ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

18.6.13

၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးရန် ကြံ့ခိုင်ရေးပါတီ ထောက်ခံနိုင်ကြောင်း ဦးအောင်သောင်းပြော

၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (Proportional Representative -PR System) ပြောင်းလဲ ကျင့်သုံးရေး ဆွေးနွေး ဆုံးဖြတ်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်သို့ တရားဝင်တင်ပြလိုက်ပြီဖြစ်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အနေဖြင့် PR စနစ်ကို ထောက်ခံမည့် အခြေအနေ ရှိကြောင်း ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးအောင်သောင်း က ဧရာဝတီသို့ ပြောဆိုလိုက်သည်။

ချင်းအမျိုးသားပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ အပါ အ၀င် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော မဲအများဆုံး ရရှိသူ အနိုင်ပေးသည့် စနစ် (First Past The Post – FPTP System) အစား အချိုးကျ ကိုယ်စားပြုစနစ် ပြောင်း လဲ ကျင့်သုံးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြလာသည့်အတွက် ကော်မရှင်က မေလ ၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ PR စနစ်ပြောင်းလဲကျင့်သုံးရေးကိစ္စ ဆွေးနွေးဆုံးဖြတ် အ တည်ပြုရန် တင်ပြလိုက်ကြောင်း ကော်မရှင်က ဇွန်လ ၁၄ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

လွှတ်တော်တွင်အမတ်နေရာ အများစုအနိုင်ရရှိထားပြီးဖြစ်သော ကြံ့ခိုင်ရေး ပါတီသည် PR စနစ် ပြောင်း လဲ ကျင့်သုံးရေးကို ထောက်ခံမည့် အခြေအနေများနေပြီး အထူးသဖြင့် တပါတီကြီးစိုးသည့် စနစ် မဖြစ်ပေါ်ရေး အတွက် PR စနစ်ကို ထောက်ခံခြင်း ဖြစ်ကြောင်း တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ် ကြံ့ခိုင်ရေးပါတီ၏ ထိပ်တန်း ခေါင်းဆောင် တဦးလည်းဖြစ်သူ ဦးအောင်သောင်း က ဧရာဝတီသို့ပြောသည်။

“အဓိက အချက်က တပါတီ ကြီးစိုးရေး စနစ် ပျောက်သွားမယ်။ မဲအများဆုံး အနိုင်ရသူ စနစ်ကတော့ ပါတီကြီးတွေပဲ ကျန် ပြီးတော့ ပါတီငယ်တွေ ပျောက်သွားတာပေါ့။ ပါတီငယ်တွေ ပျောက်သွားတော့ ပါတီငယ်လေးတွေ အတွက် အခွင့်အလမ်းက မရှိတော့ဘူး။ ပါတီကြီးတွေပဲ ဒီမိုကရေစီ အာဏာရှင် သဘော ဖြစ်သွားတာပေါ့။ တဦးတည်း ဗိုလ်ကျ သွားတာပေါ့။ အဲဒါကို မကြိုက်လို့ PR စနစ်ကို လုပ်ချင် ကြတာ။ USDP အနေနဲ့ကတော့ ထောက်ခံမှု များကောင်းများမယ်လို့ ယူဆပါတယ်” ဟု ဦးအောင်သောင်းက ဆိုသည်။

PR စနစ်ကို ပြည်သူများ အကျွမ်းတ၀င် မရှိသေးသဖြင့် မလုပ်ဆောင်သင့်သေးဟု ဝေဖန်ချက်များကိုလည်း ဦးအောင်သောင်း က ပယ်ချလိုက်ပြီး မြန်မာပြည်သူ များသည် သင်လွယ်၊ တတ်လွယ် ဉာဏ်ရည် ဉာဏ်သွေး ကောင်းသော လူမျိုးများ ဖြစ်သည့် အတွက် အခက်အခဲ မရှိနိုင်ကြောင်း ပြောသည်။ “PR စနစ်ကျတော့ အသစ်ဖြစ်တယ်၊ ပြည်သူ လူထုကို ချပြပေးရမယ်။ PR စနစ်မှာလည်း ၃ မျိုးလောက် ရှိနေတော့ ဘယ် နည်းစနစ်ကို ကျင့်သုံးမှာလဲ။ ပြည်သူ လက်ခံ အောင် မဲပေးလာအောင် လုပ်ရမှာပေါ့။ ခက်တော့ မခက်ပါဘူး။ ကျနော်တို့ ပြည်သူတွေက သိလွယ်၊ မြင်လွယ်၊ တတ်လွယ် ပါတယ်။ ဉာဏ်ရည် ဉာဏ်သွေးမညံ့ပါဘူး။ ရှင်းပြရင်ရနိုင်တဲ့ သူတွေပါ။ တခြား ဒီမိုကရေစီနိုင်ငံတွေမှာ သက္ကရာဇ် ၁၈၀၀ ကျော်လောက် ကတည်းက သုံးခဲ့တယ်လို့ ဆိုပါတယ်။ ၁၈၀၀ ကျော် လောက်မှာ ဆွီဒင်နိုင်ငံမှာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၃ မြန်မာပြည်သူတွေက ၁၈၀၀ ကျော်လောက်က ဆွီဒင် ပြည်သူတွေ ထက် မညံ့လောက်ပါဘူး။ ပြည်သူတိုင်းရဲ့ မဲ၊ အရေးကြီးတဲ့ မဲတွေဖြစ်လာမယ်” ဟု ဦးအောင်သောင်းက ဆက်ပြောသည်။

PR စနစ်တွင် အားနည်းချက်များရှိပြီး ပါတီငယ်များ လွှတ်တော်တွင်းသို့ ၀င်ရောက်နိုင်သော အခွင့်အရေး ရှိသဖြင့် ညွန့်ပေါင်း အစိုးရ ဖွဲ့ရခြင်း၊ မကြာခဏဆိုသလို အစိုးရပြုတ်ကျခြင်း၊ ရွေးကောက်ပွဲ ကျင်းပရခြင်း များရှိ နိုင်သော်လည်း ပါတီများ အနေဖြင့် ရွေးကောက်ပွဲတွင် မိမိ ပါတီအောင်နိုင်ရေးကိုသာ ဦးစားပေး စဉ်းစား ကြသဖြင့် PR စနစ် အသုံးပြုသင့် သည်ဟု ထင်မြင်ကြောင်း ဦးအောင်သောင်းက ရှင်းပြသည်။

“ဘယ်ပါတီဖြစ်ဖြစ် ချာချီ ပြောသလိုပေါ့၊ မိမိအောင်နိုင်ရေးကိုတော့ လာမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် စဉ်းစား ကြတာပဲလေ။ PR စနစ်မှာ အားနည်းချက်တော့ ရှိပါတယ်။ လွှတ်တော်ထဲမှာ လူမျိုးစုံ လာတော့ သူကလည်း အပြတ်အသတ် မနိုင်၊ ကိုယ်ကလည်း အပြတ်အသတ် မနိုင် အဲဒီပြဿနာ ရှိလာ ပြီးတော့ ကိုယ်လည်း အစိုးရဖွဲ့မရ၊ သူလည်း ဖွဲ့မရ၊ မဟာမိတ် အစိုးရဖွဲ့၊ အချင်းချင်း စကားများ၊ မကြာ ခဏ ပြုတ်ကျ၊ မကြာခဏ ရွေးကောက်ပွဲ ပြန်လုပ်ရတဲ့ ရှုပ်ထွေးမှုတွေ ပေါ်ချင်တော့ ပေါ်လာမှာပေါ့” ဟု ဦးအောင်သောင်းက ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ ဇော်မြင့်မောင် ကမူ NLD အနေဖြင့် PR စနစ်ကို လတ်တလော နိုင်ငံရေး အခြေအနေ အရ လက်မခံသေးကြောင်း၊ PR စနစ်၏ မူလ ရည်ရွယ်ချက်မှာ NLD ကို အားနည်းစေရန်နှင့် တိုက်ခိုက်ရန် လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

“သူ့ရဲ့ အားနည်းချက်လည်း ရှိတယ်၊ မြန်မာနိုင်ငံလို ဒီမိုကရေစီ ရခါစမှာ ဒီစနစ် ကျင့်သုံးလို့ မရနိုင်သေး ဘူး။ အဓိက ပါတီကြီးတွေ အားနည်းအောင်၊ NLD ကို အားနည်းအောင် လုပ်တာပဲ။ NLD က ၉၀ မှာလည်း အပြတ်အသတ် နိုင်တယ်၊ ကြားဖြတ်မှာလည်း နိုင်တယ်။ ဒီစနစ်ရဲ့ ရည်ရွယ်ချက်က တိုင်းပြည်ကို တကယ် ပဲ အကျိုးပြုတာလား၊ ပြည်သူလူထု အကျိုးပြုတဲ့ စနစ်မျိုးဆိုရင် ပြဿနာမရှိဘူး။ ပြောရရင်တော့ NLD ကို တိုက်တာပဲ။ NLD အနေနဲ့ မူရှိပြီးသား။ လက်ရှိ အခြေအနေနဲ့ ကျနော်တို့ PR စနစ်ကို လက်မခံနိုင်သေး ဘူး။ ပြင်ဆင်ထားတာ။ ဒီအချိန်မှာ လက်သင့်ခံလို့ မရသေးဘူး။ ပြည်သူတွေ မဲပေးတတ်လာပြီ၊ ဒီမိုကရေစီ ရင့်သန်လာပြီ ဆိုရင်တော့ ကျနော်တို့ စဉ်းစား ရမှာပေါ့” ဟု ဒေါက်တာ ဇော်မြင့်မောင်က ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဓိကတာဝန်မှာ လွတ်လပ်သန့်ရှင်း တရားမျှသော ရွေးကောက် ပွဲများ ကျင်းပပေးရန် ဖြစ်ပြီး ရွေးကောက်ပွဲစနစ်ပြောင်းလဲရန် လွှတ်တော်သို့ တင်ပြခြင်းသည် ဥပဒေနှင့် ညီ၊ မညီ စိစစ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“ဗဟို ရွေးကောက်ပွဲ ကော်မရှင်ဆိုတာက ရွေးကောက်ပွဲတွေ အောင်အောင်မြင်မြင်၊ လွတ်လွတ်လပ်လပ်၊ Free and Fair ဖြစ်အောင် သူတို့က တာဝန်ယူ လုပ်ရတာလေ။ ရွေးကောက်ပွဲစနစ်ကို သူတို့က တင်နေ  တယ်။ လွှတ်တော်ထဲ ရောက်နေတဲ့ ပါတီတခုက တင်နေရင် ထားဦး။ သူတို့က တင်တယ် ဆိုတော့ စဉ်းစားရမယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥပဒေထဲမှာ အဲဒီလို တင်ပိုင်ခွင့် ရှိလားဆိုတာ ပြန်စဉ်းစား ရမယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဇွန်လ ၁၁ ရက်နေ့က ကျင်းပခဲ့သော တိုင်းရင်းသား ၁၅ ပါတီ ဆွေးနွေး ပွဲတွင် PR စနစ်ကို လုံးဝ လက်မခံကြောင်းနှင့် PR စနစ်ကြောင့် ပြည်ထောင်စုကြီး ပြိုကွဲသွားနိုင်သည်ဟု တိုင်းရင်းသားခေါင်းဆောင် တချို့က ထုတ်ဖော် ပြောဆိုခဲ့သည်။

ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင် ဦးခွန်ထွန်းဦးက “လုံးဝ လက်မခံဘူး။ လူမျိုးစုတွေ အတွက် ခက်ခဲမယ်။ ဒါကို ဘာကြောင့် လုပ်ရမှာလဲ။ အကုန်လုံး ရှုပ်နေတယ်။ လေ့လာဖို့ အများကြီး လုပ်ရ ဦးမယ်။ လတ်တလောတော့ လက်ခံလို့ မရသေးဘူး။ ၇၀ ရာခိုင်နှုန်းက တောသူ တောင်သား၊ တောင်သူ လယ်သမားတွေက ဘယ်လိုလုပ်ပြီး ဒီ PR စနစ်ကို သိမလဲ” ဟု ပြောသည်။

PR စနစ်ကို ကျင့်သုံးရေး တင်ပြခဲ့သော ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီအဖွဲ့ဝင် ဖြစ်သည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက PR စနစ်သည် ကောင်းမွန်သော စနစ်တခုဖြစ်သည့် အတွက် ကျင့်သုံး သင့်သည်ဟု အကြံပြုခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ တင်ပြချက် ကတော့ ဒီစနစ်ကို သုံးပါလို့ ပြောတာမဟုတ်ဘူး။ လက်ရှိ သုံးနေတဲ့ စနစ်အပြင်၊ PR စနစ်ဆိုတာ ရှိတယ်။ အဲဒါ သုံးမယ်ဆိုရင် ကောင်းမယ်လို့ ယူဆပါတယ်။ လေ့လာနိုင်အောင် စဉ်းစား ကြပါလို့ တင်ပြပေးပါ။ လုပ်ပါလို့ ပြောတာ မဟုတ်ဘူး။ PR စနစ်က အခုသုံးနေတဲ့ စနစ်ထက် မဲဆန္ဒ ရှင် ပြည်သူတွေအတွက် ပိုလွယ်တယ်။ တိုင်းရင်းသား ပါတီ တချို့က သူတို့ ဒေသတွေမှာ PR စနစ်မသုံးစေ ချင်ဘူး။ သူတို့နဲ့ အံမကျဘူးလို့ ပြောတယ်။ တချို့ တိုင်းပြည်တွေမှာ စနစ် ၂ ခု စလုံးကို ရောသုံးတယ်” ဟု ဦးသုဝေက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များ၏ အဆိုအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ PR စနစ် ကျင့်သုံးရေး တင်ပြချက် အဆို အပေါ် လာမည့် ဇွန်လ ၂၅ ရက်နေ့ ခေါ်ယူမည့် လွှတ်တော် အစည်းအဝေး များတွင် အပြီးသတ် ဆွေးနွေးဆုံးဖြတ် အတည်ပြုဖွယ် ရှိကြောင်း သိရှိရသည်။

ဧရာဝတီ

ကလေးမြို့ရာဇဂြိုဟ်ဆည်စီမံကိန်းတွင် လယ်မြေဧကများ ပါဝင်မှုရှိမရှိ လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းလေ့လာ

ကလေးဒေသလယ်မြေများ နွေမိုးဆောင်းစိုက်ပျိုးနိုင်ရန်နှင့် ကလေးဒေသ ရာဇဂြိုဟ်နယ် (၂၄) နာရီ လျှပ်စစ်မီးရရှိနိုင်ရေးကို ရည်ရွယ်၍ ကလေးမြို့နယ် ရာဇဂြိုဟ်ဆည်ကို သက်ဆိုင်ရာမှ အကောင်အ ထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာဇဂြိုဟ် ဆည်အောက်ဖက်ရှိ ကျေးရွာများ ဆည်ကျိုးမှုဖြစ်ပေါ်လာ လျှင် အန္တရာယ်ဖြစ်ပေါ်လာနိုင်ကြောင်း နှင့်ရာဇဂြိုဟ်ဆည်တည်ဆောက် ရေးတွင် လယ်ယာမြေများသိမ်း ဆည်းမှုများရှိနေမှုအပေါ် ကောလာဟလများနှင့် ပတ်သက်၍ ပြည်သူလွှတ်တော်စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ရေ လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဝင် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်နှင့် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးသိန်းလှိုင် တို့ ကွင်းဆင်းလေ့လာမှုများကို ယခု ဇွန် (၈) ရက်မှ (၁၃) ရက် အထိ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

““ကျွန်တော်တို့ ရာဇဂြိုဟ်ရွာ နှင့် ရာဇဂြိဟ်ဆည်မှာဖြစ်နေတဲ့ ကိစ္စကပထမလယ်ရေသွင်းမြောင်း ကိစ္စဖြစ် ပါတယ်။ ကျွန်တော်တို့ ရာဇဂြိုဟ်နယ်လယ်မြေရေရရှိရေးမှာ မန်လုံချောင်းကနေ မြောင်းဖောက်ပြီး ရေ ရယူပါတယ်။ အခု ရာဇဂြိုဟ်ဆည်စီမံကိန်းကလာပြီး ရေသွင်းမြောင်းတွေ ဖောက်လုပ် လိုက်တဲ့အခါမှာ အရင်တုံးကလို ကျွန်တော်တို့ လယ်တွေရေလုံလုံ လောက်လောက်ရပါ့မလားဆိုတဲ့ ပြဿနာပါ။ ဒုတိယ ပြဿနာ က တော့ ကျွန်တော်တို့ ရာဇဂြိုဟ် ဒေသမှာမိုးတွင်းလယ်ယာချေးငွေ တွေမရတဲ့ပြဿနာ ပါ။ တတိယ ကတော့ ရာဇဂြိုဟ်ဆည်စီမံကိန်း ကြောင့်သိမ်းဆည်းခံတဲ့လယ်ယာ မြေကိစ်္စဖြစ်ပါတယ်””ဟု ရာဇဂြိုဟ် ရွာဒေသခံ ဦးမောင်ဝင်းမှ ပြော သည်။ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးတင်လှိုင်နှင့် အဖွဲ့ သည် ရာဇဂြိုဟ်ရွာသူရွာသားများ ကြုံ တွေ့နေရသော ပြဿနာအရပ် ရပ်ကို ဆွေးနွေးရှင်းလင်းပေး ပြီးနောက် ရာဇဂြိုဟ်ဆည်တာဝန်ရှိသူများနှင့် တွေ့ဆုံကာ၊ ရာဇဂြိုဟ် ဒေသလယ်မြေများ ကိစ္စ၊ ရေပေး ဝေရေး ကိစ္စများကို ဒေသခံလယ် သမားများ၏ သဘောထားများ နှင့် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ယခုကလေးဒေသ၊ရာဇဂြိုဟ် ဆည်ကြီးကို (၂၀၁၄-၂၀၁၅) ခု နှစ်တွင် အပြီးတည်ဆောက်မည် ဖြစ်ပြီး ဆည်ရေသောက်ဧရိယာ လယ်ဧက (၈၅၀၀) ကို နွေ၊ မိုး၊ ဆောင်း ရေပေးဝေနိုင်မှာဖြစ်ကြောင်းနှင့် ရေအား လျှပ်စစ်မှ လေးမီဂ္ဂါဝပ်ထွက်သော လျှပ်စစ် ဓာတ်အားပေးစက်ရုံတစ်ရုံကိုလည်း တည်ဆောက်လျက် ရှိကြောင်း သိ ရသည်။ ရာဇဂြိုဟ်ဆည်အတွက် ယခု (၂၀၁၃-၂၀၁၄) ဘဏ္ဍာနှစ် တွင် နိုင်ငံတော်အစိုးရမှ ကျပ် သန်းပေါင်း (၁၀၆၇၅) အကုန် အကျခံကာ တည်ဆောက်လျက် ရှိပြီး ဆည်တည်ဆောက်ပြီးစီးချိန် အထိ ကျပ်သန်းပေါင်း (၅၄၂၄၄) ကုန်ကျမည်ဖြစ်ကြောင်းသိရသည်။

Hot News

ယခုနှစ် ရခိုင်ပြည်နယ် ဆယ်တန်းအောင်ချက်ရာခိုင်နုန်း ၂၁ ဒဿမ ၁၇ သာရှိ

ယခုနှစ် ရခိုင်ပြည်နယ်၏ ဆယ်တန်းအောင်ချက် ရာခိုင်နုန်းမှာ ၂၁ ဒဿမ ၁၇ ရှိပြီး ယခင်နှစ်နှင့် နိုင်းစာ လျှင် အောင်ချက် ရာခိုင်နုန်းကျသွားကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူအမျိုးသမီး တစ်ဦးက ပြောကြားသည်။

ယခုနှစ် ဆယ်ဆန်းစာမေးပွဲတွင် ရခိုင်ပြည်နယ်မှ ၆ ဘာသာ ဂုဏ်ထူးရှင် (၈) ယောက်ရရှိခဲ့ပြီး ၅ ဘာသာ ဂုဏ်ထူးရှင် (၁၂) ယောက် ရရှိခဲ့သည်ဟု သူမက ပြောကြားသည်။ တစ်ခြား ၄ဘာသာ ဂုဏ်ထူးရှင်မှာ (၂၀) ယောက်၊ ၃ ဘာသာ ဂုဏ်ထူးရှင်မှာ (၃၂) ယောက်၊ ၂ ဘာသာ ဂုဏ်ထူးရှင်မှာ (၇၃ ) ယောက်နှင့် တစ်ဘာ ဂုဏ်ထူးရှင် (၅၈၉) ယောက် ရရှိခဲ့သည်ဟု ဆိုသည်။ ၆ ဘာသာ ဂုဏ်ထူး (၈) ယောက်ထဲတွင် စစ်တွေမြို့က ၅ ယောက်၊ မြောက်ဦး၊ မြေပုံ နှင့် တောင်ကုတ် အထကတို့မှ တစ်ယောက်စီ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အောင်ချက် ရာခိုင်နုန်း ယခုနှစ်တွင် နိမ့်ကျသွားရခြင်းနှင့် ပတ်သက်ပြီး အကြောင်းအရင်း ကို မေးမြန်းရာ သူမ အနေဖြင့် အဆိုပါ မေးခွန်းကို ဖြေဆိုရန် ခက်ခဲကြောင်း၊ သက်ဆိုင်ရာ ပြည်နယ် အဆင့် အရာရှိများသာ ဖြေကြားနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။ ၂၀၀၉- ၂၀၁၀ ပညာ သင်နှစ် အတွင်းက ရခိုင်ပြည်နယ် အတွင်းက ၆ ဘာသာ ဂုဏ်ထူးရှင် ၂၀ ထိရှိခဲ့ပြီး တဖြည်းဖြည်း ဂုဏ်ထူးရသူ အရေ အတွက် လျှော့နည်းလာခဲ့ရာ ယခုနှစ်တွင် ၆ ဘာသာ ဂုဏ်ထူးရှင် (၈) ဦးသာ ထွက်ပေါ်ခဲ့သည်ဟု သိရသည်။

ယခုနှစ် တိုင်းနှင့် ပြည်နယ် ၁၄ ခုထဲတွင် အောင်ချက်ရာခိုင်နုန်း အများဆုံး ဖြစ်သော မွန်ပြည်နယ် ၏အောင်ချက် ရာခိုင်နုန်းမှာ ၄၇ ဒဿမ ၃၈ ရှိကြောင်း သိရှိရသည်။

နိရဉ္စရာ

မန္တလေးတွင် ကားဝယ်ရောင်းအချင်းချင်း ကျပ်သိန်း ၈၀၀ ကျော် လိမ်လည်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်တွင် ကားဝယ်ရောင်း လုပ်ကိုင်သူ အချင်းချင်း ကား ဝယ်ယူရန်အတွက် ယုံကြည်စွာ ကြိုတင်ပေးထားသော ငွေကျပ် သိန်း ၈၄၀ ခန့် လိမ်လည်မှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကားဝယ်ရောင်း လုပ်ကိုင်နေသူ ဦးကျော်မင်းထွေးသည် ကားရောင်း ဝယ်ရင်း ခင်မင် ရင်းနှီးခဲ့သူ ကား ဝယ်ရောင်း ဦးဇင်မင်းဦးထံသို့ သွားရောက်ကာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က Toyota Crown အဖြူရောင် (၂၀၁၀ ပြည့်နှစ်ထုတ်) ကား နှစ်စီးမှာယူ ဝယ်ပေးရန် ပြောကြားပြီး ဂျပန်ကား လေ လံကြေး၊ သင်္ဘောတင်ခ၊ ဆိပ်ကမ်း ထုတ်ယူခတို့ကို ခန့်မှန်း တွက်ချက်၍ ငွေကျပ်သိန်း ၈၄၀ ပေးအပ်ခဲ့ ပြီးနောက် ၎င်းဇင်မင်းဦး ချိန်းဆိုသည့်အခါ သွားရောက်ရာတွင် မှာယူထားသည့် ကားနှင့် ယုံကြည်စွာ အပ်နှံပေးခဲ့သည် ငွေလည်း ပြန်မရ၍ မဟာအောင်မြေ ရဲစခန်းသို့ ၂၀၁၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းတိုင်ကြားချက်ကို မြို့မရဲစခန်း (မဟာအောင်မြေ) က (ပ) ၃၈၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၀၆ အရ အမှုဖွင့်ပြီး အမှုမှန် ဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

The Voice

မြန်မာနိုင်ငံမှာ Google ရဲ့ အင်တာနက်ဘောလုံးတွေ ရောက်လာလေမလား

Google က အင်တာနက်ဘောလုံးများစွာကို ကောင်းကင်ဆီ လွှတ်တင်လိုက်ပါပြီ။ အဲဒီ အင်တာနက်ဘော လုံးတွေဟာ မြေပြင်အထက် မိုင်၆၀အကွာမှာ တည်ရှိနေမှာဖြစ်ပြီး အင်တာနက် သုံးစွဲလိုတဲ့သူတွေဟာ အိမ်မှာ receiver တစ်ခု တပ်ထားလိုက်ရုံနဲ့ အဲဒီ receiver ဟာ ကောင်းကင်အထက်က အင်တာနက်ဘော လုံးကို လှမ်းချိတ်ပြီး အင်တာနက်သုံးလို့ရသွားမှာ ဖြစ်ပါတယ်။

ဘောလုံးတစ်လုံးဟာ မြေပြင်မှာ ပတ်လည်မိုင် ၇၆၀အထိ အင်တာနက်လိုင်းကို ဖြန့်ဝေပေးနိုင်မှာ ဖြစ်ပြီး တကမ္ဘာလုံးစာအတွက် ဘောလုံးတစ်ထောင်ကျော် လိုမယ်လို့ ဆိုပါတယ်။ အဲဒီဘောလုံးအထဲမှာ ဆိုလာပြားတွေ ပါဝင်ပြီး ဘောလုံးထဲက စက်ပစ္စည်းတွေအတွက် လိုအပ်တဲ့ လျှပ်စစ်ကို အဲဒီဆိုလာပြားတွေ က ထောက်ပံ့ပေးပါတယ်။ နောက်ပြီး ဘောလုံးအခုလို အပေါ် တက်စေနိုင်ဖို့အတွက် ဟီလီယံဓာတ်ငွေ့ ထည့်သွင်းထားပြီး ဘောလုံးကို သတ်မှတ်ထားတဲ့ လမ်းကြောင်းကို သွားစေနိုင်ဖို့အတွက် ထိန်းချုပ်မှုတွေ လုပ်ထားတယ်လို့ သိရပါတယ်။

ဘောလုံးအချင်းချင်းဟာ ကြိုးမဲ့လှိုင်းစနစ်နဲ့ ဆက်သွယ်ထားပြီး အင်တာနက်မှာ သင်ပေးပို့လက်ခံတဲ့ အချက်အလက်တွေဟာ အဲဒီဘောလုံးတွေ တစ်လုံးပြီးတစ်လုံးကို ဖြတ်သန်းသွားမှာဖြစ်ပြီး နောက်ဆုံး အလိုရှိရာ နေရာကို ရောက်သွားပါလိမ့်မယ်။ Google က ဒီ Project ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်တည်းက လျှို့ဝှက်လုပ်ဆောင်နေခဲ့တာ ဖြစ်ပြီး အခုမှ လူသိရှင်ကြား ထုတ်ပြလိုက်တာဖြစ်ပါတယ်။ ဘယ်အချိန်မှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ လွှတ်တင်မလဲဆိုတာတော့ မပြောသေးပါဘူး။ ခုမှ စမ်းသပ်ဆဲ အဆင့်ပါလို့ ဆိုပါတယ်။

အသေးစိတ်ကို http://www.google.com/loon/ မှာ ကြည့်နိုင်ပါတယ်။

Credit:Ko Zaw Thurein Tun

ဆန္ဒပြမှုများ အကြမ်းဖက် အသွင် ကူးပြောင်းပါက အရေးယူ ခံရမည်ဟု မျက်နှာဖုံးဖြူတပ် ဆန္ဒပြ သူများအား ဖြူထိုင်း ပါတီက သတိပေး ပြောကြား

ထိုင်းနိုင်ငံရှိ မျက်နှာဖုံးဖြူများ တပ်ဆင်ထားသော ဆန္ဒပြသူများ အပါအဝင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ များ အနေဖြင့် လူထုစုရုံးမှုများမှ တစ်ဆင့် အကြမ်း ဖက်မှုများအဖြစ် အသွင်ပြောင်း လဲစေရန် လုပ်ဆောင်
လာပါက တရားဥပဒေ အရ အရေးယူ ခံရမည် ဖြစ်ကြောင်း ဖြူထိုင်းပါတီက သတိပေး ပြောကြားခဲ့သည်ဟု ဇွန် ၁၆ ရက် Bangkokpost သတင်းတစ်ရပ်အရ သိရသည်။ မျက်နှာဖုံးဖြူများ တပ်ဆင်ထားသော ဆန္ဒပြ သူများနှင့် အစိုးရအား ထောက်ခံသော ရှပ်နီ ဝတ်များအကြား ဇွန် ၁၄ ရက်တွင် ပဋိပက္ခ ဖြစ်ပွားခဲ့ ပြီးနောက် ဖြူထိုင်းပါတီ လက်ထောက် ပြောရေးဆို ခွင့်ရှိသူ အာနူဆန် အီအမ်ဆာအက်၏ သတိပေးပြော ကြားမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ပဋိပက္ခသည် အင်အား ၅ဝ ရှိ မျက်နှာဖုံးဖြူ တပ်ဆင်ထားသော ဆန္ဒပြသူများနှင့် အင်အား ၁ဝဝ ခန့်ရှိ ရှပ်နီ ဝတ်များအကြား ဇွန် ၁၄ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲခန့်တွင် မြောင်ခရိုင်၌ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ ရှပ်နီဝတ်များသည် မျက်နှာဖုံးဖြူ တပ်ဆင်ထားသော ဆန္ဒပြသူများကို ရရာ ပစ္စည်း များဖြင့် ပစ်ပေါက်ခဲ့ပြီး မျက်နှာဖုံးဖြူများကိုင် ဆောင်ထားသည့် ''သက်ဆင် အစိုးရအား ဖြုတ်ချ''ဟူသော လက်ကိုင်ပိုစတာများကို လွှင့်ပစ်ခဲ့ကြောင်း၊ ထို့နောက် ထိုးကြိတ်တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် လူစုကွဲသွားခဲ့ကြောင်း သိရသည်။ အဆိုပါ မျက်နှာဖုံးဖြူ တပ်ဆင်ထား သူများသည် နိုင်ငံ၏မြို့တော် ဗန်ကောက်မြို့ရှိ အချက်အချာ ကျသည့် မြို့လယ်ကောင်တွင် ဇွန် ၁၆ ရက်က ထပ်မံ ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြ၀တီ

လားရှိုးမြို့မှာ တဖက်နဲ့တဖက် ယုံကြည်မှုကင်းမဲ့နေဆဲလို့ဆို

ပြီးခဲ့တဲ့လကုန်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မျာ ဖြစ်ပွါးသွါးခဲ့တဲ့ ကဋိပက္ခနေရာကို သွားရောက် သတင်းယူခဲ့တဲ့ ABC သတင်းထောက် Zoe Daniel က လားရှိုး မြို့ အခြေအနေကို သတင်းပေးပို့ ခဲ့ပြီး တဖက်နဲ့တဖက် ယုံကြည်မှုကင်းမဲ့နေသေးတယ်ဆိုတာကို တွေ့ရကြောင်း ပြောပါတယ်။

သာမန်အားဖြင့် လူစည်ကားတဲ့ မြို့လည်ကို စစ်တပ်ကနေ ပိတ်ချထားတဲ့အတွက်၊ ဈေးဆိုင်တွေ ပိတ်ထား တာမြင်ရတဲ့အကြောင်း၊ လူခေါင်နေတဲ့မြို့လည်မှာ ဖျက်ဆီး မီးရှို့ခံခဲ့ရတဲ့ အဆောက်အဦးတွေ မြင်ရပြီး၊ မီးကျွင်း မီးကျန်တွေကို မီးသတ်က လိုက်ငြိမ်းနေတဲ့အကြောင်း၊ ဗလီနံဘေးမှာ ပျက်စီးလိမ်ကောက်နေတဲ့ စက်ဘီးတွေနဲ့ ဖျက်ဆီးခံထားရတဲ့ ကားတွေမြင်ရတဲ့အကြောင်း မြင်ကွင်းကို ရှင်းပြခဲ့ပါတယ်။ တင်းမား မှုတွေဟာ တဖက်စွန်းရောက် ဗုဒ္ဓဘာသာဘုန်းကြီးတွေကနေ သွေးထိုးခဲ့တယ်လို့ သိရတဲ့အကြောင်း၊ မွတ်စလင်စီးပွါးရှင်တွေ မြို့တွေမှာ စီးပွါးလက်ဝါးကြီး အုပ်နေကြတဲ့ အကြောင်း၊ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေကိုလဲ မွတ်စလင်အမျိုးသားတွေလိုလားကြတဲ့အကြောင်း၊ဒီလိုပြောဆိုမှုတွေဟာ အသစ် အဆန်းမဟုတ်ပေမဲ့ အခု လို ပြောဆိုမှုတွေ ပြောင်ပြောင်တင်းတင်း ပြောလာတာတွေဟာ မြန်မာနိုင်ငံ မှာ ပြောင်းလဲစဖြစ်ပေါ်လာနေတဲ့ ဒီမိုကရေစီကို ထိခိုက် စေတယ်လို့ Zoe Daniel က ပြောပြပါတယ်။

ဆိပ်ငြိမ်နေတဲ့ မြို့မှာ ဗုဒ္ဓဘာသာတရားရွတ်သံတွေ ကားနဲ့လှည့် ရွတ်ဆိုနေတာကို ကြားရတဲ့ အကြောင်း၊ ဘာသာရေး ညီညွတ်ဖို့ကြိုးပမ်းနေတဲ့ အဖွဲ့တဖွဲ့ ကလဲ၊ ညီညွတ် အေးချမ်းအောင် ဆောင်ရွက်ချက်တွေ လုပ်နေပေမဲ့ အခြေအနေက တင်းမာဆဲ ဖြစ်နေပြီး တဖက်နဲ့ တဖက် ယုံကြည်မှု ကင်းမဲ့ တဲ့အခြေအနေ ရှိနေတဲ့ အကြောင်း ဆက်ပြီး တင်ပြထားပါတယ်။

လားရှိုးမြို့ပဋိပက္ခမှာ ပါဝင်ခဲ့တဲ့ မွတ်စလင် တဦးကတော့ ဖမ်းဆီးရုံးတင်ပြစ်ဒါဏ်စီရင်ခံခဲ့ရပြီး၊ မွတ်စလင် နောက်ထပ် အယောက် ၆၀ လောက်ကတော့ အကြမ်းဖက်မှုမှာ ပါဝင်မှုအပြင် တုတ်တွေ၊ ဓါးတွေ ကိုင်ဆောင်မှုနဲ့ ဖမ်းဆီး အရေးယူ ခံထားရပါတယ်။ ပဋိပက္ခမှာပါဝင်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် တဦးမှ ဖမ်းဆီး အရေးယူတာ မရှိခဲ့တဲ့ အကြောင်း၊ မိတ္ထီလာမှာ အလားတူ အခြေအနေ နဲ့ ဖမ်းဆီး၊ ရုံးတင်အရေး ယူ၊ တရားစီရင်ခြင်းခံရသူတွေ အားလုံးဟာ အစ္စလာမ် ဘာသာဝင်တွေသာ ဖြစ်ခဲ့တယ်လို့ ABC သတင်းထောက် Zoe Daniel က လားရှိုးမြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia

ကချင်ပြည်နယ်တွင် တန်ဖိုးနည်းဖုန်းများ မြို့နယ်တိုးချဲ့ ရောင်းချမည်

ဆက်သွယ်ရေးလိုအပ်ချက် မြင့်မားနေသော ကချင်ပြည်နယ်တွင် တတိယအကြိမ်မြောက် ရောင်းချပေး မည့် ကျပ်၁၅၀၀ တန် CDMA 800 MHz ဖုန်းများကို မြို့နယ်တိုးချဲ့ကာ ရောင်းချပေးသွား မည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဆက်သွယ်ရေး မန်နေဂျာ ဦးအောင်ဖြိုးမြတ်က ပြောကြားသည်။

တတိယ အကြိမ်မြောက် ကျပ် ၁၅၀၀ တန်ဖုန်းကို ဇွန်လ ၂၀ ရက်နေ့ နောက်ပိုင်းတွင် ဖုန်းအလုံးရေ ၃၇၅၀ လုံးကို ရောင်းချပေးမည်ဖြစ်ပြီး CDMA 800 MHz လိုင်းမိသော မြို့နယ် ၁၂ ခုကို ခွဲတမ်းချ ရောင်းချပေးရန် စီစဉ်လျက် ရှိကြောင်း ၎င်းကရှင်းပြသည်။ “CDMA 800 MHz လိုင်းမိတဲ့ မြို့နယ်နဲ့ မြို့နယ်ခွဲတွေ အားလုံး ကို ရောင်းချ ပေးမှာပါ”ဟု ၎င်းကဆိုသည်။ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ဧပြီလတွင် ပထမဆုံး စတင်ရောင်းချခဲ့သော ကျပ် ၁၅၀၀ တန် CDMA 800 MHz ဖုန်းကို ကချင်ပြည်နယ်အတွက် ဖုန်း ၄၅၆၇ လုံး ခွဲတမ်းရရှိခဲ့ရာ မြစ်ကြီးနား၊ မိုးညှင်းနှင့် ကန်တော်ယန်မြို့နယ် တို့တွင်သာ ရောင်းချခဲ့ပြီး ဒုတိယ အကြိမ်မြောက်တွင် ဖုန်း ၃၀၅၀ ရောင်းချခဲ့ရာတွင်လည်း မြစ်ကြီးနားမြို့နှင့် ကန်တော်ယန်မြို့နယ် တို့တွင် သာ ရောင်းချခဲ့သည်။

လက်ရှိ အနေအထားအရ ကချင်ပြည်နယ်တွင် ဖုန်းလိုင်းများပြတ်တောက်ခြင်း၊ လိုင်းမိသော်လည်း ခေါ် ဆို၍မရခြင်း အစရှိသော ဆက်သွယ်မှု အဆင်မပြေမှုများ ရက်ဆက်ကြုံတွေ့ နေရကြောင်း ဖားကန့်၊ မြစ်ကြီးနား၊ ဗန်းမော်မြို့နယ် တို့ကိုဆက်သွယ် မေးမြန်ချက် များအရ သိရသည်။ ကချင်ပြည်နယ် တွင် ကိုယ်ပိုင်ဆက်သွယ်ရေးကွန်ရက် မရှိသည့်အတွက် မန္တလေးမှလာသော မိုက်ခရိုဝေ့ကို အဆင့်ဆင့် ဖမ်းယူ သုံးစွဲရသည့်အတွက် ဖုန်းလိုင်းများ အဆင်မပြေ ဖြစ်သော်လည်း ယခုရောင်းချသည့် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းကွန်ရက်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ကချင်ပြည်နယ် ဆက်သွယ်ရေး အရာရှိ တစ်ဦးက ပြောကြားသည်။

The Voice

တန်ဖိုးနည်းအိမ်ရာ ကျပ်သိန်း ၁၀၀ လူလတ်တန်းစားများအတွက်သာ ဖြစ်နေ

မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အမှန်တကယ် တန်ဖိုးနည်းနိုင်မည့် အိမ်ရာစီမံကိန်းတစ်ခုအား ထပ်မံဖော်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို လှိုင်သာယာမြို့နယ် ကျန်စစ်သားရပ်ကွက်ရှိ မြေဧကငါးဆယ်အား ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ အဖြစ် ဖော်ဆောင်သွား မည်ဖြစ်ကြောင်း မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ စီမံကိန်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါတန် ဖိုးနည်း အိမ်ရာမြေကွက်အား မြေပြင်ရှင်း လင်းမှုများ ပြုလုပ်လျက် ရှိပြီး ယခုနှစ် မိုးရာသီကုန်ပါက ဆောက်လုပ်ရေး လုပ်ငန်းများ ကို စတင် အကောင်အထည်ဖော် ဆောင်သွား မည်ဖြစ်ကြောင်း ယင်းကဆက်လက်ပြော သည်။ယင်းက ''တန်ဖိုးနည်းနိုင်မယ့် ဒီဇိုင်းတွေလဲ ရေးဆွဲညှိနှိုင်း မှုတွေ လုပ်ဆောင်နေတယ်'' ဟု ပြောသည်။

အဆိုပါ ကျန်စစ်မင်းအိမ် ရာစီမံကိန်းကို လူလတ်တန်းစား များ အမှန်တကယ် ဝယ်ယူနိုင်မည့် ကျပ်သိန်း ၁၀၀ ဝန်းကျင်ဖြင့် ရောင်း ချပေးနိုင်ရန် စီစဉ်လျက်ရှိ ကြောင်း သိရ သည်။ လက်ရှိတွင် မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရတနာ အိမ်ရာစီမံကိန်းနှင့် ဧရာဝဏ်တန် ဖိုးနည်း အိမ်ရာ စီမံကိန်းများကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် များတွင်ဖော်ဆောင်လျက်ရှိပြီး ၂၀၁၆ ခုနှစ်တွင် ပြည်သူများထံ ရောင်း ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတန်ဖိုးနည်း အိမ် ရာစီမံကိန်း ဖော်ဆောင်ခြင်းများ နှင့်ပတ်သက်၍ စီးပွားရေးပညာ ရှင်ဦးလှမောင် က ''မြေဈေးအရမ်းကြီးတဲ့ အမေရိက၊ ဟောင်ကောင် လိုမျိုးနိုင်ငံတွေမှာ သူတို့ရဲ့ပြည် သူတွေကို တန်ဖိုး နည်းအိမ်ရာတွေ ဖော်ဆောင်ပေး တဲ့အခါမှာ လူတစ်ဦးရဲ့ ဝင်ငွေနဲ့ အဲဒီလူရဲ့ အိမ်စားစရိတ်ရဲ့ တစ်ဝက်ကို တွက်ချက် ပြီးရောင်းချပေးတယ်။ ဒီမှာက မြေဈေးနဲ့ အိမ်ဈေး ကို ထည့်ရောင်းပေးတယ်။ အိမ်ဈေး က မြေဈေးထက်သာတော့ အဆင်မပြေဘူး။ သိန်းတစ်ရာ နဲ့ ရောင်းပေးမယ်ဆို နှစ် ၃၀၊ ၄၀ အရစ် ကျ ငွေပေးချေရေး စနစ်တွေနဲ့ ရောင်းချပေးသင့်တယ်''ဟု သုံး သပ်သည်။

ဖြိုးလွင်အောင်
YMG

မီးလောင်ဒဏ်ကြောင့် ဝေဒနာပြင်းထန်စွာ ခံစားနေရရှာသော အသက်၉၆နှစ်အရွယ်အဖွားအို တစ်ယောက်

အစိုးရ ရုံးပိတ်ရက်တွေနဲ့ တနင်္ဂနွေရုံးပိတ်ရက်တိုင်းမှာ အခါအားလျှော်စွာ နေ့ချင်းပြန်ခရီးထွက်ခြင်း ၊ဈေးဝယ်ထွက်ခြင်း ၊ ရုပ်ရှင်ကြည့်ခြင်း ၊အပြင်ထွက်ပြီး မိသားစု ထမင်းလက်ဆုံ ထွက်စားခြင်း၊ ဆွေမျိုးတွေဆီ မိသားစုလိုက် အလည်သွာခြင်းတွေလုပ်ပြီး ၊ တပတ်လုံး အလုပ်ကိုယ်စီနှင့် မျက်နှာမြင်ဖို့တောင် ခက်ခဲတဲ့ ကျွန်မတို့မိသားစုရဲ့  အားလပ်ရက်ကို ၊ နွေးထွေးစွာနဲ့ အတူဖြတ်သန်းကြပါတယ် ။ အပြင်မထွက်ဖြစ်တဲ့ ရက်တွေမှာတော့ အိမ်မှာမုန့်လုပ်စားပြီး ၊ ရုပ်ရှင်ကြည့်လို့ အချိန်ဖြုန်းခဲ့ကြပါတယ် ။ ဒီနေ့ ၁၆-၆-၁၃ မှာတော့ ၊ ကျွန်မအစ်ကိုနဲ့ ယောင်းမ ခရီးထွက်သွားတာကြောင့် ခါတိုင်းလို မိသားစုလူမဆုံဖြစ်တဲ့အခါ ၊ အိမ်မှာပဲ တစ်ခုခုလုပ်စားတော့မယ် တွေးတုန်း ၊ အပြင်ထွက်ရအောင် သမီးရေလို့ အမေကစကားစလာပါတယ် ။ အသိလူနာသတင်းသွားမေးမှာ အင်းစိန်ဆေးရုံမှာ လိုက်ခဲ့ပါ သမီးရယ်လို့ အဖော်ခေါ်တာနဲ့ ဘယ်သူ ဘယ်ဝါမှန်းမသိပဲ ၊ လိုက်သွားခဲ့မိပါတယ် ။
အင်းစိန်ဆေးရုံရဲ့ ဝင်ပေါက်ကိုရောက်တော့ ၊ ကျွန်မကို ဒီနားမှာ ခဏနေခဲ့ဦးလို့ပြောပြီး မနီးမဝေးမှာ ရပ်နေတဲ့ ဆေးရုံဝန်ထမ်းတစ်ယောက်ကို တစ်ခုခုသွားမေးတာ မြင်လိုက်ရပါတယ် ။ သူတို့နှစ်ယောက်ဘာတွေပြောနေကြလဲ မကြားနိုင်ပေမယ့် ဆေးရုံဝန်ထမ်းရဲ့  လက်ဟန်ခြေဟန်ကို ကြည့်ပြီး လမ်းညွှန်နေတာပဲလို့ ရိပ်စားမိပါတယ် ။ ခဏကြာတော့ အမေပြန်ရောက်လာပြီး ခွဲစိတ်ဆောင် အပေါ်ထပ်လို့ပြောကာ ကျွန်မလက်ကိုဆွဲလို့ ခပ်သွက်သွက် တက်သွားခဲ့ကြတယ် ။ ခွဲစိတ်ဆောင် အပေါ်ထပ်ရောက်ပြန်တော့ တာဝန်ကျသူနာပြုတစ်ယောက်ကို ၊ မီးလောင်တဲ့ အဖွား ဘယ်ကုတင်လဲ နာမည် ဘယ်သူလဲလို့ မေးတဲ့အခါ နာမည်လည်းမသိပဲ မသေချာမရေရာပဲ လူနာလာမေးရလားဆိုတဲ့ စိတ်မျိုးဖြစ်ပြီး ဘ၀င်မကျဖြစ်မိပါတယ် … ။
%%%%%%%%%%%%%%%%%
တခြားလူနာ ကုတင်တွေထက် ၊ အမေသတင်းလာမေးတယ်ဆိုတဲ့ လူနာရဲ့ ကုတင်ဘေးပတ်လည်မှာ ၀ိုင်းကြည့်သူတွေများနေခဲ့တယ်  ။ ကုတင်ပတ်လည် ၀ိုင်းကြည့်နေတဲ့ လူတွေကြား အမေက တိုးပြီး၊  လူနာရှင်ဘယ်သူပါလဲလို့ ခပ်ဖွဖွ မေးတဲ့အခါ ကျွန်မ အံ့သြရပြန်ပါတယ် ။ အသိလူနာကို သတင်းလာမေးတယ်လည်း ပြောသေးတယ် လူနာဘယ်အဆောင်လည်း မသိ ၊ လူနာနာမည်လည်းမသိ ၊ လူနာရှင်ဘယ်သူလည်း မသိလောက်အောင် မရေရာတဲ့ အမေ့ကို ကျွန်မ စိတ်ထဲ ဘ၀င်မကျ ဖြစ်မိတာတော့ အမှန်ပါ  ။ သို့လော့ သို့လောဖြင့် အတွေးတွေ နယ်ချဲ့ နေတုန်း ၊ လူနာလက်လေးကိုင်ရင်း ဘေးက ထိုင်နေတဲ့ သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတဦးက ကျွန်မက လူနာရှင်ပါလို့ပြောတာကြောင့် တောင်စဉ်ရေမရ တွေးနေတဲ့ အတွေးတွေ လွင့်ပြယ်ခဲ့ရပါတယ် ။
အမေက လူနာရှင်အမျိုးသမီးကို တရင်းတနှီးပြုံးပြရင်း သူမလာရတဲ့အကြောင်းကို ပြောပြတဲ့အခါမှာတော့ ဒုတိယအကြိမ် ကျွန်မ အံ့သြရပြန်ပါတယ် ။ တကယ်တာ့ ဒီလူနာနဲ့ ၊ အမေနဲ့ အသိကျွမ်းလည်း မဟုတ်ခဲ့ပါဘူး ၊ အသိလို့ပြောပြီး ကျွန်မကိုခေါ်ခဲ့တာက သူမရဲ့ လူနာသွားကြည့်ချင်တဲ့ စိတ်ကူးကို အဟန့်တားလုပ်မှာ စိုးတာကြောင့်ပါပဲ … ။ ဒီနေ့မနက် သတင်းစာမှာ အသက် ၉၆နှစ်အရွယ် အဖွားတစ်ယောက် အိမ်မှာ တယောက်တည်းရှိနေချိန် ၀ါယာရှော့ ဖြစ်ပြီး ကိုယ်ခန္ဓာပေါ်က အရေပြား တစ်ချို့ မီးလောင်ကျွမ်းရတဲ့ သတင်း ပါလာလို့ ၊ စိတ်မကောင်းဖြစ်ပြီး အဖွားကိုလည်း အားပေးရင်း ၊ တတ်နိုင်သလောက် ကုသစရိတ်လေး လှူဒါန်းလိုလို့ ရောက်ခဲ့ပါသတဲ့ ။ လူနာရှင်ကို သတင်းမေးပြီး အလှူငွေ တသိန်းထုတ်ပေးလို့ အဖွားကျန်းမာပါစေ ဆုတောင်းပြီး ပြန်ခဲ့ကြပါတယ် … ။ အမေ့ရဲ့ အဖွားဖြစ်သူကလည်း အသက် ၁၀၀ပြည့်ခါနီးထိ ကျန်းကျန်းမာမာနေသွားခဲ့ပြီးမှ မိသားစုကို စွန့်ခွာသွားခဲ့တာမို့ ၊ အသက်ကြီးသူ အဖိုးဖွားတွေတွေ့ တိုင်း ဆုံးပါးသွားတဲ့ အဖွားကို အလွမ်းဖြေတဲ့အနေနဲ့ ၊  အမေတတ်နိုင်သလောက် ကူညီခဲ့တယ် ၊ ဒါနလုပ်ခဲ့တယ် ။ အဲ့ဒီအမူကျင့်တွေရှိခဲ့တဲ့ အမေ့စိတ်ကူးကို သိပါလျှက် နားမလည် ပေးပဲ … ထင်ရာဆွဲ တွေးခဲ့မိတယ် ။ တကယ်တမ်း အမေ့ရဲ့ စိတ်ကူးကို သိရတဲ့အခါ ၊ အပြစ်တင်စောပြီး ဘ၀င်မကျဖြစ်ခဲ့တဲ့ ကျွန်မရဲ့ စိတ်ဓါတ်မပြည့်ဝမှုကို ပြုပြင်လိုစိတ်လည်း ဖြစ်မိတယ် ရှက်လည်းရှက်မိပါတယ် ။ နေအိမ်လည်း မီးလောင်ကျွမ်းခဲ့လို့ ဘာပစ္စည်းမှ ပြန်မရခဲ့တဲ့အပြင် ၊ အိမ်ရဲ့ အသက်အကြီးဆုံးအဖွားဖြစ်သူ  ဘေးအိမ်တွေကောာင်းမှုကြောင့် ကံကောင်းစွာ အသက်ရှင်ကျန်ခဲ့ပေမယ့် ၊ အရေပြား တော်တော်များများ လောင်ကျွမ်းခဲ့တာကြောင့် အခုဆို အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၉၆ နှစ်အရွယ် အဖွားအတွက် ဆေးကုသစရိတ် လိုအပ်နေပါတယ် ။ လူနာရှင်ကို အားနာနာနဲ့ပဲ ဖွင့်မေးရင်း၊ ဓါတ်ပုံရိုက်ခွင့်လည်းတောင်းကာ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းတစ်ချို့ကိုလည်း မေးမြန်းခဲ့မိပါတယ် ။  သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ဆေးကုသမှု စရိတ်အတွက် အကူညီပေးလိုစိတ် ဖြစ်မိတာကြောင်ပါ  ။
%%%%%%%%%%%%%%%%%
အဖွားရဲ့ သမီးဖြစ်သူနဲ့ စကားပြောရင်း ဖြစ်ပွားပုံအကြောင်းကိုလည်း တစွန်းတစ သိခွင့်ရခဲ့ပါတယ် ။ ၁၅-၆-၁၃ ညနေ ၄နာရီခွဲခန့်မှာ အိမ်က အတူနေ မိသားစု(၄)ယောက် ကိစ္စကိုယ်စီဖြင့် အပြင်သို့ ခဏတာရောက်နေခဲ့ပါတယ်တဲ့ ။ တအိမ်လုံးမှာ အသက် ၉၆ နှစ်အရွယ် အဖွားဒေါ်ခင်မေ တစ်ယောက်တည်းသာ ကျန်ခဲ့ပါတယ် ။ အသက်ရွယ်ကြီးရင့်ပေမယ့် ကျန်းမာရေးကောင်းပြီး ကိုယ့်ဝေယျာဝစ္စ ကိုယ်လုပ်နိုင်သေးကြောင်းလည်း သိရပါတယ် ။ အဖွားဒေါ်ခင်မေရဲ့ သမီးဖြစ်သူက အပြင်ရောက်နေချိန် နေအိမ်မီးလောင်တာကို သိသိချင်း ၊ အိမ်သို့ ပြန်ပြေးခဲ့ပေမယ့် အိမ်ရောက်တဲ့အခါမှာ မီးလောင်ပြီးပြာတောင် ကျနေခဲ့ပါပြီ။( ဘယ်အိမ်က စပြီး ဘယ်လို မီးလောင်ခဲ့သလဲဆိုတာတော့ အပြင်ရောက်နေချိန်မို့ ရေရေရာရာ မသိခဲ့ဘူးလို့လည်းပြောပါတယ် )အမေဖြစ်သူ အဖွားဒေါ်ခင်မေ တစ်ယောက် မီးထဲပါသွားပြီလို့ထင်ပြီး ယူကြုံးမရုဖြစ်ကာ ငိုကြွေးနေတုန်း ၊ ဘေးလူတွေက ဒီအိမ်က အဖွားကို တာဝန်သိ မီးသတ်ဝန်ထမ်းတစ်ဦးက ခဲရာခဲဆစ်ကယ်ထုတ်ခဲ့ပြီး ဆေးရုံသို့ပို့လိုက်ပြီဆိုတဲ့ သတင်းကို ပေးခဲ့ပါတယ်တဲ့ ။ သတင်းကြားကြားချင်း ဆေးရုံကိုလိုက်လာတဲ့အခါ အခုလို အရေပြားတွေလောင်ကျွမ်းခံရတဲ့ ဒဏ်ရာတွေနဲ့ ဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့ အမေဖြစ်သူကိုတွေ့ရတာပါပဲလို့ပြောရင်း မျက်ရည်ကျရှာပြန်တယ် ။ ပိုင်ဆိုင်သမျှ ဆုံးရှံးရတဲ့ ပူဆွေးသောကအပြင် ၊ အသက်မသေသော်လည်း မီးလောင်ဒဏ်ရာကြောင့် ဝေဒနာပြင်းထန်စွာ ခံစားနေရပြီး လိုအပ်တဲ့ ဆေးကုသမှု ခံယူဖို့ စိတ်ဒုက္ခရောက်နေရှာတဲ့ သမီးဖြစ်သူရဲ့ ဗျာပါဒကို မျက်မြင်တွေ့ ခဲ့ပြီး ကိုယ်ချင်းစာစိတ်ဖြစ်မိခဲ့တာကြောင့် ၊ ရွာထဲမှာ အစပြုပြီးသိကျွမ်းခွင့်ရခဲ့တဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းဖြစ်သူ ကိုအမတ်မင်း ၊ကိုသူရဇော် ၊ ကိုအာဂ ၊ မနွယ်ပင် ၊ မရွှေအိတို့နဲ့ တိုင်ပင်ပြီး တတ်နိုင်သလောက် ဆေးကုသစရိတ် လှူဒါန်းကြဖို့ စိတ်ကူးရခဲ့ပါတယ် ။ ပို့စ်ဖတ်ပြီး မီးသင့်ဒဏ်ပြင်းထန်စွာခံစားနေရသူ အဖွားဒေါ်ခင်မေအတွက် ကျွန်မတို့နဲ့အတူဆေးကုသစရိတ် အကူညီပေးလိုစိတ်ဖြစ်လာလျှင်လည်း အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်ပြီး ကုသိုလ်ယူနိုင်ပါတယ် ။ နေ့စဉ်နှင့်အမျှကုသမှုခံယူနေရတာကြောင့် ဆေးကုသမှုစရိတ် ပါဝင်ကုသိုလ်ယူလိုသူများအနေဖြင့် ၂၃-၆-၁၃ (တနင်္ဂနွေ) မနက် ၁၀ နာရီထက်နောက်မကျပဲ ဆက်သွယ်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ် ။
ကိုသူရဇော် – ၀၉၄၂၀၀၆၉၅၀၂
ကိုအာဂ – ၀၉၄၂၁၀၂၉၁၁၇
ကိုအမတ်မင်း – ၀၉၅၀၈၁၉၆၉
Etone – ၀၉၇၃၁၄၄၄၂၁
မရွှေအိ – ၀၉၇၃၁၈၉၂၆၁
မနွယ်ပင် – ၀၉၄၂၀၁၄၃၂၉၀
မီးလောင်ဒဏ်ခံစားရသူ အဖွားရဲ့ ဓါတ်ပုံကိုလည်းခွင့်တောင်းပြီးရိုက်ယူခဲ့ပါတယ်…။မိမိစိတ်ကို  နိုင်မှသာ အောက်ကိုသွား  ကြည့်ကြပါလို့ ကြိုအသိပေးပါရစေနော် ။
-
-
-

-
-
-




Ref:mandalaygazette.org
 

လေဘာပါတီတွင်း ခေါင်းဆောင်ပြောင်းဖို့ လိုလားသူ ပိုများလာ

   သြစတြေးလျ ​နိုင်ငံမှာ ​အထွေထွေ ​ရွေးကောက်ပွဲကို ​စက်တင်ဘာလမှာကျင်းပတော့ ​မှာဖြစ်တဲ့အတွက်၊ ​ကြိုတင်ကောက်တမ်းတွေ ​အရ ​ဝန်ကြီးချုပ်ဟောင်း  ​Kevin ​Rudd ​က ​လက်ရှိ ​အာဏာ ​ရ ​လေဘာပါတီကို ​ဦးဆောင်မယ်ဆို​ရင် ​အတိုက်အခံနဲ့ ​မဲညီမျှ ​တဲ့ ​အနေအထားကို ​ရနိုင်တယ်လို့ ​ဟောကိန်းထုတ်တဲ့အတွက် ​လက်ရှိဝန်ကြီးချုပ် ​ရာထူးက​ဆင်းပေးပြီး ​ခေါင်းဆောင်ပြောင်းလဲလုပ်ဖို့ ​လိုလားသူတွေ ​ပိုများပြား လာကြောင်း ​သိရပါတယ်။ လက်ရှိလေဘာပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဂျူလီယာဂေးလဒ်နှင့် ဝန်ကြီးချုပ်ဟောင်း ကယ်ဗင်ရဒ်ဝန်ကြီးချုပ်ဟောင်း ​ကယ်ဗင်ရဒ်ကသာ ​ဦးဆောင်ရင်း​အတိုက်အခံပါတီနဲ့ ​ညီမျှတဲ့​မဲရရှိနိုင်ပြီး ​လက်ရှိ​ဝန်ကြီးချုပ် ​ဂျူလီယာဂေးလဒ်ကသာ ​လေဘာပါတီကို​ဆက်ပြီး ​ဦးဆောင်မယ် ဆိုရင် ​အပြတ်အသတ်​ရှုံးနိမ့်ဖို့ ရှိတယ်ဆိုတဲ့ ​ကောက်တမ်းတွေကြောင့် ​မီဒီယာတွေ​က​လဲ​ဝန်​ကြီးချုပ်​ဟောင်း ​နောက်​ကို​လိုက်​ပြီး ​မေးမြန်း​နေကြပါတယ်။
   Kevin ​Rudd ​ကတော့ ​သူ့ ​အနေနဲ့ ​အတိုက်အခံခေါင်းဆောင်  ​Tony ​Abbott ​ကို ​ၾသစေတ်းလ် ​နိုင်ငံရဲ့ ​ဝန်ကြီးချုပ်​တစ်ဦး ​မဖြစ်ရလေအောင် စွမ်းဆောင်​နိုင်သမျှကို စွမ်းဆောင်သွားမယ်လို့ သာ​ပြောပြီး ​ခေါင်းဆောင်ပိုင်း ​စိန်ခေါ်မှု ​လုပ်မလားဆိုတာကိုတော့ ​မတုန့်ပြန်ခဲ့ ပါဘူး။ အတိုက်အခံခေါင်းဆောင် ​Tony ​Abbott ​ကတော့လူထုတွေ​အနေနဲ့ ​အပြောင်းအလဲတွေ ​လိုလားနေ​ပြီး ၊ ​လေဘာပါတီတွင်း ​ခုန်နေရာလုပွဲကို ​ငြီးငွေ့​နေကြပြီ လို့ဆိုပါတယ်။
  သြစတြေးလျ ​နိုင်ငံက ​ဒီကနေ့ ​မနက်ထုတ် ​တဲ့သတင်းစာတွေမှာတော့  ​Kevin ​rudd  ​အနေနဲ့ ​ဝန်ကြီးချုပ်​နေရာပြန်ရဖို့ ​ပါတီတွင်းမှာ ​လုံလောက်တဲ့ ​ထောက်ခံချက် ​အရည်အတွက်ကို ​ရရှိ​နေုပြီဖြစ်တဲ့ ​အကြောင်း၊ ​သူ့ကို​ပြီးခဲ့တဲ့ ​၃နှစ်က​ဖြုတ်ချပြီး​နောက်ပိုင်း ​တချိန်တခါမှာ ​လိုအပ်တဲ့ ​ထောက်ခံမှုအရေ အတွက်ကို ​မရနိုင်ခဲ့ပေမဲ့ ​အခု​အခါမှာ ​ရရှိသွားပြီလို့ ​သူ့ကို ​ထောက်ခံသူတွေ ​ကပြော ​နေကြပြီ ​ဖြစ်ပါတယ်။
ဒါပေမဲ့ ​ပါတီတွင်းမှာ ​တခဲနက် ​လက်ရှိဝန်ကြီးချုပ်ကို ​ဖယ်ထုတ်ဖို့ ​ထောက်ခံမှု ​ရှိမှသာလျှင်ခေါင်းဆောင် ​အပြောင်းအလဲ ​ဖြစ်လာ​နိုင်မှာ​ဖြစ်ပြီး ​ပါတီတွင်း ​အကြီးတန်း​ဝန်ကြီးတွေအနေနဲ့ ​ရှင်းရှင်းပြတ်ပြတ် ​ဆုံးဖြတ်ချက် ​ချရတော့မှာ​ဖြစ်တယ်လို့ ​ဆိုပါတယ်။ ရွေးကောက်ပွဲမတိုင်မှီ ​လွှတ်တော် ​အစီးအဝေးနား ​ဖို့ ​၂ ​ပါတ် ​အလို  ​ဒီကနေ့မနက်မှာ ​ပါတီတွင်းအကြီးတန်း ​အဖွဲ့ဝင်တွေ ​တွေ့ဆုံဆွေးနွေး​ဖို့ရှိနေပါတယ်။

Ref...radioaustralia.net

မြန်မာနိုင်ငံအနေနဲ့ ​၂၀၁၄ ​ခုနှစ်မှာ ​ကျင်းပမယ့် ​အရှေ့တောင်အာရှနိုင်ငံများ ​အသင်း ​အာဆီယံအစည်းအဝေးအတွက် ​အဆင်သင့်ဖြစ်လု ​နီးပါး ​အခြေအနေရှိ

  
အင်ဒိုနီးရှား​နိုင်ငံ​အခြေစိုက် ​မြန်မာသံအမတ် ​ဦးမင်းလွင်က ​ဂျာကတာပို့စ်ကို ​ပြောခဲ့တာဖြစ်ပြီး ​စက်တင်ဘာလ​လောက်မှာ ​အားလုံး​အ​ဆင်​သင့်​ဖြစ်မယ်လို့လည်း ​ပြောလိုက်ပါတယ်။၂၀၁၁ ​ခုနှစ် ​အင်ဒိုနီး ရှားနိုင်ငံမှာ ​ကျင်းပခဲ့တဲ့ ​အာဆီယံအစည်းအဝေး​အတွင်းမှာပဲ ​မြန်မာနိုင်ငံကို ​ဥက္ကဌအဖြစ် ​အ ​လှည့်​ပေး​ဖို့​မြန်မာနိုင်ငံက ​တောင်းဆို​လိုက်တာဖြစ်ပါတယ်။ ၂၀၁၄ ​ခုနှစ်မှာ ​ကျင်းပမယ့် ​အာဆီယံအစည်းအဝေးကို ​ကျင်းပဖို့ ​လာအိုနိုင်ငံက​အလှည့်ကျပေမယ့် ​မြန်မာက​တောင်းတဲ့အတွက် ​မြန်မာကို ​အလှည့်ပေး ​လိုက်တဲ့ အပေါ် ​တချို့​နိုင်ငံတွေက ​စိုးရိမ်မကင်း ​ဖြစ်ခဲ့ကြပါတယ်။
  ဒါပေမယ့် ​နောက်ပိုင်းမှာ ​မြန်မာနိုင်ငံရဲ့ ​ပြုပြင်ပြောင်းလဲမှု လမ်းစတွေကြောင့် ​အာဆီယံဥက္ကဌ အဖြစ် ​ဆောင်ရွက်ဖို့ ​ထိုက်တန်တယ်လို့ ​ယူဆပြီး ​အလှည့်ကျပေးလိုက်ကြတာ ​ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ​အလှည့်ရမယ်ဆိုတာ ​မသိရခင်ကတည်းက ​အသင့်ပြင်ဆင်တဲ့အနေနဲ့ ​မြန်မာနိုင်ငံက ​ဗိသုကာပညာ ရှင်တွေကို ​အင်ဒိုနီးရှားနဲ့ ​ကမ္ဘောဒီးယားနိုင်ငံကို ​စေလွှတ်ပြီး ​အစည်းအဝေးနေရာ ​လေ့လာတာတွေ ​လုပ်ခဲ့ ပြီး ​အဆင်သင့်ဖြစ်အောင် ​သွားလာရေးနဲ့ ​နေရာထိုင်ခင်းစနစ်တွေလည်း ​တိုးတက်အောင် ​လုပ်ဆောင်ထား ပြီလို ​အာဆီယံရေးရာညွန်ကြားရေးမှူး ​ဦးအောင်ထူးက ​ဂျာကတာပို့စ်ကို ​ပြောခဲ့ပါတယ်။အာဆီယံအစည်း အဝေးအတွင်း ​အဖွဲ့ဝင်နိုင်ငံတွေကြား ​အငြင်းပွားဖွယ်ရာ​ကိစ္စတွေ ​ဆွေးနွေးနိုင်တဲ့အတွက် အဲဒီအတွက် ​ပြင်ဆင်မှုတွေနဲ့ ​မီဒီယာတွေကို ​ဘယ်လို​ဆက်သွယ်​ကိုင်တွယ်​နိုင်မလဲ ဆိုတာတွေကို လည်း ​ပြင်ဆင်မှုတွေ ​လုပ်ထားကြောင်း ​ဖော်ပြထားပါတယ်။

Ref..radioaustralia.net.

