4.10.16

‘၀’နှင့်မိုင်းလား ခေါင်းဆောင်ပိုင်း ညှိနှိုင်းမှု အဆင်ပြေပြီး အောက်ခြေတပ်ဖွဲ့များ လေ့ကျင့်ရေးလွဲမှားမှုပြုပြင်ခဲ့ဟု သတင်းထုတ်ပြန်

‘၀’နှင့် မိုင်းလား ခေါင်း ဆောင်ပိုင်း ညှိနှိုင်းအဆင်ပြေပြီး အောက်ခြေတပ်ဖွဲ့များ လေ့ကျင့် ရေးလွဲမှားမှုကို ပြုပြင်ခဲ့ကြောင်း အောက်တိုဘာ ၃ ရက်တွင် ကြေ ညာချက်ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၂၈ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ အထူး ဒေသ (၄) မိုင်းလားလက်နက်ကိုင် အဖွဲ့ထိန်းချုပ်ရာ ဂိတ်စခန်းသုံးခု ကို အထူးဒေသ (၂) ‘၀’လက်နက် ကိုင်အဖွဲ့က သိမ်းပိုက်ခဲ့ပြီး မိုင်း လားတပ်ဖွဲ့ဝင် ၁၅၀ ကျော်ကို လည်း ဖမ်းဆီးမှုဖြစ်ပေါ်ခဲ့သည်။ အစဉ်အဆက် ကျောထောက် နောက်ခံပြု ရင်းနှီးသည့် မဟာ မိတ်များဖြစ်သော ၎င်းတို့အဖွဲ့နှစ် ဖွဲ့အကြား စစ်ရေးတင်းမာမှု ပထမဆုံးဖြစ်ပေါ်ခြင်းအပေါ် အံ့ အားသင့်စောင့်ကြည့်စရာဖြစ်စေ ခဲ့သည်။
ဤရက်ပိုင်းအတွင်း ‘၀’တပ် ဖွဲ့သည် မိုင်းလားဒေသအတွင်း ခရီးကြမ်းထွက်၍ လေ့ကျင့်ရေးများ ပြုလုပ်နေကြောင်း၊ တစ်ပတ်အ ချိန်အတွင်း တပ်ဖွဲ့စုစည်းကွပ်ကဲ မှု၊ ဖြန့်ခွဲနေရာယူမှု၊ စုစည်းမှု စ သည့် လေ့ကျင့်မှုအမျိုးမျိုးပြုလုပ် ခဲ့ကြောင်း၊ လေ့ကျင့်ရေးကာလ အတွင်း အချို့တပ်ဖွဲ့သည် ညွှန် ကြားချက်များဆောင်ရွက်ရာတွင် ကြီးမားသည့် လွဲမှားမှုများဖြစ်ပေါ် ခဲ့သဖြင့် ဆိုးရွားသည့် ဂယက်ရိုက် မှုများဖြစ်ပေါ်စေခဲ့သည်ဟု ကြေ ညာချက်တွင် ရှင်းလင်းထား သည်။
မိုင်းလားခေါင်းဆောင်များ နှင့် ‘၀’ ခေါင်းဆောင်များ ညှိနှိုင်း ပြီးနောက် အောက်တိုဘာ ၁ ရက် တွင် မိုင်းလားဒေသရှိ ၀မ်လဲလေ့ ကျင့်ရေးပြုလုပ်နေသည့် ကွပ်ကဲ ရေးစခန်းသို့ သွားရောက်၍ ကွပ် ကဲရေးခေါင်းဆောင်များနှင့် တွေ့ ဆုံပြီးညှိနှိုင်းခဲ့ကြသည်ဟု ဆို သည်။
‘၀’တပ်ဖွဲ့အထက် ခေါင်း ဆောင်များသည် အောက်ခြေ လေ့ကျင့်ရေးတပ် ကွပ်ကဲရေးအ ဖွဲ့အား ညွှန်ကြားချက်ပေးကာ လေ့ကျင့်ရေးတွင်ဖြစ်ပွားခဲ့သည့် လွဲမှားမှုများကို ပြုပြင်စေခဲ့ပါ သည်။ တစ်ချိန်တည်းမှာပင် နှစ် ဖက်ခေါင်းဆောင်များသည် ရှေ့ တန်းစခန်းနှင့် ပန်မာဖိုင်းစစ်ဆေး ရေးဂိတ်တစ်ကြောရှိ လေ့ကျင့် ရေးတပ်ဖွဲ့များနှင့် မိမိ၏တပ် စခန်း အခြေအနေများကို အတူ တကွ သွားရောက်ကြည့်ရှုခဲ့ကြ သည်။ နှစ်ဖက်တပ်ဖွဲ့များသည် လေ့ကျင့်ရေးများပြုလုပ်ရာတွင် ပြည်သူလူထုအား အနှောင့်အ ယှက်မဖြစ်စေရေးမူကို ဆုပ်ကိုင် ထားပါသည်။ လက်ရှိမိုင်းလားနှင့် ပြင်ပ ဆက်သွယ်သွားလာနေထိုင် မှု ပုံမှန်ရှိနေပါသည်’’ဟု မိုင်းလား ကြေညာချက်၌ ဖော်ပြထားသည်။
စက်တင်ဘာ ၂၈ ရက် အ မျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်-မိုင်းလား (NDAA) ထိန်းချုပ်သော လွယ်ဆမ်ဆုမ်၊ လွယ်ကျူဆာ တပ်စခန်းနှစ်ခုနှင့် မိုင်းလားနယ်အ၀င် ပန်မတ်ဖိုင်း ဂိတ်စခန်းတို့ကို ‘၀’ ပြည် သွေး စည်း ညီညွတ်ရေးတပ်မတော် (UWSA)တပ်ဖွဲ့ဝင်များက သံချပ် ကာကား ငါးစီး၊ တပ်ဖွဲ့ဝင် ခြောက်ရာကျော်ဖြင့် ၀င်ရောက် စီးနင်းခဲ့ပြီး မိုင်းလားတပ်ဖွဲ့ဝင် ၁၅၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့ သည်။
UWSA တွင် တပ်ဖွဲ့ဝင်အင် အား သုံးသောင်းခန့်ရှိသည်ဟု ခန့်မှန်းထားကြပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များအနက် အကြီးဆုံးအဖွဲ့အ ဖြစ် သတ်မှတ်ထားကြသည်။ NDAA ၌ အင်အားသုံးထောင်အ ထက်ရှိသည်ဟု ခန့်မှန်းထားကြ သည်။ နှစ်ဖွဲ့စလုံးသည် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)မှနေ၍ ၁၉၈၉ တွင် ခွဲထွက်တည်ထောင် ခဲ့ကြသော အဖွဲ့များဖြစ်ပြီး မဟာ မိတ် ဆက်ဆံရေးရှိသည်။ ပထ၀ီ ၀င်အရ အစိုးရထိန်းချုပ်နယ်မြေ ကျိုင်းတုံမှ ၅၆ မိုင်အကွာရှိ အထူး ဒေသ (၄) မိုင်းလား၊ အထူးဒေသ (၂) ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ အထူးဒေသ (၁) ကိုးကန့်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ သည် အ စဉ်လိုက်တစ်ဆက်တည်း ထိစပ်တည်ရှိလျက်ရှိသည်။
Credit To  >>> 7 Day Daily

0 comments:

Post a Comment