4.10.16

ဇီကာရောဂါဖြစ်ပွားနေမှုနှင့်ပတ်သက်ပြီး မြန်မာအပါအ၀င် အာဆီယံနိုင်ငံများသို့ အမေရိကန်နိုင်ငံမှ ကိုယ်ဝန်ဆောင်များ မသွားရောက်ရန် တားမြစ် လိုက်သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်ဖွယ်ရာမရှိဟု ပြောကြား

ဇီကာ ရောဂါဖြစ်ပွားနေမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပါအ၀င် အာဆီယံ နိုင်ငံများသို့ အမေရိကန်နိုင်ငံမှ ကိုယ်ဝန်ဆောင် များ မသွားရောက် ရန်တားမြစ်လိုက်သော်လည်း မြန်မာ နိုင်ငံအနေဖြင့် စိုးရိမ်ဖွယ်ရာ မရှိ ကြောင်း အားကစားနှင့် ကျန်းမာ ရေးဝန်ကြီးဌာန၊ ဗဟို ကူးစက်ရော ဂါတိုက်ဖျက်ရေးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာ သန်း ထွန်းအောင်ကအောက်တိုဘာ ၃ ရက် တွင် ပြောသည်။
အမေရိကန်ရောဂါထိန်းချုပ် ရေးစင်တာမှ ကိုယ်ဝန်သည်များကို အာဆီယံ ၁၀ နိုင်ငံဖြစ်သော မြန်မာ၊ နိုင်ငံအပါအ၀င် အာဆီယံအဖွဲ့ဝင် နိုင်ငံများကို ရွှေ့ဆိုင်းလို့မရသည့်အ ခြေအနေနှင့် မဖြစ်မနေသွားရောက် ရမည့်အခြေအနေမဟုတ်ပါက ခရီး မသွားရန်တားမြစ်လိုက်ကြောင်း စက်တင်ဘာ၂၉ရက်ထုတ် Time.com.website တွင် ဖော်ပြချက်အရ သိရပြီး ယင်းအပေါ်တွင် ဒေါက်တာ သန်းထွန်းအောင်က သုံးသပ်ပြော ကြားခြင်းဖြစ်သည်။ " ခြင်ကတော့ နယ်မြေမခြားဘူး။ ထိုင်း၊ စင်ကာပူ၊ မလေးရှားမှာဖြစ် တယ်။ မြန်မာနိုင်ငံက ပိုပြီးစိုးရိမ်ရလို့ မဟုတ်ဘူး။ အာဆီယံဆိုရင် မြန်မာ နိုင်ငံပါမကျန်ဘူး။ ကိုယ့်နိုင်ငံမှာစိုး ရိမ်ရလို့မဟုတ်ဘူး။ သိမ်းကျုံးပြီး တော့ သတ်မှတ်လိုက်တာ။ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာ အန္တရာယ်မရှိဘူးလို့ မဟုတ်ဘူး။ ခြင်ဆိုတာက ချင်းမိုင်က လည်းပျံလာလို့ရတယ်။ တာချီလိတ် တို့နဲ့နီးတယ်။ မြ၀တီ၊ မဲဆောက်တို့ နဲ့လည်းနီးတာပဲ။ သူတို့ဆီမှာလည်း ရှိတော့ အာဆီယံနိုင်ငံတွေနဲ့ မြန်မာ နိုင်ငံ က ကူး လူးဆက်ဆံမှုရှိတော့ မတွေ့ သေးပေမယ့် အန္တရာယ်ရှိတယ်လို့ သတ်မှတ်တာပေါ့ " ဟု ဒေါက်တာသန်း ထွန်းအောင်က ဆက်လက်ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် ဇီကာ ရောဂါကာကွယ်ရေးအတွက် ၂၀၁၆ ဖေဖော်ဝါရီလမှစတင်၍ ဆွေးနွေးပွဲ များ၊ ခြင်နှိမ်နင်းရေးများ၊ အဘိတ် ဆေးခတ်ခြင်းများ၊ ခြင်ထောင်ချောက် လုပ်ခြင်းများ၊ ကာကွယ်ရေးလုပ်ငန်းများ ကိုတိုးမြှင့်လုပ်ဆောင်ကာ ရောဂါရှာ ဖွေရေးအဖြစ် ဓာတ်ခွဲခန်းများတွင် ၄၈နာရီအတွင်း သွေးဖောက်စစ်ဆေး နိုင်ရန်ဆောင်ရွက်ထားကာ လေဆိပ် များတွင်လည်း ရောဂါရှာဖွေရေးများ နှင့်လတ်တလော ပျော့ခွေအကြော သေရောဂါစစ်ဆေးစီမံချက်နှင့် တွဲ ၍ ခေါင်းသေးရောဂါ ရှိ မရှိ စစ်ဆေး ရန်လမ်းညွှန်ချက်များ ထုတ်ပြန် လုပ်ဆောင်လျက် ရှိကြောင်း သိရ သည်။ မြန်မာနိုင်ငံသားများအနေဖြင့် လည်း ရောဂါဖြစ်ပွားနေသောနိုင်ငံ များသို့ အတတ်နိုင်ဆုံးမသွားရောက် ရန်နှင့် မဖြစ်မနေသွားရောက်ရပါက ခြင်ကိုက်ခံရခြင်းမှ ကာကွယ်နိုင်သည့် နည်းလမ်းများဖြင့် နေထိုင်သင့်ကြောင်း ဒေါက်တာသန်းထွန်းအောင်က ပညာ ပေးပြောကြားသည်။ လက်ရှိတွင် ပြည်ပနိုင်ငံ ၇၃ နိုင်ငံတွင် ရောဂါဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ဇီကာရောဂါ ဖြစ်ပွားမှုမရှိစေရန် ပြည်သူများအ နေဖြင့် ခြင်နှိမ် နင်းရေး လုပ်ငန်းများ ကို ပူးပေါင်းပါဝင်လုပ်ဆောင်သင့် ကြောင်း သိရသည်။ Credit To >>> Democracy Today

0 comments:

Post a Comment