23.2.14

မီးဖိုပေါ် ယမ်းစိမ်းများဖိတ်ကျရာမှ မီးလောင်ဒဏ်ရာရ



23-2-2014

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်ပြည်သူ့ဆေးရုံတွင် ခန္ဓာကိုယ်မီးလောင်ဒဏ်ရာများဖြင့် လူနာတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ ပင်းတယမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ပင်းတယမြို့နယ်၊ ကျောက်တော ကျေးရွာနေ ဦးမောင်လွင်(၄၈)နှစ်အား မျက်နှာ/ဆံပင် ယမ်းခိုးယမ်းငွေ့မီးဟပ်လောင်ကျွမ်း၊ ၀ဲ/ယာလက် အရေပြားများစုတ်ပြဲမီးလောင်၊ ကျောပြင်အရေပြားအနည်းငယ် စုတ်ပြဲမီးလောင်ဒဏ်ရာများဖြင့် တွေ့ရှိ ရသည်။ စစ်ဆေးချက်အရ ဦးမောင်လွင်သည် ယင်းနေ့နံနက် ၈ နာရီအချိန် နေအိမ်မီးဖိုဆောင်အတွင်း ဆာလာအိတ်ဖြင့်ထည့်သိမ်းထားသည့် ကျေးရွာလမ်းဖောက်လုပ်ရာတွင်အသုံးပြုမည့် ယမ်းစိမ်း ၇၅ ကျပ်သား ခန့်အားယူဆောင်လာစဉ် မီးဖိုပေါ်သို့ဖိတ်ကျ၍ မီးကူးစက်လောင်ကျွမ်းရာမှ ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် မောင်လွင်အား ပင်းတယမြို့မရဲစခန်း(ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment