ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

19.6.13

ဒေသဖွံ့ဖြိုးရေးအတွက် ဖမ်းဆီးထားသောစက်မှုဇုံထုတ်ဂျစ်ကားများ ပြန်လွှတ်ပေး

ကလေးမြိ့တွင် လိုင်စင်မဲ့ကားများအဖြစ် ဖမ်းဆီးထားသည့် ကားများထဲမှ ကလေးမြို့ စက်မှုဇုံထုတ် မောင်မြန်မာ စူပါဂျစ်(၈)စီးကို လိုင်စင်လုပ်ရန် ကတိက၀တ်ပြုကာ ဇွန်လ ၁၈နေ့ ညနေတွင် ပြန်လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း ကလေးမြို့ စက်မှုဇုံဥက္ကဌ ဦးတင်စိုးက ပြောကြားသည်။

“၂၀၀၈ ခုနှစ် မူဝါဒအသစ် မချမှတ်ခင် ကလေးမြို့ စက်မှုဇုံက (၅၂)စီး ထုတ်ပြီးခဲ့ပါပြီ။ မူဝါဒအသစ်မှာ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးကော်မတီ (MIDC)က အင်ဂျင်ကိုတင်သွင်းတပ်ဆင်မှ လိုင်စင်ရတယ်။ အဲဒီ MIDC ကအင်ဂျင်တွေက (၄၈)သိန်းလောက် ပေးရပြီး နိုးမရတာ မအောင်တာများတယ်။ အပြင်အင်ဂျင်က (၂၅)သိန်း ၀န်းကျင်ပဲ
ရှိပြီး ကောင်းတယ်။ ဒါကြောင့်လည်း လိုင်စင်ရတဲ့ ကားဖြစ်ဖို့ အခက်အခဲတွေ ဖြစ်ကုန်တာပါ။ ဒေသန္တရ အတွက်ပဲဖြစ်ဖြစ် လွတ်လပ်စွာ အင်ဂျင်တပ်ဆင်ခွင့်နှင့် လိုင်စင်လုပ်ခွင့်ရရင်တော့ ဒေသဖွံ့ဖြိုးရေးအတွက် အစစ်အမှန် ဖြစ်ပါလိမ့်မယ်။ အခုလို မိုးရာသီမှာ ချင်းတောင်ပေါ် လမ်းတွေကို ကျွန်တော်တို့ စက်မှုဇုံထုတ်တဲ့ ဒီကားတွေပဲ အဆင်ပြေတာပါ။

အခု ကားတွေကလည်း ချင်းတောင်ပေါ် ပြေးဆွဲနေတဲ့ ကားတွေပါ။ အခုလို အဖမ်းအဆီးတွေဖြစ်တော့ ချင်းတောင်ပေါ်ကိုပို့မယ့်ကုန်တေ မပို့နိုင်တော့ဘူး။ တန်ဆာခနှင့် ခရီးသည်တင်ခတွေကလည်း အခုဆို နှစ်ဆလောက် တက်ကုန်တယ်။ ကြာရင်တော့ ချင်းတောင်မှာ ရိက္ခာတောင်ပြတ်နိုင်တယ်”ဟု စက်မှုဇုံ ကော်မတီအဖွဲ့ဝင် ဦးဆန်းမင်းက ပြောကြားသည်။

၂၀၀၈ ခုနှစ် ဧပြီလ(၁၈)ရက်တွင် ပြောင်းလဲခဲ့ သောမူဝါဒအရ တရားဝင်တင်သွင်း တင်ဒါအင်ဂျင် တပ်ဆင်ထားခဲ့ခြင်း မရှိခြင်းကြောင့် လိုင်စင်ရရှိရေး ခက်ခဲခဲ့သော ကားများဖြစ်ကြောင်း၊ ကလေးစက်မှုဇုံထုတ်ကားများ ဖြစ်သော်လည်း မော်တော်ယာဉ် နည်းဥပဒေအရ အထောက်အထား မရှိဘဲ လမ်းမကြီးများပေါ်တွင် မောင်းနှင် ကုန်တင်သွားလာခြင်း၊ ခရီးသည်တင်ဆောင်ခြင်းများရှိ၍ အပြစ်ရှိကြောင်းကို ရိုးသားစွာ ၀န်ခံခဲ့ကြောင်း၊ ပြန်လွှတ်ပေးသည့် မော်တော်ယာဉ် ရှစ်စီးတွင် လေးစီးမှာ တရားဝင် တင်သွင်း တင်ဒါအင်ဂျင် တပ်ဆင်ထားကြောင်း၊ စက်မှုဇုံဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အတည်ပြုထားသော ပုံစံ(Drawing)နှင့်အညီ ထုတ်လုပ်ထားသော မော်တော်ယာဉ်များ ဖြစ်ကြောင်းနှင့် လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲသောချင်းတောင်ဒေသ၊ နာဂတောင်တန်းဒေသ၊ ကချင်ပြည်နယ် ပူတာအို၊ နောင်မွန် ဒေသများတွင် အဓိကထား အသုံးပြုနေ ရသော မော်တော်ယာဉ်များဖြစ်၍ ပြန်လွှတ်ပေးရန် စက်မှုဇုံကော်မတီမှဒုရဲချုပ်ထံ အသနားခံစာ တင်သွင်းခဲ့ကြောင်း သိရသည်။

Ref: ကျော်သူစိုး(ကလေးမြို့)

ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးတီင်္ခွန်မြတ်နှင့် ဦးဇော်မြင့်ဖေတိှု့မှ Mr. Kim McQuay နှင့် Ms.Kirsten Bishop တို့အား လက်ခံတွေ့ဆုံ



The Asia Foundation , Myanmar မှ Lawyer and Country Representative ဖြစ်သူ Mr. Kim McQuay နှင့် Law and Justice Program မှ Ms.Kirsten Bishop တို့နှစ်ဦးအား ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မြင့်ဖေ တို့မှ ၁၉-၆-၂၀၁၃ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကော်မတီရေးရာဆောင်အမှတ် (I-1)၊ ပြည်သူ့လွှတ်တော်ဝင်းအတွင်း၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် - ဧည့်သည်များမှ မိမိတို့ The Asia Foundation အနေဖြင့် မြန်မာနိုင်ငံ၏ ဥပဒေမူကြမ်းရေးဆွဲရေး လုပ်ငန်းစဉ်ကို သိရှိနားလည် သဘောပေါက်ရန်အတွက် လည်းကောင်း၊ ဥပဒေပြုရေး နှင့်  တရားစီရင်ရေး ကဏ္ဍတွင် The Asia Foundation မှ အထောက်အကူပြုနိုင်ရန်နှင့် ဥပဒေပြုရေးနှင့် ပတ်သက်ပြီး ၎င်းတို့၏ ထင်မြင်ယူဆချက်တို့အား မေးမြန်း ဆွေးနွေးကြပါသည်။

ကော်မတီဥက္ကဋ္ဌ နှစ်ဦးမှလည်း The Asia Foundation မှ လာရောက်တွေ့ဆုံမှုကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ဥပဒေမူကြမ်းရေးဆွဲရေး၊ ဥပဒေပြုရေးလုပ်ငန်းစဉ်များကို မိမိတို့ လွှတ်တော်အသီးသီးမှ အဆင့်ဆင့် တာဝန်ယူဆောင်ရွက်ရပုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဧည့်သည်များမှ မြန်မာနိုင်ငံ၏ ဥပဒေကြမ်း၊ ဥပဒေပြုရေးလုပ်ငန်းစဉ်မှာ အခြားနိုင်ငံများနှင့် ကွာခြားမှုများ ရှိသော်လည်း ကောင်းမွန်ပါကြောင်း၊ မိမိတို့ The Asia Foudation အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဥပဒေပြုရေးလုပ်ငန်းစဉ်ကို လွှတ်တော်နှင့် ပူးပေါင်းကူညီ ဆောင်ရွက်ရန် ရည်းစူးပါကြောင်း နှင့် လက်ခံတွေ့ဆုံခြင်းအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။(သတင်းစဉ်)
Ref: pyithuhluttaw.gov.mm


အောင်မြင်မှု တံခါးကိုခေါက်ခြင်း

တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။

ခရီးသွားတစ်ယောက်ဟာ နှင်းမုန်တိုင်းထဲမှာ ပိတ်မိနေပါတယ်။
သူဟာ အေးလွန်းလို့ ခိုက်ခိုက်တုန်နေတယ်။
ဒီလိုသာ ဆက်သွားမယ်ဆိုရင် ခဏပိုင်းအတွင်းမှာ သူသေသွားလိမ့်မယ်။
သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။
အိမ်တွေအားလုံးဟာ နှင်းမုန်တိုင်းကြောင့် တံခါးတွေကို ပိတ်ထားကြတယ်။
သူ အိမ်တစ်အိမ်ကို တံခါးခေါက်လိုက်တယ်။
ဒေါက်… ဒေါက် …
” ဘယ်သူလဲ ”
” ကျနော် ခရီးသွားတစ်ယောက်ပါ။ နှင်းမုန်တိုင်းထဲမှာ ပိတ်မိနေလို့ပါ။ ဒီအိမ်မှာ ခဏလောက် တည်းခိုလို့များ ရမလားခင်ဗျာ။ ”
ဒါပေမဲ့ ဘယ်ကမှန်းမသိ၊ ဘယ်သူမှန်းလည်းမသိတဲ့သူကို အိမ်ရှင်က တံခါးဖွင့်မပေးရဲ။

သူ စိတ်မပျက်ပါ။
သူ ခိုက်ခိုက်တုန်အောင် ချမ်းနေတယ်။ သူ့တစ်ကိုယ်လုံးလည်း အေးခဲနေတယ်။
သူ့ကို ဘယ်အိမ်ကမှလည်း တံခါဖွင့်မပေး။
ဒါပေမယ့် သူအားမလျှော့။
တံခါးတွေကို ဆက်ခေါက်တယ်။

နောက်ဆုံးတော့ တံခါးတစ်ချပ်ဟာ ပွင့်သွားတယ်။
” ဟာ … ခင်ဗျား နှင်းမုန်တိုင်းထဲမှာ တော်တော်ဒုက္ခရောက်နေမှာပေါ့။ လာ လာ.. ကျနော့်အိမ်မှာ ၀င်ခိုပါ။ ဒီမှာ မီးဖိုလည်း ရှိတယ်”
အိမ်တစ်အိမ်က သူ့ကို တံခါးဖွင့်ပေးလိုက်ပါတယ်။
သူ့ကို နွေးထွေးတဲ့ အ၀တ်အစားတွေပေးပြီး မီးဖိုမှာလည်း မီးလှုံစေတယ်။
ဒီလိုနဲ့ သူဟာ အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်။

သူသာ ပထမ နှစ်အိမ်သုံးအိမ်မှာကတည်းက လက်လျှော့ပြီး တံခါးတွေကို ဆက်မခေါက်တော့ရင် ဘာဖြစ်သွားမလဲ။
နှင်းမုန်တိုင်းထဲမှာ သူဟာ အေးခဲပြီး သေသွားမှာပါပဲ။
ဒါပေမဲ့ သူက စိတ်မပျက်ဘူး။
တံခါးတွေကို ဆက်ခေါက်နေခဲ့တယ်။
နောက်ဆုံးတော့ တံခါးတစ်ချပ်ဟာ သူ့အတွက် ပွင့်လာခဲ့ပါတယ်။

သင့်ရဲ့ ဘ၀မှာလည်း ဒီလိုပါပဲ။
တကယ့် အခြေအနေတွေမှာ ဘယ်သူကမှ တံခါးတွေကို ဖွင့်ထားကြမှာမဟုတ်ပါဘူး။
သင်ကသာ တံခါးတွေကို လိုက်ခေါက်ရမှာပါ။
စိတ်မပျက်ဘဲ လိုက်ခေါက်နေပါ။
နောက်ဆုံးမှာတော့ တံခါးတစ်ချပ်ဟာ ပွင့်လာရမှာပဲ ဖြစ်ပါတယ်။

သင်ဟာ ကျောင်းသားတစ်ယောက် ဆိုပါစို့။ သင် အတန်းထဲမှာ တစ်ခါမှ ထိပ်ဆုံးကို မရောက်ဘူးလား။
ဒါဆိုရင် သင့်ကိုယ်သင် မေးကြည့်ပါ။
ကျောင်းမှာ အောင်မြင်မှုဆိုတဲ့တံခါးကို သင် ဘယ်နှခါ ခေါက်ကြည့်ပြီးပြီလဲ။
တစ်ခါမှ မခေါက်ဘဲနဲ့တော့ တံခါးတွေဟာ အလိုလိုပွင့်မလာနိုင်ပါဘူး။

သင့်ရဲ့ အောင်မြင်မှု၊ ပျော်ရွှင်မှု၊ မိသားစု၊ အလုပ်အကိုင်၊ ပေါင်းသင်းဆက်ဆံရေး၊ အဲဒါတွေအားလုံးမှာလည်း အတူတူပါပဲ။
သင်ဟာ သင်လိုချင်တဲ့ တံခါးတွေကို ဘယ်နှခါခေါက်ပြီးပါပြီလဲ။

မခေါက်ရသေးလျှင် အခုကစပြီးခေါက်ပါ။
ဘယ်ကမှ တံခါးဖွင့်မပေးဘူးဆိုလျှင်လည်း စိတ်မပျက်ပါနဲ့။
မပွင့်မချင်း တံခါးတွေကို ဆက်ခေါက်နေပါ။
နောက်ဆုံးတော့ တံခါးတစ်ချပ်ဟာ သင့်အတွက် ပွင့်လာပါလိမ့်မယ်။

သင်ဟာ သင်လိုချင်တဲ့ ဘယ်အရာကိုမဆို ရနိုင်ပါတယ်။
သင့်အနေနဲ့ တံခါးတွေကို ခေါက်နေဖို့သာ လိုတာပါ။

” ခေါက်သောသူတိုင်းအတွက် တံခါးတို့သည် ပွင့်လိမ့်မည် ”
Ref: myanma light

ရာသီလာခြင်း၏ နောက်ဆက်တွဲ ဝေဒနာ

  
 ''ရာသီလာတဲ့အခါမှာ မိန်းကလေး အတော်များများ ကိုက်ခဲနာကျင်တတ်ကြတယ်၊ ဘာကြောင့် နာကျင်ရ တာလဲဆိုတဲ့အကြောင်းရင်းကလည်း တစ်ဦးနဲ့တစ်ဦးမတူပါဘူး..တချို့အမျိုးသမီးတွေကျတော့ နည်းနည်း
လောက် ပဲကိုက်တတ်တယ်၊ တချို့ကျတော့ကျောင်းပျက်၊ အလုပ်ပျက်တဲ့အထိ ကိုက်ခဲနာကျင်လွန်းလို့ အိပ်ရာထဲလှဲနေရတာမျိုးလည်း ဖြစ်တတ်တယ်.. တချို့ အမျိုးသမီးတွေကျတော့ ရာသီစလာတဲ့ ရက်တစ် ရက်လောက်ပဲ ကိုက်ပြီးသက်သာသွားပေမယ့် တချို့အမျိုးသမီးတွေကျတော့ ရာသီစလာတဲ့ရက် ကနေ ပြီးတဲ့အထိ ကိုက်ခဲတုန်းပဲ'' ဒီလို ကိုက်ခဲနာကျင်ရတာက ဘာရောဂါမှမရှိဘဲ ကိုက်တာလည်း ရှိသလို မျိုးဆက်ပွားအင်္ဂါရောဂါတွေကြောင့်လည်းဖြစ်တတ်ပါတယ်။ ဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ သားအိမ်ကြွက်သားတွေ ညှစ်အားဝင်ပြီး အဲဒီကြွက်သားတွေဆီကို သွေးဝင်ရောက်မှုနည်းလို့ ဖြစ်တာပါ။ ကိုယ်တွင်းဟော်မုန်းတွေ ပုံမမှန်လို့လည်း ဖြစ်တတ်တယ်..စိတ်ကြောင့်လည်းဖြစ်တတ်တယ်. .နောက်တစ် ချက်က နာကျင်မှုအပေါ် ခံနိုင်ရည်ရှိမှုနည်းလို့လည်း ဖြစ်တတ်ပါတယ်''
    ဒီလို လစဉ်ကိုက်ခဲနာကျင်ရင် သက်သာအောင်ဘယ်လို လုပ်သင့်ပါသလဲဆိုရင်တော့ အခြေခံရောဂါရှိ သလားဆိုတာကို ရှာဖွေပြီးရောဂါရှိရင်အဲဒီရောဂါကိုကုသရမှာပဲ.. အကိုက်အခဲပျောက်ဆေးအမျိုးအစားက ရာသီလာချိန် နာကျင်ကိုက်ခဲတာကိုသက်သာစေပါတယ်.. ဒါပေမဲ့ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးက အစာအိမ်ကိုလှုံ့ဆော်တတ်လို့ တာရှည်စွဲသောက်ရင် အစာအိမ်ရောဂါဖြစ်ပြီး ဗိုက်အောင့်တတ်တယ်''  ဒီဆေးသောက်ပြီး ဗိုက်မအောင့်အောင် ဘယ်လို လုပ်သင့်သလဲ ''အစာတစ်ခုခုစားပြီးမှ ဒီဆေးကိုသောက် ရမယ်..ပြီးတော့နေ့တိုင်းစွဲပြီး မသောက်ရဘူး.. ရာသီလာလွန်းလို့ ကိုက်ခဲတဲ့ရက်တစ်ရက်-နှစ်ရက်လောက်ပဲ သောက်သင့်တယ်..ဗိုက်မအောင့်စေဖို့အကောင်းဆုံးက အစာအိမ်ဆေးတစ်မျိုးမျိုးနဲ့ တွဲသောက်သင့်ပါတယ် 

★ ကြယ်စင် ★

Wuxi Classic အမျိုးသမီး စနူကာပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံ ကိုးဆုရှင် ရီအန်း အီဗန်ရှုံးနိမ့်


အမျိုးသမီး ကမ္ဘာ့ချန်ပီယံ စနူကာ ပြိုင်ပွဲများတွင် ချန်ပီယံဆုကို ကိုးကြိမ်တိုင် ရရှိခဲ့ဖူးသော ရီအန်းအီဗန်သည် ဇွန် ၁၇ရက်က ကျင်းပသော Wuxi Classic စနူကာပြိုင်ပွဲ၏ အဖွင့်ပွဲတွင် တရုတ်နိုင်ငံမှ လျူယင်ဟွေအား (၅-၂) ပွဲဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ်ရှိ အီဗန်သည် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် အဆိုပါ ပွဲစဉ်အတွက် တိုက်ရိုက် ဝင်ခွင့်ရရှိခဲ့ သော်လည်း ၎င်းပွဲစဉ် အပြီးတွင် သူမ အနေဖြင့် ပထမအကျော့ ပွဲစဉ်၌ နေးလ်ရော ဘတ်ဆန်နှင့် ယှဉ်ပြိုင်ကစားရန် လက်ရည်စမ်းပွဲ တစ်ပွဲကစားရန် လိုအပ်ခဲ့ကြောင်း သိရသည်။ ယခုကျင်းပသော Wuxi Classic စနူကာ ပြိုင်ပွဲတွင် အဆင့်မြင့် ကစားသမား ၁၆ ဦးအား ပထမဆုံးအကြိမ် အဖြစ် လက်ရည်စမ်းပွဲ ကစားစရာ မလိုဘဲ   တိုက်ရိုက်ဝင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref: myawady

သင့်အသားအရေကို နေ့စဉ် ကူညီအားဖြည့်ပေးမည့် အရာငါးမျိုး


ဈေးကြီးတဲ့အသားအရေထိန်း ပစ္စည်းတွေကိုသုံးရမှာ လက်တွန့်နေပါသလား.. ဒါမှမဟုတ် ဓာတုပစ္စည်းတွေ
ကြောင့် အသားအရေထိခိုက်မှာစိုးလို့ ရှောင်ကြဉ်နေမိသလား။ ဒါကြောင့် သင့်အိမ်ထဲမှာရှိပြီး ငွေကုန်သက် သာစေမယ့် ပစ္စည်းတွေသုံးကာ အသားအရေအပြစ် အနာအဆာတွေ ပြုပြင်နိုင်မယ့် နည်းတွေကို ရေးသား လိုက်ရပါတယ်။

(၁) သံလွင်ဆီ

မျက်နှာပြင်အနှံ့ သံလွင်ဆီသုတ်လိမ်းတာက ဝက်ခြံတွေကို သက်သာစေပါတယ်။ ပြုလုပ်ရမယ့်နည်းက သံ လွင်ဆီ ထမင်းစားဇွန်း သုံးဇွန်းနဲ့ ဆား ထမင်းစားဇွန်း လေးဇွန်းတို့ကို စေးပျစ်အောင် ရောမွှေပြီး လက်ဖဝါး
ပြင်နှစ်ဖက်ကို လောင်းထည့်ကာမျက်နှာတစ်ပြင်လုံး သုတ်လိမ်းပေးပါ။ တစ်မိနစ်-နှစ်မိနစ်လောက် အကြာ မှာကြက်သီးနွေးရေနဲ့ ဆေးချပေးရပါမယ်။ နေ့စဉ် တစ်ပတ်ကြာ ပြုလုပ်ပေးပါက အသားအရေ အပြစ်အနာ အဆာကင်းကာ ကြည်လင်စိုပြည်နေပါလိမ့်မယ်။ ဆားက ချွေးပေါက်တွေကို သန့်စင်စေပြီး သံလွင်ဆီက အရေပြားရဲ့ သဘာဝအစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းပေးနိုင်ပါတယ်။

(၂) သံပရာသီး


အရေပြားရှိ အစက်အပြောက်တွေနဲ့ အမည်းစက်တွေ လျော့ပါးသက်သာစေဖို့အတွက် သံပရာရည်ကို အ
ပြစ်အနာအဆာရှိတဲ့ အရေပြားနေရာပေါ် သုတ်လိမ်းပေးရမှာပါ။ အချိန် ၁၅ မိနစ်ကြာရင် ရေနဲ့ဆေးကြော သန့်စင်ပေးလိုက်ပါ။ သံပရာသီးဟာ ဘေးကင်းထိရောက်ပြီးအသားအရေ လင်းလက်စေတဲ့ အသီးဖြစ်ပါ တယ်။

(၃) အက်စ်ပရင်

လူအများစုဟာမကြာခဏဆိုသလိုဝက်ခြံအဖုအပိမ့်တွေ ပေါက်တတ်ကြပါတယ်။ အဲဒီအခါ အက်စ်ပ ရင်ဆေးပြားတစ်ပြားကို ကြိတ်ခြေပြီး ရေအနည်းငယ်နဲ့ စိုစွတ်စေးပျစ်အောင် လုပ်ဆောင်ကာ ဝက်ခြံအဖု အပိမ့်တွေ ပေါ်မှာသုတ်လိမ်းပေးပါ။ အချိန်နှစ်မိနစ်လောက် ကြာရင်ဆပ်ပြာနဲ့ ရေကို သုံးပြီး သန့်စင်ဆေးကြောပေးရ မှာ ဖြစ်ပါတယ်။ ဝက်ခြံပျောက်တဲ့အထိ နေ့စဉ် ပြုလုပ်ပေးနိုင်ပါတယ်။ ဒီနည်း လမ်းက အင်းဆက်ကိုက်လို့ နီ မြန်းရောင်ရမ်းမှုကိုလည်း လျော့ပါးစေပါတယ်။

(၄) ဒိန်ချဉ်

ချွေးပေါက်ပိတ်ဆို့မှု ကင်းပြီး အရေပြားတင်းရင်းစေတဲ့နည်းပါ။
♦ ဒိန်ချဉ်အလွတ်ကို မျက်နှာပေါ် သုတ်လိမ်းပေးပြီး မိနစ် ၂ဝ ကြာမှ ရေနဲ့ဆေးကြောသန့်စင်ပေးရပါမယ်။
♦ မျက်နှာနုပျိုအောင် ပေါင်းတင်တဲ့ အနေနဲ့ ဒိန်ချဉ်အလွတ် လက်ဖက်စားဇွန်းတစ်ဇွန်းကို လိမ္မော်ရည် အနည်းငယ်၊ လိမ္မော်ဆံအနှစ်တချို့နဲ့ ရှားစောင်းလက်ပပ် လက်ဖက်စားဇွန်းတစ်ဇွန်းတို့ ရောထည့်ပြီး မျက်နှာအနှံ့လိမ်းပေးပါ။ ငါးမိနစ်ခန့်ကြာမှ ရေနဲ့ ဆေးကြောပေးလိုက်ပါ။

(၅) မုန်ညင်းရွက်

အဝါရောင် မုန်ညင်းရွက်နဲ့ မျက်နှာပြင်ပေါ် အုပ်ပေးရင် အရေပြားကို အေးမြစေပါတယ်။

အမျိုးသားတို့အတွက် အခြေခံအသာအရေထိန်းသိမ်းနည်းများ


အမျိုးသားတွေအနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကောင်းမွန်ပြီး အသားအရေ၊ ဆံကေသာ၊ လက်သည်း
ခြေသည်းတွေ ကြည့်ကောင်းနေစေဖို့ သိထားသင့်တဲ့ အခြေခံ ထိန်းသိမ်းနည်းတွေကို ရေးသားလိုက်ရပါ တယ်။
 ထိန်းသိမ်းနည်း (၁)

အသားအရေကို ကြေးချွတ်သန့်စင်ပါ

အမျိုးသားတွေအဖို့ တစ်ပတ်မှာအနည်းဆုံး သုံးကြိမ်ခန့် မျက်နှာကိုကြေးချွတ်သန့်စင်ပေးသင့်ပါတယ်။ တ ကယ်လို့ သင့်အသားအရေက အလွန်အမင်း ကြမ်းတမ်းခြောက်သွေ့ပျက်စီးနေရင် တစ်နေ့တစ်ကြိမ်ကြေး ချွတ်သန့်စင်ပေးပါ။ ကြေးချွတ်ပေးတာကြောင့်အရေပြားဆဲလ်သေတွေကို ကင်းစင်စေပြီး အသားအရေ စို
ပြည်လန်းဆန်းစေပါတယ်။ ဒါ့အပြင် အရေပြားပေါ်မှာအစိုဓာတ်ထိန်းခရင်မ်ကို လိမ်းရင် စုပ်ယူအား ပိုမို
ကောင်းမွန်စေပြီး စိုပြည်တင်းရင်း လှပစေပါတယ်။

 
ထိန်းသိမ်းနည်း (၂)

အစိုဓာတ်ထိန်းရာတွင် လက်သည်း၊


ခြေသည်းကိုပါ မမေ့ပါနှင့်မျက်နှာနဲ့ လည်ပင်းကို အစိုဓာတ်ထိန်းပေးရုံသာမက လက်သည်း၊ ခြေသည်း
ခြောက်သွေ့ကြွပ်ဆတ်နေရင် ရေနံဂျယ်လီခပ်ထူထူလိမ်းပြီး လက်သည်း၊ခြေသည်းတစ်ဝိုက်မှာ အစိုဓာတ် ထိန်းပါ။ အိပ်ရာဝင်ချိန်မှာ အစိုဓာတ်ထိန်းပြီးရင်ချည်သားလက်အိတ်ကို စွပ်ပေးရပါမယ်။ ဥယျာဉ်ခြံမြေစိုက် ပျိုးတဲ့အခါနဲ့ကားရေဆေးတဲ့အခါတွေမှာ သားရေလက်အိတ်စွပ်ပေးပါ။ ဒါဆိုရင် လက်အရေပြား ထိခိုက်မှု ကင်းစေပါတယ်။

ထိန်းသိမ်းနည်း (၃)

အသားအရေ ထိခိုက်ပျက်စီးစေသည့်

အပြုအမူများကို ရှောင်ပါအမျိုးသားတွေအတွက် အသားအရေ ထိခိုက်စေတဲ့ အပြုအမူတွေက ဆေးလိပ်
သောက်တာ၊ အရက်အလွန်အမင်းသောက်တာနဲ့ အကာအကွယ်မပါဘဲ နေပူထဲ ထွက်တာတို့ ဖြစ်ကြပါ တယ်။ နံနက်စောစော နေခြည်နုနု ခံယူတာကအဆင်ပြေပေမယ့် နေပူရှိန်ပြင်းတဲ့အချိန်အပြင်မှာ ခပ်ကြာ ကြာ နေတာမျိုးကို ရှောင်ပါ။ နေပူရှိန်ပြင်းတဲ့အချိန်မှာအပြင်ကိုသွားရမယ်ဆိုရင် နေကာနိုင်စွမ်း SOF အဆ ၃ဝ ပါတဲ့ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။  ဆေးလိပ်၊ အရက်နဲ့ ခရမ်းလွန်ရောင်ခြည် သုံးမျိုးစလုံးဟာ အသားအရေကို အလွန်အမင်း ထိခိုက်ပျက်စီးမှုဖြစ်စေနိုင်သလို အသက်အန္တရာယ်ထိခိုက်မှုကိုပါ ဖြစ်စေ နိုင်ပါတယ်။

 
ထိန်းသိမ်းနည်း (၄)

ဆံပင်ကို ကြက်ဥ၊ ဘဲဥသုံးပြီး ပေါင်းတင်ပါ

ရှမ်ပူအနည်းငယ်ထဲကို ကြက်ဥ ဒါမှမဟုတ် ဘဲဥထည့်မွှေပြီး ဆံပင်သားအနှံ့သုတ်လိမ်းပေးပါ။ အချိန် ငါးမိ နစ်ခန့်ကြာမှ ရေနဲ့ ဆေးကြောပေးပါ။ ဆံပင်သားကို ပရိုတင်းဓာတ် ရရှိစေပါတယ်။

 
ထိန်းသိမ်းနည်း (၅)

မျက်နှာကို သဘာဝပစ္စည်းများသုံးပြီး

ဆေးကြော သန့်စင်ပါမျက်နှာနဲ့ လည်ပင်းကို သဘာဝအအေးခရင်မ် (Cold Cream) လိမ်းပြီးဂလစ်ဆရင်း နှင်းဆီရေနဲ့ သန့်စင်ပါ။ မျက်နှာအရေပြားကို ထိခိုက်စေတဲ့ ကြေးတွေနဲ့ အညစ်အကြေးတွေကို ကင်းစင်စေ ပါတယ်။

ငွေစုစံ

ပျဉ်းတော်သိမ်ရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ


   ပျဉ်းတော်သိမ်ရွက်မှာ အဓိက အာဟာရဓာတ်အနေနဲ့ ကာဗိုဟိုက်ဒရိတ်၊ စွမ်းအင်၊ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီနဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ပျဉ်းတော် သိမ်ရွက်မှာ နီကိုတင်းနစ်အက်စစ်၊ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်အီးစတဲ့ ဗီတာမင် အမျိုးမျိုး၊ အင်တီအောက်ဆီးဒင့်၊ အမိုင်နိုအက်စစ်၊ ဂလိုင်ကိုဆိုက်နဲ့ ဖလေဗိုးနွိုက်တွေ ပါဝင်ပြီးအဆီက မပါ သလောက်နီးပါးရှိပါတယ်။ ပျဉ်းတော်သိမ်ရွက်ကို ဟင်းတွေထဲ ထည့်ချက်တဲ့အခါ အရသာတိုးစေပြီးအ နံ့မွှေးစေတဲ့အပြင် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်။

 

ဝမ်းပျက်ဝမ်းလျှောရောဂါ သက်သာစေခြင်း

    လေ့လာမှုတွေအရ ပျဉ်းတော်သိမ်ရွက်ထဲမှာ ပါတဲ့ အယ်လ်ကာလွိုက်တွေမှာ ဝမ်းပျက်ဝမ်းလျှောတာကို ဟန့်တားပေးတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။ ပျဉ်းတော်သိမ်ရွက်ကို ကြိတ်ခြေပြီး စားတာ ဒါမှမဟုတ် အ ရွက်ရည်သောက်တာတို့ကို လုပ်ပေးရင် ဝမ်းလျှောတာကိုသက်သာစေပါတယ်။

ဓာတ်တိုးဆန့်ကျင်ပေးသော ဂုဏ်သတ္တိရှိခြင်း

    လေ့လာမှုအရပျဉ်းတော်သိမ်ရွက်မှာ အင်တီအောက်ဆီးဒင့်များများ ပါဝင်တဲ့အတွက် ဗီတာမင်အေ၊ ဘီ၊ စီနဲ့ အီးတို့လိုပဲ ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးတာနဲ့ဖရီးရယ်ဒီကယ်တွေကို လျော့ကျစေတဲ့အစွမ်းရှိကြောင်း သိရပါ တယ်။ ပျဉ်းတော်သိမ်ရွက်ကို ဟင်းလျာတွေထဲ ထည့်စားနိုင်ပါတယ်။

အူလမ်းကြောင်းရောဂါဝေဒနာများကို ကာကွယ်ခြင်း

   ပျဉ်းတော်သိမ်ရွက်တွေကို သုံးတာကြောင့် အစာအိမ်အူလမ်းကြောင်း ရောဂါဝေဒနာတွေကို ကုသပေး နိုင်ကြောင်းအာယုဗ္ဗေဒအရ သိရပါတယ်။ ပျဉ်းတော်သိမ်ရွက်က ရလာတဲ့ အရည်ကို သောက်သုံးပေးနိုင်ပါ တယ်။

ဆီးချိုရောဂါ ထိန်းချုပ်နိုင်ခြင်း


    ပျဉ်းတော်သိမ်ရွက်ဟာ သွေးတွင်းသကြားဓာတ်မြင့်တက်မှုမရှိအောင် ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ဆီးချို
ရောဂါရှိတဲ့ကြွက်တွေကို လေ့လာစမ်းသပ်ပြီး မက်ဒရာတက္ကသိုလ်မှ ဇီဝကမ္မဆိုင်ရာ ဌာနကလေ့လာ သုံး သပ်ဖော်ပြထားပါတယ်။

သွေးတွင်း ကိုလက်စထရောအဆင့် လျော့ကျစေခြင်း

   ပျဉ်းတော်သိမ်ရွက်တွေဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။ အိန္ဒိယနိုင်ငံရှိ ကီရာလာတက္ကသိုလ်မှ လေ့လာမှုအရ ပျဉ်းတော်သိမ်ရွက်ဟာ သွေးတွင်း မကောင်းတဲ့ ကို လက်စထရောကိုလျော့ကျစေကြောင်း သိရပါတယ်။

အမြင်အာရုံကို ကောင်းမွန်စေခြင်း

   ပျဉ်းတော်သိမ်ရွက်မှာ ဗီတာမင်အေ ပမာဏ များများ ပါဝင်တာကြောင့်အမြင်အာရုံကို ကောင်းမွန်စေပါ တယ်။ ဗီတာမင်အေမှာ ပါဝင်တဲ့ ကာရိုတီးနွိုက်ဟာ မျက်ကြည်လွှာကို အကာအကွယ်ပေးနိုင်ပါတယ်။ ဗီ တာမင်အေ ချို့တဲ့တာကြောင့် ညဘက် မျက်စိမမြင်တာ၊ တိမ်ဖြစ်တာနဲ့ အမြင်အာရုံမပြတ်သားတာတို့
ဖြစ်စေနိုင်ပါတယ်။

ကင်ဆာကို တွန်းလှန်ပေးနိုင်ခြင်း

    ပျဉ်းတော်သိမ်ရွက်တွေမှာ တွေ့ရတဲ့ ဖီနောလို ဓာတ်တွေဟာ လူကေးမီးယားသွေးကင်ဆာ၊ ဆီးကျိတ် ကင်ဆာနဲ့ အူမကြီးကင်ဆာတို့လို ကင်ဆာတွေကိုတွန်းလှန်ပေးနိုင်ပါတယ်။ ဂျပန်၊ မီဂျိုးတက္ကသိုလ်ရဲ့လေ့ လာမှုအရ ပျဉ်းတော်သိမ်ရွက်ကရတဲ့ ကာဘဇိုးအယ်လ်ကာလွိုက်တွေမှာ ကင်ဆာကို တွန်းလှန်ပေးနိုင်တဲ့  ဂုဏ်သတ္တိရှိကြောင်း သိရပါတယ်။

ကင်ဆာကုသရာတွင် သက်သာစေခြင်း

    ကင်ဆာဆေးသွင်းကုသမှု၊ ဓာတ်ရောင်ခြည်သုံးပြီး ကုသမှု၊ ကိုယ်တွင်းမှာဖရီးရယ်ဒီကယ်တွေကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်မှုတွေ ပြုလုပ်နေစဉ်မှာ ပျဉ်းတော်သိမ်ရွက်အနှစ်ကိုစားပေးရင် ကောင်းမွန် တဲ့ အကျိုးရလဒ်တွေကို ရရှိစေကြောင်း လေ့လာမှုတွေက ဆိုပါတယ်။

ပိုးမွှားကူးစက်မှုကို တွန်းလှန်ပေးနိုင်ခြင်း

   ပျဉ်းတော်သိမ်ရွက်ဟာ ဘက်တီးရီးယားနဲ့ ဖန်းဂပ်စ်မှိုပိုး ကူးစက်မှုတွေကိုတွန်းလှန်ပေးနိုင်တဲ့ အစွမ်းရှိ
ကြောင်းလေ့လာမှုအရ သိရပါတယ်။ ပျဉ်းတော်သိမ်အရွက်အနှစ်ဟာ ပဋိဇီဝပိုးသတ်ဆေးအစွမ်းလို အာနိ သင်ပေးနိုင်ပါတယ်။

အသည်းကို ကာကွယ်ပေးခြင်း

    အသည်းဟာ အစာခြေလမ်းကြောင်းစနစ်မှာ အဓိက အခန်းကဏ္ဌမှ ပါဝင်နေပြီး ဖရီးရယ်ဒီကယ်၊ ဗိုင်းရပ် စ်နဲ့ ဘက်တီးရီးယားတိုက်ခိုက်မှုတွေကို ကာကွယ်ပေးပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာပါတဲ့တန်နင်နဲ့ ကာဘ ဇိုး အယ်လ်ကာလွိုက်တွေဟာ အသည်းကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိကြောင်း လေ့လာမှုအရ သိရပါ တယ်။

ဆံပင်သန်ခြင်း

    ပျဉ်းတော်သိမ်ရွက်ဟာ ဆံပင်အရင်းအမြစ်တွေကို သန်စွမ်းစေကြောင်းယုံကြည်ကြပါတယ်။ ပျဉ်းတော် သိမ်ရွက်အခြောက်မှုန့်ကို အုန်းဆီထဲမှာ ထည့်ပြီးဆံပင်သားအနှံ့သုတ်လိမ်းကာ နှိပ်နယ်ပေးပါ။ ဆံပင်သား သန်စွမ်းစေရုံသာမက ဆံပင်သား နက်မှောင်စေပါတယ်။

အသားအရေ လှစေခြင်း

   ပျဉ်းတော်သိမ်ရွက်ဟာ အသားအရေ လှပအောင် ကူညီနိုင်ပါတယ်။ ပျဉ်းတော်သိမ်ရွက်အရည် ဒါမှ မဟုတ် အနှစ်သားကို မီးလောင်ဒဏ်ရာ၊ ပြတ်ရှရာ၊ အရေပြား စုတ်ပြဲဒဏ်ရာ၊ ပိုးကောင်ကိုက်ရာ စ တာတွေပေါ် သုတ်လိမ်းပေးပါကမြန်မြန်ဆန်ဆန် သက်သာစေပါတယ်။

★ ကြယ်စင် ★

အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်များ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရ



အိန္ဒိယနိုင်ငံ၌ မြို့တော်ဒေလီ အပါအဝင် မြောက်ပိုင်းပြည်နယ်များတွင် ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ သေဆုံးသူ အရေအတွက် တိုးလာနေသည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်ကြောင်း ဘီဘီစီ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ယင်းဖြစ်စဉ်များကြောင့် ဥတ္တရာခန်း ပြည်နယ်တွင် အနည်းဆုံး လူပေါင်း ၄ဝ သေဆုံးခဲ့ပြီး ဥတာပရာဒေ့ရှ် ပြည်နယ်၌ အနည်းဆုံး ၁၅ ဦးနှင့် ဟီမာချာပရာဒေ့ရှ် ပြည်နယ်၌ အနည်းဆုံး ၁ဝ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ဥတ္တရာခန်း ပြည်နယ်၌ အဆောက်အအုံ ၁၅ဝ ကျော် ပျက်စီးသွားပြီး တစ်အိမ်ထက်မနည်းသော အဆောက်အအုံတို့မှာ မျောပါသွားမှုများရှိသည်ဟု ဆိုသည်။ လူဦးရေခုနစ်ဦး ပျောက်ဆုံးနေခဲ့ပြီး လေတပ်ဖွဲ့ ရဟတ်ယာဉ်များဖြင့် ၄၅ ဦးခန့် ကယ်ဆယ်ထားရသည်ဟု သိရသည်။ အဆိုပါဒေသရှိ ဘုရားဖူးလာ ဧည့်သည် ၆ဝဝဝဝ ခန့်မှာ ဗိမာန်များ၊ အဆောက်အအုံများ၌ ခိုလှုံနေရသည်ဟု ဆိုသည်။ (ဘီဘီစီ)
Ref: Khitlunge

နိုင်ငံခြားငွေလက်မှတ် (FEC) လက်ဝယ်ရှိသူများနှင့် ပိုင်ဆိုင်သူများ သတ်မှတ်ကာလအတွင်း အပ်နှံ/ လဲလှယ်ကြရန် ထပ်မံအသိပေးကြေညာ

 နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံခြားငွေဈေးကွက် စနစ်တကျ တိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်လျက်ရှိသည့် အစီအမံများအရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂ဝ၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စ၍ နိုင်ငံခြားငွေ လက်မှတ်များ (Foreign Exchange Certificate-FEC) များကို စနစ်တကျ ပြန်လည် ရွေးနုတ်လျက် ရှိသည်။  နိုင်ငံခြားငွေ လက်မှတ်များ ပြန်လည် ရွေးနုတ်ယူသည့် အစီအစဉ်ကို ၂၁-၃-၂ဝ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြေညာချက် အမှတ် (၁/၂ဝ၁၃) ထုတ်ပြန်ပြီး အများပြည်သူသို့ ရုပ်/သံနှင့် ပုံနှိပ်မီဒီယာများမှ တစ်ဆင့် အသိပေးကြေညာခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် Website တွင် ဖော်ပြကြေညာခြင်း၊ ၃၁-၃-၂ဝ၁၃ ရက်နေ့တွင် နိုင်ငံခြားငွေ လက်မှတ် ပြန်လည် ရွေးနုတ်ယူခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်သည့် ဘဏ်၊ ဘဏ်ခွဲများ ငွေလဲကောင်တာများ စုစုပေါင်း ၃၈၅ နေရာ၏ စာရင်းနှင့် ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများကို ဖော်ပြပါ မီဒီယာများနှင့် Website တွင် ဖော်ပြကြေညာခြင်း စသည့် လုပ်ငန်းစဉ်များဖြင့် နိုင်ငံခြားငွေ လက်မှတ် လက်ဝယ်ထားရှိသူနှင့် ပိုင်ဆိုင်သူများ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် အသေးစိတ် စီစဉ် အကောင်အထည် ဖော်ခဲ့ပါသည်။  နိုင်ငံခြားငွေလက်မှတ် ပြန်လည် ရွေးနုတ်ယူခြင်းကို ကနဦး သတ်မှတ် ကာလဖြစ်သည့် ၁-၄-၂ဝ၁၃ ရက်နေ့မှ ၃ဝ-၆-၂ဝ၁၃ ရက်နေ့အထိ ကာလအတွင်း သက်ဆိုင်ရာ ဘဏ်၊ ဘဏ်ခွဲ၊ ငွေလဲကောင်တာများတွင် ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ကနဦး သတ်မှတ်ကာလ မကုန်ဆုံးမီ လာရောက် ဆောင်ရွက်ပါရန်နှင့် ကနဦး သတ်မှတ် ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် အပ်နှံ/လဲလှယ်ခြင်း မဆောင်ရွက်နိုင်သူများသည် ကနဦး သတ်မှတ် ကာလအတွင်း မဆောင်ရွက်နိုင်ခြင်း အတွက် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြား သုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ရရှိသည့် နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များတွင် ၁-၇-၂ဝ၁၃ ရက်နေ့မှ ၃၁-၃-၂ဝ၁၄ ရက်နေ့အထိ နိုင်ငံခြားငွေ လက်မှတ်များ အပ်နှံ/လဲလှယ်ရန်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 
Ref: khitlunge

မြန်မာ့ဆင်ဖြူတော် ထိုင်းပြည်သူများ လာရောက်ကြည့်ရှုနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးမည်

မန်မာ့ဆင်ဖြူတော် ထိုင်းနိုင်ငံသို့ ငှားရမ်းမည့် အစီအစဉ် မရှိကြောင်း၊ ချင်းမိုင်ရှိ ထိုင်းပြည်သူများ မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုနိုင်ရန် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် Forum for East Asia Latin America Cooperation Meeting သို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့သို့ ရောက်ရှိစဉ် ဇွန် ၁၃ ရက်က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Surapong Towichchaikul နှင့် သီးခြား တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာ-ထိုင်း သံတမန် ဆက်သွယ်မှု ၆၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ကျင်းပရာတွင် မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံသို့ ခြောက်လကြာ ငှားရမ်းပေးပြီး ချင်းမိုင်မြို့ရှိ တိရစ္ဆာန်ရုံတွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်လိုကြောင်း၊ ချင်းမိုင် တိရစ္ဆာန်ရုံကို ရွေးချယ်ရခြင်း အကြောင်းရင်းမှာ ချင်းမိုင်သည် မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆက်ဆံမှု သက်တမ်း နှစ်ပေါင်း ၂ဝဝ ကျော် ရှိခဲ့သောကြောင့် ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်အထိ သယ်ဆောင်ရေးမှာ အခက်အခဲများ ရှိကြောင်း၊ ထိုင်းပြည်သူများ မြန်မာ့ ဆင်ဖြူတော်ကို အလွယ်တကူ လာရောက် ကြည့်ရှုလေ့လာ နိုင်ကြစေရန်အတွက် အထူးလေကြောင်း၊ ခရီးစဉ်များ ညှိနှိုင်းဆောင်ရွက်ပါက အဆင်ပြေမည် ဖြစ်ကြောင်း၊ ဆင်ဖြူတော် လေ့လာရေး ခရီးစဉ်သည် နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှုများ ပိုမိုမြင့်မားစေနိုင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုလည်း အထောက်အကူ ပြုစေနိုင်ကြောင်း၊ ပြန်လည် ဆွေးနွေးခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်  ဖော်ပြထားပါသည်။ 
Ref: khitlunge

ကိုရီးယား မင်းသမီးများ၏ ငှက်ပျောသီးသုံးပြီး ကိုယ်အလေးချိန် လျှော့ချနည်း



    ကိုယ်အလေးချိန်များလာတဲ့အခါ တခြားသူတွေက သင့်ခန္ဓာကိုယ်အနေအထားနဲ့ ပတ်သက်ပြီး စိတ်အလိုကျတဲ့ အတွေးတွေ ၀င်လာနိုင်ပါတယ်။ ဒီအချိန်မှာလေ့ကျင့်ခန်းလုပ်ပြီး အစားအသောက်ကျှိုာ့ချချင်ပေမယ့် ဒီလိုလိုက်နာဖို့ ခက်ခဲနေကြပါတယ်။ ဒါကြောင့် ကိုရီးယားမင်းသမီးတွေရဲ့ ငှက်ပျောသီးနဲ့ ကိုယ်အလေးချိန်လျှော့ချနည်းကို ဖော်ပြပေးလိုက်ပါတယ်။ ငှက်ပျောသီှးာပါတဲ့ အင်ဇိုင်းတွေက အစာချဖျက်တဲ့ဖြစ်ဉ်ကိုကောက်မွန်စေပြီး ကိုယ်အလေးချိန်ကိုကာင်းမွန်စေပြီး ကိုယ်အလေးချိန် ကိုလျှော့ချပးကြောင်း သီအိုရီတစ်ခုအရ သရပါတယ်။ တခြား သီအိုရီတစ်ခုအရ ငှက်ပျောသီးက ကြာကြာဗိုက်ပြည့်စပြီး အဆီတွေကို လောင်ကျွမ်းစေတယ်လို့ဆိုပါ တယ်။
ငှက်ပျောသီးဖြင့် ၀ိတ်ချနည်း
    နံနက်စာအဖြစ် ငှက်ပျောသီး -၂ လုံးစားပြီး ရေနှစ်ဖန်ခွက်သောက်လိုက်ပါ။ နေ့လယ်စာကိုတော့ သင်ကြိုက်ရာစားနိုင်ပါတယ်။ ဒါပေမယ့် အဆီပါဝင်မှုများတဲ့ အစာကိုရှောင်ပါဒီကြားထဲဗိုက်ဆာရင် ငှက်ပျောသီးတစ်လုံး စားနိုင်ပါတယ်။ ညစာကို ၈ နာရီ မတိုင်ခင် သစ်သီးနဲ့ ဟင်းသီးဟင်ရွက်တွေပဲစားပါ။ နံနက်စာအဖြစ် ငှက်ပျောသီးနဲ့ အဆီနည်းဒိန်ချဉ်ကို တွဲစားပေးနိုင်ပါတယ်။ ဒါဆိုရင် ကယ်လိုရီလောင် ကျွမ်းမှုမြန်ပြီး ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်မှာ ဖြစ်ပါတယ်။

ငွေစုစံ

ထိုင်းအစိုးရမှ မြန်မာ့ဆင်ဖြူတော်အားငှားရမ်းရန် ကမ်းလှမ်း

  
 မြန်မာ-ထိုင်းနှစ်နိုင်ငံသံတမန်ဆက့်ဆံရေး (၆၅)နှစ်ပြည့် အထိမ်းအမှတ်အတွက် မြန်မာနိုင်ငံမှဆင်ဖြူေ တ်ာတစ်စီးငှားရမ်းရန် ထိုင်းအစိုးရက ကမ်းလှမ်းထားကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်နှင့်နိုင် ငံခြားရေးဝန်ကြိး ဆူရာပွန်တိုဝီချွတ်ချိုင်းကူးက ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ပြိးခဲ့သည့် သီတင်း ပတ်အတွင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် အရှေ့အာရှ-လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် အဆိုပါကမ်းလှမ်းမှုကို ထိုင်းကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း ဆူရာပွန်ကပြောကြားခဲ့သည်။
   မြန်မာ-ထိုင်းသံတမန်ဆက်ဆံရေးသည် ၂၀၁၄ ခုနှစ်တွင်(၆၅)နှစ်ပြည့်မည်ဖြစ်ရာ မင်္ဂလာဆင်ဖြူတော် သည် နှစ်နိုင်ငံကြား သံတမန်ပြယုဂ်တစ်ခု ဖြစ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆင်ဖြူတော်ကို ငှားရမ်းမည်ဆိုပါက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်ရေးအတွက် ချင်းမိုင်မြို့တိရိစ္ဆာန်ဥယျာဉ် တွင် ခြောက်လကြာ ထားသွားမည်ဖြစ်ကြောင်း ဆူရာပွန်ကပြောကြားခဲ့သည်။ အဆိုပါကမ်းလှမ်းမှုကို မိမိ တို့အစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆူရာပွန်အားပြန် လည် ပြောကြားထားကြောင်းသိရသည်။
   မြန်မာဘုရင် ဘုရင့်နောင်ကျော်ထင်နော်ရထားက ၁၅၆၃ ခုနှစ်တွင် ဆင်ဖြူတော်တစ်စီး လက်ဆောင် ပဏ္ဏာအဖြစ်တောင်းခံမှုကို ယိုးဒယားဘုရင် မဟာချက်ကရာပတ်က ငြင်းဆိုခဲ့သောကြောင့် အယုဒ္ဓယမြို့သို့ သွားရောက်သိမ်းပိုက်ခဲ့ပြိး အဆိုပါစစ်ပွဲကို "ဆင်ဖြူတောင်စစ်ပွဲ" ဟု သမိုင်းများတွင် ဖော်ပြထားသည်။

Burmese classic

မြန်မာ့အရေးကို ဝိုင်းဝန်း ကူညီကြဖို့ ဗြိတိန် တိုက်တွန်း

ရေဘေး၊ ရောဂါဘယဘေးတွေ ကြုံတွေ့နိုင်ဖွယ်ရှိနေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေ ကူညီရေးနဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ ဖြေရှင်းနိုင်အောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အားတက်သရော ကူညီပံ့ပိုးကြဖို့ ဗြိတိန်အစိုးရ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး Alan Duncan က တိုက်တွန်းလိုက်ကြောင်း ဗြိတိန်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဝန်ကြီး Alan Duncan ဟာ မြန်မာနိုင်ငံကို ရောက်ရှိစဉ်အတွင်း မြန်မာအစိုးရဝန်ကြီးတွေ၊ NLD ပါတီဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ လူမျိုးစုခေါင်းဆောင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့ပြီး မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗြိတိန်နိုင်ငံက ဘယ်ပုံဘယ်နည်း အကူအညီပေးနိုင်မလဲဆိုတာတွေ ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ရာမှာ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေဆိုးရွားလှတာကို တွေ့မြင်ခဲ့ရကြောင်း ဗြိတိန်ဝန်ကြီး Alan Duncan က ပြောဆိုပါတယ်။

ကချင်ပြည်နယ်က ဒုက္ခသည်တွေဟာလည်း အလားတူဖြစ်ကြောင်း၊ ကူညီရေးအဖွဲ့တွေက တတ်နိုင်သမျှ ကူညီနေကြပေမဲ့ လုံလောက်မှုမရှိဘဲ၊ ရေရှည်အတွက် အခက်အခဲဖြစ်နေကြောင်း၊ ဒါပေမဲ့ ပြည်နယ်နှစ်ခုလုံးအတွက် ဗြိတိန်ရဲ့ အကူအညီတွေ ထိရောက်တာတွေ့ရကြောင်း၊ အခုလတ်တလော ကချင်မှာဆိုရင် ဗြိတိန်အကူအညီက အများဆုံးဖြစ်နေကြောင်း၊ အခုထက်ပိုပြီး ကူညီနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနေကြောင်း၊ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့လည်း မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အတူတကွဆောင်ရွက်ကြရမှာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် ဒုက္ခသည်တွေအတွက် ဗြိတိန်က ပေါင်စတာလင် ၆ သန်းခွဲ ကူညီခဲ့ပြီး၊ ကချင်ပြည်နယ် ဒုက္ခသည်တွေအတွက် သောက်ရေသန့်၊ မိလ္လာသန့်ရှင်းရေးအစီအစဉ်တွေ၊ ကလေးများအာဟာရပြည့်ဝရေးနဲ့ လူ ၄ သောင်းအတွက် ဆေးသေတ္တာတွေ ဝေငှခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။
Ref: onlinenews

သေရင်ပါမဲ့အရာများကို ရသလောက်ယူနိုင်ဖို့ရန်

  

 မနေ့က သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ အဲဒီသတင်းကတော့ သုံးထပ်စာသင်ကျောင်းဆောင်လေးကို နှစ် လအတွင်း ဆောက်လုပ်ပြီးစီးသွားခြင်းပါပဲ။ ဖတ်ဖတ်ပြီးခြင်းပဲ ၀မ်းသာမှုရော၊ ၀မ်းနည်းမှုပါ တစ်ပြိုင်နက်တည်း ရောထွေးခံစားလိုက်ရပါတယ်။ ၀မ်းသာမှုကတော့ ဒီစာသင်ကျောင်းလေးအတွက်ဖြစ်ပြီး ၀မ်းနည်းမှုကတော့ ပုံ မှာပါတဲ့ဆောက်လုပ်နေဆဲ နှစ်ထပ်ကျောင်းဟောင်းလောင်းလေးအတွက်ပါ။ သက်နက်မြတ်စွာဘုရား စံမြန်းဖို့နဲ့ တရားစခန်းဖွင့်လှစ်ဖို့ဆိုတဲ့ရည်ရွယ်ချက် နဲ့ဆောက်လုပ်နေခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း သုံးနှစ်ရှိပါပြီ။ တ ကယ်ကိုသုံးနှစ်ရှိသွားပါပြီ။ လုံးဝပြီးစီးဖို့မပြောပါနဲ့။   ခုလိုလုံးဝနီးပါးရပ်ဆိုင်းထားခဲ့ရတဲ့ ကျောင်းလေးပြန်လည်စ တင်ဆောက်လုပ်နိုင်ခဲ့တာဟာ ဒီနှစ်ထဲမှာ သဒ္ဒါတရားထက်သန်စွာ လှူဒါန်းပေးခဲ့တဲ့ Facebookပေါ်မှ အလှူရှင် များကောင်းမှုကြောင့်သာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရရှိခဲ့တဲ့အလှူငွေ သိန်း(၄၀)နီးပါးဟာ ကျောင်းအကြမ်း ထည်ပြီးစီးဖို့တောင် ခက်ခဲနေတဲ့နေအထားမှာပဲ ရှိနေပါသေးတယ်။ အလှူငွေအတွက် FBတစ်ခုတည်းကို အား ကိုးနေရသလိုဖြစ်နေပြီး လူအင်အားနဲ့ပစ္စည်းအင်အားကိုလည်း တတ်နိုင်သမျှခြွေတာနေရတဲ့အခြေအနေပါ။ ဒါ ကြောင့်ပဲ ကျောင်းဆောက်ဖို့လူမငှားနိုင်ပဲ ကိုယ့်ကျောင်းက ရဟန်း၊ကိုရင်တွေ နဲ့ တခြားဘုန်းကြီးကျောင်းက ရ ဟန်းတွေကို အကူအညီတောင်းပြီး ရွာထဲကပန်းရန်ဆရာတွေနဲ့ပဲ ပူးပေါင်းဆောက်လုပ်နေရပါတယ်။ ရွာသား တွေကလည်း ပဲစိုက်၊နှမ်းစိုက်ရာသီဖြစ်တဲ့အတွက် လာရောက်လုပ်အားမပေးနိုင်ပါဘူး။ ရဟန်းတွေကိုယ်တိုင် ကြိုးစားပမ်းစား အလုပ်လုပ်နေတာကြည့်ရတာ ရင်နာစရာကောင်းပေမယ့်လည်း ဘာမှမတတ်နိုင်တဲ့အတွက် ဒီ တိုင်းကြည့်နေရပါတယ်။ ဒါဟာ အလှူငွေလုံလုံလောက်လောက် မရရှိတဲ့ဒဏ်ကို ခံစားနေရတာပါ။ သာသနာ      
     အလင်းရောင် ဆက်လက်ထွန်းလင်းနေဖို့ ဒီလိုနေရာတွေမှာ အမှန်တကယ်ကို အကူအညီလိုအပ်နေပါပြီ။ ဒါ ကြောင့်ခုလိုအချိန်မှာ တတ်နိုင်တာကတော့ ဒီPostလေးကိုရေးပြီး အလှူရှင်တွေထပ်မံပေါ်ပေါက်ဖို့အတွက် သူငယ်ချင်းအားလုံး တတ်နိုင်သမျှShareပေးဖို့ပါပဲ။ ထပ်ခါထပ်ခါအလှူခံနေရတာက တကယ်ကိုပဲလို အပ်နေ လို့ပါ။ ဘာသာသာသနာအတွက် မလှူဒါန်းနိုင်သေးရင်တောင် တစ်ခေါက်လောက်ဖြစ်ဖြစ် Shareပေးပါလို့ အား လုံးကို အလေးအနက်တောင်းဆိုပါတယ်။ တစ်စက္ကန့်တောင်မကြာတဲ့အချိန်မှာ ကိုယ်Shareလိုက်လို့ အလှူရှင် တစ်ယောက်ပေါ်ပေါက်လာရင် ကိုယ်လည်း သေချာပေါက်ကုသိုလ်အများကြီးရသွားပါပြီ။ ဒီကျောင်းလေး အမြန်ု ဆုံးဆောက်လုပ်ပြီးဆုံးဖို့ ဆန္ဒပြုရင်း အလှူရှင်များထပ်မံပေါ်ပေါက်ဖို့ ဆုတောင်းနေပါတယ်။

"အမြတ်ဆုံးဒါန"
------------------------------------------
သံဃာအတွက် ရည်မှန်းချက်ဖြင့်၊
စိတ်စက်ကြည်ဖြူ ကျောင်းဆောက်လှူက၊
အလှူဒါန ဟူသမျှထက်၊
သူကလွှမ်းဖုံး၊ အမြတ်ဆုံးဟု၊
ထွဋ်ဘုန်းမြတ်စွာ၊ ချီးမွမ်းပါ၏။

ဆောက်လုပ်နေသည့်နေရာ-တောကျောင်းရွာနှင့်ထန်းတောကုန်းရွာ၊ ချောင်းဦးမြို့နယ်၊ မုံရွာခရိုင်၊ စစ်ကိုင်းတိုင်း

ဆက်သွယ်လှူဒါန်းရန်-
၁.Dr.ပြည့်ပိုင်ဟိန်း-095186997
၂.မအေးသီရိအောင် (ခေါ်) လိန်လိန်း-0943039778

Facebook

မြန်မာ့ဗီဒီယိုဇာတ်ကားတွေ... ဘယ်ဘက်ကို ပြောင်းနေပြီလဲ….




