16.6.13

ဆန်စက်များမှ စွန့်ပစ်ပစ္စည်းများ မြစ်တွင်းစွန့်ပစ်မှုကြောင့် မြောင်းမြမြစ်ရေ ညစ်ညမ်းလာ

မြောင်းမြမြို့တွင်းရှိ ဆန်စက်တစ်ခုမှ ရေဆိုးနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ထုတ်နေစဉ်

မြောင်းမြမြစ်ကမ်း နံဘေးတစ်လျှောက် လည်ပတ်လျက်ရှိသော ဆန်စက်အချို့ရှိ စပါးခွံများနှင့် စွန့်ပစ်ပစ္စည်းများကို မြစ် အတွင်း စွန့်ပစ်လျက်ရှိလာသောကြောင့် မြစ်ရေညစ်ညမ်းလာပြီး မြစ်ကြောင်းတိမ်ကောမည့်ဘေးနှင့် ရင်ဆိုင်လာ ရကြောင်း သတင်း ရရှိသည်။

"ဆန်စက်အကုန်လုံးလို့ မပြောချင်ဘူး။ အတော်များများက စွန့်ပစ်နေကြတာ။ မိုးတွင်းမှာပိုလုပ်တယ်။ စပါးကြိတ်ပြီး ပိုလာတဲ့ စပါးခွံတွေကို မြစ်ထဲသွန်ပစ်ကြတာ မြစ်ကြောင်းက တဖြည်းဖြည်းနဲ့ တိမ်ကောလာတာပေါ့" ဟု မြစ်ကြောင်းစောင့် ကြည့် လေ့လာသူ ၀ါရင့်ရေယာဉ်မောင်း တစ်ဦးက သုံးသပ်သည်။ မြောင်းမြမြစ်ရေ အတွင်းမှရေ ကို မြို့နယ်ရေပေးဝေရေးမှ ရေသန့်စင်စက်များနှင့် သန့်စင်ပြီး မြို့နယ်အတွင်း ဖြန့်ဝေပေးလျက် ရှိသည်။ "သောက်ရေ ကို ဈေးနဲ့မြို့လယ်မှာ နေတဲ့သူ အတော်တော်များက မြစ်ရေကို သန့်စင်ဖြန့်ဝေ ပေးတာကနေ သုံးနေတာ။ အခု စွန့်ပစ် အမှိုက်တွေကြောင့် မြစ်ရေပျက်စီးပြီး ကျန်းမာရေးတွေ ထိခိုက်လာမှာကို စိုးရိမ်ရတယ်" ဟု မြို့နယ်ရေပေးဝေရေး မှ သောက်သုံးရေကို အဓိက အသုံးပြုနေရသည့် ဦးဘချိုလမ်းတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

မြောင်းမြမြို့တွင် ဆန်စက်ပေါင်း ၅၀ ကျော်ရှိပြီး စက်အများစုမှာ ကုန်စည်ပို့ဆောင်မှု ကောင်းမွန်သော မြစ်ကမ်းနံဘေး နားတွင် တည်ဆောက်ထားလျက်ရှိကြောင်း သိရသည်။ မြစ်အတွင်း အမှိုက်စွန့်ပစ်မှုများကြောင့် မြောင်းမြစကြာ နန္ဒဘုရားမြစ်ကွေ့မှ စတင်ပြီး ကြိုးတံတားမြစ်ကွေ့ နားအထိ မြစ်ကြောင်းများ တိမ်ကောမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရလျက်ရှိကြောင်း မြစ်ကြောင်းစောင့်ကြည့် လေ့လာနေသူများက သုံးသပ်နေကြသည်။

EMG

0 comments:

Post a Comment