20.9.13

ဂျပန်လေ့ကျင့်ရေး စစ်သင်္ဘော မြန်မာပြည်လာမည်

ဂျပန် နိုင်ငံ၏လေ့ကျင့်ရေး စစ်သင်္ဘော JDS Kashima (TV-3508) သည် စက်တင်ဘာ ၃၀ ရက်တွင် မြန်မာ နိုင်ငံ သီလဝါဆိပ်ကမ်းသို့ ဆိုက် ရောက်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်စစ်သံမှူး ရုံးမှ သိရသည်။ ပထမဆုံးအကြိမ်အဖြစ် ငါး ရက်ကြာ လာရောက်ဆိုက်ကပ် မည့် အဆိုပါဂျပန်စစ်လေ့ကျင့် ရေးသင်္ဘော လာရောက်ခြင်း၏ အဓိကရည်ရွယ်ချက်ကို မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်စစ်သံမှူးရုံးမှ အသေးစိတ်ပြောကြားမှု မရှိသေး သော် လည်း အောက်တိုဘာ ၄ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရ သည်။


''ချစ်ကြည်ရေးအဖြစ် လာ ရောက်မှာပါ။ ဒီမှာ ဘယ်လိုအစီ အစဉ်တွေနဲ့ ဆောင်ရွက်မယ် ဆိုတာကိုတော့ မြန်မာရေတပ်နဲ့ ညှိနှိုင်းမှုတွေလုပ် နေတယ်''ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်စစ်သံမှူးရုံးမှ တာဝန်ရှိသူ ကပြောသည်။ အဆိုပါ ဂျပန်လေ့ ကျင့်ရေး စစ်သင်္ဘောပေါ် တွင် ဂျပန်ရေတပ် လေ့ကျင့်ရေးတပ်သား ၇၀၀ ခန့် ပါဝင်လာမည်ဖြစ်ပြီး ယခုခရီးစဉ် အသေးစိတ်အကြောင်းအရာများ ကို စက်တင်ဘာ ၃၀ ရက် သင်္ဘော ဆိုက်ရောက်သည့်အချိန်တွင် ပြု လုပ်မည့် သတင်းစာ ရှင်းလင်း ပွဲ တွင် ပြောကြားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ဧရာ ဝတီရေတပ်စခန်းဌာနချုပ်၊ အ မှတ်(၁) ဗျူဟာစစ်ရေယာဉ်စုမှ အရာရှိတစ်ဦးက ''ပူးပေါင်းလေ့ ကျင့်မယ့်အစီအစဉ်တော့ မရှိသေး ပါဘူး။ အဓိက,ကတော့ လေ့လာ ရေးခရီးစဉ်ပါပဲ။ သူတို့စစ်သင်္ဘော ပေါ် ကျွန်တော်တို့ လေ့လာ မယ်။ ကျွန်တော်တို့ စစ်သင်္ဘောတွေကို လဲ သူတို့လေ့လာမယ်။ အနီးကပ် မှအစီအစဉ် ပြောင်းသွားရင်တော့ မသိပါဘူး''ဟု ပြောသည်။ ယခုလကုန်တွင် လာရောက် မည့်ဂျပန်လေ့ကျင့်ရေးစစ်သင်္ဘော မတိုင်မီ ဩဂုတ်လအတွင်းကလည်း အာရှ အင်အားကြီး နိုင်ငံတစ်ခု ဖြစ်သည့် ရေတပ်ဆေးရုံသင်္ဘော များ လာရောက်ခဲ့သည်။

ဂျပန်လေ့ကျင့်ရေး စစ်သင်္ဘော JDS Kashima(TV-3508) အား ပိုလန်နိုင်ငံ Gdansk ပင်လယ်အော်တွင် ဆီဖြည့်နေသည်ကို ၂၀၁၃ ခုနှစ် သြဂုတ် ၆ ရက်က တွေ့ရစဉ်။ Photo - EPA
ငယ်ထွေး (ကလေး)

The Yangon Times

0 comments:

Post a Comment