4.10.16

စီးနင်းသူတွေကို ဘေးကင်းစေဖို့ ပြန်လည်ပြုပြင်ပြီး Telsa ရဲ့ Auto-Pliot လျှပ်စစ်ကား ရောင်းချရမှု နှစ်ဆနီးပါး တက်လာ


အမေရိကန် လျှပ်စစ်မော်တော်ကားထုတ်လုပ်သူ Tesla ဟာ ပြီးခဲ့တဲ့ သုံးလပတ်အတွင်း ယင်းရဲ့ ကားရောင်းချမှုပိုင်းမှာ တစ်ဟုန်ထိုးတိုးတက်လာခဲ့တယ်လို့ ထုတ်ဖော်ကြေညာသွားခဲ့ပါတယ်။
တတိယသုံးလပတ်မှာ ကားစီးရေပေါင်း ၂၄၅,၀၀၀ တင်ပို့ခဲ့ရတာကြောင့် ယခင် ဒုတိယသုံးလပတ်ကထက် ၇၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာဖြစ်သလို ယခင်နှစ် ၂၀၁၅ ခုနှစ်ကအရေအတွက်ထက်လည်း နှစ်ဆကျော်နီးပါး တိုးတက်ရောင်းချထားခဲ့ရပြီဖြစ်ပါတယ်။

ခုလိုမျိုး နောက်ပိုင်းနှစ်ကာလထဲမှာ ကားအရောင်းပိုင်း သိသိသာသာ တိုးတက်ကောင်းမွန်လာနေခဲ့တာကြောင့် ယခုနှစ် ၂၀၁၆ ဒုတိယနှစ်ဝက်မှာတော့ ကားထုတ်လုပ်မှုကို စီးရေပေါင်း ၅၀၀,၀၀၀ အထိ ရည်မှန်းထုတ်လုပ်သွားတော့မှာဖြစ်တယ်လို့ ယင်းကုမ္ပဏီကပြောကြားလိုက်ပြီဖြစ်ပါတယ်။

အလားတူ ဘေးကင်းစိတ်ချရတယ်ဆိုတဲ့ ကားတွေအဖြစ် ရှိနေပေမယ့်လည်း ယင်း အလိုအလျောက် ထိန်းချုပ်မောင်းနှင်မှုစနစ်သုံး ကားတွေကြောင့် မတော်တဆမှုဖြစ်စဉ်တွေ ရှိနေသေးလို့လည်း Teslaကုမ္ပဏီဟာ ဝေဖန်ပြစ်တင်မှုတွေကြားမှာ ရောက်ရှိနေပါသေးတယ်။

ယင်း အော်တိုပိုင်းလော့စနစ်နဲ့ ကားတွေကို အလိုအလျောက်လမ်းကြောင်းပြောင်းလဲသွားလာစေနိုင်မှာဖြစ်ပေမယ့်လည်ွးှ့အပြည့်အ၀ လုံခြုံစိတ်ချရတဲ့ အလိုအလျောက်ထိန်းချုပ်မောင်းနှင်မှုနည်းပညာ
အစစ်တော့ဖြစ်မလာသေးဘူးလို့ သိရပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment