18.6.13

မိုယက်စ် လက်ထက် ပထမဆုံး ရာသီတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ရန် ဖာဒီနန် မျှော်လင့်

  
မန်ချက်စတာ ယူနိုက်တက် အနေဖြင့် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်အောက်တွင်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဆက်လက်အားထုတ်နေမည်ဖြစ်ကြောင်း ရီယိုဖာဒီနန်ကပြော ကြားလိုက်သည်။ အင်္ဂလန်လက်ရွေးစင်ဟောင်း ဗဟိုနောက်ခံ ကစားသမားက ဂန္ထဝင် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားသည့်တိုင် ယူနိုက်တက်၏ ခေတ်တစ်ခု ကုန်ဆုံးသွားမည် မဟုတ်ဟု ပြိုင်ဘက်များအား သတိပေးခဲ့သည်။ ဖာဒီနန်က "မိုယက်စ် လက်အောက်မှာ ချန်ပီယံဆု ပြန်လည် ရယူရေးဟာ အင်မတန် ခမ်းနားတဲ့ အခြေအနေ ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ ရာသီက အကြိမ်(၂၀)မြောက် ချန်ပီယံဆုကို ကျွန်တော်တို့ ရခဲ့တယ်။ အကောင်းဆုံး ရာသီ တစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီထက် ပိုမျှော်လင့် ထားဆဲပါ။ လူသစ်တစ်ယောက် ဦးဆောင်တဲ့ ပထမဆုံး အားထုတ်မှုမှာတင် ချန်ပီယံ ဖြစ်လာမယ် ဆိုရင် သိပ်ကို ကောင်းမွန်တဲ့ အရာမျိုးလို့ ဆိုရမှာပါ" ဟု မှတ်ချက်ပြုခဲ့သည်။
  အသက်(၃၄)နှစ်ရှိ ဖာဒီနန်သည် ယူနိုက်တက်ကို မိုယက်စ် တာဝန် စယူရန် သဘော တူညီခဲ့ပြီးနောက် အသင်းနှင့် (၁)နှစ် သက်တမ်းတိုး စာချုပ်ခဲ့သည်။ ၎င်းက "မိုယက်စ်ဟာ တကယ့်ကို ဘောလုံးနဲ့ ကျင်လည် သက်ဝင်နေတဲ့ လူသားတစ်ယောက်ပါ။ ရိုးလည်းရိုးသားတယ်။ ပြီးတော့ သူ့ရဲ့အလုပ် ကြိုးစားချင်တဲ့ ကျင့်ဝတ် စောင့်ထိန်းမှုက သူ့ကို အောင်မြင်သူ တစ်ယောက် ဖြစ်လာစေပါတယ်။ လက်ရှိမန်နေဂျာနဲ့ အတူ ကျွန်တော်တို့မှာ သိပ်ကိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရှိနေဆဲပါ။ ရာသီသိမ်းပါတီပြီးတိုင်း ကျွန်တော်တို့ စဉ်းစားတာ နောက်ရာသီ အောင်မြင်ရေးအတွက်ပဲ ဖြစ်ပါတယ်။ မန်နေဂျာ အပြောင်းအလဲ ရှိပေမယ့် ကျွန်တော်တို့ရဲ့ ဆာလောင် တက်ကြွမှုက အရင်လိုပဲ ဖြစ်နေဆဲပါ" ဟုလည်း ဆက်လက် ပြောဆိုသွားခဲ့ သည်။ 
  မိုယက်စ်လက်အောက်မှာ ချန်ပီယံဆု ပြန်လည် ရယူရေးဟာ အင်မတန် ခမ်းနားတဲ့ အခြေ အနေ ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ရာသီက အကြိမ်(၂၀)မြောက် ချန်ပီယံဆုကို ကျွန်တော်တို့ရခဲ့တယ်။ အကောင်းဆုံး ရာသီတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီထက် ပိုမျှော်လင့် ထားဆဲပါ။ လူသစ် တစ်ယောက် ဦးဆောင်တဲ့ ပထမဆုံး အားထုတ်မှုမှာတင် ချန်ပီယံဖြစ်လာမယ်ဆိုရင် သိပ်ကောင်းမွန်တဲ့ အရာမျိုးလို့ ဆိုရမှာပါ...
Ref: The Sun

Ref: The Sun

0 comments:

Post a Comment