18.6.13

NLD ဘုန်းကြီး ရွှေညဝါလည်း ဦးဝီရသူ ရဲ့ အမျိုးစောင့်ဥပဒေကို အပြည့်အဝ ထောက်ခံပြီ


NLD ဘုန်းကြီးလို့ လူသိများတဲ့ သာဓုကျောင်းတိုက်မှ ရွှေညဝါ ဆရာတော် ကလည်း ဆရာတော်ဦးဝီရသူ တို့ တင်သွင်းတဲ့ အမျိုးစောင့်ဥပဒေကို ထောက်ခံကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဆရာတော်မှ ၎င်း ဥပဒေကို သံဃာအားလုံးက ထောက်ခံကြောင်း၊ သို့သော် မီဒီယာများက လိမ်ညာရေးသားနေကြကြောင်း၊ မီဒီယာများအနေဖြင့် တိုင်းပြည်ကို ချောက်ထဲ ဆွဲမချကြသင့်ကြောင်း၊ ဒီမိုကရေစီ ဘိုးအေး အမေရိကန်နိုင်ငံ ပင်လျှင် အမျိုးအသားအကျိုးစီးပွားအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေကြောင်း၊ မြန်မာနိုင်ငံလည်း အမျိုးသားရေးအတွက် လူ့အခွင့်အရေး အနည်းအကျဉ်း ချိုးဖောက်တာ ဖြစ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 
ရွှေညဝါ ဆရာတော်ဟာ NLD ပါတီ ဘာသာရေးပွဲလုပ်တိုင်း တစ်ဦးတည်း တာဝန်ယူလုပ်ဆောင်ရလေ့ရှိပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်စဉ်ကလည်း သီးခြား အမည်နာမဖြင့် ဖိတ်ကြားခြင်းခံထားရသူ ဖြစ်ပါတယ်။
ဦးဝီရသူ ဦးဆောင်တင်သွင်းသော အမျိုးစောင့်ဥပဒေကို ရွှေဝါရောင်တော်လှန်ရေး ဘုန်းကြီးများက လွဲ၍ ဗုဒ္ဒဘာသာ သံဃာအားလုံးနီးပါးက ထောက်ခံလျှက်ရှိပြီး မီဒီယာများကတော့ သံဃာများ က မထောက်ခံဟု လိမ်ညာဝါဒဖြန့်လျှက်ရှိပါတယ်။
Ref: MMExpress

0 comments:

Post a Comment