4.10.16

ဆီးရီးယားတွင် အပစ်အခတ်ရပ်စဲရေး ရုရှားနှင့် ညှိနှိုင်းဆွေးနွေးမှုကို အမေရိကန် ဆိုင်းငံ့

ဆီးရီးယားနိုင်ငံရှိ အလက်ပိုမြို့အရှေ့ပိုင်းတွင်အစိုးရတပ်များက လူအစုလိုက်အပြုံလိုက်သေဆုံးစေရန် ရည်ရွယ်တိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေသည့်အတွက် အပစ်အခတ်ရပ်စဲရေးသတောတူညီချက်ကို အဓွန့်ရှည်စေရန် ရုရှားနှင့် ညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်းချက်ကို အမေရိကန်က အောက်တိုဘာ ၃ တွင် လက်လွှတ်လိုက်ပြီ ဖြစ်သည်။ မြို့ရှိ ဒေသခံလူနေများသော ခရိုင်များတွင် ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်၏ တိုက်ခိုက်မှုများကို ရုရှားက ကျောထောက်နောက်ခံပေးနေကြောင်း စွပ်စွဲလိုက်ပြီး အပစ်အခတ်ရပ်စဲရေးကို ထပ်မံအသက်သွင်းရန် ရုရှားနှင့် နှစ်နိုင်ငံကြားဆွေးနွေးမှုကို ခေတ္တဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်အန်းနက်စ်က “လူတိုင်းရဲ့ ရုရှားအပေါ်ထားရှိတဲ့ သည်းခံမှုက ကုန်ဆုံးသွားပါပြီ” ဟု သတင်းထောက်များကိုပြောသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအနေဖြင့် ဘက်ပေါင်းစုံမှ ပဋိပက္ခကို သံတမန်ရေးအဖြေတစ်ခုကို ရှာဖွေရန် အနီးကပ်စောင့်ကြည့်နေဆဲဖြစ်သည်ဟုဆိုသည်။ သို့သော် အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ဂျနီဗာတွင် ရုရှားနိုင်ငံခြားရေး ၀န်ကြီး ဆာဂေးလာဗော့ နှင့် ဖုန်းဆက်သွယ်ပြောဆို ညှိနှိုင်းမှုများ အဆုံးသတ်သွားပြီဟုသိရသည်။ နိုင်ငံခြားရေးဌာနမှ ပြောခွင့်ရ ဂျွန်ကရီဘီက “အလွယ်တကူ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုမဟုတ်ပါဘူး” ဟုဆိုပြီး စစ်သွေးကြွများကို ပစ်မှတ်ထားသည့် အမေရိကန်- ရုရှားပူးတွဲစစ်တပ်ထူထောင်မည့် အစီအစဉ်များကို အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

Credit To >>> Democracy Today

0 comments:

Post a Comment