ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

4.10.16

ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် တင်သွင်းသည့် အခြေခံပညာရေးဥပဒေ ရေးဆွဲရာ၌ ဥပဒေကောင်း တစ်ရပ်ဖြစ်ရန် လူထုလူတန်းစား အလွှာစုံပါဝင်သည့် အခြေခံပညာရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကျင်းပရန် အစိုးရအား တိုက်တွန်းသည့်အဆိုကို ပညာရေးဝန်ကြီးဌာနက အတည်မပြုသင့်ကြောင်း တင်ပြခဲ့ပြီး ပြည်သူ့လွှတ်တော်မှလည်း အတည်မပြုကြောင်း ဆုံးဖြတ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တင်သွင်းသည့် အခြေခံပညာရေး ဥပဒေရေးဆွဲရာ၌ ဥပဒေကောင်း တစ်ရပ်ဖြစ်ရန် လူထုလူတန်းစား အလွှာစုံပါဝင်သည့် အခြေခံပညာရေး ဆွေးနွေးပွဲ အဆင့်ဆင့် ကျင်းပရန် အစိုးရအား တိုက်တွန်းသည့် အဆိုကို ပညာရေး ၀န်ကြီးဌာနက အတည်မပြုရန် တင်ပြခဲ့ပြီး ပြည်သူ့လွှတ်တော်ကလည်း အောက်တိုဘာ ၃ ရက်က အတည်မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

‘၀’နှင့်မိုင်းလား ခေါင်းဆောင်ပိုင်း ညှိနှိုင်းမှု အဆင်ပြေပြီး အောက်ခြေတပ်ဖွဲ့များ လေ့ကျင့်ရေးလွဲမှားမှုပြုပြင်ခဲ့ဟု သတင်းထုတ်ပြန်

‘၀’နှင့် မိုင်းလား ခေါင်း ဆောင်ပိုင်း ညှိနှိုင်းအဆင်ပြေပြီး အောက်ခြေတပ်ဖွဲ့များ လေ့ကျင့် ရေးလွဲမှားမှုကို ပြုပြင်ခဲ့ကြောင်း အောက်တိုဘာ ၃ ရက်တွင် ကြေ ညာချက်ထုတ်ပြန်ခဲ့သည်။

အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း ချဘာ ဂျပန်တောင်ပိုင်းသို့ ဦးတည်လာနေ၍ လေကြောင်း ခရီးစဉ်များ ဖျက်သိမ်း

အင်အားပြင်း တိုင်ဖုန်း မုန်တိုင်း ချဘာ အောက်တိုဘာလ ၃ ရက်က ဂျပန်နိုင်ငံ တောင်ဘက်အစွန်းပိုင်း အိုကီနာဝါကျွန်းစုဆီသို့ ဦးတည်ချဉ်းကပ်လာ နေခဲ့ရာ လေပြင်းများ ကျရောက်လာခဲ့ပြီး နောက်ပိုင်း လေကြောင်း ခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်။

အာရှဒေသတွင်း ကျောက်မီးသွေးအသုံးပြုမှုမြင့်တက်လာစေရန် ကမ္ဘာ့ဘဏ်က တိတ်တဆိတ် ငွေကြေးထောက်ပံ့ပေးနေဟု ဆို

အာရှဒေသနိုင်ငံတစ်ချို့တွင် လေထုညစ်ညမ်းစေသော ကျောက်မီးသွေးသုံးဓါတ်အားထုတ်လုပ်မှုပိုင်း များပြားလာခြင်းတွင် ကမ္ဘာ့ဘဏ်၏ သွယ်ဝိုက်ငွေကြေးထောက်ပံ့မှုများက အားပေးကူညီရာရောက်နေကြောင်း နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Inclusive Development International (IDI)က အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ပြောဆိုလိုက်သည်။

ဆီးရီးယားတွင် အပစ်အခတ်ရပ်စဲရေး ရုရှားနှင့် ညှိနှိုင်းဆွေးနွေးမှုကို အမေရိကန် ဆိုင်းငံ့

ဆီးရီးယားနိုင်ငံရှိ အလက်ပိုမြို့အရှေ့ပိုင်းတွင်အစိုးရတပ်များက လူအစုလိုက်အပြုံလိုက်သေဆုံးစေရန် ရည်ရွယ်တိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေသည့်အတွက် အပစ်အခတ်ရပ်စဲရေးသတောတူညီချက်ကို အဓွန့်ရှည်စေရန် ရုရှားနှင့် ညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်းချက်ကို အမေရိကန်က အောက်တိုဘာ ၃ တွင် လက်လွှတ်လိုက်ပြီ ဖြစ်သည်။

ဇီကာရောဂါဖြစ်ပွားနေမှုနှင့်ပတ်သက်ပြီး မြန်မာအပါအ၀င် အာဆီယံနိုင်ငံများသို့ အမေရိကန်နိုင်ငံမှ ကိုယ်ဝန်ဆောင်များ မသွားရောက်ရန် တားမြစ် လိုက်သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်ဖွယ်ရာမရှိဟု ပြောကြား

ဇီကာ ရောဂါဖြစ်ပွားနေမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပါအ၀င် အာဆီယံ နိုင်ငံများသို့ အမေရိကန်နိုင်ငံမှ ကိုယ်ဝန်ဆောင် များ မသွားရောက် ရန်တားမြစ်လိုက်သော်လည်း မြန်မာ နိုင်ငံအနေဖြင့် စိုးရိမ်ဖွယ်ရာ မရှိ ကြောင်း အားကစားနှင့် ကျန်းမာ ရေးဝန်ကြီးဌာန၊ ဗဟို ကူးစက်ရော ဂါတိုက်ဖျက်ရေးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာ သန်း ထွန်းအောင်ကအောက်တိုဘာ ၃ ရက် တွင် ပြောသည်။

မိသားစုဝင်ငွေက ကျပ် ၃ သိန်းအောက်ရောက်နေတာကြောင့် မြိုပြနေ ထိုင်သူအများစု အိမ်ရာပိုင်ဆိုင်ဖို့ အခွင့်အရေးနည်းပါးနေဆဲ


မြို့ပြနေထိုင်သူ ၉၀ ရာခိုင်နှုန်းရဲ့ မိသားစုဝင်ငွေက ကျပ် ၃ သိန်းအောက်ရောက်နေတာကြောင့် အိမ်ရာပိုင် ဆိုင်ဖို့ အခွင့်အရေးနည်းပါးနေဆဲပဲလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြနဲ့မြေယာစီမံခန့်ခွဲရေးကော်မတီ ဒုတိယဌာနမှုးဦးတိုးအောင်က ပြောပါတယ်။

စီးနင်းသူတွေကို ဘေးကင်းစေဖို့ ပြန်လည်ပြုပြင်ပြီး Telsa ရဲ့ Auto-Pliot လျှပ်စစ်ကား ရောင်းချရမှု နှစ်ဆနီးပါး တက်လာ


အမေရိကန် လျှပ်စစ်မော်တော်ကားထုတ်လုပ်သူ Tesla ဟာ ပြီးခဲ့တဲ့ သုံးလပတ်အတွင်း ယင်းရဲ့ ကားရောင်းချမှုပိုင်းမှာ တစ်ဟုန်ထိုးတိုးတက်လာခဲ့တယ်လို့ ထုတ်ဖော်ကြေညာသွားခဲ့ပါတယ်။