18.6.13

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီနှင့် အစိုးရတို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးမည် ၂ ရာခိုင်နှုန်း အခွန်စတင်ပြီးနောက် တန်ဆာခများ ဈေးကျ

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ သံအမတ်နှင့် ကယားလက်နက်ကိုင် အဖွဲ့များ တွေ့ဆုံစဉ် (ဓာတ်ပုံ-နွဲ့ယဉ်အေး)

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ကိုယ်စားလှယ်များနှင့် ၀န်ကြီးဦးအောင်မင်း ဦးဆောင်သော အစိုးရကိုယ်စားလှယ်များ လွိုင်ကော်မြို့ရှိတပ်နယ်ခန်းမတွင် ဒုတိယအ ကြိမ်ပြည်ထောင် စု အဆင့် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်ဟု KNPP ဆက်ဆံရေးရုံး တာဝန်ခံအရာရှိခူးဒယ်နရယ် က ပြောကြား သည်။ ဆွေးနွေးပွဲ ပြုလုပ်မည့်ရက်မှာ ဇွန် ၁၉ ရက် သို့မဟုတ် ၂၀ ရက်ဟု သတ်မှတ်ထားပြီး အစိုးရကိုယ်စားလှယ် အဖွဲ့ ရောက်ရှိမည့် ၁၈ ရက်တွင် နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံ၍ ဆွေးနွေး ပွဲရက်ကို အတည်ပြု ပြော ကြားမည်ဟု သိရသည်။

ထိုပွဲသို့ တက်ရောက်မည့် KNPP မှ ကိုယ်စားလှယ်များအဖြစ် အတွင်းရေးမှူး (၁) ခူးဦးရယ်၊ အတွင်းရေးမှူး (၂ ) ဦးအောင်ဆန်းမြင့်နှင့် စစ်ဦးစီးချုပ်ဗိုလ်ချုပ် ဘီထူးတို့ ပါဝင်ကြမည်ဟု သိရသည်။ အစိုးရဘက် ကတော့ ၀န်ကြီးဦးအောင်မင်းနဲ့ ဘယ်သူတွေ ပါမယ်ဆိုတာ တိကျမသိသေးပါဘူး။ ကျွန်တော်တို့ ကတော့ ဆွေးနွေးပွဲမှာ ပထမအကြိမ်က ဆွေးနွေးထားတဲ့ အချက်တွေကို အဓိကထား ဆွေးနွေးသွားပါ မယ်။

တပ်နေရာချထားမှု ၊ ဒုက္ခသည်အရေး၊ မြေမြှုပ်မိုင်းကိစ္စတွေ ပါမှာပါ။ အစိုးရ ဘက်ကတော့ဘယ်လိုပြင်ဆင် လာမယ်ဆိုတာ မသိပါဘူး။ အတိုင်းအတာ ဘယ်လောက်ထိ လုပ်ပေးမယ် ဆိုတာလည်း မသိနိုင်ပါဘူး။ ကျွန်တော်တို့ကတော့ လူထုရဲ့ သဘောထားတွေကိုလည်း တင်ပြသွားမှာပါ။ ဒုတိယအကြိမ် တွေ့ဆုံမှု အတွက် ပြင်ဆင်ထားမှုနှင့် ပတ်သက်ပြီး တာဝန်ခံ ခူးဒယ်နရယ်က ''အစိုးရဘက်ကတော့ ၀န်ကြီး ဦးအောင်မင်းနဲ့ ဘယ်သူတွေ ပါမယ်ဆိုတာ တိကျမသိသေးပါဘူး။ ကျွန်တော်တို့ကတော့ ဆွေးနွေးပွဲမှာ ပထမအကြိမ်က ဆွေးနွေးထားတဲ့ အချက်တွေကို အဓိကထား ဆွေးနွေးသွားပါမယ်။ တပ်နေရာချထားမှု ၊ ဒုက္ခသည်အရေး၊ မြေမြှုပ်မိုင်းကိစ္စတွေ ပါမှာပါ။ အစိုးရ ဘက်ကတော့ ဘယ်လိုပြင်ဆင်လာမယ်ဆိုတာ မသိပါဘူး။ အတိုင်းအတာ ဘယ်လောက်ထိ လုပ်ပေးမယ် ဆိုတာလည်း မသိနိုင်ပါဘူး။ ကျွန်တော်တို့ ကတော့ လူထုရဲ့ သဘောထားတွေကိုလည်း တင်ပြသွားမှာပါ'' ဟု ဆက်လက်ရှင်းပြသည်။

ပထမအကြိမ် တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းတွင် ပြည်နယ်အတွင်း၌ ရွာသစ်ဆည် တည်ဆောက်ရေး စီမံကိန်းအား ကန့်ကွက်ခြင်း၊ ပြည်နယ်အစိုးရမှ တပ်များပြန်လည် ရုပ်သိမ်းရေး၊ အမှတ်(၁၄) တန်းမြင့် စစ်သင်တန်းကျောင်း တည်ဆောက်မှုများ ရပ်တန့်ရေးနှင့် လူမှုရေးစင်တာအဖြစ် အသုံးပြုရေး၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ရွာသစ်ဆည် တည်ဆောက်ခြင်းကို ရပ်တန့်ရန် ဆုတောင်းပွဲပြုလုပ်ခွင့် တောင်း ခံခြင်း များအား KNPP အပါအ၀င် လူထုများမှ တောင်းဆိုကြသော်လည်း မအောင်မြင်ဘဲ ဆက်လက်တည် ရှိ နေခဲ့သည်။

ယခုကဲ့သို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ မတိုင်မီ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် လက်နက်ကိုင် အဖွဲ့ကိုယ်စားလှယ် KNPP ခေါင်းဆောင်-ဒုဥက္ကဋ္ဌ အေဘယ်တွိတို့ ပြည်ထောင်စုအဆင့် အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။

Eleven Media Group

0 comments:

Post a Comment