ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

20.9.13

စဉ့်ကူး ပင်လယ်ကြီးကျေးရွာတွင် ဦးခေါင်း နှစ်လုံးပါ နွားလေးမွေး


Photo: စဉ့်ကူး ပင်လယ်ကြီးကျေးရွာတွင် ဦးခေါင်း နှစ်လုံးပါ နွားလေးမွေး
Friday, September 20, 2013

မန္တ လေးတိုင်းဒေသကြီး စဉ့်ကူးမြို့ နယ် ပင်လယ်ကြီးကျေးရွာတွင် စက်တင်ဘာ ၁ရရက်နံနက်ပိုင်း က တောင်ယာခင်းလုပ်ကိုင်သူ ဦးစံလှနေအိမ်၌ မိခင်နွားမကြီးက ထူးခြားစွာ ဦးခေါင်းနှစ်လုံးပါ နွား ကလေး တစ်ကောင်ကို မွေးဖွားခဲ့ ကြောင်း သိရသည်။

'' ဒီနွားမကြီးက ခုမွေးတာနဲ့ ဆို သုံးကြိမ်မြောက်သုံးသားဖြစ် ပါတယ်။ စက်တင်ဘာ ၁ရရက် နံနက်ပိုင်းမှာ နွားမကြီးက ထူးခြားစွာနဲ့ ဦးခေါင်း နှစ်လုံးပါ နွားလေးမွေးဖွားခဲ့ ပါတယ်။ ကျွန်တော့်တစ်သက် တော့ မကြုံဖူးတဲ့ထူးဆန်းတဲ့ အံ့ ဩဖို့ ကောင်း တဲ့ဖြစ်ရပ်တစ်ခုပါ။ မွေးစတုန်းကတော့ အသက်ရှင် လျက်ရှိပါတယ်။ ကျွန်တော့်အထင် တော့ နွားမကြီးက လမစေ့ဘဲ မွေး လို့ မွေးပြီးမကြာခင် သေသွားတာ ဖြစ်ပါတယ်''ဟု ဦးစံလှက ပြော သည်။

နွားလေးသည် နွားထီး လေးဖြစ်ပြီးခေါင်းနှစ်လုံး၊ ဘို့နှစ် လုံးပါရှိပြီး အခြားနွားများကဲ့သို့ အင်္ဂါအစုံပါဝင်ကြောင်း သိရပြီး ခေါင်းနှစ်လုံးပါ ထူးခြားသည့်နွား လေးကို စဉ့်ကူးမြို့နယ်မှ အလုပ် သင်တရားရုံးရှေ့နေ ဦးမျိုးကျော် က သူ၏ ဂမ္ဘီရ သုတေသန လုပ်ငန်း အတွက် အသုံးပြုနိုင်ရန် ပိုင်ရှင် ထံမှ ငွေကျပ် ၃၀၀၀၀ ဖြင့် ဝယ် ယူသွားကြောင်း သိရသည်။

မန်းကိုကို
Yangon Media Group

ဦးခေါင်း နှစ်လုံးပါ နွားလေးကို တွေ့ရစဉ်။ ဓာတ်ပုံ - မန်းကိုကိုမန္တ လေးတိုင်းဒေသကြီး စဉ့်ကူးမြို့ နယ် ပင်လယ်ကြီးကျေးရွာတွင် စက်တင်ဘာ ၁ရရက်နံနက်ပိုင်း က တောင်ယာခင်းလုပ်ကိုင်သူ ဦးစံလှနေအိမ်၌ မိခင်နွားမကြီးက ထူးခြားစွာ ဦးခေါင်းနှစ်လုံးပါ နွား ကလေး တစ်ကောင်ကို မွေးဖွားခဲ့ ကြောင်း သိရသည်။

ဂျပန်မှ မန္တလေးသို့ တိုက်ရိုက်ခရီးစဉ် စင်းလုံးငှား လေယာဉ်ဖြင့် ယခုလအတွင်း သုံးခေါက်လာမည်

မန္တ လေးမြို့နှင့် အထက်မြန်မာပြည် ခရီးစဉ်များကို အလေးထားသွား ရောက်သည့် နိုင်ငံခြားသားခရီး သည် များလာရာ ယခုလအတွင်း ဂျပန်နိုင်ငံမှ မန္တလေးမြို့သို့ တိုက် ရိုက်လာရောက်မည့် လေယာဉ် ခရီးသည် သုံးခေါက်ပျံသန်းရမည် ဖြစ်ကြောင်း MAI Mandalay Station Incharge ဦးဇော်ဝင်း က ရန်ကုန်တိုင်းမ် နေ့စဉ်သတင်း စာသို့ ပြောသည်။

တောင်တရုတ်ပင်လယ်အရေး ဂျပန်နှင့်ထိုင်း ဆွေးနွေး

ဂျပန်ကာကွယ်ရေးဝန်ကြီး အိုနိုဒါရာနှင့် ထိုင်းဝန်ကြီးချုပ် ယင်းလတ်တို့ လုံခြုံရေးရာကိစ္စများ ဆွေးနွေးကြပြီး တောင်တရုတ်
ပင်လယ် အငြင်းပွားမှုနှင့် ပတ်သက်သည့် ကိစ္စများကိုပါ ဆွေးနွေးခဲ့ကြကြောင်း ထိုင်းအစိုးရ ထုတ်ပြန်ချက်ကို ကိုးကားပြီး Asean Defense News တွင် ဖော်ပြထားသည်။

အလုပ်ခန့်လျှင် အလုပ်ရှင်-အလုပ်သမား သဘောတူ စာချုပ် မချုပ်က ထောင်ဒဏ်အထိ အရေးယူခံရတော့မည်

အလုပ်အကိုင်နှင့် ဖွံ့ဖြိုးတိုးတက် ရေး ဥပဒေသစ်အရ အလုပ်ရှင်မှ အ လုပ်သမားခန့်ထားလျှင် သဘောတူညီ ချက်စာချုပ်ကို မဖြစ်မနေချုပ် ဆိုသွားရ မည်ဖြစ်သည်။

ရွှေပြည်သာမြို့နယ်တွင် သစ်ပင်အတွင်းက ဆင်းထုတော်ပေါ်ခြင်းမှာ မဟုတ်မှန်ဟု ဆို

ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းအနီးရှိ သစ်ပင်မှ ပေါ်ပေါက်လာသော ဆင်းထုတော်တစ်ဆူမှာ အဆိုပါသစ်ပင်အတွင်းမှ တဖြည်းဖြည်း ထွက်ပေါ်လာခြင်းမဟုတ်ဘဲ ယခင်ကတည်းက ရှိနေခဲ့ကြောင်း ရွှေပြည်သာမြို့နယ်၊ ၁၁ ရပ်ကွက်ရှိ စိတ္တသုခ ကျောင်းတိုက်မှ ဆရာတော်က ၁၉-၉-၂၀၁၃ ရက်တွင် မိန့်ကြားခဲ့သည်။

နိုင်ဂျီးရီးယားစစ်တပ်နှင့် အစ္စလာမ္မစ် စစ်သွေးကြွများအကြား တိုက်ပွဲများပြင်းထန်

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ဘော်နိုပြည်နယ်၌ တပ်မတော်နှင့် အစ္စလာမ္မစ် ဘိုကိုဟာရမ် စစ်သွေးကြွများကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် တပ်ဖွဲ့ဝင် အများအပြား သေဆုံးနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အသင်းတံဆိပ်တွင် ဆောင်ပုဒ်စာသားကို ပြန်ထည့်ရန် အဲဗာတန်ဆုံးဖြတ်

 ပရိသတ်များထံမှ ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်လာသည့်နောက် ကလပ်အသင်း၏ အမှတ်တံဆိပ်တွင် အသင်းဆောင်ပုဒ်ကို ပြန်လည် တပ်ဆင်ရန် အဲဗာတန်က ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ Nil Satis Nisi Optimumဟု ရေးထိုးထားလေ့ရှိသည့် ဆောင်ပုဒ်ကို ယခုရာသီ အသင်းက အသုံးပြုသော တံဆိပ်အသစ်တွင် အဲဗာတန်က ဖယ်ရှားထားခဲ့သည်။ အဆိုပါ ဆောင်ပုဒ်၏ အဓိပ္ပါယ်မှာ "အကောင်းဆုံးကလွဲပြီး ဘာကမှ လုံလောက်တဲ့ ကောင်းမွန်မှု မဟုတ်ဘူး"ဟူ၍ ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော် လစ်လပ်ဝန်ကြီးနေရာ ၁၀ ရက် အကြာတွင် ရွေးချယ်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး၏ နေရာကို ၁၀ ရက်အကြာ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကန့်ကွက်သူမရှိ ရွေးချယ် ခန့်အပ်ခဲ့ကြောင်း အဆိုပါ မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးအရ သိရှိရသည်။

မက္ကစီကိုတွင် ရေကြီးမှုနှင့်အတူ လမ်းပေါ်သို့ မိကျောင်းရောက်လာ

မက္ကစီကို နိုင်ငံတွင် မုန်တိုင်းများ တိုက်ခတ်ပြီး ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့
သည့်နောက် လူနေရပ်ကွက်ထဲ မိကျောင်းတစ်ကောင် ရောက်လာခဲ့ကြောင်း သိရှိရသည်။ အပူပိုင်းမုန်တိုင်း မန်နျူရယ်လ်၏ ပြင်းထန်သော တိုက်ခတ်မှုများကြောင့် မိုးသည်းထန်ပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ အကာပူလ်ကိုမြို့ရှိ လမ်းများပေါ်တွင် လှည့်လည် သွားလာနေသည့် မိကျောင်းကို တွေ့ရှိရခြင်း ဖြစ်သည်။ ၎င်းသည် မြစ်ရေလျှံမှုများနှင့်အတူ ပါလာပြီး လမ်းများပေါ် လျှောက်သွားနေခြင်း ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများက ပြောကြားခဲ့သည်။

လူငယ်နှင့် ၀တ်စားဆင်ယင်မှု

အ၀တ်ဝတ်ဆင်ခြင်းသည် လူ့ယဉ်ကျေးမှု ဖြစ်သည်။ လူ့တန်ဖိုး ဖြစ်သည်။ လူတို့၏ စားရေး၊ ၀တ်ရေး၊ နေရေးများအနက် ၀တ်ရေးဟူသော ၀တ်စားဆင်ယင်မှုသည် အဓိကကျသော အကြောင်းရင်း တစ်ရပ်ပင် ဖြစ်သည်။ ၀တ်စားဆင်ယင်မှုသည် အသိဥာဏ်ရှိသော လူသားတို့အတွက် ပဓာန ကျသည်။ ၀တ်စားဆင်ယင်မှု မရှိခဲ့လျှင် လူသားသည် တိရစ္ဆာန်နှင့် မခြားနားတော့ပေ။ ၀တ်စားဆင်ယင်မှုသည် အရှက်အကြောက် တရားနှင့် သက်ဆိုင်သည်။ အရှက်အကြောက် တရားကို ဖုံးလွှမ်းရန် ၀တ်စားဆင်ယင်မှု ပြုခြင်းဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှု အမြင်အရ ၀တ်စားဆင်ယင်မှုသည် ဟီရိနှင့် သြတ္တပ္ပဟူသော အရှက်နှင့် အကြောက်တရား နှစ်ပါးကို ထိန်းသိမ်းစောင့်ရှောက်ပေးခြင်း ဖြစ်သည်။ လူတို့တွင် ၀တ်စားဆင်ယင်မှုသည် အရေးကြီးသောကြောင့် "တောင်းမှာအကွပ် လူမှာအ၀တ်" ဟူ၍ ဆိုရိုးစကား ပြုထားခဲ့ခြင်း ဖြစ်ပေသည်။

အသိဥာဏ်ဟူသည် ရှက်စိတ်ဟူသော ဗီဇကို အရင်းတည်သည်။ ရှက်စိတ်ဟူသော ဗီဇမျိုးစေ့ကြောင့် လူသည်အရှက်ကို လုံခြုံအောင် ၀တ်စားဆင်ယင်မှု ပြုသည်။ အသိဥာဏ် ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ၀တ်စားဆင်ယင်မှုသည်လည်း တိုးတက်ဖွံ့ဖြိုး လာသည်။ ကျောက်ခေတ်လူသားသည် သစ်ရွက်၊ သစ်ခတ်၊ သားရေနွယ်တို့ကို ၀တ်ဆင်သည်။ ထို့နောက် ချည်ထည်၊ ပိုးထည် စသည်တို့ကို ၀တ်ဆင်သည်။ နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတွင် ကိုယ်ပိုင်ရိုးရာ ၀တ်စားဆင်ယင်မှုဟူ၍ ရှိစမြဲ ဖြစ်သည်။ အနောက်တိုင်းတွင်လည်း အနောက်တိုင်း ရိုးရာဝတ်စုံ၊ အရှေ့တိုင်းတွင်လည်း အရှေ့တိုင်း ရိုးရာဝတ်စုံဟူ၍ သတ်မှတ်ဝတ်ဆင်ကြသည်။ မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားလူမျိုး အသီးသီးတို့သည် မိမိတို့၏ ရိုးရာဓလေ့ ထုံးစံယဉ်ကျေးမှုကို အခြေခံသော တိုင်းရင်းသားရိုးရာ ၀တ်စားဆင်ယင်မှုများကို ၀တ်ဆင်ကြသည်။ ထို့ကြောင့် ၀တ်စားဆင်ယင်မှုသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာကို ဖော်ဆောင်နေသည်။ နိုင်ငံကြီးသား ပီသသူတိုင်းသည် မိမိတို့၏ နိုင်ငံနှင့် လူမျိုးယဉ်ကျေးမှု၊ ရိုးရာ၊ ဓလေ့ကို အခြေခံသော ၀တ်စားဆင်ယင်မှုကို အလေးအမြတ်ပြု၊ တန်ဖိုးထား ၀တ်ဆင်ကြသည်။ ၀တ်စားဆင်ယင်မှုသည် လူမျိုး၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုနေသည်။

ဝတ်စားဆင်ယင်မှုနှင့် လူမျိုး၏ ယဉ်ကျေးမှုသည် ဆက်နွှယ်နေသည်။ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံသည် ရှေးနှစ်ပေါင်း များစွာကပင် ရာသီဥတု၊ ရေမြေသဘာဝ၊ ရိုးရာဓလေ့ ထုံးစံများနှင့်အညီ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် လိုက်လျောညီထွေ ရှိစေသည့် ၀တ်စားဆင်ယင်မှုကို သတ်မှတ်ဝတ်ဆင် ခဲ့ကြသည်။ အပူပိုင်းဒေသ အရပ်များတွင် အပူပိုင်း ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော အ၀တ်အထည်များ၊ ပါးလွှာအေးမြသော အ၀တ်အထည်များကို ၀တ်ဆင်လေ့ ရှိကြသည်။ ထိုနည်းတူ အအေးပိုင်းဒေသ အရပ်များတွင်လည်း အအေးပိုင်း ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော အ၀တ်အထည်၊ အထူအထဲများကို ၀တ်ဆင်လေ့ ရှိကြသည်။ တစ်နည်းဆိုရသော် ၀တ်စားဆင်ယင်မှုဟူသည် ရာသီဥတုဒဏ် ကာကွယ်ရန်နှင့် အရှက်အကြောက်ကို ဖုံးလွှမ်း၊ လုံခြုံရန် တန်ဆာဆင်မှု ဖြစ်သည်။ သို့သော် ခေတ်၏ယဉ်ကျေးမှု၊ ခေတ်၏ရေစီးကြောင်းနှင့်အညီ ၀တ်စားဆင်ယင်မှုသည် ပြောင်းလဲခဲ့သည်။ ဆန်းကြယ်လာခဲ့သည်။ ၀တ်စားဆင်ယင်မှုသည် ရာသီဥတုဒဏ် ကာကွယ်ရန်နှင့် အရှက်အကြောက် ဖုံးလွှမ်းရန် အနေအထားမှသည် ခေတ်ယဉ်ကျေးမှုအရ လှပတင့်တယ်ရေးကို အလေးထား ၀တ်ဆင်လာကြသည်။

ဝတ်စားဆင်ယင်မှုသည် လူမျိုးရေး လက္ခဏာနှင့် အမျိုးသားရေး လက္ခဏာကို ဖော်ညွှန်းသည်။ မြန်မာ့သမိုင်းကြောင်းကို လေ့လာလျှင် မြန်မာတို့၏ ၀တ်စားဆင်ယင်မှုသည် မြန်မာ့အမျိုးသားရေး လက္ခဏာကို ဖော်ဆောင်ခဲ့သည်။ ရှေးခေတ်အဆက်ဆက်က မြန်မာအမျိုးသားတို့သည် သျှောင်ထုံးသည်။ အင်္ကျီလက်ရှည် ၀တ်ဆင်သည်။ တောင်ရှည်ပုဆိုး ၀တ်ဆင်သည်။ မြန်မာ အမျိုးသမီးတို့သည် ဆံထုံးထုံးသည်။ ဖျင်အင်္ကျီ ၀တ်သည်။ ထဘီဝတ်သည်ဟူသော ကိုယ်ပိုင်ဝတ်ဆင်မှု ၀ိသေသ ဂုဏ်ပုဒ်ဖြင့် ထင်ရှားခဲ့သည်။ ယနေ့တိုင် အာရှနိုင်ငံများတွင် ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှု အ၀တ်အဆင် ထိန်းသိမ်းထားသော နိုင်ငံနှင့် လူမျိုးမှာ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုး ဖြစ်သည်ဟု ကြွေးကြော်နိုင်ဆဲ ဖြစ်သည်။

မျက်မှောက်ခေတ်တွင် ခေတ်ရေစီးကြောင်းနှင့်အညီ တိုင်းတစ်ပါး ယဉ်ကျေးမှုသည် မြန်မာ့ယဉ်ကျေးမှု နယ်ပယ်အတွင်းသို့ တစိမ့်စိမ့်စီးဝင် ပျံ့နှံ့လျက် ရှိနေသည်။ ယင်းသို့စိမ့်ဝင် ပျံ့နှံ့ရောက်ရှိနေသော တိုင်းတစ်ပါး ယဉ်ကျေးမှုများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြန်မာ့ရိုးရာ ဘေးဘိုးအစဉ်အဆက် ယဉ်ကျေးမှု၊ အမွေအနှစ်၊ ၀တ်စားဆင်ယင်မှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အထူးအရေးကြီးလှ ပေသည်။ မြန်မာစာ ပါမောက္ခ ဆရာကြီး ဦးဧမောင် (တက္ကသိုလ်) မောင်သန့်စင်၏ အမျိုးသားယဉ်ကျေးမှု ဆောင်းပါးတွင် မြန်မာ့ယဉ်ကျေးမှု နယ်ပယ်တွင်းသို့ တိုင်းတစ်ပါး ယဉ်ကျေးမှု ကူးစက်ပျံ့နှံ့နေမှုနှင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သင့်မှုကို-
နိုင်ငံခြား ယဉ်ကျေးမှုနှင့် ကျွန်ုပ်တို့ အမျိုးသား ယဉ်ကျေးမှုတို့မှာ ရောထွေးယှက်တင်ဖြစ်ကာ အောက်ကလိအာ အာကလိအောက် ဆိုသကဲ့သို့ ကျီးမရောက် ကြက်မမြောက်ဘဲ မဖွယ်မရာ၊ မတော်မလျော် ဖြစ်နေသည်။ ဤခေတ်သည် အသိဥာဏ် ကျက်စားရာ စာအုပ်စာတမ်းများ၊ ရုပ်ရှင်ဇာတ်သဘင် အစရှိသော နိုင်ငံခြား ယဉ်ကျေးမှုတို့သည် နေ့စဉ်နှင့်အမျှ ထိုးဖောက်ဝင်ရောက်လျက် ရှိနေရာ ပြည်ထောင်စုသား အပေါင်းတို့သည် မိမိတို့ အမျိုးသားစိတ်ဓာတ်၊ မိမိတို့ အမျိုးသား သဘောတရားတို့နှင့် ဖီလာကန့်လန့်ဖြစ်သော ယဉ်ကျေးမှုမျိုးကို ရှောင်ရှားဖယ်ခွာ နိုင်ကြပါစေဟူ၍ သတိပေး နှိုးဆော်ရေးသား တင်ပြခဲ့သည်။

ထိုသို့ ခေတ်ရေစီးကြောင်းနှင့်အတူ စီးဝင်လာနေသော တိုင်းတစ်ပါး ယဉ်ကျေးမှု ၀တ်စားဆင်ယင်မှုများကို မြန်မာလူမျိုးများ အထူးသဖြင့် လူငယ်တို့သည် လိုအပ်သည် ထက်လွန်ကဲစွာ မြန်မာ့ယဉ်ကျေးမှုနှင့် သွေဖည်သော ၀တ်စားဆင်ယင်မှုမျိုး မပြုသင့်ကြပေ။ ခေတ်ဟူသော ရေစီးကြောင်းသည် တသွင်သွင် စီးဆင်းနေသည်မှာ မှန်သော်လည်း ခေတ်နှင့်မညီသော သရုပ်ပျက်၊ ယဉ်ကျေးမှုမဲ့သော ၀တ်စားဆင်ယင်မှုများကို အလေးထား ၀တ်ဆင်နေမှုထက် မြန်မာ့လူနေမှုစနစ် အစဉ်အလာ၊ ယဉ်ကျေးမှုနှင့် လျော်ညီသော ခေတ်မီသည့် အ၀တ်အဆင်များကို ၀တ်ဆင်သင့်ပေသည်။

ခေတ်မီခြင်းနှင့် သရုပ်ပျက်ခြင်းတို့သည် အနှစ်သာရချင်း မတူညီပေ။ ခေတ်မီသော ၀တ်စားဆင်ယင်မှုများကို သေသေသပ်သပ် ၀တ်ဆင်ခြင်းသည် ခေတ်လည်းမီသည်။ ခေတ်နှင့်လည်း ညီသည်။ ရိုးရိုးနှင့် ယဉ်ယဉ် ၀တ်စားဆင်ယင်ခြင်းလည်း ပေါ်လွင်သည်။ သရုပ်ပျက်သော လည်ဟိုက်၊ ဘေးကွဲနောက်ကွဲ၊ ထဘီစကတ်တို၊ ဘောင်းဘီတိုများဖြင့် မလုံ့တလုံ ၀တ်စားဆင်ယင် နေမှုများသည် အမြင်မတော် ဆင်တော်နှင့် ခလောက်ဟူသော ဆိုရိုးကဲ့သို့ လူ၏ဣနြေ္ဒနှင့် သိက္ခာတန်ဖိုးတို့ကို ကျဆင်းထိပါး စေသည်။ ထို့ကြောင့် မြန်မာလူငယ်တိုင်းသည် မြန်မာ့ယဉ်ကျေးမှု အခြေခံသော ၀တ်စားဆင်ယင်မှုများကို မြတ်နိုးတန်ဖိုးထားရန် အထူးအရေးပါလှ ပေသည်။

မြန်မာတို့သည် မိမိတို့၏ ယဉ်ကျေးမှု အ၀တ်အဆင်ကို တန်ဖိုးထားသူတို့ ဖြစ်ကြသည်။ ရှေးမြန်မာမင်းများ လက်ထက်ခေတ်အဆက်ဆက်၌ မြန်မာအမျိုးသားနှင့် အမျိုးသမီး ၀တ်စုံများကိုသာ အမြတ်တနိုး ၀တ်ဆင်ခဲ့ကြသည်။ ကိုလိုနီခေတ်တွင် အနောက်တိုင်း ယဉ်ကျေးမှုကို အထင်ကြီး၍ အတုခိုး ၀တ်ဆင်ကာ အမေကျော် ဒွေးတော်လွမ်းနေ ခဲ့သူတို့ကို ၀ံသာနု အဖွဲ့အစည်းများ၊ မျိုးချစ်ပုဂ္ဂိုလ်များ၊ လူငယ်များက ဆန့်ကျင်တိုက်ပွဲ ၀င်ခဲ့ကြသည်။ ကိုလိုနီခေတ်တွင် မြန်မာအမျိုးသမီးများ ပါးလွှာသော မှန်နိုင်လွန် အင်္ကျီများ ၀တ်ဆင်ခြင်း၊ နိုင်ငံခြားပုံစံ အ၀တ်အထည်များ ၀တ်ဆင်ခြင်းတို့ကို မျိုးချစ်စိတ်ရှိသော ကာတွန်းဆရာကြီးများက သတင်းစာများတွင် ရေးဆွဲလှောင်ပြောင် သရော်ခဲ့သည်။ အနောက်တိုင်း ယဉ်ကျေးမှုနှင့် ၀တ်စားဆင်ယင်မှုကို အထင်ကြီး၊ လေးစားဝတ်ဆင် နေကြသော မြန်မာအမျိုးသား အထက်တန်းလွှာ လူတန်းစားများကို စာရေးဆရာကြီး ဦးလတ်သည် ရွှေပြည်စိုး ၀တ္ထုတွင် မောင်သောင်းဖေ၏ ၀တ်စားဆင်ယင်မှုဖြင့် ဇာတ်လမ်းဆင်ဖွဲ့ဆို သရော်လှောင်ပြောင် ရေးဖွဲ့ခဲ့သည်။

ဝတ်စားဆင်ယင်မှုသည် လူတို့၏ စိတ်နေစိတ်ထား၊ သဘောထားနှင့် ဆက်စပ်နေသည်။ လူတစ်ဦးချင်း စိတ်နေစိတ်ထားကို အ၀တ်အဆင်ဖြင့် အကဲခတ်နိုင်သည်။ ၀တ်စားဆင်ယင်မှုကိုကြည့်၍ ပေါ့တန်သူ၊ လေးနက်သူ၊ တည်ကြည်သူ၊ မောက်မာပလွှားသူ စသည်ဖြင့် ခန့်မှန်းနိုင်သည်။ အထူးသဖြင့် သရုပ်ပျက်သော၊ အရှက်အကြောက် ကင်းမဲ့သော ၀တ်စားဆင်ယင်မှုများသည် လူ့သိက္ခာနှင့် တန်ဖိုးကို ထိခိုက်စေသည်။ ခေတ်အလွန်ဆန်သော၊ ခေတ်ရှေ့ပြေးသော၊ ဣနြေ္ဒသိက္ခာမဲ့သော ၀တ်စားဆင်ယင်မှုထက် ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်စားဆင်ယင်မှုသည် တန်ဖိုးရှိသည်။ စိန်ရွှေဆင်၍ မယဉ်၊ ဣနြေ္ဒဆင်မှ ယဉ်သည်ဟူသော ဆိုရိုးစကားသည် ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်စားဆင်ယင်ခြင်း၏ အနှစ်သာရကို ဖော်ကျူးနေသည်။ ကိုလိုနီခေတ်တွင် ထင်ရှားခဲ့သော စာရေးဆရာကြီး တစ်ဦးဖြစ်သော လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ "ပညာသင်ခါ မရှက်ရာ" စကားပြေတွင် - "ပညာသင်ကြားသည့် အရွယ်၌ အ၀တ်အဆင်များကို တခမ်းတနား ကြွားကြွားဝါ၀ါ မပြုထိုက်၊ အ၀တ်အဆင်ချင်း ဂုဏ်ပြိုင်နေလျှင် ပညာကို ဆုတ်ယုတ်စေတတ်သည်။ အ၀တ်အဆင် ကြွားဝါခြင်းသည် မာန်မာနကို အားပေးသည်။ မိဘဖြစ်သူတို့သည် ပညာသင်ကြားနေသော သားသမီးတို့ကို အ၀တ်အစားစသော စိတ်ပြောင်းဖွယ်တို့ကို အားမပေးကြဘဲ သင့်လျော်စွာနှင့် ပညာတတ်မြောက်ဖို့ အရေးကိုသာလျှင် အားပေးသင့်ပေသည်ဟူ၍ သတိပေး လမ်းညွှန်ခဲ့သည်။

