ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

8.5.13

မြန်မာနိုင်ငံသည် အာရှတိုက်တွင် သဘာဝဓာတ်ငွေ့ အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒသမအများဆုံး တင်ပို့သော နိုင်ငံဖြစ်

၈.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

လက်ရှိ ပြည်ပသို့ ဓာတ်ငွေ့တင်ပို့ ရောင်းချနေသည့် အခြေအနေအရ မြန်မာနိုင်ငံသည် အာရှတိုက်တွင် သဘာဝဓာတ်ငွေ့ အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒသမအများဆုံး တင်ပို့သော နိုင်ငံဖြစ်ကြောင်း သိရှိရသည်။


ယင်းကဲ့သို့ သဘာဝဓာတ်ငွေ့သိုက်များမှာ သဘာဝဓာတ်ငွေ့များကို တင်ပို့ရောင်းချရာတွင် ရတနာ သဘာဝဓာတ်ငွေ့သိုက်မှ သဘာဝဓာတ်ငွေ့များကို နေ့စဉ်တစ်နေ့လျှင် ကုဗပေသန်း ၆၄၀ ထိုင်းနိုင်ငံသို့ နှစ် ၃၀ စာချုပ်နှင့် တင်ပို့နေပြီး ယင်းသဘာဝဓာတ်ငွေ့သိုက်မှ ပြည်တွင်းသုံးစွဲရန် ဖြန့်ဝေပေးမှု ပမာဏ တစ်နေ့လျှင် ကုဗပေ သန်း ၁၈၀ ရှိကြောင်း၊ ၁၉၉၈ ခုနှစ်မှ ဦးဆောင်၍ စတင်ရောင်းချခဲ့ကြောင်း သိရသည်။


အလားတူ ရဲတံခွန် သဘာဝဓာတ်ငွေ့သိုက်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကိုလည်း ထိုင်းနိုင်ငံသို့ သွယ်တန်းရောင်းချနေပြီး တစ်နေ့လျှင် ကုဗပေ သန်းပေါင်း ၄၃၀ ရှိကြောင်း၊ ယင်းမြေကို ပက်ထရိုနပ် ကုမ္ပဏီမှ ဦးဆောင်ထုတ်လုပ်ပြီး သဘာဝဓာတ်ငွေ့များ ရောင်းချနေကြောင်း၊ ၂၀၀၀ ပြည့်နှစ်မှ စတင်ရောင်းချခဲ့ကြောင်း သိရှိရသည်။


ထို့အတူ ဓာတ်ငွေ့တူးဖော်ရာမှ ရရှိသော (ရေနံဆီ) တစ်နေ့လျှင် စည်ပေါင်း ၉၇၀၀ အား ကမ်းလွန်ပလက်ဖောင်းမှ သင်္ဘောဖြင့် ကဲ့ယူရရှိပြီး ယခင်က နိုင်ငံခြားသို့ တင်ပို့ရောင်းချသော်လည်း ယခုအခါ သန်လျင်ရေနံချက် စက်ရုံတွင် ပြန်လည်ချက်လုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။


သို့ရာတွင် ယင်းကဲ့သို့ သဘာဝဓာတ်ငွေ့များကို ရောင်းချရာ၌ ဓာတ်ငွေ့သိုက်တွင်ရှိသော ဓာတ်ငွေ့ပမာဏ အရည်အသွေး၊ အကဲဖြတ်မှုများအား နှစ်ရှည်ပြုလုပ်ရသောကြောင့်ဓာတ်ငွေ့သိုက်အား တွေ့လျှင်တွေ့ချင်း သုံးစွဲမှု မပြုနိုင်ကြောင်း၊ အနည်းဆုံး ကိုးနှစ်၊ ၁၀ နှစ်ကြာမှသာ ရောင်းချနိုင်ကြောင်း သိရှိရသည်။


"တကယ်တော့ သဘာဝဓာတ်ငွေ့က ရေနံလို မဟုတ်ဘူး။ ရေနံဆီက spot price နဲ့ ရောင်းလို့ရတယ်။ ဓာတ်ငွေ့ကိုကျတော့ အရည် (LNG) လုပ်ရင်လုပ်၊ မလုပ်ရင် ပိုက်လိုင်းသွယ်ပြီးမှ ရောင်းချလို့ရတယ်။ ပမာဏ ဘယ်လောက်ရှိမယ်ဆိုတာ ဘယ်နှနှစ်လောက် ထုတ်ယူသုံးစွဲမယ်ဆိုတာ အချက်အလက်တွေပေါ် မူတည်ပြီး အကဲဖြတ် တွက်ချက်ပြီးမှ ရောင်းနိုင်ပါတယ်။ ဒီလို အကဲဖြတ်တာကို Third porty က လုပ်တာပါ။ အဲဒီက certification တွေရမှ ပမာဏ ဘယ်လောက်ကြီးတယ်။ နှစ်ပေါင်းဘယ်လောက် ထုတ်ယူနိုင်မယ် ဆိုတာကို တွက်ပြီး (take off pay) မယူမနေရ စာချုပ်နဲ့ ရောင်းကြတာပါ။ ဒီလိုစာချုပ်အရ နှစ်သုံးဆယ် ရောင်းမယ်လို့ အာမခံရင် နှစ်သုံးဆယ် ရောင်းရပါတယ်။ ရောင်းတဲ့သူဘက်ကရော ၀ယ်တဲ့သူဘက်ကပါ ပျက်ကွက်လို့ မရပါဘူး" ဟု smart Group of comparies ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ အလား အလာ ခေါင်းစဉ်ဖြင့် ဆွေးနွေး ခဲ့သော ဟောပြောပွဲတွင် ပြောကြားခဲ့သည်။


အလားတူ မုတ္တမကမ်းလွန် M9 တွင်ရှိသော ဇောတိကစီမံကိန်းအား ထိုင်းနိုင်ငံအား ရောင်းရန် စီစဉ်ထားသော်လည်း ယင်းကဲ့သို့ တွက်ချက်ရာတွင် အချိန်ပေးရသော ဓာတ်ငွေ့၏ သဘောသဘာဝအရ ၁၉၉၈ ခုနှစ်တွင် စတင်တွေ့ရှိသည့်အတွက် ၁၅ နှစ် ကြာမြင့်ပြီဖြစ်သော်လည်း ရောင်းသည့်အဆင့် မရောက်သေးကြောင်း သိရှိရသည်။


ထို့အတူ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီးရှိ ရွှေသဘာဝ လုပ်ကွက်အား ၂၀၀၃ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး တူးဖော်ခဲ့သော်လည်း ၂၀၀၃-၂၀၁၃ ခုနှစ်အထိ ဆယ်နှစ် ကြာမြင့်နေပြီ ဖြစ်သော်လည်း တရုတ်ပြည်ကို တင်ပို့ရောင်းချရန် ပြင်ဆင်ဆဲ အဆင့်သာ ရှိသေးကြောင်း ဦးကျော်ကျော်လှိုင်က ပြောသည်။


ယင်းကဲ့သို့ အနေအထားများ ရှိနေသော်လည်း မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် အာရှတိုက်တွင် ဓာတ်ငွေ့အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံတစ်နိုင်ငံဖြစ်နေပြီး ကမ္ဘာပေါ်တွင် ဒသမ အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံဖြစ်ကြောင်း သိရှိရသည်။


ELeven Media Group

မြောက်ကိုးရီးယားဘဏ်စာရင်း တရုတ်ဘဏ်ပိတ်ပစ်

၈.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့
 

တရုတ်နိုင်ငံက ထိပ်တန်းဘဏ်လုပ်ငန်းကြီးတစ်ခုက မြောက်ကိုရီးယား
နိုင်ငံက ဘဏ်တစ်ခုကဖွင့်ထားခဲ့တဲ့ ဘဏ်ငွေစာရင်းကို ပိတ်ပြစ်လိုက်တယ်
လို့ သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို အရေးယူ ဒဏ်ခတ်မှုတွေလုပ်ဖို့ အမေရိကန်နိုင်ငံ
က ပစ်မှတ်ထားနေတဲ့ မြောက်ကိုရီးယားဘဏ်ရဲ့ ဘဏ်စာရင်းကို တရုတ်ဘဏ်လုပ်ငန်း Bank of China က ပိတ်ချလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုံးက မြောက်ကိုရီးယားအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှု
အစီအစဉ် တိုးချဲ့တာကို တရုတ်အစိုးရက ထောက်ခံခဲ့တုံးက မြောက်ကို
ရီးယားအစိုးရက ဒေါသတကြီးကန့်ကွက်ပြောဆိုခဲ့ဖူးတဲ့အတွက် အခုလို ဘဏ်စာရင်းအပိတ်ခံရမှုကလည်း မြောက်ကိုရီးယားအစိုးရကို ဒေါသူပုန်ထစေလိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

လတ်တလောမှာတော့ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ငွေကြေးလဲလှယ်မှု အဓိကဘဏ်စာရင်းအပိတ်ခံလိုက်ရတဲ့အတွက် မြောက်ကိုရီးယားအစိုးရကို ဘဏ္ဍာရေးအရဘယ်လောက်အထိ ထိခိုက်စေမလဲဆိုတာ မသိရသေးသလို၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရဖက်ကလည်း ထုတ်ဖေါ်ပြောဆိုမှု တစုံတရာမရှိသေးကြောင်း သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံအတွက် ငွေကြေးခဝါချပေးတဲ့ ဘဏ်လုပ်ငန်းမှန်သမျှ
ကို အရေးယူသွားမယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ သတိပေးချက်ထွက်ပေါ်
အပြီးမှာ တရုတ်ဘဏ်က အခုလိုလုပ်လိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူမှုတွေ၊ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံကလည်း ပါဝင်ပတ်သက်နေခဲ့ရာမှာ မကြာခင်ကပဲ သြစတြေးလျနိုင်ငံက ဗဟိုတရားရုံးချုပ်တရားသူကြီးဟောင်း Michael Kirby အနေနဲ့ မြောက်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေးဖောက်
ဖျက်ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်ဆိုတဲ့ ကြေညာ
ချက်ထွက်ပေါ်လာပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ စီမံချက်အရ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို Mr Kirby က ဦးဆောင်ပြီး မြောက်ကိုရီးယားနိုင်ငံ
မှာ ချွေးတပ် အလုပ်စခန်းတွေ၊ ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ အငတ်ဘေး
ကျရောက်စေတာတွေ ရှိနေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး
သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုအစီအစဉ်ကို မြောက်ကိုရီးယားအစိုးရက လက်သင့်မခံတဲ့အတွက် လတ်တလောမှာတော့ စုံစမ်းရေးအဖွဲ့အနေနဲ့
မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေရဲ့ ထွက်ဆိုချက်တွေကိုသာ အဓိကထားလေ့လာသွားရမှာဖြစ်တယ်လို့ သိရပါတယ်။

ABC Radio Australia