Kevin Rudd
ကတော့ သူ့ အနေနဲ့ အတိုက်အခံခေါင်းဆောင် Tony Abbott ကို
ၾသစေတ်းလ် နိုင်ငံရဲ့ ဝန်ကြီးချုပ်တစ်ဦး မဖြစ်ရလေအောင် စွမ်းဆောင်နိုင်သမျှကို စွမ်းဆောင်သွားမယ်လို့ သာပြောပြီး ခေါင်းဆောင်ပိုင်း
စိန်ခေါ်မှု လုပ်မလားဆိုတာကိုတော့ မတုန့်ပြန်ခဲ့ ပါဘူး။ အတိုက်အခံခေါင်းဆောင်
Tony Abbott ကတော့လူထုတွေအနေနဲ့ အပြောင်းအလဲတွေ လိုလားနေပြီး ၊
လေဘာပါတီတွင်း ခုန်နေရာလုပွဲကို ငြီးငွေ့နေကြပြီ လို့ဆိုပါတယ်။
ၾသစေၾတးလ်
နိုင်ငံက ဒီကနေ့ မနက်ထုတ် တဲ့သတင်းစာတွေမှာတော့ Kevin rudd
အနေနဲ့ ဝန်ကြီးချုပ်နေရာပြန်ရဖို့ ပါတီတွင်းမှာ လုံလောက်တဲ့
ထောက်ခံချက် အရည်အတွက်ကို ရရှိနေုပြီဖြစ်တဲ့ အကြောင်း၊ သူ့ကိုပြီးခဲ့တဲ့ ၃နှစ်ကဖြုတ်ချပြီးနောက်ပိုင်း တချိန်တခါမှာ လိုအပ်တဲ့
ထောက်ခံမှုအရေ အတွက်ကို မရနိုင်ခဲ့ပေမဲ့ အခုအခါမှာ ရရှိသွားပြီလို့
သူ့ကို ထောက်ခံသူတွေ ကပြော နေကြပြီ ဖြစ်ပါတယ်။
ဒါပေမဲ့
ပါတီတွင်းမှာ တခဲနက် လက်ရှိဝန်ကြီးချုပ်ကို ဖယ်ထုတ်ဖို့ ထောက်ခံမှု
ရှိမှသာလျှင်ခေါင်းဆောင် အပြောင်းအလဲ ဖြစ်လာနိုင်မှာဖြစ်ပြီး
ပါတီတွင်း အကြီးတန်းဝန်ကြီးတွေအနေနဲ့ ရှင်းရှင်းပြတ်ပြတ်
ဆုံးဖြတ်ချက် ချရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲမတိုင်မှီ
လွှတ်တော် အစီးအဝေးနား ဖို့ ၂ ပါတ် အလို ဒီကနေ့မနက်မှာ ပါတီတွင်းအကြီးတန်း အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။
Ref...radioaustralia.net
0 comments:
Post a Comment