းခြေကို အပန်းဖြေခရီး သွားရောက်ကြတဲ့ ရေ၀တီငါးပုစွန်လုပ်ငန်းက အလုပ်သမားတွေနဲ့ “စု”လက်ဖက်ရည်ဆိုင်က အလုပ်သမားတွေ တင်ဆောင်လာတဲ့ Light Truck ကား ဖြစ်ပါတယ်။
ယနေ့ နေ့လယ်၂ နာရီဝန်းကျင် ချောင်းသာမရောက်မီ ၈ မိုင်လောက်အလို ဆိပ်ကြီးရွာအနီးမှာ ဖြစ်ခဲ့တာပါ။

“ကုန်းအဆင်းမှာ ကားက ညာဘက်ကို ကွေ့ရမှာကို ဘရိတ်ပေါက်သွားတော့ အရှိန် မထိန်းနိုင်တော့ဘဲ ပေ ၁၅၀ လောက်ရှိတဲ့ ချောက်ထဲကို ထိုးကျသွားတာ။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ မသေသင့်တဲ့လူတွေ မသေရအောင် အမြန်ဆုံး ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်” လို့ ချောင်းသာရဲစခန်းမှ ဒုရဲအုပ် နိုင်အောင်ထွန်းက ဧရာဝတီကို ပြောပါတယ်။

ဒဏ်ရာရတဲ့ထဲမှာ ၄ ဦးက ဒဏ်ရာပြင်းထန်တယ်၊ အဲဒီထဲက တဦးကိုတော့ ရန်ကုန်ဆေးရုံကြီး ပို့ရမယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။
ချောင်းသာအခြေစိုက် ပါရမီနာရေးကူညီမှုအသင်းက လူနာတင်ယာဉ်တွေနဲ့ ဆေးရုံကို အမြန်ဆုံးရောက်ရှိအောင် ကူညီပို့ဆောင်ပေးခဲ့သလို ပုသိမ်က ဧရာဝတီဖောင်ဒေးရှင်းကလည်း လူနာတွေအတွက် လိုအပ်တဲ့ဆေးဝါးနဲ့ ငွေကြေးတွေ ကူညီထောက်ပံ့ပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဆလိုင်းသန့်စင်

Irrawaddy Blog

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန် ခရီးစဉ် အစ


၁၄.၄.၂၀၁၃၊ တနင်္ဂနွေနေ့

နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ခုနစ် ရက်တာ ကြာမြင့်မည့် ဂျပန်ခရီးစဉ်အတွက် ဧပြီလ ၁၃ရက် င်္နနက်ဂျပန်စံတော်ချိန် (၈ နာရီ ၁၅ )မိနစ်က ထိုင်းနိုင်ငံမှတဆင့် ဂျပန်နိုင်ငံ နာရီတာလေဆိပ်သို့ အောင်မြင်စွာရာက်ရှိခဲ့ပါသည်။


နာရီတာလေဆိပ်တွင် ဂျပန်ရောက်မြန်မာမိသားစုများ က ရင်ထိုးတံဆိပ်များ၊ ဆိုင်းဘုတ်များ ကိုင်ဆောင် ပြီး လှိုက်လှဲစွာကြိုဆို ခဲ့ပါတယ်။

လာရောက် ကြိုဆိုကြသူများထဲမှ မိန်ကလေးတစ်ဦးက" ဒေါ်စုကို လာကြိုတာ တခြားထွက်ပေါက် က ခေါ်သွား တာက မတရားဘူး၊ ဂျပန်ကနိုင်ငံခြားရေး ၀န်ကြီးဌာနလုပ်ပုံတွေက လာကြိုတဲ့ မြန်မာ များ ကို စော်ကားရာရောက်တယ်"လို့  ပြောပြခဲ့ပါတယ်။



ဂျပန်နိုင်ငံတိုကျိုမြို့တွင် လာရောက်ကြိုဆိုသူများမှာ ၂၀၀ကျော်ရှိပါတယ်။

ဂျပန်မှ မြန်မာသံရုံး ဌာနမှ သံအမတ်ကြီး နှင့်တာဝန်ရှိသူများအခြားထွက်ပေါက်မှလာကြိုဆိုကြောင်း သိရပါတယ်။

 ဂျပန်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ ကိုမိုးဇော်ဦး
နှင့် ကိုဘန်နီတို့ လိုက်ပါလာခဲ့ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တွင် ဧည့် ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ်ဖိတ်ကြားခဲ့သဖြင့်သွားရောက် လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ဂျပန်နိုင်ငံဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံ သွားမည်ဖြစ်ကာ ဂျပန်တက္ကသိုလ်သုံးခုတွင် မိန့်ခွန်း ပြောသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ၁၅ ရက်တွင် သူမ ဧည့်ပညာရှင်အဖြစ် တစ်နှစ်ကြာ တာဝန်ထမ်း
ဆောင်ခဲ့သည့် ကျိုတိုတက္ကသိုလ်နှင့် Ryukoku တက္ကသိုလ်တို့တွင် မိန့်ခွန်းပြောသွားမည်ဖြစ်ကာ ဧပြီလ ၁၇ ရက်တွင် တိုကျိုတက္ကသိုလ်၌ မိန့်ခွန်းပြောသွားမည် ဖြစ်သည်။

ဧပြီလ ၁၆ ရက်တွင် ဂျပန် အထက်လွှတ်တော် ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံ သွား မည်ဖြစ်ပြီး ဧပြီလ ၁၈ ရက်တွင် အောက်လွှတ်တော် ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ဧပြီလ ၁၃ ရက်နှင့် ၁၅ ရက်နေ့များတွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံသွားရန်ရှိပြီး ဧပြီလ ၁၄ ရက်တွင် ကျိုတိုမြို့ရှိ အသေးစား ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကိုလည်း သွားရောက်လေ့လာမည်ဖြစ် သည်။

ဧပြီလ ၁၉ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ 
 
Irrawaddy Blog 

တောင်ကြီးသင်္ကြန် အကြိုနေ့ နဲ့ အကျနေ့

၁၄.၄.၂၀၁၃၊ တနင်္ဂနွေနေ့

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တော်ရဲ့ သင်္ကြန်အကြိုနေ့၊ သင်္ကြန်အကျနေ့ မြင်ကွင်းများကို ဖော်ပြပေးလိုက်ပါတယ်။

အကြိုနေ့ ယိမ်းအဖွဲ့များရဲ့ အကြိုနေ့ တင်ဆက်ပုံများ၊ ဒေသခံတို့ရဲ့ အကျနေ့ ရေကစားပုံများ ဖြစ်ပါတယ်။ (ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း/တောင်ကြီး)


 











Irrawaddy Blog

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း မိုးကြိုးထိမှန်ပြီး လူ ငါးဦးသေဆုံး


၁၄.၄.၂၀၁၃၊ တနင်္ဂနွေနေ့   

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) ညနေ ၆ နာရီ မိနစ် ၃၀ အချိန့်ခန့်က မိုးရွာသွန်း၍ လေပြင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ မိုးကြိုးပစ်မှုများကြောင့် မိုးကြိုး ထိမှန်ပြီး လူငါးဦး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့ပါသည်။           

ပထမဖြစ်စဉ်မှာ ဧပြီလ ၁၃ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က ကော့ကရိတ်မြို့နယ် ကော့ဝါလဲကျေးရွာရှိ ဒေါ်မူတူး၏ နေအိမ်ကို မိုးကြိုးထိမှန် ခဲ့ခြင်း ဖြစ်ကာ မိုးကြိုးထိမှန်မှုကြောင့် နေအိမ်အတွင်း အိပ်ပျော်နေသော ဒေါ်မူတူး၏ သမီးဖြစ်သူ နော်အေးခိုင် (အသက် ၁၈) နှစ်သည် နေအိမ်ခန်းအတွင်း သေဆုံးခဲ့ပြီး ဒေါ်မူတူးမှာ ထုံကျင် ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။     

ထို့အတူ ဧပြီလ ညနေ ၆ နာရီ ၃၅ မိနစ်အချိန်တွင် ကော့ဖော်ရွာနေမောင်ထွန်း (အသက် ၂၅) နှစ်နှင့် ကိုအေးမင်းသန်း (အသက် ၂၅နှစ်) တို့ နှစ်ဦးသည် ရွာတောင်ဘက် ရေတွင်း၌ ရေချိုးနေစဉ် မိုးကြိုးထိမှန်ပြီးသေဆုံးခဲ့ကြောင်း သိရပါသည်။      

ထို့အပြင် သရက်တော ကျေးရွာနေ ဒေါ်အေးမာ(အသက် ၄၈နှစ်)မှာလည်း ရွာအနောက်ဘက် လယ်ကွင်း၌ နွားသိမ်း နေစဉ် မိုးကြိုး ထိမှန် သေဆုံးခဲ့ပြီး ဧပြီလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်အချိန်မှာပင် ရေပူကြီး ကျေးရွာနေ
မနန်းသဲစုခိုင် (အသက် ၁၆ နှစ်) သည်လည်း ထမင်းချက်နေစဉ် မိုးကြိုး ထိမှန်ပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ Facebook စာမျက်နှာ ရဲဇာနည်တွင် သတင်း ဖော်ပြထားချက်အရ သိရှိရပါသည်။          

ထို့အပြင် ဧပြီလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ် အချိန်က ဖြစ်ပေါ်ခဲ့သော လေပြင်းတိုက်ခတ် မိုးရွာသွန်းမှုနှင့် မိုးကြိုးပစ်မှု ကြောင့် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အမှတ်(၂)ရပ်ကွက်၊ စည်ပင်ဈေးအနီးရှိ ဆုတောင်းပြည့်စေတီ၏ ထီးတော် အနောက်ဘက်သို့ ၅ ဒီကရီခန့် တိမ်းစောင်းသွားခဲ့ပြီး ကျုံဒိုးမြို့အမှတ်(၁) ရပ်ကွက်၊ ကျုံဒိုးမီးပုံးပျံပွဲပြုလုပ်သည့် ဒုံးစင်၏ နောက်ခံအုတ်တံတိုင်းလည်း ပြိုလဲသွားခဲ့ကြောင်း သိရသည်။          

ထို့အတူ ကျုံဒိုးမြို့ အမှတ်(၂) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက် အတွင်းရှိ အိမ်ခြေအချို့အလဲ ယိုင်နဲ့ ပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။           

eleven media group

ဘာလီတွင် တန်ဖိုးနည်း လေကြောင်းလိုင်း Lion Air ခရီးသည်တင်လေယာဉ် ပင်လယ်ထဲထိုးဆင်း၊ လူ ၄၅ ဦး ဒဏ်ရာရ


၁၄.၄.၂၀၁၃၊ တနင်္ဂနွေနေ့


ခရီးသည် ၁၀၀ ကျော်တင်ဆောင်လာသော တန်ဖိုးနည်း လေကြောင်းလိုင်း Lion Air ၏ လေယာဉ်တစ်စင်းသည် ဧပြီ လ ၁၃ ရက်နေ့က  အင်ဒိုနီးရှားနိုင်ငံ အပန်းဖြေစခန်း ဘာလီကျွန်းတွင် မြေပြင်သို့ ဆင်းသက်ရန် ကြိုးပမ်းစဉ် ပင်လယ်တွင်းသို့ ထိုးဆင်းသွားခဲ့ရာ လူ ၄၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ခရီးသည် ၁၀၁ ဦးလုံးနှင့် လေယာဉ်အမှုထမ်း ၇ ဦးလုံးကို လေယာဉ်တွင်းမှ ဘေးအန္တရာယ်ကင်းစွာ ကယ်တင်နိုင် ခဲ့ကြောင်း ဘာလီ ကယ်ဆယ်ရေးအေဂျင်စီ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ဒဏ်ရာရရှိခဲ့သော ခရီးသည် ၄၅ ဦးကို ဆေးရုံများသို့ တင်ပို့ထားပြီး တစ်ဦးတစ်ယောက်မျှ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ဖွယ်မရှိကြောင်း အမည်မဖော်လိုသော လေဆိပ် ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြား ခဲ့သည်။

ယင်းလေယာဉ်ပေါ်တွင် စင်ကာပူနိုင်ငံသားနှစ်ဦးနှင့် ပြင်သစ်တစ်ဦးသာ နိုင်ငံခြားခရီးသည်အနေနှင့် လိုက်ပါလာခဲ့ပြီး ၎င်းတို့ သုံးဦးစလုံး ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။
လေယာဉ်သည် ပြေးလမ်းချော်ကာ ပင်လယ်တွင်းသို့ ထိုးကျခဲ့ကြောင်း တာဝန်ရှိသူများက အစောပိုင်းတွင် ပြောကြားခဲ့ သော်လည်း Lion Air လေကြောင်းလိုင်းမှ ပြောခွင့်ရပုဂ္ဂိုလ်က လေယာဉ်သည် ပြေးလမ်းသို့ မရောက်မီ ပင်လယ်တွင်းသို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျချိန်တွင် မိုးအနည်းငယ် ရွာသွန်းနေခဲ့ကြောင်း သိရသည်။

ပျက်ကျခဲ့သော လေယာဉ်သည် ပြီးခဲ့သည့်လက ရရှိထားခဲ့သော ဘိုးအင်းလေယာဉ် ၇၃၇-၈၀၀ လေယာဉ်ဖြစ်ပြီး ယုံကြည် စိတ်ချရမှု သတ်မှတ်ချက် ရရှိထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ် အက်ဒ၀ပ်ဆီရတ်က ပြောကြားခဲ့သည်။ စီးပွားရေး ဖွံ့ဖြိုးနေပြီး လေကြောင်းခရီးသွားလာမှု မြင့်တက်လာသော အင်ဒိုနီးရှားတွင် Lion Air သည်  ဈေးကွက်ဝေစု၄၅ ရာခိုင်နှုန်းခန့်ကို ရရှိထားသည့် လေကြောင်းလိုင်းတစ်ခုဖြစ်သည်။ Lion Air သည် ပြီးခဲ့သည့်လက အဲဘတ်စ်လေယာဉ် ၂၃၄ စင်းကို ၀ယ်ယူရန် ဒေါ်လာ ၂၄ ဘီလျံ သဘောတူညီချက်လက်မှတ် ရေးထိုးခဲ့သည်။

Eleven Media Group

မြောက်ကိုရီးယားပြဿနာ အမေရိကန်နဲ့တရုတ် ပူးပေါင်းဖြေရှင်းမည်


၁၄.၄.၂၀၁၃၊ တနင်္ဂနွေနေ့
 
မြောက်ကိုရီးယားက နျူကလီးယားလက်နှက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေတာကြောင့် တင်းမာမှုတွေမြင့်မားနေတဲ့ ကိုရီးယားကျွန်းဆွယ် ပဋိပက္ခကို ဖြေရှင်းဖို့ လက်တွဲ လုပ်ဆောင်သွားကြမယ်လို့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်က ကတိပြုသွားကြပါတယ်။ နျူကလီးယား ကင်းရှင်းတဲ့ ကိုရီးယားကျွန်းဆွယ် ဖြစ်အောင်လုပ်ဆောင်ကြမှာကို ထောက်ခံ တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) နဲ့ တရုတ် နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ယန်ကျီးချီ (Yang Jiechi) တို့က စနေနေ့ ပီကင်းမြို့တော်က ဆွေးနွေးပွဲအပြီးမှာ ပြောသွားပါတယ်။     

နျူကလီးယား ကင်းရှင်းအောင် လုပ်ဆောင်ရေးက ဒေသ နဲ့ တကမ္ဘာလုံး တည်ငြိမ်ရေးအတွက် အထူးအရေးကြီးပါတယ်လို့ မစ္စတာကယ်ရီ က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သတ်ပြီး ရပ်ဆိုင်းနေတဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲကို ပြန်စတင်နိုင်ဖို့ အဓိကနေရာကနေ တရုတ်က ပါဝင်ပြီး အမေရိကန်နဲ့ တခြားနိုင်ငံတွေနဲ့ လက်တွဲ လုပ်ဆောင် သွားမယ်လို့ မစ္စတာ ယန် က ပြောပါတယ်။          

စနေနေ့ အစောပိုင်းတုန်းကလည်း မစ္စတာကယ်ရီ က မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ တခြားကိစ္စရပ် တွေကို တရုတ်သမ္မတ ရှီကျင်းဖျင် (Xi Jinping) နဲ့ ဆွေးနွေးခဲ့ပါတယ်။ အခုအချိန်ဟာ သိပ်ကို အရေးကြီးနေပြီလို့ မစ္စတာကယ်ရီ က သမ္မတ ရှီ ကို ပြောသွားပါတယ်။ မြောက်ကိုရီးယားက နျူကလီးယား ခြိမ်းခြောက်မှုတွေ လုပ်မနေဖို့ မြောက်ကိုရီးယားရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်တို့ အနေနဲ့ မြောက်ကိုရီးယားအပေါ် သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို သုံးပြီးတိုက်တွန်းပါလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်အရာရှိတွေကို တိုက်တွန်းခဲ့ပါတယ်။          

မြောက်ကိုရီးယားက အမေရိကန်ပြည်ထောင်စုနဲ့ ဒေသတွင်းက အမေရိကန်ပစ်မှတ်တွေကို နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတာပါ။ နောက်ထပ် ဒုံးကျည်စမ်းသပ်မှုတခုပြုလုပ်ဖို့ နီးနေပြီလို့လည်း သူတို့က သတိပေးထားပါတယ်။
VOA