18.6.13

မြန်မာနိုင်ငံအနေနဲ့ ​၂၀၁၄ ​ခုနှစ်မှာ ​ကျင်းပမယ့် ​အရှေ့တောင်အာရှနိုင်ငံများ ​အသင်း ​အာဆီယံအစည်းအဝေးအတွက် ​အဆင်သင့်ဖြစ်လု ​နီးပါး ​အခြေအနေရှိ

  
အင်ဒိုနီးရှား​နိုင်ငံ​အခြေစိုက် ​မြန်မာသံအမတ် ​ဦးမင်းလွင်က ​ဂျာကတာပို့စ်ကို ​ပြောခဲ့တာဖြစ်ပြီး ​စက်တင်ဘာလ​လောက်မှာ ​အားလုံး​အ​ဆင်​သင့်​ဖြစ်မယ်လို့လည်း ​ပြောလိုက်ပါတယ်။၂၀၁၁ ​ခုနှစ် ​အင်ဒိုနီး ရှားနိုင်ငံမှာ ​ကျင်းပခဲ့တဲ့ ​အာဆီယံအစည်းအဝေး​အတွင်းမှာပဲ ​မြန်မာနိုင်ငံကို ​ဥက္ကဌအဖြစ် ​အ ​လှည့်​ပေး​ဖို့​မြန်မာနိုင်ငံက ​တောင်းဆို​လိုက်တာဖြစ်ပါတယ်။ ၂၀၁၄ ​ခုနှစ်မှာ ​ကျင်းပမယ့် ​အာဆီယံအစည်းအဝေးကို ​ကျင်းပဖို့ ​လာအိုနိုင်ငံက​အလှည့်ကျပေမယ့် ​မြန်မာက​တောင်းတဲ့အတွက် ​မြန်မာကို ​အလှည့်ပေး ​လိုက်တဲ့ အပေါ် ​တချို့​နိုင်ငံတွေက ​စိုးရိမ်မကင်း ​ဖြစ်ခဲ့ကြပါတယ်။
  ဒါပေမယ့် ​နောက်ပိုင်းမှာ ​မြန်မာနိုင်ငံရဲ့ ​ပြုပြင်ပြောင်းလဲမှု လမ်းစတွေကြောင့် ​အာဆီယံဥက္ကဌ အဖြစ် ​ဆောင်ရွက်ဖို့ ​ထိုက်တန်တယ်လို့ ​ယူဆပြီး ​အလှည့်ကျပေးလိုက်ကြတာ ​ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ​အလှည့်ရမယ်ဆိုတာ ​မသိရခင်ကတည်းက ​အသင့်ပြင်ဆင်တဲ့အနေနဲ့ ​မြန်မာနိုင်ငံက ​ဗိသုကာပညာ ရှင်တွေကို ​အင်ဒိုနီးရှားနဲ့ ​ကမ္ဘောဒီးယားနိုင်ငံကို ​စေလွှတ်ပြီး ​အစည်းအဝေးနေရာ ​လေ့လာတာတွေ ​လုပ်ခဲ့ ပြီး ​အဆင်သင့်ဖြစ်အောင် ​သွားလာရေးနဲ့ ​နေရာထိုင်ခင်းစနစ်တွေလည်း ​တိုးတက်အောင် ​လုပ်ဆောင်ထား ပြီလို ​အာဆီယံရေးရာညွန်ကြားရေးမှူး ​ဦးအောင်ထူးက ​ဂျာကတာပို့စ်ကို ​ပြောခဲ့ပါတယ်။အာဆီယံအစည်း အဝေးအတွင်း ​အဖွဲ့ဝင်နိုင်ငံတွေကြား ​အငြင်းပွားဖွယ်ရာ​ကိစ္စတွေ ​ဆွေးနွေးနိုင်တဲ့အတွက် အဲဒီအတွက် ​ပြင်ဆင်မှုတွေနဲ့ ​မီဒီယာတွေကို ​ဘယ်လို​ဆက်သွယ်​ကိုင်တွယ်​နိုင်မလဲ ဆိုတာတွေကို လည်း ​ပြင်ဆင်မှုတွေ ​လုပ်ထားကြောင်း ​ဖော်ပြထားပါတယ်။

Ref..radioaustralia.net.

0 comments:

Post a Comment