20.9.13

ဆီးရီးယားရှိ ရုရှားသူပုန်များသည် အိုလံပစ်ပြိုင်ပွဲအတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်

ဆီးရီးယားနိုင်ငံတွင် အယ်လ်ကိုင်ဒါနှင့် နွယ်နေသော သူပုန်များနှင့် လက်တွဲတိုက်ခိုက်နေကြသည့် ရုရှား ကော့ကေးဆတ်မှ အစ္စလာမ္မစ် သူပုန်များသည် ရုရှားတွင်ကျင်းပမည့် ၂၀၁၄ ဆိုချီဆောင်းရာသီ အိုလံပစ် ပွဲတော်တွင် စိုးရိမ်ရသောလုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတစ်ခု ဖြစ်
လာနိုင်ကြောင်း လေ့လာသူများကဆိုသည်။



ရုရှားနိုင်ငံသည် ၎င်းတို့၏ပထမဆုံး အကြီးစား နိုင်ငံတကာ အားကစားပွဲ တစ်ခုဖြစ်သည့် အိုလံပစ်ပွဲ လက်ခံကျင်းပနိုင်ရေးအတွက် အတားအဆီး အားလုံးကို ဖယ်ရှားပြီးဖြစ်သော်လည်း ဆီးရီးယားတွင် တိုက်ခိုက်နေသည့် တိုက်ခိုက်ရေးသမားများ ပြန်လည်ရောက်ရှိလာကာ ၎င်းအားကစားပွဲတော် ကာလအတွင်း ကော့ကေးဆတ် ဒေသနှင့် နီးကပ်နေသော ဆိုချီဒေသ လုံခြုံရေး ခက်ခဲလာနိုင်သည်ကို စိုးရိမ်မှုများ ရှိလာနေသည်။

“ရုရှားက တိုက်ခိုက်ရေး သမားတွေဟာ ဆီးရီးယားမှာမြို့ပေါ် တိုက်ခိုက်မှု အလေ့အကျင့်တွေ ရနေကြတယ်။ အကယ်၍ သူတို့တွေရုရှားကို
ပြန်လာစုရုံးမယ်ဆိုရင် အရမ်းကြီးကိုပဲ အန္တရာယ်ကြီးမှာပါ”ဟု kavkaz-uzel.ru အင်တာနက်မဂ္ဂဇင်း အယ်ဒီတာချုပ် ဂရီဂိုရီရှေ့ဗ်ဒေါ့ဗ်က ပြော
ကြားသည်။

ရုရှားအစိုးရ အနေနှင့် အိုလံပစ်ပွဲတော်ကို ကာကွယ်ရန် လုံခြုံရေး လုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်သော်လည်း ၎င်းက “ဆီးရီးယားမြို့ပြ တိုက်ပွဲတွေမှာ လေ့ကျင့်ပြီးသား အုပ်စုတွေရဲ့ တိုက်ခိုက်မှုဟာ ဆိုချီကို အတော့်ကို ထိခိုက် စေနိုင်ပါလိမ့်မယ်” ဟု ပြောကြားသည်။

ဇူလိုင်လအတွင်းက အစ္စလာမ္မစ် စစ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒိုကူ အူမာရော့ဗ်က ဖေဖော်ဝါရီ အားကစားပွဲများကို တိုက်ခိုက်ရန် စစ်သွေးကြွများအား တောင်းဆိုထားပြီး ၎င်းက ပင်လယ်နက်နှင့်
ကော့ကေးဆတ် တောင်များကြားတွင် တည်ရှိသော ဆိုချီမြို့တွင် ကျင်းပမည့် နိုင်ငံတကာ အားကစားပွဲကို တားဆီးရန် အကြီးစား အားထုတ်မှုများ စိုက်ထုတ်ရမည်ဖြစ်ကြောင်း စစ်သွေးကြွများကို ဗီဒီယိုဖိုင်ဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဆီးရီးယားက တိုက်ခိုက်ရေး သမားတွေ ရုရှားသို့ပြန်လာပြီး အူမာရော့ဗ်ရဲ့တောင်းဆိုမှုကို လုပ်ဆောင် ကြတယ်ဆိုရင် အဲဒါဟာ စိုးရိမ်စရာ ဖြစ်ရပ်ရဲ့ စိုးရိမ်ရတဲ့ အကြောင်းရင်းဖြစ်ပါတယ်”ဟု ရှေ့ဗ်ဒေါ့ဗ်က
ပြောကြားသည်။

အူမာရော့ဗ်သည် လွန်ခဲ့သည့် နှစ်များအတွင်း ရုရှားနိုင်ငံတွင်း သေဆုံးမှုများ
ဖြစ်ပေါ်စေခဲ့သည့် တိုက်ခိုက်မှု များစွာကို ပြုလုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်
မော်စကိုမြို့ ဒိုမိုဒီဒိုဗိုလေဆိပ်တွင် လူဒါဇင်နှင့်ချီ သေဆုံးခဲ့သည့် ဖြစ်ရပ်နှင့် ၂၀၁၀ ခုနှစ်အတွင်း မော်စကို၏ မြေအောက် ရထားလိုင်း တိုက်ခိုက်မှုတို့ကို
လည်း လုပ်ဆောင်ခဲ့သည်။

မော်စကိုမြို့ ကာနက်ဂျီစင်တာမှ လေ့လာသူ တစ်ဦးဖြစ်သူ မာလာရှန်ကိုက
လည်း ဆီးရီးယားတွင် တိုက်ခိုက်နေသော ရုရှားသူပုန်သည် ၃၀၀ နှင့် ၂၀၀၀ ကြားတွင်ရှိကြောင်း အိုလံပစ်ပြိုင်ပွဲ နီးလာချိန်တွင် ၎င်းတို့သည် အန္တရာယ်ရှိသောသူများ ဖြစ်ကြောင်း ပြောကြားသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အနောက်နိုင်ငံနဲ့ ရုရှားနိုင်ငံမှ လူများ
ပါဝင်သော သူပုန်ရာပေါင်းများစွာသည် ဆီးရီးယားတွင် တိုက်ခိုက်နေ
ကြသည်မှာ စိုးရိမ်စရာဖြစ်လာနိုင်ကြောင်း “အဲဒီ သူပုန်တွေ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ကျွန်တော်တို့ နိုင်ငံထဲ ပြန်မလာဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။ အဲဒီကိစ္စဟာ ကျွန်တော်တို့အတွက် တကယ့် ခြိမ်းခြောက်မှုကြီးပါ”ဟု ရုရှားသမ္မတက ပြောကြားသည်ဟု လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ထုတ်ဝေခဲ့သည့် နယူးယော့ခ်တိုင်းမ် သတင်းစာတွင် ရေးသားထားသည်။

ရုရှားပြည်ထဲရေး ဝန်ကြီး ဗလာဒီမာကိုလိုကကော့ဆက်ဗ်က ရုရှားသည်
နိုင်ငံတကာ အိုလံပစ်ကော်မတီ လိုအပ်ချက်များကို ပြည့်မီစေရန် ဘက်ပေါင်းစုံမှ လုံခြုံရေးစနစ် လုပ်ဆောင်ပြီးကြောင်း ဇူလိုင်လက
ပြောကြားပြီးဖြစ်သည်။

မြန်မာ့ခေတ်

0 comments:

Post a Comment