အာဆီယံ ၁၀ နိုင်ငံကို တစ်မိနစ် ကျပ် ၅၀ ဖြင့် ၁၅၀၀ တန်ဖုန်း ခေါ်ဆိုခွင့်ရပြီ

ကျပ်၁၅၀၀ တန်ဖုန်းဖြင့် အာဆီယံ၁ဝနိုင်ငံကိုပြည်တွင်းခေါ်ဆိုခနှုန်းဖြင့်ခေါ်ဆိုခွင့်ကို ခွင့်ပြုလိုက်ပြီဖြစ် ကြောင်း သိရ သည်။ ကျပ် ၁၅၀၀ တန် CDMA 800MHz ဖုန်းတွင်MEC Tel ငွေဖြည့်ကတ်ဖြည့် သွင်းကာ တစ်မိနစ်ကျပ်၅ဝဖြင့် အာဆီယံ၁ဝနိုင်ငံသို့ ခေါ်ဆိုခွင့် ပြုထားပြီး ကျပ် ၁၅ဝဝတန်ဆင်းမ် ကတ်တစ်မျိုးတည်းသာ ပြောဆို နိုင်မည်ဖြစ်ကြောင်း သိရသည်။

''ကျပ် ၁၅ဝဝ တန်ကတ်တွေ နဲ့ ပြည်ပနိုင်ငံတွေကို ဖုန်းခေါ်ဆို ခွင့်ပြုထားပါတယ်။ အဓိကက တော့ ဆီးဂိမ်းပွဲတော်မှာ ဆက် သွယ်ပြောဆိုရ အဆင်ပြေလွယ် ကူအောင် လို့ပါ။ ဖုန်းခေါ်ဆိုခကို လဲ ပြည်တွင်းမှာ ခေါ်ဆိုခနှုန်းပဲ သတ်မှတ်ထားပါတယ်။ ဆီးဂိမ်း ပြီးရင်တော့ ဘယ်လိုလာမလဲဆို တာ မဆုံးဖြတ် ရသေး ပါဘူး''ဟု မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အာဆီယံ၁ဝ နိုင်ငံသို့ ခေါ် ဆိုနိုင်ရန်အတွက် ခေါ်ဆိုလိုသည့် ဖုန်းနံပါတ်ရှေ့တွင် သက်ဆိုင်ရာ နိုင်ငံ၏ ကုတ်နံပါတ်ထည့်သွင်း ခေါ်ဆိုရမည်ဖြစ်ကြောင်း သိရ သည်။ ''ငွေဖြည့် ကတ် ကိုလဲ ပြည် ပခေါ်ဆိုဖို့ သတ်မှတ်ထားတဲ့ အက်ဖ်အီးစီငွေဖြည့်ကတ် သီးသန့် ဝယ်ဖို့မလိုပါဘူး။MEC ကျပ် ၅ဝဝဝတန်၊ ကျပ် ၁ဝဝဝဝ တန် ငွေ ဖြည့် ကတ်ပဲ ထည့်ပြီး ခေါ်ဆိုနိုင် ပါတယ်''ဟု ယင်းက ထပ်မံပြော သည်။

ယခင်က ပြည်ပနိုင်ငံများ သို့ ဖုန်းခေါ်ဆိုခွင့်ကို ဂျီအက်စ် အမ်အမျိုးအစားကိုသာ ခေါ်ဆို ခွင့်ပြုမည်ဟု သတ်မှတ်ထား သော်လည်း ယခုအခါ စီဒီအမ် အေ 800MHz ကိုသာ ခေါ်ဆိုခွင့် ပြုခြင်းဖြစ်ပြီး ဆီးဂိမ်းပွဲတော် ကျင်းပပြီးစီးပါက ယင်းစနစ်ပြန် လည်ပိတ်မည်ဖြစ်ကြောင်း လူကြီး မင်း မိုဘိုင်းဖုန်းအရောင်းဆိုင် မှ အထွေထွေ မန်နေဂျာ မဇာ ခြည်က ပြောသည်။

ယင်းက ''စီဒီအမ်အေကတ်က လူတိုင်းကိုင်နိုင်ကြသေးတာ မဟုတ်ဘူး။ ကိုင်နိုင်တဲ့အရေ အတွက်ကလဲ နည်းသေးတယ်။ ဂျီအက်စ်အမ်ကသာ အများစုကိုင် ကြတာ။ ဂျီအက်စ်အမ်ဖုန်းကိုလဲ အာဆီယံခေါ်ဆိုတဲ့စနစ် ခွင့်ပြု ပေးရင် ပိုထိရောက်နိုင်တာပေါ့။ ကျပ် ၁၅ဝဝတန်ဖုန်းတွေကိုလဲ ဆီးဂိမ်းပြီးရင် ဒီစနစ် ပြန်ပိတ် မယ် ကြားတယ်''ဟု ပြောသည်။

အဆိုပါဖုန်းခေါ်ဆိုမှုကိုဆီးဂိမ်းပွဲတော်ကာလပြီးစီးသည်အထိသာ ခေါ်ဆိုခွင့်ပြုသွားမည် ဖြစ်ကြောင်းလည်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။ စီဒီအမ်အေ 800MHz ဖုန်းဆင်းမ်ကတ်များကို ပြည်နယ် နှင့် တိုင်းဒေသကြီးအစိုးရအစီ အစဉ်ဖြင့် တစ်လလျှင်ကတ်ရေ သုံးသိန်းခွဲ ရောင်းချလျက်ရှိပြီး ယင်းဖုန်းကတ်များကို ဧပြီ ၂၀ ရက်မှ စတင်၍ ရောင်းချခဲ့ကာ လက်ရှိပြင်ပမှောင်ခိုဈေးကွက် တွင် ကျပ်ရဝဝဝဝခန့်ပေါက်ဈေး ရှိနေကြောင်း သိရသည်။
Ref: PHU PWINT THAW(YMG)

NLD ဘုန်းကြီး ရွှေညဝါလည်း ဦးဝီရသူ ရဲ့ အမျိုးစောင့်ဥပဒေကို အပြည့်အဝ ထောက်ခံပြီ


NLD ဘုန်းကြီးလို့ လူသိများတဲ့ သာဓုကျောင်းတိုက်မှ ရွှေညဝါ ဆရာတော် ကလည်း ဆရာတော်ဦးဝီရသူ တို့ တင်သွင်းတဲ့ အမျိုးစောင့်ဥပဒေကို ထောက်ခံကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဆရာတော်မှ ၎င်း ဥပဒေကို သံဃာအားလုံးက ထောက်ခံကြောင်း၊ သို့သော် မီဒီယာများက လိမ်ညာရေးသားနေကြကြောင်း၊ မီဒီယာများအနေဖြင့် တိုင်းပြည်ကို ချောက်ထဲ ဆွဲမချကြသင့်ကြောင်း၊ ဒီမိုကရေစီ ဘိုးအေး အမေရိကန်နိုင်ငံ ပင်လျှင် အမျိုးအသားအကျိုးစီးပွားအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေကြောင်း၊ မြန်မာနိုင်ငံလည်း အမျိုးသားရေးအတွက် လူ့အခွင့်အရေး အနည်းအကျဉ်း ချိုးဖောက်တာ ဖြစ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 
ရွှေညဝါ ဆရာတော်ဟာ NLD ပါတီ ဘာသာရေးပွဲလုပ်တိုင်း တစ်ဦးတည်း တာဝန်ယူလုပ်ဆောင်ရလေ့ရှိပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်စဉ်ကလည်း သီးခြား အမည်နာမဖြင့် ဖိတ်ကြားခြင်းခံထားရသူ ဖြစ်ပါတယ်။
ဦးဝီရသူ ဦးဆောင်တင်သွင်းသော အမျိုးစောင့်ဥပဒေကို ရွှေဝါရောင်တော်လှန်ရေး ဘုန်းကြီးများက လွဲ၍ ဗုဒ္ဒဘာသာ သံဃာအားလုံးနီးပါးက ထောက်ခံလျှက်ရှိပြီး မီဒီယာများကတော့ သံဃာများ က မထောက်ခံဟု လိမ်ညာဝါဒဖြန့်လျှက်ရှိပါတယ်။
Ref: MMExpress

လားရှိုးမြို့မှာ တဖက်နဲ့တဖက် ယုံကြည်မှုကင်းမဲ့နေဆဲလို့ဆို


 
ပြီးခဲ့တဲ့လကုန်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မျာ ဖြစ်ပွါးသွါးခဲ့တဲ့ ကဋိပက္ခ နေရာကို သွားရောက်သတင်းယူခဲ့တဲ့ ABC သတင်းထောက် Zoe Daniel က လားရှိုး မြို့ အခြေအနေကို သတင်းပေးပို့ ခဲ့ပြီး တဖက်နဲ့တဖက် ယုံကြည်မှုကင်းမဲ့နေသေးတယ်ဆိုတာကို တွေ့ရကြောင်း ပြောပါတယ်။

သာမန်အားဖြင့် လူစည်ကားတဲ့ မြို့လည်ကို စစ်တပ်ကနေ ပိတ်ချထားတဲ့အတွက်၊ ဈေးဆိုင်တွေ ပိတ်ထားတာမြင်ရတဲ့အကြောင်း၊ လူခေါင်နေတဲ့မြို့လည်မှာ ဖျက်ဆီး မီးရှို့ခံခဲ့ရတဲ့ အဆောက်အဦးတွေ မြင်ရပြီး၊ မီးကျွင်းမီးကျန်တွေကို မီးသတ်က လိုက်ငြိမ်းနေတဲ့အကြောင်း၊ ဗလီနံဘေးမှာ ပျက်စီးလိမ်ကောက်နေတဲ့ စက်ဘီးတွေနဲ့ ဖျက်ဆီး ခံထားရတဲ့ ကားတွေမြင်ရတဲ့အကြောင်း မြင်ကွင်းကို ရှင်းပြခဲ့ပါတယ်။

တင်းမားမှုတွေဟာ တဖက်စွန်းရောက် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကနေသွေး ထိုးခဲ့တယ်လို့ သိရတဲ့အကြောင်း၊ မွတ်စလင်စီးပွါးရှင်တွေ မြို့တွေမှာ စီးပွါး လက်ဝါးကြီး အုပ်နေကြတဲ့ အကြောင်း၊ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေကိုလဲ မွတ်စလင်အမျိုးသားတွေလိုလားကြတဲ့အကြောင်း၊ဒီလိုပြောဆိုမှုတွေဟာ အသစ်အဆန်းမဟုတ်ပေမဲ့ အခု လို ပြောဆိုမှုတွေ ပြောင်ပြောင်တင်း ပြောလာတာတွေဟာ မြန်မာနိုင်ငံမှာ ပြောင်းလဲစဖြစ်ပေါ်လာနေတဲ့ ဒီမိုကရေစီကို ထိခိုက် စေတယ်လို့ Zoe Daniel က ပြောပြပါတယ်။

ဆိပ်ငြိမ်နေတဲ့ မြို့မှာ ဗုဒ္ဓဘာသာတရားရွတ်သံတွေ ကားနဲ့လှည့် ရွတ်ဆိုနေတာကို ကြားရတဲ့ အကြောင်း၊ ဘာသာရေး ညီညွတ်ဖို့ကြိုးပမ်းနေတဲ့ အဖွဲ့တဖွဲ့ ကလဲ၊ ညီညွတ် အေးချမ်းအောင် ဆောင်ရွက်ချက်တွေ လုပ်နေပေမဲ့ အခြေအနေက တင်းမာဆဲ ဖြစ်နေပြီး တဖက်နဲ့ တဖက် ယုံကြည်မှု ကင်းမဲ့ တဲ့အခြေအနေ ရှိနေတဲ့ အကြောင်း ဆက်ပြီး တင်ပြထားပါတယ်။

လားရှိုးမြို့ပဋိပက္ခမှာ ပါဝင်ခဲ့တဲ့ မွတ်စလင် တဦးကတော့ ဖမ်းဆီးရုံးတင်ပြစ်ဒါဏ်စီရင်ခံခဲ့ရပြီး၊ မွတ်စလင် နောက်ထပ် အယောက် ၆၀ လောက်ကတော့ အကြမ်းဖက်မှုမှာ ပါဝင်မှုအပြင် တုတ်တွေ၊ ဓါးတွေ ကိုင်ဆောင်မှုနဲ့ ဖမ်းဆီး အရေးယူ ခံထားရပါတယ်။

ပဋိပက္ခမှာပါဝင်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် တဦးမှ ဖမ်းဆီး အရေးယူတာ မရှိခဲ့တဲ့ အကြောင်း၊ မိတ္ထီလာမှာ အလားတူ အခြေအနေ နဲ့ ဖမ်းဆီး၊ ရုံးတင်အရေးယူ၊ တရားစီရင်ခြင်းခံရသူတွေ အားလုံးဟာ အစ္စလာမ် ဘာသာဝင်တွေသာ ဖြစ်ခဲ့တယ်လို့ ABC သတင်းထောက် Zoe Daniel က လားရှိုးမြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။
Ref: ABC Radio Australia
  

Android ကိုစိတ်ဝင်စားမည့်ဆိုပါက ဘာတွေရနိုင်မလဲ


  ယခုခေတ်မှာ ကျွန်တော်တွေသိတဲ့အတိုင်းပဲ IT နဲ့ပတ်သတ်ပြီး တော်တော်များများက စိတ်ဝင်တစား ထိုးဖောက် ဝင်ရောက်လာနေကြပါပြီ။ ကျွန်တော်တို့နိုင်ငံအနေနဲ့ IT နဲ့ပတ်သတ်ပြီး နောက်ကျနပင်မဲ့အမှီ လိုက်နိုင်အောင် လူငယ်အများအနေနဲ့ ကြိုးစားလေ့လာရ မည်ဖြစ်ပြီးလေ့ လာနေကျတာလဲတွေ့နေ ရပါတယ်..ကဲခု Android နဲ့ပတ်သတ်ပြီးလေ့လာချင်သော သူငယ်ချင်းများအတွက်ပါ။
http://www.solidfiles.com/d/a6c6b52658/

Facebook မှာ ကိုယ်နဲ့  သဘောထားမတိုက်ဆိုင်သူများကို block လုပ်နည်း


 ဖေ့ဘွတ်မှာ မိမိဆက်ပြီး မပတ်သတ်ချင်တော့တဲ့သူကို Block လုပ်ချင်ရင် လုပ်ပုံက မခက်ပါဘူး မသိရင်တော့ခက်မှာပေါ့။ ပုံကိုကြည့်ပြီး လုပ်လိုက်ပါ Home ဘေးက တြိဂံ ပုံလေးနှိပ် Privacy setting ၀င် Friend ကို တစ်ချက်နှိပ်ပြီးရင် Blocked People and App စာတန်း  တည့်တည့်က  Manage Blocking ကို နှိပ်ပါပြီးရင်တော့ Blockချင်သူရဲ့ profile နာမည်နဲ့ မေးထည့်ပြီး Block ကိုနှိပ်လိုက်ရင်ရပြီ။ တချို့ လူတွေက ကိုယ့်ရဲ့စာမျက်နှာမှာလာပြီး မဟုတ်ကတွေတင်မယ်၊ ပေါက်ကရစကားတွေပြောမယ် လူကို လည်းစိတ်အနှောက်ယှက်ဖြစ်အောင်လုပ်ရင်တော့အခုလိုနည်းလမ်းလေးနဲ့ Block ထားလိုက်ပါ။

VOIP မှ free call ရနိုင်သော နိုင်ငံများ

မသိသေးသူများအတွက် ရည်ရွယ်ပါသည် ။ Ref:www.voipmyanmar.com

နည်းပညာလေ့လာသူများ ကင်ဆာလိုကြောက်ဖို့ကောင်းသော pdf virus အန္တရာယ်


   ဒီVirus ပါတဲ့စာအုပ်ကို ဖွင့်ဖတ်လိုက်တဲ့အခါမှာ  Message Box လေးပွင့်လာပါတယ် အဲဒီလိုပွင့်လာတဲ့ အချိန်မှာပဲ ၀င်းဒိုးဟာ Restart ဆိုပြီးကျသွားပြီး ပြန်တက်မလာတော့ပါဘူး..... အဲ့လိုဖြစ်သွား ရင်တော့ Harddisk ကြီးတစ်ခုလုံးကို format ရိုက်ပြီး Clean Install နည်းနဲ့ ၀င်းဒိုးအသစ် ကို ပြန်တင်လိုက်မှ ၀င်းဒိုးဟာ အရင်လိုပဲ အဆင်ပြေပြေနဲ့ ပြန်သုံးလို့ရမှာဖြစ်ပါတယ်။ အဲ့ဒီ Virus ကို Antivirus နဲ့ရော Online Virus Scan လုပ်ကြည့်ရင်လည်း ဗိုင်းရပ်မတွေ့ပါဘူး..ဒီကောင်လေးဟာဆိုရင်  သာမန် Data တွေကြားထဲမှာ Javascript ကုဒ်တွေနဲ့ ရေးထားတာပါ.. အဲဒီကုဒ်တွေကိုဟာ File format တူရာအချင်းချင်းဆီကို ကူးစက်အောင် Command ပေးထားတဲ့ ဗိုင်းရပ်ကုဒ်တွေပါ။
   pdf ဗိုင်းရပ်ဟာ ကမ္ဘာနဲ့အ၀ှမ်း တော်တော်လေးပြန့်ပွားနေတဲ့ ကြောက်စရာဗိုင်းရပ်မျိုးဖြစ်ပါတယ်။ pdf ဗိုင်းရပ်ဟာ exe ဖိုင်မျိုးမဟုတ်လို့ Antivirus ဆော့ဝဲတွေရဲ့ စစ်ဆေးမှုကနေ လွတ်မြောက်နိုင်ပါတယ်။ pdf ဖိုင်ထဲမှာ Injection လုပ်မယ့် Java Script ကုဒ်တွေထဲမှာ keylogger လို အကောင့်တွေခိုးနိုင်တဲ့
ကုဒ်လိုမျိုးတွေများ Injection လုပ်လာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ pdf ဖိုင်တွေကို ဖွင့်ကြည့်ဖို့ Adobe Reader ... Adobe Acrobat တို့လို ဆော့ဝဲမျိုးတွေကို သုံးလေ့ရှိပါတယ် ဘယ်ဆော့ဝဲကိုပဲ သုံးသုံး အဲဒီ ပရိုဂရမ်ကိုဖွင့်လိုက်ပါ



ပြီးရင် Edit ကနေ Prefrence ကိုနှိပ်ပါ။ ပွင့်လာတဲ့ထဲက Java Script ကိုနှိပ်ပြီး ညာဖက်ကပွင့်လာ တဲ့ထဲမှာရှိတဲ့ Enable Java Script ရဲ့ရှေ့က အမှန်ခြစ်လေးကို ကလစ်ပေးပြီး ဖြုတ်ပစ်လိုက်ပါ




ပြီးရင် Ok ကိုနှိပ်ပေးလိုက်ပါ။  ဒါဆိုရင် pdf ဗိုင်းရပ်ကို လုံးဝကာကွယ်ထားနိုင်ပြီဖြစ်ပါတယ်။  အခုလိုကာုကွယ်ထားပြီးပြီဆိုရင် Online က ရလာတဲ့ pdf ဖိုင်တွေထဲမှာ ဗိုင်းရပ်ကုဒ်ကို Injection လုပ်ထားတဲ့ pdf virus များပါလာရင် အဲဒီ pdf ဖိုင်ကိုဖွင့်လိုက်တဲ့အခါ အောက်ကပုံအတိုင်း java script ကို ပိတ်ထားတဲ့အတွက် အဆင်မပြေကြောင်း Message လေးပါ ကပ်ပွင့်လာပါလိမ့်မယ် ။




အဲဒီလိုဆိုရင်တော့ အဲဒီ pdf ဖိုင်မှာ ဗိုင်းရပ်မဟုတ်ခဲ့ရင်တောင် java script ကုဒ်တွေကို Injection လုပ်ထားပြီဖြစ်ပါတယ်
 
Ref..aungsanmks


ဒုရဲအုပ်လောင်း ယခင်ထက် နှစ်ဆတိုးခေါ်မည်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် တိုးချဲ့ရန် ယခုနှစ်တွင် ဒုရဲအုပ်လောင်း ဦးရေ နှစ်ဆနီးပါး တိုးမြှင့်ခေါ်ယူမည် ဖြစ်ကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
၂၀၁၂ ခုနှစ်တွင် ခေါ်ယူခဲ့သည့် ဒုတိယ ရဲအုပ်လောင်းသင်တန်းတွင် တက်ရောက်လိုသူ ၄၀၀၀ ကျော်အနက် လူ ၃၀၀ ခန့် တက်ရောက်ခွင့် ရရှိခဲ့ပြီး ယခုနှစ်တွင် ရဲတပ်ဖွဲ့ အင်အား လိုအပ်ချက်ကြောင့် ဒုရဲအုပ်လောင်း အမျိုးသားဦးရေ ၂၅၀ ခန့်နှင့် အမျိုးသမီးဦးရေ ၂၅၀ ခန့် စုစုပေါင်း ဒုရဲအုပ်လောင်း ၅၀၀ ခန့်ကို ခေါ်ယူမည် ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ သင်တန်းကာလ တစ်နှစ်တက်ရောက် ပြီးပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ဒုတိယ ရဲအုပ်အဖြစ် ခန့်အပ်ထားမည် ဖြစ်ပြီး ဘာသာစကားနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကို အဓိကထား၍ ခန့်အပ်မည် ဖြစ်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ အရာရှိ မှတ်တမ်းဌာနမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“လူငယ်တွေအနေနဲ့ လုပ်သင့်တယ်၊ ခုဘွဲ့ရတာနဲ့ အလုပ်ပါ တစ်ခါတည်း ရတာပေါ့။ နိုင်ငံမှာလည်း လိုအပ်ချက် ရှိနေတယ်၊ သင်တန်းကာလမှာလည်း လစာရတယ်၊ သင်တန်းကာလမှာ စားပြီးသောက်ပြီး ငါးသောင်းလောက် ကျန်တယ”ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် ဒုတိယရဲမှူး တစ်ဦးက ပြောကြားသည်။
ဒုတိယ ရဲအုပ်များကို လူမှောင်ခိုနှင့် လူကုန်ကူးမှု တာဆီးကာကွယ် တိုက်ဖျက်ရေး၊ ကလေးသူငယ် အခွင့်အရေး၊ ဝန်ကြီးဌာနစသည့်နေရာအသီးသီးတွင် ခန့်အပ်မည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရှိရသည်။
ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒုရဲအုပ်လောင်း လျှောက် ထားရန် ဇွန်လ ၁၆ရက်နေ့မှစတင်ကာ နိုင်ငံပိုင် သတင်းစာတွင် ထုတ်ပြန် ကြေညာခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့တွင် နောက်ဆုံးလျှောက်ထားရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Ref:The Voice Weekly
 

 
 
 
 
 

လေဆာကီးဘုတ် (Virtual Keyboard)

 
  ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လေဆာအလင်းရောင်နဲ့ ပေါ်နေတဲ့ အကွက်ပေါ်မှာ တကယ် typing ရိုက်လို့ ရမှာ ဖြစ်ပါတယ်။ အမေရိကန်အခြေဆိုက် Brookstone - gadgets ပစ္စည်းထုတ် ကုမ္မဏီက ဖန်တီးလိုက် တာဖြစ်ပါတယ်။ အော်ဒါမှာယူခွင့်ပေးတဲ့ ရက်ပိုင်းအတွင်း ကုန်သွားပြီး ဒီဇင်ဘာလလောက် မှ ပြန်လည်ရရှိမယ်လို့ ဆိုပါတယ်။ စမတ်ဖုန်း၊ လပ်(ပ်)တော့၊ Tablet အစရှိသဖြင့် ပစ္စည်း စုံစုံလင်လင်နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Bluetooth ပါဖို့တော့ လိုပါတယ်။ သူက Bluetooth နဲ့ အလုပ် လုပ် တာ ဖြစ်ပါတယ်။
  ကီးဘုတ်အရွယ်အစား ကြီး/ငယ်ကို ကိုယ်လိုသလို ချိန်ညှိယူနိုင်ပြီး သာမန် ကွန်ပျူတာ တစ်လုံးသုံးသလိုပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်း နဲ့ Message ပို့တဲ့အခါ အလွယ်တကူ ရိုက်ပို့ နိုင်ပါတယ်။ အင်တာနက်သုံးရင် လည်း အဆင်ပြေပါတယ်။ အရွယ်အစား ကလည်း သော့ချိတ်သာသာပဲ ရှိပြီး သော့ချိတ်ပုံစံမျိုးပဲ ထုတ်လုပ်ထားတာ ဖြစ် ပါတယ်။ မြန်မာပြည် မှာလည်း မှာယူပေးမယ့် ကိုယ်စား လှယ်များ ရှိလာနိုင်ပါတယ်။ မူရင်း အင်တာနက်ကနေ တစ်ဆင့်ရောင်းချတဲ့ Brrokstone ရဲ့  လေဆာ ကီးဘုတ် (Virtual keyboard) ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://tinyurl.com/cdgb4qr
Ref...winkabarkyaw

Myanmar Windowsကို Virtual Box နဲ့သုံးရအောင် ( မြန်မာလို )


 မြန်မာဝင်းဒိုးဆိုတော့ စိတ်ဝင်စားကြမယ်ထင်ပါတယ်နော်  Tharlon OS( မြန်မာလိုအသုံးပြုနိုင်တဲ့ Ubuntu Linux ခြေပြု Operating System)  ကိုVirtual Box မှာထည့်သွင်းအသုံးပြုနည်းဖြစ်ပါတယ်  စိတ်ဝင်စားသူများ ဒေါင်းနိုင်ကြပါပြီ...

Ref.. winkabarkyaw
http://adf.ly/QZelx

မိုယက်စ် လက်ထက် ပထမဆုံး ရာသီတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ရန် ဖာဒီနန် မျှော်လင့်

  
မန်ချက်စတာ ယူနိုက်တက် အနေဖြင့် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်အောက်တွင်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဆက်လက်အားထုတ်နေမည်ဖြစ်ကြောင်း ရီယိုဖာဒီနန်ကပြော ကြားလိုက်သည်။ အင်္ဂလန်လက်ရွေးစင်ဟောင်း ဗဟိုနောက်ခံ ကစားသမားက ဂန္ထဝင် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားသည့်တိုင် ယူနိုက်တက်၏ ခေတ်တစ်ခု ကုန်ဆုံးသွားမည် မဟုတ်ဟု ပြိုင်ဘက်များအား သတိပေးခဲ့သည်။ ဖာဒီနန်က "မိုယက်စ် လက်အောက်မှာ ချန်ပီယံဆု ပြန်လည် ရယူရေးဟာ အင်မတန် ခမ်းနားတဲ့ အခြေအနေ ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ ရာသီက အကြိမ်(၂၀)မြောက် ချန်ပီယံဆုကို ကျွန်တော်တို့ ရခဲ့တယ်။ အကောင်းဆုံး ရာသီ တစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီထက် ပိုမျှော်လင့် ထားဆဲပါ။ လူသစ်တစ်ယောက် ဦးဆောင်တဲ့ ပထမဆုံး အားထုတ်မှုမှာတင် ချန်ပီယံ ဖြစ်လာမယ် ဆိုရင် သိပ်ကို ကောင်းမွန်တဲ့ အရာမျိုးလို့ ဆိုရမှာပါ" ဟု မှတ်ချက်ပြုခဲ့သည်။
  အသက်(၃၄)နှစ်ရှိ ဖာဒီနန်သည် ယူနိုက်တက်ကို မိုယက်စ် တာဝန် စယူရန် သဘော တူညီခဲ့ပြီးနောက် အသင်းနှင့် (၁)နှစ် သက်တမ်းတိုး စာချုပ်ခဲ့သည်။ ၎င်းက "မိုယက်စ်ဟာ တကယ့်ကို ဘောလုံးနဲ့ ကျင်လည် သက်ဝင်နေတဲ့ လူသားတစ်ယောက်ပါ။ ရိုးလည်းရိုးသားတယ်။ ပြီးတော့ သူ့ရဲ့အလုပ် ကြိုးစားချင်တဲ့ ကျင့်ဝတ် စောင့်ထိန်းမှုက သူ့ကို အောင်မြင်သူ တစ်ယောက် ဖြစ်လာစေပါတယ်။ လက်ရှိမန်နေဂျာနဲ့ အတူ ကျွန်တော်တို့မှာ သိပ်ကိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရှိနေဆဲပါ။ ရာသီသိမ်းပါတီပြီးတိုင်း ကျွန်တော်တို့ စဉ်းစားတာ နောက်ရာသီ အောင်မြင်ရေးအတွက်ပဲ ဖြစ်ပါတယ်။ မန်နေဂျာ အပြောင်းအလဲ ရှိပေမယ့် ကျွန်တော်တို့ရဲ့ ဆာလောင် တက်ကြွမှုက အရင်လိုပဲ ဖြစ်နေဆဲပါ" ဟုလည်း ဆက်လက် ပြောဆိုသွားခဲ့ သည်။ 
  မိုယက်စ်လက်အောက်မှာ ချန်ပီယံဆု ပြန်လည် ရယူရေးဟာ အင်မတန် ခမ်းနားတဲ့ အခြေ အနေ ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ရာသီက အကြိမ်(၂၀)မြောက် ချန်ပီယံဆုကို ကျွန်တော်တို့ရခဲ့တယ်။ အကောင်းဆုံး ရာသီတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီထက် ပိုမျှော်လင့် ထားဆဲပါ။ လူသစ် တစ်ယောက် ဦးဆောင်တဲ့ ပထမဆုံး အားထုတ်မှုမှာတင် ချန်ပီယံဖြစ်လာမယ်ဆိုရင် သိပ်ကောင်းမွန်တဲ့ အရာမျိုးလို့ ဆိုရမှာပါ...
Ref: The Sun

Ref: The Sun

ခွဲစိတ်ပြုပြင်ထားခြင်းမရှိကြောင်း နန်းဆုရတီစိုးပြော

   
 ယခုရက်ပိုင်းဖေ့ဘုတ်စ် စာမျက်နှာတွင်ပျံနှံနေသောသတင်းမှာ ကောလဟလသာဖြစ်ပြီး ရင်သားကိုခွဲ စိတ်ပြုပြင်ထားခြင်းမရှိကြောင်း နန်းဆုရတီစိုးက Venus News Weekly တွင်ပြောကြားသည်။ "ညီမခွဲစိတ်ပြုပြင်မူမလုပ်ထားပါဘူး၊ ဒီသတင်းဟာရယ်စရာကောင်းတဲ့ ကောလဟလသတင်းလို.ပဲထင်ပါ တယ်၊ ဒီလိုမြင်ကြတာလည်း အချို.အင်္ကျီတွမှာ ပိတ်သားမှာရင်ပုံခံတာတွေရှိတယ်၊ အဲဒါကြောင့် ကြီးသွားတယ်ထင်ပြီး သာမန်ရိုးရိုးဖက်ရှင်နဲ.ကျတော့ကွာသွားတာပေါ့နော်" သူမကပြောပါတယ်။
ဖေ့ဘုတ်စ်စာမျက်နှာတွင် အတည်မပြုနိုင်သောသတင်းဌာနများက မြန်မာမင်းသမီးများထဲမှ ပထမဆုံး ရင်သားခွဲစိတ်ပြုပြင်မှု နန်းဆုရတီစိုးမှ စတင်ခဲ့သည်ဆိုသောခေါင်းစဉ်ဖြင့် ဂျပန်နိုင်ငံတွင် ခွဲစိတ်ပြုပြင်ခဲ့ကြောင်း ရေးသားထားကြသည်။

Venus News Weekly

ရခိုင်အဆိုတော် ဒိုးရီ ၏ ဇနီးဖြစ်သူ မဥမ္မာထွန်း အသတ်ခံရ


   ရခိုင်တေးသံရှင် ဒိုးရီ ၏ ဇနီးဖြစ်သူ မဥမ္မာထွန်း (၃၂-နှစ်) မှာ ယနေ့ ၂၀၁၃-ခုနှစ် ဇွန်လ (၁၇) ရက်နေ့ ညနေ(၆) နာရီခန့်တွင် အိမ်နီးချင်းတစ်ဦး၏ ဓါးဖြင့်ထိုးသတ်ခြင်းခံရပြီး သေဆုံးသွားခဲ့သည်။
အဆိုပါ လူသတ်တရားခံ ဖြစ်သည်ဆိုသော ဦးမောင်တုတ် နှင့် မနေကတစ်ကြိမ် နှင့် ယနေ့ နေ့လယ်ပိုင်း ကတစ်ကြိမ် ကိုဒိုးရီတို့ လင်မယား နှင့် စကားများခဲ့ကြပြီးနောက် ညနေပိုင်းတွင် မဥမ္မာထွန်းမှာ ဦးမောင်တုတ်၏ ဓါးဖြင့်ထိုးသတ်ခြင်းကို ခံခဲ့ရသည်ဟုဆိုသည်။ တရားခံဖြစ်သူအား ယခုအချိန်အထိ ဖမ်းဆီးမိခြင်းမရှိသေးဘဲ ထွက်ပြေးလွတ်မြောက်လျက်ရှိနေသေးသည်။
   ကွယ်လွန်သူ မဥမ္မာထွန်းတွင် ကလေးသုံးယောက် ကျန်ရစ်ခဲ့ပြီး၊ အငယ်ဆုံးကလေးမှာ အသက်သုံးနှစ် အရွယ်မျှသာ ရှိသေးသည်။
 သတင်းနောက်ဆက်တွဲ
   ကွယ်လွန်သူ မဥမ္မာထွန်းအား ဘန်ဘက်ခါ သင်္ဂြုံလ်မည်ဖြစ်ပြီး၊ ဒိုးရီအားချစ်ခင်သူများက ၄င်း၏ဇနီး ဈာပနာတွင် စုပေါင်းကူညီ လှူဒါန်းပါဝင်ဆောင်ရွက်ပေးကြမည် ဖြစ်သည့်အတွက် အောက်ပါလူပုဂ္ဂိုလ်များ ဖုန်းနံပါတ်များထံ ဆက်သွယ်လှူဒါန်းနိုင်သည် ဟု အကြောင်းကြားကြပါသည်။

ဦးထွန်းအောင်စိန် - ၀၉၄၂၁၇၅၇၃၆၃

ကိုနိုင်စိုး - ၀၉၄၂၁၇၆၀၁၃၉

ကိုထွန်းလင်း - ၀၉၃၆၀၉၄၅၉၈

ကိုအောင်ကျော်သန်း - ၀၉၄၂၁၇၁၂၄၁၇



MyanmarNewsUpdates

မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ ကေတီဗွီနှင့်မာဆက်ဆိုင်ရှေ့တွင် လမ်းသွားလမ်းလာများအား ရန်ရှာရာမှ အုပ်စုဖွဲ့ရိုက်ပွဲဖြစ်


 မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ ကေတီဗွီနှင့်မာဆက်ဆိုင်သို့ လာရောက်သောက်စားသော လူအုပ်စုတစ် စုမှ (၁၆.၆.၂၀၁၃)နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က အရက်အလွန်အကျွံ မူးအောင်သောက်ကြပြီးနောက် ဆိုင်ရှေ့သို့ထွက်ကာ လမ်းပေါ်တွင်သွားလာနေသော ဆိုင်ကယ်စီးသူများအား တားဆီးနှောင့်ယှက်ရာမှ တစ်ဆင့် လူငယ်အုပ်စုတစ်စုနှင့်တွေ့ကာ အပြန်အလှန်ရိုက်နှက်ကြရာမှ တစ်ဦးဒဏ်ရာရရှိ သွားကြောင်း သိရသည်။ "ဒါများ အဆန်းလုပ်ပြီး ဖုန်းဆက်ပြီးမေးနေရသေးတယ်၊ အဲဒီကေတီဗွီမာဆက်နားမှာ အဲဒီလို ရိုက်မှုတွေ၊ ဆိုင်ကယ်အက်စီးဒင့်တွေက ခဏခဏဖြစ်နေတာပဲ။ ဆိုင်မှာလာသောက်စားကြ၊ ပြီးရင်လမ်း သွားလမ်းတွေပါ မချန်ပြဿနာလိုက်ရှာတာ ရန်တွေဖြစ်တာကရိုးနေပါပြီ။ ဒါရပ်ကွက်ထဲမှာကေတီဗွီ ၊မာဆက်တွေ ဖွင့်ခွင့်ပေးလို့ ဖြစ်လာတဲ့ အကျိုးဆက်တွေပဲ" ဟု မြို့သစ်ရပ်ကွက်တွင်နေထိုင်သူတစ်ဦး က ပြောကြားသည်။
   "အဆောင်က ကျောင်းသားတွေဆိုရင် အဲဒီကို ခဏခဏသွားကြတယ်၊ အိမ်ကပို့သမျှ ပိုက်ဆံလည်း အဲဒီကေတီဗွီ သွားတာနဲ့ ကုန်ကြတာပဲ၊ အဲဒီတက္ကသိုလ် နားလေးကဆိုင်က မာဆက်လည်းရတယ် ။ အဆောင်လခတောင် ပုံမှန်မပေးနိုင်ဘူး" ဟု ကွန်ပျူတာ တက္ကသိုလ်အနီးတွင် ယောကျာ်းလေးဆောင် ဖွင့်လှစ် ထားသူတစ်ဦးက ပြောကြားသည်။ "အရင်တုန်းက ဒီကွန်ပျူတာတက္ကသိုလ်နားမှာ အရက် ဆိုင်လေးတွေရှိတယ်၊ အဲဒါကျောင်းဧရိယာနဲ့မလွတ်လို့ဆိုပြီး သက်ဆိုင်ရာကဖယ်ခိုင်းတယ်၊ ဒါမျိုး ကြီးကျောင်းနားမှာ ဟိန်းထနေအောင် ဖွင့်ထားပြီး အရက်ဘီယာတောင်မကဘူး အထဲမှာမိန်းမပေါင်း များစွာ ရှိနေတဲ့ဆိုင်မျိုးကိုကျ မသိသလိုလုပ်နေတယ်၊ ဒါတောင် ဒီရပ်ကွက်က ၀န်ကြီးချုပ်နေတဲ့ရပ်ကွက်၊ လွှတ်တော်ရှိတဲ့ရပ်ကွက်ဆိုပဲ" ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။
    စစ်ကိုင်းတိုင်းဒေသကြီး၏ ဒီမိုကရေစီပြယုဂ်ဖြစ်သော လွှတ်တော်ကြီး တည်ရှိရာ မြို့သစ်ရပ်ကွက်သည် ဖာရပ်ကွက်ကဲ့သို့ ဖြစ်နေကြောင်း၊ ရပ်ကွက်သူရပ်ကွက်သားများမှာလည်း ညည်းတွားအပြစ်တင်လျက်ရှိ ကြကြောင်းကိုလည်း သိရသည်။ ကေတီဗွီ၊ မာဆက်ဖွင့်ပြီး စီးပွားရေးသမားများ၏ အကွက်ရှာငွေကြေး ရှာဖွေမှုများကို ခွင့်ပြုထားသောကြောင့် တက္ကသိုလ်ကျောင်းသားများ၏ ပညာရေးစိတ်မ၀င် စားနိုင်တော့သော အခြေအနေ၊ ၊ ရပ်ကွက်နေ မိကောင်းဖခင်သမီးများ ညပိုင်းအပြင်မထွက် ရဲသောအဖြစ်၊ လမ်းတွင်ဆိုင်ကယ်မောင်းရင်းဖြင့် ကိုယ့်အား အမူးသမားများက တားဆီးပြီး ပြဿနာရှာ ရန်လုပ်မည်ကို စိုးရိမ်နေရသောအဖြစ် စသည်ဖြင့် စိုးရိမ်စိတ်၊ကြောက်ရွံ့စိတ်များစွာသည် ရပ်ကွက်အတွင်းတွင် ရိုးသားအေးဆေးနေထိုင်ကြသော ပြည်သူလူထုများထံသို့ စိမ့်ဝင်ရောက်ရှိနေသည်မှာလည်း ကြာမြင့်ခဲ့ ပြီဖြစ်သည်။
  ကေတီဗွီ၊မာဆက်သွားရမှတစ်ဆင့် ထိတွေ့သာယာမှုများကြောင့် စွဲလမ်းသွားသည့်ယောကျာ်းဖြစ် သူကြောင့် ဒူးနှင့်မျက်ရည်သုတ်နေရသော အိမ်မှာကျန်ခဲ့သည့် မယားကြီးများ၊ ဖခင်၏အငွေ့အသက်ကို မရရှိသည်မှာ ကြာပြီဖြစ်ကြသော ကလေးငယ်လေးများ ၊ပျောက်ဆုံးသွားသောမိသားစုညစာများ၊ မှိုင်းမိရာ မှတစ်ဆင့် ညတင်မက နေ့ခင်းပိုင်းတွေထိပါ လာရောက်စားသောက် ပျော်ပါးရာမှတစ်ဆင့် လူမှုရေး၊ စီးပွားရေး ချွတ်ခြုံကျသွားကြသူများ၊ ငါ့မှာလည်း ပိုက်ဆံရှိတဲ့တစ်နေ့ ဒါမျိုးသွားပြီး ကဲလိုက်ဦးမယ်ဟုေ တးမှတ်ထားသော အခြေခံလူတန်းစားများ၊ ထိုနေရာမှာပျော်ပါးနေသူများမှာ ငွေရေးကြေးရေးများစွာ အဆင်ပြေနေသောကြောင့် လာရောက်သည်ကို သတိမထားမိဘဲ မိမိ၏လစာငွေလေးကို တစ်ညတည်းဖြင့် ကုန်အောင် ဖြုန်းမိရှာသော အတုခိုးမှား အပျော်ရှာမိသည့် လခစားလေးများ၊
   စူးစမ်းချင်စိတ်အရှိဆုံး အတုမြင်အတတ်သင်လွယ်သည့် ဆယ်ကျော်သက်ကလေးမလေး များ၏ မြင်ကွင်းတွင် မြင်တွေ့နေရသည်မှာ ဆံပင်နီများဆိုးထားသော၊ မိတ်ကပ်ဖွေးနေအောင် လိမ်းထားေ သာ၊ အ၀တ်အစား အကောင်းစားများအား ဖက်ရှင်ကျကျ ၀တ်စားထားကာ ငါးထောင်တန်အုပ်လိုက် ကိုင်သုံးနေသော မော်ဒယ်မြင့်ဖုန်းများ ကိုင်ဆောင်ထားသည့် အမျိုးသမီးငယ်လေးများ အုပ်စုလိုက်ရယ် ကာမောကာ ရှော့ပင်းထွက်နေကြသည့် မြင်ကွင်းသည် အဆိုပါကလေးများ၏ အတုယူ စရာ ဖြစ်သွားမည်ဆိုပါက မုံရွာမြို့၏ အနာဂတ်ဆိုသည်မှာ ရင်လေးဖွယ်ရာပင် ဖြစ်တော့သည်။ တက္ကသိုလ်များစွာရှိသော မုံရွာမြို့သို့ လွှတ်ကာ မိမိ၏ သားသမီးကို တက္ကသိုလ်တက်ခိုင်းရမည့် မိဘများ အတွက်ဆိုလည်း မုံရွာမြို့သည် ကေတီဗွီ၊ မာဆက် ပေါများရာမြို့၊ ရိုက်ပွဲနှက်ပွဲများ ခဏခဏဖြစ်ရာမြို့၊ ဆိုင်ကယ်အက်စီးဒင့် ခဏခဏဖြစ်ရာမြို့ ဖြစ်နေသည် ဖြစ်တော့ရာ မိမိ၏သားသမီးအား မုံရွာသို့ပညာ သင်စေလွှတ်ရမည့် အခြားမြို့ရွာမှ မိဘများအတွက်မူ အတော်ပင် ရင်လေးဖွယ်ရာဖြစ်ပေတော့သည်။

http://pdailyonlinenews.blogspot.com/

၂၀၁၅-၂၀၁၆ တွင် မိုဘိုင်းဖုန်းလိုင်း အင်အား ၁၄ သန်းထိ တိုးချဲ့မည်

သင်္ဃန်းကျွန်းမြို့နယ် ဇ တောင်ရပ်ကွက်တွင် ကျပ် ၁၅၀၀ ဖုန်းများမဲနှိုက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စောရည်နန္ဒာ)
ကုမ္ပဏီများဖွဲ့စည်းပြီး ပြုပြင်ပြောင်းလဲ မှုများကြောင့် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ကိုင်ဆောင်မည့် လူဦးရေ မှာ ၂၀၁၅-၂၀၁၆တွင် ၈၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဟု ခန့်မှန်းထားပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် လည်း မိုဘိုင်းဖုန်းလိုင်း အင်အားကို ၁၄ သန်းအထိ တိုးချဲ့လုပ်ကိုင်သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ကိုင်ဆောင် အသုံးပြုသည့် ဦးရေမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား လာသော်လည်း မြန်မာနိုင်ငံရှိ လူဦးရေအတွက်နှင့် တိုင်းတာပါက မိုဘိုင်းဖုန်း ကိုင်ဆောင်သည့် အရေအတွက် အလွန်နည်းပါးကြောင်း သိရသည်။  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ကုမ္ပဏီများ ဖွဲ့စည်းပြီးနောက် မိုဘိုင်းဖုန်းလိုင်း အင်အားကို နှစ်အလိုက် တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ပြီး ၂၀၁၃-၁၄ တွင် ဖုန်းလိုင်း လေးသန်း၊ ၂၀၁၄-၁၅ တွင် ဖုန်းလိုင်း ငါးသန်းနှင့် ၂၀၁၅-၁၆ တွင် ဖုန်းလိုင်း ငါးသန်းကို တပ်ဆင်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် ချက်များအရ သိရသည်။

''မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ''ဆက်သွယ်ရေး ကဏ္ဍမှာလည်း ပြုပြင်ဆောင်ရွက် မှုတွေ အများကြီး လုပ်နေပါတယ်။ နောက်ပြီးတော့ ပြည်ပဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီတွေက လည်း မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်မယ်ဆိုရင် မြန်မာ့ဆက်သွယ်ရေးကဏ္ဍဟာ အများကြီးပြောင်း လဲ လာမှာပါ''ဟု ဆိုသည်။  မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ၂၀၁၂-၁၃ တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၃- ၁၄ တွင် ၂၇ ရာခိုင်နှုန်း၊ ၂၀၁၄-၁၅ တွင် ရာခိုင်နှုန်း ၅၀ နှင့် ၂၀၁၅-၁၆ တွင် ၇၅ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိ တိုးတက်အောင် လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၏ ခန်မှန်းချက်များအရ သိရသည်။ မိုဘိုင်းဖုန်းများကို အဆင့်ဆင့် လျော့ချပြီး ရောင်းချပေးသော် လည်း မြန်မာနိုင်ငံတွင် လူတိုင်း မိုဘိုင်းဖုန်း ကိုင်ဆောင်နိုင်သည့် အနေအထားသို့ ရောက်ရှိနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Eleven Media Group

ကိုယ်ကျရာ တာဝန်ကို မညည်းမညူ လုပ်ဆောင်ခဲ့၍ ဇွန်အရေးတော်ပုံ အောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးမင်းကိုနိုင် ပြောကြား

 
ရန်ကုန်မြို့ ၌ ဇွန် ၁၆ ရက်က ပြုလုပ်ခဲ့သော ၁၉၈၈ ဇွန် ကျောင်းသားလှုပ်ရှားမှု ငွေရတု အထိမ်းအမှတ် အခမ်းအနား (ဓာတ်ပုံ-အောင်ဇော်ထွန်း)
 
ဇွန်လ ကျောင်းသား လှုပ်ရှားမှုများ အောင်မြင်ခဲ့ရခြင်းမှာ ကျောင်းသားအားလုံးက ကျရာတာဝန်ကို မညည်းမညူ ယူခဲ့ကြခြင်းနှင့် စုပေါင်းတာဝန်ခံနိုင် ခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ဇွန် ၁၆ ရက်က ကျင်းပသည့် ဇွန်အရေးတော်ပုံ ငွေရတုပွဲ အခမ်းအနား၌ ပြောကြားသည်။

ဦးမင်းကိုနိုင်က ''ကျွန်တော်တို့ အရေးတော်ပုံတစ်ခု အောင်မြင်ဖို့ဆိုရင် နေရာတွေရာထူးတွေက အဓိက မကျဘဲ တာဝန်ခွဲဝေမှုကသာ အဓိကကျတဲ့ အကြောင်းကို ဇွန်အရေးတော်ပုံက ပြခဲ့တာပါ။ အဲဒီအချိန် က ခေတ်မီ အွန်လိုင်းပေါ်က လစ်တစ်ချက် နှိပ်လိုက်ရုံနဲ့ လူတွေအများကြီး ဖတ်နိုင်တဲ့ အဆင့်မျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ကိုယ်ပိုင်စာကူးစက်မရှိပါဘူး။ ကျောင်းသားတွေရေးတဲ့ ဆန့်ကျင်စာ ကိုပြန့်စေချင်ရင် မီးချောင်းနဲ့ လှိမ့်ခဲ့ရပါတယ်။ ကျွန်တော်တို့ကတော့ မြန်မြန်ဆန်ဆန်ပဲ တောင်းဆို ချက်တွေကို ဗလာစာရွက်တွေမှာ လက်ရေးနဲ့ ရေးခဲ့ကြပါတယ်။

ကျောင်းသားတွေအားလုံး ၀ိုင်းပြီးတော့ ရေးခဲ့ကြလို့ ကျွန်တော်တို့ ထောင်နဲ့သောင်းနဲ့ချီပြီး ရန်ကုန်မြို့ မှာ ဝေလို့ရခဲ့ပါတယ်'' ဟု ပြောကြားသည်။ ထိုဆွေးနွေးပွဲတွင် ဇွန်လအရေးတော်ပုံ ကျင်းပရေး ကော်မတီ၏ သဘောထား ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ပြီး ၁၉၆၂ ခုနှစ်က ကျောင်းသားဟောင်းဖြစ်သော ဦးသာဘန်း၊ ၁၉၇၄-၇၅ ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ဦးမြင့်အေးတို့ကလည်း ၎င်းတို့၏ အတွေ့ အကြုံများကို ဝေမျှပေးခဲ့သည်။ ဦးသာဘန်းက ကျောင်းသားများရှိလျှင် ကျောင်းသားသမဂ္ဂ ရှိရမည်ဖြစ် ပြီး ကျောင်းသားသမဂ္ဂ ဆိုသည်မှာ ကျောင်းသားထု၏ လွှတ်တော်ဖြစ်သောကြောင့် ကျောင်းသားများ အနေနှင့် ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရန် ဆက်လက်တောင်းဆို သင့်သည်ဟု မျိုးဆက် သစ် ကျောင်းသားလူငယ်များကို ပြောကြားသည်။

ထို့အပြင် ဇွန်အရေးတော်ပုံကို စတင်ခဲ့သူ တစ်ဦးဖြစ်သော ကိုမောင်မောင်ကျော်ကလည်း ဇွန်လတုန်း က ကြွေးကြော်သံ သုံးရပ်ကို မူတည်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကျောင်းသားများ တောင်းဆိုခဲ့သော အချက်သုံးချက်မှ နံပါတ်တစ် အချက်ဖြစ်သည့် ဖမ်းဆီးကျောင်းသားများကို ပြန်လွှတ်ပေး ခဲ့သောကြောင့် ဇွန်လအရေးတော်ပုံသည် ထိခိုက်မှု အနည်းဆုံးနှင့် အောင်မြင်မှု ရရှိခဲ့သည့် အကြောင်းကို ပြောကြားသည်။

ထို့အပြင် ဇွန်လအရေးတော်ပုံ၏ ထူးခြားချက် တစ်ချက်ဖြစ်သည့် ကျောင်းသားများသည် အဖွဲ့အစည်း တစ်ခုတည်း၏ စည်းရုံးမှုကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ အဖွဲ့အစည်း အသီးသီး၊ အုပ်စုအသီးသီးမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည့်အတွက် ထောက်လှမ်းရေးများ အနေနှင့် အလွယ်တကူ ချေမှုန်းနိုင်ခြင်း မရှိခဲ့သည့် အကြောင်းကိုလည်း ပြောကြားခဲ့ပြီး အဆုံးတွင် ဇွန်လစိတ်ဓာတ်ကို အရင်း တည်ပြီး မြန်မာ့နိုင်ငံရေး အား ဆက်လက်လုပ်ဆောင် ကြပါရန် တိုက်တွန်းသည်။

ကိုမောင်မောင်ကျော်သည် အမေရိကန်နိုင်ငံ၌ နေထိုင်နေသူဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာစဉ် ဇွန်လအရေးတော်ပုံ ငွေရတုပွဲကို ပါဝင်ဆင်နွှဲခဲ့သူ တစ်ဦးဖြစ်သည်။ ထို့ပြင် မျိုးဆက်သစ်များ ဖြစ်ကြသော စည်သူမောင်နှင့် ဒီငြိမ်းလင်းတို့ကလည်း ၎င်းတို့၏ ကျောင်းသားလှုပ်ရှားမှု အတွေ့အကြုံများကိုလည်း ပြောကြားသည်။

Eleven Media Group

ဆောက်လုပ်ရေးလုပ်ငန်းများအား ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့် ပေးထားခြင်းကိုပြန်ပြင်သင့်

အစိုးရသစ်လက်ထက် ရောက်ရှိသည့်တိုင် ဆောက်လုပ်ရေး ကုမ္ပဏီကြီးများမှာ ယနေ့အထိ နည်းမျိုးစုံဖြင့် နှစ်စဉ်အခွန်ငွေ ကျပ်သန်းပေါင်း များစွာကို ရှောင်တိမ်းလျက်ရှိပြီး ဆောက် လုပ်ရေး ကုမ္ပဏီအများစုမှာ ပေးဆောင်သင့်သည့် အခွန်ထက် ၁၀ ပုံ တစ်ပုံမှ အပုံ ၁၀၀ ပုံကြားသာ အခွန်ပေးဆောင်နေကြောင်း သိရသည်။

ယင်းအပြင် စားသောက်ကုန်၊ လူသုံးကုန်မှအစ သတင်းစာအဆုံး လုပ်ငန်းအားလုံးအား ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများအား ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုထားခြင်းမှာလည်း သင့်လျော်ခြင်း မရှိပဲ ပြန်လည်ပြင်ဆင် သင့်ကြောင်း အခွန်ထမ်းဆောင်နေသည့် ကုမ္ပဏီများမှ ထောက်ပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၈၃၀ နှင့်အထက် ရှိနေသော်လည်း အမှန် တကယ် အခွန်ပေးဆောင်နေသည့် ကုမ္ပဏီမှာ မပြောပလောက်သည့် အရေအတွက်သာ ရှိကြောင်း သိရသည်။ အစိုးရသစ် ပထမဆုံး လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က လည်း မြန်မာနိုင်ငံ၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်း ထုတ်ပြန်ရာတွင် အဆိုပါ စာရင်း ၌ ဆောက်လုပ်ရေး ကုမ္ပဏီ ၂၀ သာ ပါဝင်လာခဲ့ပြီး မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးနှုန်း အမြင့်ဆုံး ရန်ကုန်မြို့တစ်ခွင် အဆောက်အအုံ အမြောက်အများ တည်ဆောက်သည့် ကုမ္ပဏီများ ပါဝင်မလာခဲ့ကြောင်း သိရသည်။
အစိုးရသစ်လက်ထက် ဒုတိယနှစ်ဖြစ်သော ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်းတွင်လည်း ယခင်ကကဲ့သို့ပင် နှစ်စဉ်ဝင်ငွေနှင့် သင့်တင့်စွာ အခွန်ပေးဆောင်နေ သည့် ကုမ္ပဏီ အချို့သာ ထပ်မံပါဝင် လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အထိ ထုတ်ပြန်ထားချက်များအရ ရန်ကုန်မြို့ရှိ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီများဖြစ်သည့် Naing Group, Father Land, Mother Land, နှင့် Shine တို့ကဲ့သို့ ကုမ္ပဏီကြီးများ အပါအ၀င် ဆောက်လုပ်ရေး ကုမ္ပဏီအချို့မှာ ထိပ်ဆုံး အခွန်ထမ်း စာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း သိရသည်။

ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦး ဆိုသည် မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က ၀င်ငွေခွန် ဆိုလျှင် ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ ပေးဆောင်ရုံဖြင့် အဆိုပါ စာရင်းတွင် ပါဝင်ခွင့်ရသည့် အနေအထား၌ ပင် ပါဝင်မလာခြင်းမှာ ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ ပင်မဆောင်ပဲ သင့်တင့်သည့် အခွန်ပင် ပေးဆောင်ခြင်း မရှိသည်မှာ ထင်ရှားခဲ့သည်။

နည်းမျိုးစုံဖြင့် အခွန်တိမ်းရှောင် နေသော်လည်း တီဗီနှင့် နိုင်ငံပိုင် သတင်းစာများတွင် မူ ကြော်ငြာအများဆုံး ထည့်သွင်းနိုင်သည့် ကုမ္ပဏီ အမျိုးအစားများထဲ၌ ဆောက်လုပ်ရေး ကုမ္ပဏီများ ပါဝင်နေသည်။ Naing Group ဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်လျက် ရှိသော ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုဆောက်လုပ်ရေး ကုမ္ပဏီများ အနေဖြင့် အခွန်ရှောင်တိမ်းရာတွင် အဓိကအားဖြင့် တိုက်ခန်း၊ ကွန်ဒို၊ မြေကွက်များအား ရာဖြတ်ရာတွင် အမှန်တစ်ကယ် အရောင်းအ၀ယ်ဖြစ်သည့် တန်ဖိုးထက် အဆပေါင်းများစွာ လျော့ချ၍ ရာဖြတ်ခြင်း၊ လုပ်ငန်း အရှုံးပြ၍ ၀င်ငွေခွန် မဆောင်ခြင်းတို့ ပြုလုပ်နေခြင်း ဖြစ်သည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီများအား သီးခြားအဖွဲ့ဖွဲ့ကာ တိကျစွာ စစ်ဆေးအခွန်ကောက်ရန် လိုအပ်နေပြီ ဖြစ်သည်။ ကွန်ဒိုတစ်ခန်းလျှင် လက်ရှိရန်ကုန် ၌ ကျပ်သိန်း ၁၅၀၀ ၀န်းကျင်မှ ကျပ်သိန်း ၅၀၀၀ အထိ ဈေးသတ်မှတ် ရောင်းချလျက်ရှိ ပြီး ဆောက်လုပ်ရေး ကုမ္ပဏီများသည် အနည်းဆုံး ၁၀ ရာခိုင်နှုန်း အမြတ်မှ အများဆုံး ၅၀ ရာခိုင်နှုန်းအထိ အမြတ်ရရှိကြောင်း သိရသည်။

ထိုသို့ အမြတ်အစွန်း ရရှိသည့် လုပ်ငန်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် မကောက်ပဲ ကင်းလွတ် ခွင့်ပြုထားခြင်းမှာ နိုင်ငံများစွာ နစ်နာသည့်အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံသင့်သည် ဟု ထောက်ပြကြခြင်း ဖြစ်သည်။ထိပ်ဆုံးအခွန်ထမ်း ၁၀ ဦးစာရင်းတွင် ပါဝင်သည့် ဆောက် လုပ်ရေး ကုမ္ပဏီလုပ်ငန်းရှင် တစ်ဦးက''ကျွန်တော့်အနေနဲ့ ကျပ်သန်း ၁၀၀၀၊ ၂၀၀၀ ကျော်လောက်ပဲ အခွန်ဆောင်တာတောင် ထိပ်ဆုံး အခွန်ထမ်း ၁၀ ဦးထဲပါတယ်။ အနည်းဆုံး ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ ဆောင်ရင်တောင်မှ ထိပ်ဆုံး အခွန်ထမ်း ၁၀၀ ဦး စာရင်းဝင်ပါတယ်။ ဒါက ၂၀၁၁-၂၀၁၂ အခွန်ထမ်း ၁၀၀ စာရင်းအရ ပြောတာ။ ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ ဆိုတာ နေရာကောင်းက ကွန်ဒိုအခန်း တစ်ခန်းစာပဲ ရှိပါတယ်။ ဒီတော့ သူတို့တွေ ပေးဆောင်သင့်တဲ့ အခွန်ရဲ့ ၁၀ ပုံ တစ်ပုံကနေ အပုံ ၁၀၀ ပုံ တစ်ပုံပဲ ဆောင်နေတာ ထင်ရှားနေတာပဲ။ ဒါက ပြည်တွင်းအခွန် အနေနဲ့ လုပ်ရမယ့် ကိစ္စပါ'' ဟု သုံးသပ် ပြောကြားခဲ့ သည်။

''ရန်ကုန်က နာမည်ကြီး ဆောက်လုပ်ရေး ကုမ္ပဏီကြီး တချို့က တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူတွေ၊ စည်ပင်တာဝန်ရှိ သူတွေနဲ့ ရင်းနှီး နီးစပ်တယ်လို့ သိရတယ်။ တချို့ကုမ္ပဏီ ကြီး တွေဆိုရင် ထိပ်ပိုင်းတာဝန် ရှိသူတွေကို ဘယ်လောက်ထိ ပေးနေလဲတော့ မသိ ဘူး။ အောက်ခြေ ၀န်ထမ်းတွေကို i Phone, i Pad တွေ ပေးတယ်လို့တောင် သိရပါတယ်'' ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

ဆောက်လုပ်ရေးကုမ္ပဏီ ၈၃၀ နှင့် အထက်တွင် ကုမ္ပဏီ ၂၀ သာ ကျပ်သိန်း ၄၀၀၀၊ ၅၀၀၀ နှင့် အထက် ပေးဆောင်သည်ဆိုလျှင် နိုင်ငံအတွက် နှစ်စဉ်အခွန်ငွေ မည်မျှနစ်နာသည် ကိုတွက် ချက်နိုင်မည် ဖြစ်သည်။ ထိုသို့ နိုင်ငံနစ်နာ စေသည်အထိ အခွန်တိမ်းရှောင်နေသည့် ဆောက် လုပ်ရေး ကုမ္ပဏီများအပေါ် အခွန်တိကျစွာ စိစစ်ကောက်ခံရန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကိုပါ ထည့်သွင်းကောက်ခံရန် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ စီစဉ်ရမည့်အစား ပို့ကုန် သွင်းကုန် ကုမ္ပဏီများအပေါ် ကြိုတင်ခွန်ကောက်ခံနေသည်မှာလည်း မေးခွန်းထုတ်စရာအဖြစ် ရှိနေသည် ဟု ဆိုကြသည်။

ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် တစ်ဦးက ''ပို့ကုန်သွင်းကုန် လုပ်ငန်းတွေကို အခွန် နှစ်ရာခိုင်နှုန်း ကြိုကောက်တယ်။ ဒီလောက် ၁၀ ပုံ ၁ ပုံပဲပေးပြီး အခွန်ရှောင်နေတဲ့ ကုမ္ပဏီကြီးကျတော့ ကုန်သွယ်ခွန်ပါ လွှတ်ပေးထားတာ ပြင်သင့်လား မသင့်လား။ ကုန်သွယ်ခွန်ပါ ကောက်သင့်လား မသင့်လား ပြည်တွင်းအခွန် သိပါတယ်'' ဟု ပြောပြခဲ့သည်။

Eleven Media Group