ဒီVirus ပါတဲ့စာအုပ်ကို ဖွင့်ဖတ်လိုက်တဲ့အခါမှာ Message Box လေးပွင့်လာပါတယ် အဲဒီလိုပွင့်လာတဲ့ အချိန်မှာပဲ ၀င်းဒိုးဟာ Restart ဆိုပြီးကျသွားပြီး ပြန်တက်မလာတော့ပါဘူး..... အဲ့လိုဖြစ်သွား ရင်တော့ Harddisk ကြီးတစ်ခုလုံးကို format ရိုက်ပြီး Clean Install နည်းနဲ့ ၀င်းဒိုးအသစ် ကို ပြန်တင်လိုက်မှ ၀င်းဒိုးဟာ အရင်လိုပဲ အဆင်ပြေပြေနဲ့ ပြန်သုံးလို့ရမှာဖြစ်ပါတယ်။ အဲ့ဒီ Virus ကို Antivirus နဲ့ရော Online Virus Scan လုပ်ကြည့်ရင်လည်း ဗိုင်းရပ်မတွေ့ပါဘူး..ဒီကောင်လေးဟာဆိုရင် သာမန် Data တွေကြားထဲမှာ Javascript ကုဒ်တွေနဲ့ ရေးထားတာပါ.. အဲဒီကုဒ်တွေကိုဟာ File format တူရာအချင်းချင်းဆီကို ကူးစက်အောင် Command ပေးထားတဲ့ ဗိုင်းရပ်ကုဒ်တွေပါ။
pdf ဗိုင်းရပ်ဟာ ကမ္ဘာနဲ့အ၀ှမ်း တော်တော်လေးပြန့်ပွားနေတဲ့
ကြောက်စရာဗိုင်းရပ်မျိုးဖြစ်ပါတယ်။
pdf ဗိုင်းရပ်ဟာ exe ဖိုင်မျိုးမဟုတ်လို့ Antivirus ဆော့ဝဲတွေရဲ့ စစ်ဆေးမှုကနေ လွတ်မြောက်နိုင်ပါတယ်။ pdf ဖိုင်ထဲမှာ
Injection လုပ်မယ့် Java Script ကုဒ်တွေထဲမှာ keylogger လို
အကောင့်တွေခိုးနိုင်တဲ့
ကုဒ်လိုမျိုးတွေများ Injection လုပ်လာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ pdf ဖိုင်တွေကို ဖွင့်ကြည့်ဖို့ Adobe Reader ... Adobe Acrobat တို့လို ဆော့ဝဲမျိုးတွေကို သုံးလေ့ရှိပါတယ် ဘယ်ဆော့ဝဲကိုပဲ သုံးသုံး အဲဒီ ပရိုဂရမ်ကိုဖွင့်လိုက်ပါ
ကုဒ်လိုမျိုးတွေများ Injection လုပ်လာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ pdf ဖိုင်တွေကို ဖွင့်ကြည့်ဖို့ Adobe Reader ... Adobe Acrobat တို့လို ဆော့ဝဲမျိုးတွေကို သုံးလေ့ရှိပါတယ် ဘယ်ဆော့ဝဲကိုပဲ သုံးသုံး အဲဒီ ပရိုဂရမ်ကိုဖွင့်လိုက်ပါ

ပြီးရင် Edit ကနေ Prefrence ကိုနှိပ်ပါ။ ပွင့်လာတဲ့ထဲက Java Script ကိုနှိပ်ပြီး ညာဖက်ကပွင့်လာ တဲ့ထဲမှာရှိတဲ့ Enable Java Script ရဲ့ရှေ့က အမှန်ခြစ်လေးကို ကလစ်ပေးပြီး ဖြုတ်ပစ်လိုက်ပါ

ပြီးရင် Ok ကိုနှိပ်ပေးလိုက်ပါ။ ဒါဆိုရင် pdf ဗိုင်းရပ်ကို လုံးဝကာကွယ်ထားနိုင်ပြီဖြစ်ပါတယ်။ အခုလိုကာုကွယ်ထားပြီးပြီဆိုရင် Online က ရလာတဲ့ pdf ဖိုင်တွေထဲမှာ ဗိုင်းရပ်ကုဒ်ကို Injection လုပ်ထားတဲ့ pdf virus များပါလာရင် အဲဒီ pdf ဖိုင်ကိုဖွင့်လိုက်တဲ့အခါ အောက်ကပုံအတိုင်း java script ကို ပိတ်ထားတဲ့အတွက် အဆင်မပြေကြောင်း Message လေးပါ ကပ်ပွင့်လာပါလိမ့်မယ် ။

အဲဒီလိုဆိုရင်တော့ အဲဒီ pdf ဖိုင်မှာ ဗိုင်းရပ်မဟုတ်ခဲ့ရင်တောင် java script ကုဒ်တွေကို Injection လုပ်ထားပြီဖြစ်ပါတယ်
Ref..aungsanmks
0 comments:
Post a Comment