7.2.17

တပ်မတော်နှင့် NCA လက်မှတ်ထိုးအဖွဲ့များ နယ်လှည့်စောင့်ကြည့်ရာတွင် အဓိက အချက်သုံးချက်ကို ဆောင်ရွက်မည်

တပ်မတော်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ ပူးတွဲနယ်လှည့် စောင့်ကြည့်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ငြိမ်းချမ်း ရေးဖြစ်စဉ်အပေါ် ပြည်သူများယုံ ကြည်မှု ပိုမိုများပြားလာစေရန် အပါအ၀င် အဓိကအချက်သုံးချက်ကို ဆောင်ရွက်မည်ဟု သတင်းရရှိသည်။

တပ်မတော်နှင့် NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းနယ် လှည့်ခြင်းကို ၂၀၁၇ ကစတင်၍ ပထမဆုံးအကြိမ်လုပ်ဆောင်ရန် စီစဉ်နေသည်။

‘‘ပူးတွဲနယ်လှည့်တာမှာ နံ ပါတ် (၁) က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အခြေအနေကို မြေပြင် မှာ သွားပြီးတော့ လေ့လာတာ ပေါ့။ ဒုတိယအနေနဲ့က ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ ပြည်သူတွေယုံ ကြည်မှုပိုပြီးတော့ များလာဖို့ပေါ့။ တတိယအနေနဲ့ ငြိမ်းချမ်းရေးဖြစ် စဉ် JMC အဲဒါတွေကို ပြည်သူလူ ထုသိမြင်နားလည်ဖို့အတွက် ရှင်း ပြဖို့ဆိုပြီးတော့ အဓိကအားဖြင့် သုံးချက်ရှိတာပေါ့’’ဟု ဒေါက်တာ ရွှေခါးရ်က ဆိုသည်။
တပ်မတော်နှင့် NCA ရေး ထိုးပြီးသား အဖွဲ့များအကြား ရင်း နှီးမှုပိုမိုရရှိပြီး ပြည်သူများအား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) လုပ်ငန်းစဉ်များ ရှင်းပြရန် ရည်ရွယ်၍ ပူးပေါင်းနယ်လှည့်ရန် JMC-U က ဆုံးဖြတ်ထားသည်။
ပူးတွဲနယ်လှည့်ရာတွင် သာ မန်နယ်လှည့်ခြင်းနှင့် ထူးခြားမှု အခြေအနေအပေါ် နယ်လှည့်ခြင်းဟူ၍ နှစ်မျိုးသတ်မှတ်ထားသည်။ ပြည်နယ်အဆင့်ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC -S) သည် နှစ်လတစ်ကြိမ်၊ ဒေ သအဆင့် JMC သည် တစ်လ တစ်ကြိမ် ပူးတွဲနယ်လှည့်ရန် သတ်မှတ်ထားသည်ဟု ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC -U)အတွင်းရေးမှူး (၁) ဒေါက် တာရွှေခါးရ်က ဆိုသည်။
လက်ရှိတွင် ပူးတွဲနယ်လှည့် စောင့်ကြည့်ခြင်း လုပ်ထုံးလုပ် နည်း၊ တိုင်းဒေသကြီး/ပြည်နယ် ရုံးအဖွဲ့များ၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ရပ်ကွက်၊ ကျေး ရွာများတွင် စောင့်ကြည့်ရေးလုပ် ငန်းများ ဆောင်ရွက်မည့် နှစ်ဖက် လက်ခံသည့် ဒေသများ၏ လုပ် ငန်းလမ်းညွှန်(မူကြမ်း)ရေးဆွဲပြု စုနိုင်ရန် ဆောင်ရွက်နေပြီး ဇန်န ၀ါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်တွင် JMC-U ကိုယ်စားလှယ် များ ပါဝင်သည့် အလုပ်အဖွဲ့က ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
‘‘တကယ်လို့ ပူးတွဲနယ်လှည့် တာ လုပ်တယ်ဆိုရင် ကျွန်တော် တို့ လမ်းစဉ်တွေ ချပေးရတာကိုး။ အဲဒါကို အလုပ်အဖွဲ့က ဆွေးနွေး တာပဲရှိတယ်။ အဲဒီလိုလှည့်မယ် ဆိုရင် လိုက်ပါမယ့်သူတွေ လိုက် နာရမယ့် စည်းမျဉ်းစည်းကမ်း တွေပေါ့။ လိုက်ပါမယ့် လူတွေ လုံခြုံရေးကို ကျွန်တော်တို့ ဘယ် လိုလုပ်ရမလဲ အဲဒါတွေပါတယ်’’ ဟု ဒေါက်တာ ရွှေခါးရ်ကပြော ကြားသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ အကြား ၂၀၁၅ အောက်တိုဘာကNCA လက်မှတ်ရေးထိုးပြီးနောက် တပ်မတော်နှင့် လက်မှတ်ရေးထိုး ပြီး အဖွဲ့များအကြား တိုက်ပွဲဖြစ် ပွားမှု သိသာစွာ လျှော့ချနိုင်ခဲ့ ကြောင်း နှစ်ဖက်ကိုယ်စားလှယ် များက ဆိုသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment