7.2.17

ရှယ်ယာဈေး ဆက်တိုက်ကျနေ၍ ငွေလိုအပ်မှသာ ထုတ်ရောင်းရန် ပထမပုဂ္ဂလိကဘဏ် ပန်ကြား

ရှယ်ယာဈေးကျဆင်း လာခြင်းကြောင့် ငွေလိုအပ်ချက်ရှိ မှသာ ရှယ်ယာများထုတ်ရောင်း ရန် ပထမပုဂ္ဂလိကဘဏ်က အစု ရှယ်ယာရှင်များကို ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သ တင်းရရှိသည်။

ရန်ကုန်စတော့ အိတ်ချိန်းသို့ စာရင်းဝင်ခြင်းသည် ရှယ်ယာများငွေလိုလျှင် ငွေဖော်ရန်ဖြစ်သော် လည်း စီးပွားရေးသမားအချို့ အမြတ်ထုတ်ဈေးကစားနေကြောင်း တွေ့ရှိသဖြင့် အထက်ပါပန်ကြားလွှာကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု အဆိုပါဘဏ်၏ ဒါရိုက်တာအဖွဲ့က ဆိုသည်။

ဈေးကစားအမြတ်ထုတ်နေ ခြင်းကို ကာကွယ်ရန်အစုရှယ်ယာ ပိုင်ရှင်များသည် အမြတ်အနည်း ငယ်ရရုံဖြင့် ရောင်းချခြင်းထက် ရေရှည်အကျိုးကို ရှေးရှုကြရန်နှင့် ဈေးနှုန်းတည်ငြိမ်စေရေး ငွေလိုအပ်ချက်ရှိမှ ရောင်းချခြင်းဖြင့် ကူညီရန် ဘဏ်ဒါရိုက်တာအဖွဲ့က မေတ္တာရပ်ခံသည်။

စတော့ဈေးကွက်ကို ပံ့ပိုးကူ ညီရန်ဟူ၍ ပထမပုဂ္ဂလိကဘဏ် သည် ဇန်န၀ါရီ ၂၀ရက်က ရန် ကုန်စတော့အိတ်ချိန်းတွင် စာရင်း ၀င်ရှယ်ယာအရောင်းအ၀ယ်ပြု လုပ်ခဲ့သည်။ စာရင်းဝင်သည့်နေ့ တွင် အခြေခံဈေးနှုန်းကို ၃၉,၀၀၀ ကျပ်သတ်မှတ်ခဲ့ပြီး ထိုနေ့တွင် ရှယ်ယာဈေးနှုန်း ၁၃ရာခိုင်နှုန်းခန့်ကျဆင်းခဲ့သည်။ ရန်ကုန် စတော့အိတ်ချိန်းတွင် ပထမဦး ဆုံးဝင်ရောက်သည့်နေ့က ရှယ်ယာဈေးနှုန်းကျဆင်းသည့် ကုမ္ပဏီတစ်ခုဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ ၆ရက်အထိ ရှယ်ယာဈေး ၂၂ရာခိုင်နှုန်းကျဆင်းပြီး ရှယ်ယာတစ်စုလျှင် ၃၀,၅၀၀ ကျပ် ပေါက်ဈေးရှိခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် စာရင်းဝင်ကုမ္ပဏီလေးခုရှိပြီး လက်ရှိအချိန်အထိ ရှယ်ယာတန် ဖိုးများဆက်တိုက်ကျဆင်းနေကာ အရောင်းအ၀ယ်လည်းလျော့ကျ နေသည်။

စတော့အိတ်ချိန်းတွင် ရှယ် ယာများဈေးဆက်တိုက်ကျနေ ခြင်းနှင့်ပတ်သက်၍ FMIကုမ္ပဏီ ဥက္ကဋ္ဌဦးသိမ်းဝေက ‘‘မြန်မြန်အ မြတ်ရမလား၊ အရောင်းအ၀ယ် မြန်မြန်ဖြစ်မလားဆိုတဲ့စိတ်နဲ့ ရှယ်ယာတွေဝယ်နေကြလို့ ဈေး ကျတာ။ ဒီလိုစိတ်ထားတွေများ နေလို့’’ဟုပြောသည်။

ပထမပုဂ္ဂလိကဘဏ်ကုမ္ပ ဏီသည် အစုရှယ်ယာပေါင်းနှစ် သန်းခွဲကျော်ရှိပြီး ၁၉၉၂တွင် စ တင်ရောင်းချစဉ်က ရှယ်ယာတစ် ခုလျှင် ၂၀,၀၀၀ကျပ်ဖြင့် ရောင်းချ ခဲ့ကာ အစုရှယ်ယာရှင် ၈,၀၀၀ ကျော်ရှိသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment