ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

23.2.14

တာဝန်ပေါ့ဆမှုရှိသည် ဟူသော စွဲချက်များကို ဝန်ကြီးချုပ် ရင်လပ် ငြင်းပယ်



ထိုင်းအစိုးရ အနေဖြင့် လယ်သမားများအပေါ် ဆန်ဖိုးများ ပေးချေရန် ကျန်ရှိမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ် ရင်လပ်သည် တာဝန်ပေါ့ဆမှု ရှိသည်ဟူသော ထိုင်းအကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) ၏ စွပ်စွဲချက်များအား ထိုင်းယာယီ ဝန်ကြီးချုပ် ရင်လပ်က ဖေဖော်ဝါရီ ၂ဝ ရက်တွင် ငြင်းပယ်ခဲ့ကြောင်း သိရသည်။

ဦးဝင်းတင် နဲ့ ဦးဝီရသူ တွေ့ဆုံခြင်း



မန္တလေးရောက်နေတဲ့ NLD ဦးဝင်းတင်က မစိုးရိမ်တိုက်သစ်သွားပြီး ဦးဝီရသူနဲ့ စနေနေ့က တွေ့ဆုံပါတယ်။ဒီအကြောင်း ဦးဝီရသူရဲ့ အွန်လိုင်းမှာ ရေးသားထားတာ တွေ့ရမှာပါ။
လေ့လာလိုသူများအတွက် မူရင်းအတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။

မလေးတွင် ခူမီးအမျိုးသားတစ်ဦး အကြမ်းဖက်ခြင်းခံရ



23-2-2014

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ဖေဖော်ဝါရီ ၂၀ရက်နေ့ညက ခူမီးအမျိုးသားတစ်ဦး အင်အားဖြင့် အကြမ်းဖက်ခြင်း ခံရကြောင်း သိရသည်။

အကြမ်းဖက်ခံရသော အသက် ၂၈နှစ်အရွယ် အိုက်သန်းရွေသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ….. ဇာတီ ခူမီး(ချင်း)အမျိုးသားတစ်ဦးဖြစ်ပြီး အင်ဒိုနီးရှားသားအကြမ်းဖက်သူများ ၅ဦးအဖွဲ့မှ မိမိအလုပ်လုပ်ကိုင်သော လုပ်ငန်းခွင်တွင် ၂၀ ရက်နေ့ ည ၈နာရီခန့်က အမှတ်မထင် ဓါးဖြင့်ခုတ်ထစ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပီကေစီအမှုဆောင် အိုက်ဖေအုပ်က ဆိုသည်။

ထိုင်းဆန္ဒပြမှု မြန်မာအလုပ်သမားတွေ ထိခိုက်


Sunday, February 23, 2014

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားနေရာက ပြီးခဲ့တဲ့လထဲမှာပဲ အတိုက်အခံတွေက ဘန်ကောက်မြို့တမြို့လုံးကို ပိတ်ဆို့ပြီး အစိုးရယန္တရားတွေ ရပ်ဆိုင်းသွားအောင် လုပ်မယ်လို့ ကြွေးကြော်ခဲ့ကြပေမဲ့ အခုထက်ထိ အစိုးရယန္တရားတွေ မရပ်သေးသလို ဆန္ဒပြမှုတွေကလည်း မရပ်စဲသေးပါဘူး။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကနေ သွားရောက် အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း သိန်းနဲ့ချီရှိနေတာမို့ ဒီလိုမငြိမ်မသက် အခြေအနေမှာ ဘယ်လိုရပ်တည်နေကြရသလဲဆိုတာကို သိရဖို့ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ (BAT)က အလုပ်သမားရေးဆောင်ရွက်သူ မသက်သက်ဦးကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ သူက အခုလို စဖြေပါတယ်။

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခြင်းကြောင့် ဗီဇာသက်တမ်းလွန်နေသည့် အလုပ်သမားများအား ဒဏ်ကြေးကင်းလွတ်ခွင့်ပေးရန် ထိုင်းရောက် မြန်မာအလုပ်သမားအဖွဲ့က တောင်းဆို



Sunday, February 23, 2014

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု အားနည်းမှုကြောင့် ဗီဇာသက်တမ်းမတိုးနိုင်ဘဲ ဗီဇာသက်တမ်းလွန် (Over stay) နေသည့် မြန်မာအလုပ်သမားများအပေါ်တွင် ဒဏ်ကြေးကောက်ခံခြင်း မပြုရန် ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်။

စီးပွားရေး တိုးတက်အောင် ဆောင်ရွက် သူများအား ပြန်လည် ရင်းနှီးမြုပ်နှံခွင့် ပေးရန် လိုအပ်နေဟု သမ္မတသို့ ဦးတေဇ တင်ပြ


မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်း ဖွံဖြိုးတိုး တက်ရေး အတွက် အမှန်တကယ် ဆောင်ရွက်နေသူ များအား ပြန်လည် ရင်းနှီးမြုပ်နှံ မှုပြုနိုင်ရန် အခွင့် အရေးပေးရန် လိုအပ်နေသည် ဟု စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ က သမ္မတ ဦးသိန်းစိန် ကို အကြံပြု တင်ပြသည်။

အကျဉ်းကျနေတဲ့ ယူကရိန်း ဝန်ကြီးချုပ်ဟောင်း ပြန်လည်လွတ်မြောက်


Sunday, February 23, 2014

ယူကရိန်းနိုင်ငံမှာ မကြာသေးခင်ကမှ အကျဉ်းကနေ ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း ယူးလ်ယာ တမိုရှန်းန်ကော (Yulia Tymoshenko) က ကိယက်ဗ်မြို့တော်မှာ ဆန္ဒပြသူတွေကို စကားပြောပြီး ဆန္ဒပြပွဲတွေကို ဆက်လုပ်သွားကြဖို့ တိုက်တွန်းခဲ့သလို သူ့ကိုလည်း သူရဲကောင်းသဖွယ်ကြိုဆိုခဲ့ကြပါတယ်။

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ သီးခြားကော်မတီများ ခွဲဝေလုပ်ကိုင်ရာတွင် ပါတီစွဲလုပ်ကိုင်နေသူများကြောင့် လုပ်ငန်းနှောင့်နှေးမှုများရှိဟု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ပြောကြား



Sunday, February 23, 2014

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ သီးခြားကော်မတီများ ခွဲဝေလုပ်ကိုင်ရာတွင် ပါတီစွဲလုပ်ကိုင်နေသူများကြောင့် လုပ်ငန်းနှောင့်နှေးမှုများရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဖေဖော်ဝါရီ ၂၂ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

မီးဖိုပေါ် ယမ်းစိမ်းများဖိတ်ကျရာမှ မီးလောင်ဒဏ်ရာရ



23-2-2014

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်ပြည်သူ့ဆေးရုံတွင် ခန္ဓာကိုယ်မီးလောင်ဒဏ်ရာများဖြင့် လူနာတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ ပင်းတယမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ပင်းတယမြို့နယ်၊ ကျောက်တော ကျေးရွာနေ ဦးမောင်လွင်(၄၈)နှစ်အား မျက်နှာ/ဆံပင် ယမ်းခိုးယမ်းငွေ့မီးဟပ်လောင်ကျွမ်း၊ ၀ဲ/ယာလက် အရေပြားများစုတ်ပြဲမီးလောင်၊ ကျောပြင်အရေပြားအနည်းငယ် စုတ်ပြဲမီးလောင်ဒဏ်ရာများဖြင့် တွေ့ရှိ ရသည်။ စစ်ဆေးချက်အရ ဦးမောင်လွင်သည် ယင်းနေ့နံနက် ၈ နာရီအချိန် နေအိမ်မီးဖိုဆောင်အတွင်း ဆာလာအိတ်ဖြင့်ထည့်သိမ်းထားသည့် ကျေးရွာလမ်းဖောက်လုပ်ရာတွင်အသုံးပြုမည့် ယမ်းစိမ်း ၇၅ ကျပ်သား ခန့်အားယူဆောင်လာစဉ် မီးဖိုပေါ်သို့ဖိတ်ကျ၍ မီးကူးစက်လောင်ကျွမ်းရာမှ ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် မောင်လွင်အား ပင်းတယမြို့မရဲစခန်း(ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ယနေ့နံနက် ၆နာရီက ထောက်ကြန့်မြို့ ဆန္ဒပြခဲ့ပါတယ်










၎င်းဆန္ဒပြမှုကို ထောက်ကြန့်မြို့ဇိနမါရ်အောင် ဘုရားရှေ့မှ ကျိုက်ကလော့ ဘုရားရှေ့ထိလမ်းရှောက် ဆန္ဒပြခဲ့ကြပြီး ပြည်သူလူထု အပါအဝင် အင်အား ၂၀၀ ခန့် က ပုဒ်မ ၁၈ ပုဒ်မ ၅၉ (စ)အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

National League for Democracy

ရှေ့ယာဉ်အားကျော်တက်စဉ် ဆိုက္ကားနှင့်စက်ဘီးအားတိုက်မိ



23-2-2014

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်၊ ယမုံနာလမ်းအတိုင်း ဒေါပုံမှသန်လျင်သို့ ဒဂုံအရှေ့မြို့နယ်၊ (၃)ရပ်ကွက်နေ စိုးရန်နောင်(၂၂)နှစ်မောင်းနှင်လာသော ပရာဒိုယာဉ်သည် မြင်တော်သာလမ်းထိပ်၊ ဂိတ်ဟောင်းမှတ်တိုင် အနီးသို့အရောက်တွင် ၎င်း၏ရှေ့မှယာဉ်အားကျော်တက်စဉ် သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက်နေ ကိုငယ်လေးချို(၃၅)နှစ်စီးနင်းပြီး ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်နေ ဒေါ်ရီရီထွန်း(၃၅)နှစ်နှင့် သမီးဖြစ်သူ မနွေယွန်းဖြူ(၆)နှစ်(၆)လတို့ လိုက်ပါလာသည့်ဆိုက္ကားနှင့် တစ်မြို့တည်းနေ ဦးကြည်ဝင်း (၄၅)နှစ်စီးနင်းလာသောစက်ဘီးတို့အား ၀င်ရောက်တိုက်မိခဲ့သည်။ ထိုသို့တိုက်မိမှုကြောင့် ကိုငယ်လေးချိုနှင့် ဒေါ်ရီရီထွန်းတို့ ၂ ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး မနွေယွန်းဖြူတွင် ယာချိုစောင်းပွန်း၊ ၀ဲပေါင်နာကျင်ဒဏ်ရာနှင့် ဦးကြည်ဝင်းတွင် ယာပေါင်နာကျင်၊ ၀ဲတံတောင်ပွန်းဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုးရန်နောင်အား သာကေတမြို့မရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။