18.6.13

ဆန္ဒပြမှုများ အကြမ်းဖက် အသွင် ကူးပြောင်းပါက အရေးယူ ခံရမည်ဟု မျက်နှာဖုံးဖြူတပ် ဆန္ဒပြ သူများအား ဖြူထိုင်း ပါတီက သတိပေး ပြောကြား

ထိုင်းနိုင်ငံရှိ မျက်နှာဖုံးဖြူများ တပ်ဆင်ထားသော ဆန္ဒပြသူများ အပါအဝင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ များ အနေဖြင့် လူထုစုရုံးမှုများမှ တစ်ဆင့် အကြမ်း ဖက်မှုများအဖြစ် အသွင်ပြောင်း လဲစေရန် လုပ်ဆောင်
လာပါက တရားဥပဒေ အရ အရေးယူ ခံရမည် ဖြစ်ကြောင်း ဖြူထိုင်းပါတီက သတိပေး ပြောကြားခဲ့သည်ဟု ဇွန် ၁၆ ရက် Bangkokpost သတင်းတစ်ရပ်အရ သိရသည်။ မျက်နှာဖုံးဖြူများ တပ်ဆင်ထားသော ဆန္ဒပြ သူများနှင့် အစိုးရအား ထောက်ခံသော ရှပ်နီ ဝတ်များအကြား ဇွန် ၁၄ ရက်တွင် ပဋိပက္ခ ဖြစ်ပွားခဲ့ ပြီးနောက် ဖြူထိုင်းပါတီ လက်ထောက် ပြောရေးဆို ခွင့်ရှိသူ အာနူဆန် အီအမ်ဆာအက်၏ သတိပေးပြော ကြားမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ပဋိပက္ခသည် အင်အား ၅ဝ ရှိ မျက်နှာဖုံးဖြူ တပ်ဆင်ထားသော ဆန္ဒပြသူများနှင့် အင်အား ၁ဝဝ ခန့်ရှိ ရှပ်နီ ဝတ်များအကြား ဇွန် ၁၄ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲခန့်တွင် မြောင်ခရိုင်၌ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ ရှပ်နီဝတ်များသည် မျက်နှာဖုံးဖြူ တပ်ဆင်ထားသော ဆန္ဒပြသူများကို ရရာ ပစ္စည်း များဖြင့် ပစ်ပေါက်ခဲ့ပြီး မျက်နှာဖုံးဖြူများကိုင် ဆောင်ထားသည့် ''သက်ဆင် အစိုးရအား ဖြုတ်ချ''ဟူသော လက်ကိုင်ပိုစတာများကို လွှင့်ပစ်ခဲ့ကြောင်း၊ ထို့နောက် ထိုးကြိတ်တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် လူစုကွဲသွားခဲ့ကြောင်း သိရသည်။ အဆိုပါ မျက်နှာဖုံးဖြူ တပ်ဆင်ထား သူများသည် နိုင်ငံ၏မြို့တော် ဗန်ကောက်မြို့ရှိ အချက်အချာ ကျသည့် မြို့လယ်ကောင်တွင် ဇွန် ၁၆ ရက်က ထပ်မံ ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment