18.6.13

ကချင်ပြည်နယ်တွင် တန်ဖိုးနည်းဖုန်းများ မြို့နယ်တိုးချဲ့ ရောင်းချမည်

ဆက်သွယ်ရေးလိုအပ်ချက် မြင့်မားနေသော ကချင်ပြည်နယ်တွင် တတိယအကြိမ်မြောက် ရောင်းချပေး မည့် ကျပ်၁၅၀၀ တန် CDMA 800 MHz ဖုန်းများကို မြို့နယ်တိုးချဲ့ကာ ရောင်းချပေးသွား မည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဆက်သွယ်ရေး မန်နေဂျာ ဦးအောင်ဖြိုးမြတ်က ပြောကြားသည်။

တတိယ အကြိမ်မြောက် ကျပ် ၁၅၀၀ တန်ဖုန်းကို ဇွန်လ ၂၀ ရက်နေ့ နောက်ပိုင်းတွင် ဖုန်းအလုံးရေ ၃၇၅၀ လုံးကို ရောင်းချပေးမည်ဖြစ်ပြီး CDMA 800 MHz လိုင်းမိသော မြို့နယ် ၁၂ ခုကို ခွဲတမ်းချ ရောင်းချပေးရန် စီစဉ်လျက် ရှိကြောင်း ၎င်းကရှင်းပြသည်။ “CDMA 800 MHz လိုင်းမိတဲ့ မြို့နယ်နဲ့ မြို့နယ်ခွဲတွေ အားလုံး ကို ရောင်းချ ပေးမှာပါ”ဟု ၎င်းကဆိုသည်။ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ဧပြီလတွင် ပထမဆုံး စတင်ရောင်းချခဲ့သော ကျပ် ၁၅၀၀ တန် CDMA 800 MHz ဖုန်းကို ကချင်ပြည်နယ်အတွက် ဖုန်း ၄၅၆၇ လုံး ခွဲတမ်းရရှိခဲ့ရာ မြစ်ကြီးနား၊ မိုးညှင်းနှင့် ကန်တော်ယန်မြို့နယ် တို့တွင်သာ ရောင်းချခဲ့ပြီး ဒုတိယ အကြိမ်မြောက်တွင် ဖုန်း ၃၀၅၀ ရောင်းချခဲ့ရာတွင်လည်း မြစ်ကြီးနားမြို့နှင့် ကန်တော်ယန်မြို့နယ် တို့တွင် သာ ရောင်းချခဲ့သည်။

လက်ရှိ အနေအထားအရ ကချင်ပြည်နယ်တွင် ဖုန်းလိုင်းများပြတ်တောက်ခြင်း၊ လိုင်းမိသော်လည်း ခေါ် ဆို၍မရခြင်း အစရှိသော ဆက်သွယ်မှု အဆင်မပြေမှုများ ရက်ဆက်ကြုံတွေ့ နေရကြောင်း ဖားကန့်၊ မြစ်ကြီးနား၊ ဗန်းမော်မြို့နယ် တို့ကိုဆက်သွယ် မေးမြန်ချက် များအရ သိရသည်။ ကချင်ပြည်နယ် တွင် ကိုယ်ပိုင်ဆက်သွယ်ရေးကွန်ရက် မရှိသည့်အတွက် မန္တလေးမှလာသော မိုက်ခရိုဝေ့ကို အဆင့်ဆင့် ဖမ်းယူ သုံးစွဲရသည့်အတွက် ဖုန်းလိုင်းများ အဆင်မပြေ ဖြစ်သော်လည်း ယခုရောင်းချသည့် ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းကွန်ရက်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ကချင်ပြည်နယ် ဆက်သွယ်ရေး အရာရှိ တစ်ဦးက ပြောကြားသည်။

The Voice

0 comments:

Post a Comment