4.10.16

မိသားစုဝင်ငွေက ကျပ် ၃ သိန်းအောက်ရောက်နေတာကြောင့် မြိုပြနေ ထိုင်သူအများစု အိမ်ရာပိုင်ဆိုင်ဖို့ အခွင့်အရေးနည်းပါးနေဆဲ


မြို့ပြနေထိုင်သူ ၉၀ ရာခိုင်နှုန်းရဲ့ မိသားစုဝင်ငွေက ကျပ် ၃ သိန်းအောက်ရောက်နေတာကြောင့် အိမ်ရာပိုင် ဆိုင်ဖို့ အခွင့်အရေးနည်းပါးနေဆဲပဲလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြနဲ့မြေယာစီမံခန့်ခွဲရေးကော်မတီ ဒုတိယဌာနမှုးဦးတိုးအောင်က ပြောပါတယ်။
ဝင်ငွေနည်းပြည်သူတွေအတွက် အစိုးရကတန်ဖိုးနည်းတိုက်ခမ်းအိမ်ရာပေါင်း ၈၀၀၀ ကျော်ထပ်မံအကောင် အထည်ဖော်ပးနေပေမယ့် မိသားစုဝင်ငွေနည်းတာကြောင့် အောက်ခြေပြည်သူလူထုအတွက် အိမ်ရာပိုင်ဆိုငခွင့်နည်းပါးနေဆဲဖြစ်တယ်လို့ မြို့ပြပညာရှင်တွေက ပြောပါတယ်။

“ကမ္ဘာ့ဘဏ်အဆိုအရတော့ အခုနိုင်ငံတွင်းအလယ်အလယ်ဝင်ငွေရှိသူတစ်လကျပ် ၃ သိန်းကျော်ဝင်တဲ့သူ တောင် အိမ်ရာမ၀ယ်နိုင်တာတွေ့နေရပါတယ်။ ဒါကြောင့်ပြည်သူအများစု အိမ်ရာဝယ်ယူနိုင်ဖို့ဆိုရင်နိုင်ငံတော် က ကာလရှည်အိမ်ရာတွေ ၀ယ်နိုင်အောင်နဲ့ အဌားအိမ်ရာစနစ်တွေ ဖော်ဖို့လိုနေပါတယ်”လို့ ဦးတိုးအောင်က ပြောပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက ဆောက်လုပ်ပြီး တန်ဖိုးနည်းအိမ်ရာတွေကို ဆောက်လုပ်ရေးနဲ့အိမ်ရာဖွံ့ဖြိုးဘဏ်နဲ့ချိတ်ဆက်ပြီး ရောင်းချပေးဖို့ စီစဉ်နေပေမယ့်လည်း ပုံမှန်မိသားစုဝင်ငွေဖောက်ပြဖို့အခက်အခဲရှိနေတာကလည်း လက်တွေ့အိမ်ရာဝယ်ယူနိုင်ဖိုအခက်အခဲရှိနေတယ်လို့လည်း အိမ်ဌား နေထိုင်သူတွေထံက သိရပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ မြို့တော်စည်ပင်တာဝန်ရှိသူတွေပြောဆိုမှုအရ လက်ရှိရန်ကုန်နေထိုင်သူ ၃၅ ရာခိုင်နှုန်းက အိမ်ဌားနေထိုင်သူတွေဖြစ်ပြီး ကျူးကျော်နေထိုင်တဲ့ အိမ်ထောင်စုပေါင်းက တစ်သိန်းခွဲဝန်းကျင် အထိရှိတယ်လို့ သိရပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment