16.6.13

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

“အရင်ကတော့ ကျွန်တော်တို့ ရဲနဲ့ တရားသူကြီးတွေကို ယုံကြည်လို့ရတယ် ထင်ခဲ့တာ အခုတော့ မရတော့ ဘူး။ သူတို့ပြောင်းလိုက်တဲ့ ပုဒ်မက ဒဏ်ငွေလောက်နဲ့ ပြီးသွားနိုင်တယ်။ အမှန်အတိုင်းပဲ ဖြစ်စေချင်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ယင်းအမှုသည် ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၁၆ရက်နေ့တွင် အဆိုတော် SZ(ခ)ရွှေဇံမျိုးဟိန်း၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေအပါအဝင် ၇ဦးအား ပုဒ်မ (၂၉၄/၃၂၅/၁၁၄)တို့ဖြင့် တရားစွဲဆိုခဲ့ရာ ရုံးချိန်း (၃၁)ကြိမ် သွားရောက်ခဲ့သည့်အပေါ်တွင် တရားပြိုင်များအနေဖြင့် ရုံးချိန်း(၂၀)ခန့် ပျက်ကွက်ခဲ့ကြောင်းနှင့် ၎င်းတို့အနေဖြင့် ရုံးနှင့် အလွန်ရင်းနှီးမှုရှိနေပြီး တရားဥပဒေရ တရားရင်ဆိုင်နေသူများသည် နိုင်ငံခြားသို့ သွားရောက် နေမှုများကို တရားရုံးမှ ခွင့်ပြုထားသည့်အပြင် ယခုလ ၁၁ ၇က်နေ့တွင် တရားရုံးမှ ပုဒ်မပြောင်းလဲ စွဲဆိုလိုက်သဖြင့် ကျေနပ်မှုမရှိကြောင်း ဆက်လက် ပြောကြားသည်။

“ကျွန်တော် လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း လာခေါ်တယ်။ စကားပြောချင်လို့ဆိုပြီး နောက်တော့ ကျွန်တော်ကို ဝိုင်းရိုက်တာပဲ။ အရင်ဆုံး SZက အုတ်ခဲ့နဲ့ ရိုက်လိုက်တယ်။ ဂျောက်ဂျက်က တုတ်နဲ့ ပြီးတော့ ကျော်ထွဋ်ဆွေကတော့ ဘေးမှာရပ်ကြည်နေတယ်”ဟု အရိုက်ခံရသူ ညိုဝင်းထွန်းက ပြောကြား သည်။ ပန်းပဲတန်းရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ စပြီးစွဲတုန်းကတော့ ၂၉၄/၃၂၅/၁၁၄နဲ့ သာမန် ဒဏ်ရာဖြစ်နေလို့ ၃၂၅ ကနေ ၃၂၃ ပြောင်သွား တာဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသွားသည်။

ပိုင်လေး

0 comments:

Post a Comment