ဝတ်စားဆင်ယင်မှုသည် ဂုဏ်သိက္ခာနှင့် အခြေအနေကို ထင်ဟပ်ဖော်ပြလေ့ ရှိသည်။ မြန်မာဆိုရိုး စကားများတွင် အသက်နှင့် လူမလုပ်၊ အရှက်နှင့် လူလုပ်သည်ဟူသော ဆိုရိုးစကား အထင်အရှား ရှိသည်။ ယင်းဆိုရိုးစကားသည် မြန်မာတို့၏ အရှက်နှင့် အကြောက်ကို တန်ဖိုးထားမှု၊ ၀တ်စားဆင်ယင်မှုကို လော်လည်ခြင်း မပြုရန် လမ်းညွှန်နေသည်။ စာမရီ သားကောင်တို့သည် မိမိ၏ အမွေးအမှင်ကို မြတ်နိုးခုံမင်သောကြောင့် အသက်အသေ ခံသည့်နည်းတူ မြန်မာအမျိုးသမီးတို့သည် ၀တ်စားဆင်ယင်မှုနှင့် ဂုဏ်သိက္ခာကို မလဲလှယ်သင့်ပေ။ ၀တ်စားဆင်ယင်မှုသည် လူ့တန်ဖိုးကို ဖော်ပြသည့် မှတ်ကျောက်ဖြစ်သည်။ ပြဒါးတိုင်သဖွယ် ဖြစ်သည်။
လူ့သဘာဝတွင် အကောင်းနှင့်အဆိုးဟူ၍ ရှိနေသည်။ ယဉ်ကျေးခြင်းနှင့် သရုပ်ပျက်ခြင်း တို့သည်လည်း ဒွန်တွဲနေသည်။ လူသည်ကောင်းမြတ်သော ယဉ်ကျေးသိမ်မွေ့သော အကြောင်းအရာများကိုသာ မြတ်နိုးတတ်သော သဘောရှိသည်။ ၀တ်စားဆင်ယင် မှုတွင်လည်း မြန်မာ့ယဉ်ကျေးမှု အခြေခံသော ၀တ်စားဆင်ယင်မှုနှင့် နိုင်ငံခြား ယဉ်ကျေးမှုကို အထင်ကြီးသော သရုပ်ပျက် ၀တ်စားဆင်ယင်မှု၊ ပရမ်းပတာ ၀တ်စားမှုတို့သည်လည်း ဒွန်တွဲနေသည်။ ထို့ကြောင့် သရုပ်ပျက် ၀တ်စားဆင်ယင်မှု၊ ပရမ်းပတာ ၀တ်စားဆင်ယင်မှုဖြင့် မြန်မာ့ယဉ်ကျေးမှု၊ အလှအပ၊ အသိမ်အမွေ့၊ အတင့်အတယ်၊ ဣနြေ္ဒနှင့် သိက္ခာများကို မဖျက်ဆီးသင့်ပေ။ မြန်မာ့ယဉ်ကျေးမှု၊ အလှအပ၊ အသိမ်အမွေ့၊ အတင့်အတယ် များနှင့်အညီ အရှက်အကြောက်ဟူသော ဟီရိနှင့် သြတ္တပ္ပတရား ရှိသော၊ မောင်နှင့်နှမ၊ သားနှင့်အမိ၊ သမီးနှင့်အဖ နယ်ပယ်တွင် လူ့တန်ဖိုး မှတ်ကျောက်တင်သော ၀တ်စားဆင်ယင်မှုများကို တန်ဖိုးထား လေးစားမြတ်နိုးကြ၍ မြန်မာလူငယ်တို့ သတိပြုသင့် ကြပေသည်။

ကျမ်းကိုး -
၁။ ပညာသင်ခါမရှက်ရာ (လယ်တီပဏ္ဍိတ ဦးမောင်ကြီး)
၂။ အမျိုးသားယဉ်ကျေးမှု (ပါမောက္ခဦးဧမောင်)

(ဇွန်လက ကျင်းပသော မြန်မာအမျိုးသမီးများနေ့ ၀တ်စားဆင်ယင်မှု ပြပွဲ (ဓာတ်ပုံ-ထက်ရှိုင်း))

(ဆောင်းပါးရှင်-လှမြင့်(ရန်ကုန်တက္ကသိုလ်))
Eleven Media Group

ဆီးရီးယားရှိ ရုရှားသူပုန်များသည် အိုလံပစ်ပြိုင်ပွဲအတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်

ဆီးရီးယားနိုင်ငံတွင် အယ်လ်ကိုင်ဒါနှင့် နွယ်နေသော သူပုန်များနှင့် လက်တွဲတိုက်ခိုက်နေကြသည့် ရုရှား ကော့ကေးဆတ်မှ အစ္စလာမ္မစ် သူပုန်များသည် ရုရှားတွင်ကျင်းပမည့် ၂၀၁၄ ဆိုချီဆောင်းရာသီ အိုလံပစ် ပွဲတော်တွင် စိုးရိမ်ရသောလုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတစ်ခု ဖြစ်
လာနိုင်ကြောင်း လေ့လာသူများကဆိုသည်။

ခင်ပွန်းသည်၏ ပြဇာတ်ကို သွားရောက် အားပေးခဲ့သည့် မီရန်ဒါကားရ်

မီရန်ဒါကားရ်တစ်ယောက် သူမ၏ ခင်ပွန်းသည်ကို ဘရော့ဒ်ဝေးပြဇာတ် တစ်ခုအတွက် သွားရောက် အားပေးခဲ့ရာ ပရိသတ်များ၏ အထူးစိတ်ဝင်စားမှုကို ခံယူနိုင်ခဲ့သည်။ အော်လန်ဒိုသည် Romeo and Juliet ပြဇာတ်ကို ပြဇာတ်မင်းသမီး ကွန်ဒိုလာ ရာရှက်ဒ်နှင့် တွဲဖက် ကပြခဲ့ခြင်း ဖြစ်သည်။ အော်လန်ဒို၏ ပြဇာတ်သရုပ်ဆောင်မှု စွမ်းရည်နှင့် ပတ်သက်ပြီး ပရိသတ်များက အကောင်းအဆိုး အမျိုးမျိုး မှတ်ချက်ပေးခဲ့သော်လည်း ၎င်း၏ဇနီးသည် ဩစတြေးလျ မော်ဒယ်လ်နှင့် ပတ်သက်ပြီးမူ တညီတညွတ်တည်း အကောင်းမြင် ချီးကျူးခဲ့ကြသည်။

မွတ်ဆလင် အလှမယ် ရွေးချယ်ပွဲတွင် နိုက်ဂျီးရီးယားမယ် ဗိုလ်စွဲ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် ကျင်းပပြုလုပ်သည့် မွတ်ဆလင် အလှမယ် ရွေးချယ်ပွဲတွင် နိုက်ဂျီးရီးယား ကိုယ်စားပြု အလှမယ်က ဗိုလ်စွဲသွားခဲ့သည်။ World Muslimah 2013 ဟု အမည်ပေးထားသည့် အလှမယ် ပြိုင်ပွဲတွင် အသက်(၂၁)နှစ်ရှိ အိုဘာဘီယီ အီရှာ အဂျာဘိုလာက ပြိုင်ဘက်များကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မွတ်ဆလင် အလှမယ် (၂၀) ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အင်ဒိုနီးရှားတွင် မယ်ကမ္ဘာပြိုင်ပွဲ ကျင်းပမှုကို အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များက ဦးဆောင် ကန့်ကွက်နေပြီးနောက် ယခုကဲ့သို့ မွတ်ဆလင် အလှမယ် ပြိုင်ပွဲတစ်ရပ်ကိုပါ ကျင်းပခဲ့ခြင်း ဖြစ်သည်။

“သ” အက္ခရာ အပါအဝင် အောက်ကားဈေး မြင့်တက်

လက်ရှိ အအပ်ခံနေသည့် “သ” အက္ခရာ ကားဟောင်း
ရှားပါးနေပြီး ဈေးကွက်
တွင် အောက်ကားဈေးနှုန်း မြင့်တက်နေကြောင်း သိရသည်။

တရားဝင် Apple ဆိုင်တွေ မှောင်ခိုဈေးကွက်နဲ့ ယှဉ်ရောင်းပြီ

အသစ်ဖွင့်လှစ်လိုက်သည့် အရောင်းဆိုင်အသစ်တွေက ရန်ကုန်မှာ များပြားလာနေသည့် ငွေကြေးသုံးနိုင်သော ဖောက်သည်တွေကို Apple ထုတ်ကုန်တွေရောင်းချနိုင်ဖို့ မျှော်လင့်နေကြသည်။ သို့သော်လည်း ဈေး သက်သက်သာသာနှင့် ရောင်းချနေသော တရားမ၀င် တင်သွင်း ရောင်းချသူတွေနှင့် ယှဉ်ပြိုင်နေကြရကြောင်း တရားဝင် ရောင်းချခွင့်ရ ကိုယ်စားလှယ်တွေက ပြောကြသည်။

ဂျပန်လေ့ကျင့်ရေး စစ်သင်္ဘော မြန်မာပြည်လာမည်

ဂျပန် နိုင်ငံ၏လေ့ကျင့်ရေး စစ်သင်္ဘော JDS Kashima (TV-3508) သည် စက်တင်ဘာ ၃၀ ရက်တွင် မြန်မာ နိုင်ငံ သီလဝါဆိပ်ကမ်းသို့ ဆိုက် ရောက်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်စစ်သံမှူး ရုံးမှ သိရသည်။ ပထမဆုံးအကြိမ်အဖြစ် ငါး ရက်ကြာ လာရောက်ဆိုက်ကပ် မည့် အဆိုပါဂျပန်စစ်လေ့ကျင့် ရေးသင်္ဘော လာရောက်ခြင်း၏ အဓိကရည်ရွယ်ချက်ကို မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်စစ်သံမှူးရုံးမှ အသေးစိတ်ပြောကြားမှု မရှိသေး သော် လည်း အောက်တိုဘာ ၄ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရ သည်။


ကုလသမဂ္ဂ၏ နျူကလီးယား စောင့်ကြည့်လေ့လာရေး သဘောတူညီချက်တရပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့ခြင်းကို အမေရိကန်နိုင်ငံက ကြိုဆိုလိုက်သည်။ သဘောတူညီချက် အရ မြန်မာနိုင်ငံသည် ၎င်း၏ နျူကလီးယားဆိုင်ရာ လုပ်ဆောင်မှု မှန်သမျှကို ထုတ်ပြန်ကြေညာရမည် ဖြစ်ပြီး စုံစမ်းစစ်ဆေးခြင်းကိုလည်း ခွင့်ပြုရမည် ဖြစ်သည်။ ထိုသို့ လက်မှတ်ရေးထိုးလိုက်ခြင်းသည် ယခင်က ပစ်ပယ်ခံထားရသည့် နိုင်ငံတခု၏ ပွင့်လင်းလွတ်လပ်မှုဆီသို့ နောက်ဆုံးလှမ်းလိုက်သည့် ခြေလှမ်း ဖြစ်သည်ဟုလည်း ၎င်းတို့ကဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူခရီးစဉ်တွင်စင်ကာပူ သမ္မတနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်

စက်တင်ဘာလ ၂ဝ ရက်နေ့တွင် စင်ကာပူနိုင်ငံသို့ သွားရောက်မည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် စင်ကာပူနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်တာဝန်ခံ ကိုဖြိုးဇေယျာသော်က ပြောသည်။