      မနေ့က ညပိုင်း၈နာရီနဲ့ ၉နာရီ ရုပ်မြင်သံကြားသတင်းတွေကို ကြည့်ပြီးတဲ့နောက်မှာ အိမ်က မိသားစုနဲ့အတူ စည်းတစ်ခုရဲ့အနမ်းဆိုတဲ့ မြန်မာဗီဒီယိုဇာတ်ကားတစ်ကားကို ကြည့်ဖြစ်ခဲ့ပါတယ်။ ခုတလောမြန်မာ ဗီဒီယိုဇာတ်ကားတွေနဲ့ ပတ်သက်ပြီးတော့ ဆူဆူညံညံအသံတွေထွက်နေတဲ့ အတိုင်း ပါပဲ။ ဆင်းရဲနွမ်းပါးတဲ့ကောင်လေးတွေကို အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့ အမျိုးသမီးတွေက စပွန် ဆာပေးတဲ့ဇာတ် လမ်းကျောရိုးကိုယူပြီး ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ ယောက်ျားလေးတွေနဲ့ အမျိုး သမီးကြီးတွေဆုံပြီး အရက်သောက်တဲ့အခန်းတွေ၊ ဟိုတယ်သွားတဲ့အခန်းတွေနဲ့ လှိုင်လှိုင်ထည့်ရိုက် ထားတာတွေ့ရပါတယ်။ ရိုက်ကူးသူရဲ့ စေတနာကဒီလိုမလုပ်သင့်ဘူးဆိုတာကို ပြောချင်ပေမဲ့ ထည့် ရိုက်ထားတဲ့ အရက်သောက်တဲ့အခန်းတွေနဲ့ ဟိုတယ်ထိသွားဖောက်ပြန်ကြတဲ့အခန်းတွေက ဇာတ် ကားရဲ့တန်ဖိုးကို လျော့ကျသွားစေပါတယ်။ ဒါ့အပြင်အမြင်ဆိုတာလည်း အမျိုးမျိုးရှိနိုင်တဲ့အတွက် ခုလိုအများပြည်သူအတွက် ရိုက်ကူးထုတ်လုပ်နေတဲ့ မြန်မာဗီဒီယိုဇာတ်ကားတွေမှာ ထည့်မရိုက် သင့်တဲ့အခန်းမျိုးတွေကို ထည့်ရိုက်ခြင်းအားဖြင့် မလုပ်သင့်ဘူးဆိုတဲ့ အမြင်အပြင်၊ နည်းပေးလမ်းပြ လုပ်ပေးလိုက်တယ်ဆိုတဲ့အမြင်မျိုး ရှိနိုင်တာကိုလည်း ရိုက်ကူးထုတ်လုပ်တင်ဆက်သူတွေ သတိပြု သင့်ပါတယ်။ မီဒီယာသမားတွေကိုယ်တိုင်က ကိုယ်ထုတ်လုပ်လိုက်တဲ့ ဇာတ်ကားရဲ့နောက်ဆက်တွဲကို ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ တစ်လောတုန်းကလည်း မျက်လုံးလေးကလယ်ကလယ်ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို မိသားစုနဲ့အတူကြည့်နေတုန်း ရီမုဒ်ကိုယူပြီး ထကျော်ခဲ့ရတယ်။ မြန်မာဗီဒီယိုဇာတ်ကား ကို ရီမုဒ်ကွန်ထရိုးကိုင်ပြီး ကြည့်ရတဲ့အခြေအနေရောက်နေပြီလား။ မြန်မာဗီဒီယိုဇာတ်ကားတွေ ဘာ ကြောင့်အဲဒီလိုတွေဖြစ်ကုန်တာပါလဲ။ ဆင်ဆာရှိတုန်းက ဖြတ်တောက်တာတွေက တရားလွန်းဖြတ် တယ်လို့လည်း ကြားခဲ့ရပါတယ်၊ ခုလည်းလုံးဝကိုမဖြတ်မတောက်တော့ဘူးလို့ လည်းကြားရပါတယ်။ လုံးဝကိုလွှတ်ပေးလိုက်တာလား။ အဲလိုလွှတ်ပေးလိုက်တဲ့အတွက်မောင်နဲ့နှမ၊ သားနဲ့အမိကြည့်ဖို့ မသင့်လျော်တဲ့ ဇာတ်ဝင်ခန်းတွေကို ထည့်ရိုက်လာကြတာ၊ လွတ်လပ်ခွင့်ဆိုတာကို တစ်လွဲအသုံးချ နေကြသလားတော့မပြောတတ်တော့ပါဘူး။
        အများပြည်သူကိုပေးသင့်တဲ့ message ပေးဖို့အတွက် အနုပညာဆန်စွာ သန့်သန့်ရှင်းရှင်း သိမ် သိမ်မွေ့မွေ့နဲ့ မရိုက်နိုင်ကြဘူးလား။ အဲဒီလိုညစ်ညမ်းဇာတ်ဝင်ခန်းတွေထည့်ရိုက်မှ အနုပညာလို့ပြော မယ်ဆိုရင်တော့ အနုပညာကိုညစ်ညမ်းအောင် လုပ်နေသူပဲဖြစ်ပါလိမ့်မယ်။ ခုတော့ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလမှာ မြန်မာ့ရုပ်ရှင်ကလည်း ပြောင်းတော့ပြာင်းလဲလာတယ် နှာဘက်ကို ပိုပြောင်း လာတယ်ဆိုတာမျိုး မဖြစ်စေချင်ပါဘူး။ တစ်လောတုန်းက ဒါရိုက်တာတစ်ဦးနဲ့ နိုင်ငံတကာသတင်းစာ ဆရာတွေနဲ့ တွေ့ဆုံပွဲတစ်ခုမှာတွေ့ရင်း စကားပြောဖြစ်ကြပါတယ်။ အဲဒီတုန်းကလက်ရှိ သရုပ်ဆောင် တွေရဲ့ အ၀တ်အစားတွေနဲ့ ဖက်ရှင်ဒီဇိုင်းတွေအကြောင်းပြောဖြစ်တော့ မြန်မာပြည်က မင်းသမီးတွေနဲ့ သရုပ်ဆောင်တွေဝတ်နေတဲ့ တိုတိုပြတ်ပြတ်ဒီဇိုင်းတွေက ဖွံ့ဖြိုးနေတဲ့အိမ်နီးချင်းနိုင်ငံတွေမှာတော့ sex worker တွေဝတ်တဲ့ဒီဇိုင်းတွေ ဖြစ်နေတယ်လို့ပြောဆိုကြတာလည်း ကြားဖူးခဲ့ပါတယ်။
  သူများနိုင်ငံတွေက sex worker တွေရဲ့ တိုတိုပြတ်ပြတ်နဲ့ခန္ဓာကိုယ်ဖော်နေတဲ့ ဒီဇိုင်းတွေကို ကျမ တို့တိုင်းပြည်က သရုပ်ဆောင်မင်းသမီးတွေ ဘာဖြစ်လို့အတုခိုးပြီး ၀တ်ကြသလဲဆိုတာလည်း ကျမ တော့ စဉ်းစားလို့မရပါဘူး။ တကယ်တော့ မီဒီယာဆိုတာက အများပြည်သူအတွက် ကောင်းမွန်ရာကို တွန်းပို့ပေး ရမဲ့သူတွေပါ။ လူတွေရဲ့ဆိုးကျိုးကို တားဆီးနိုင်ဖို့နဲ့ကောင်းရာကို တွန်းပို့ပေးနိုင်ဖို့ဆိုတာက မီဒီယာတွေရဲ့ တာဝန်ပါ။ မီဒီယာတွေကိုယ်တိုင်ကိုယ်က နည်းပေးလမ်းပြ မမှားဖို့ လိုအပ်လှ ပါတယ်။ကျေးဇူးတင်ပါတယ်။



မေသင်္ကြန်ဟိန်(မြစ်မခ)

ပိန်ဖို့ကြိုးစားရင်း ထာဝရပိန်သွားရသူ

ရုရှားနိုင်ငံ မော်စကိုမြို့ က အသက် ၃၉ နှစ်အရွယ် Valeria Levitina အမည်ရ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ယခုတော့ မိုနာကို နိုင်ငံမှာ နေထိုင်ပါတယ်။

တကယ် တစ်ဦးတည်းပါ။ ဘယ်ရော၊ ညာရော သူမ တစ်ယောက် တည်း ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်က အရမ်းပိန်ချင်ခဲ့ပါတယ်။ ဖက်ရှင်ရှိုး လျှောက်တဲ့ မော်ဒယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက် ဘဝကတည်းက ပိန်ဖို့အတွက် အစာလျော့စာတာမျိုး၊ ပိန်ဆေး စားတာမျိုးတို့ ပြုလုပ်ခဲ့ပါတယ်။

ယင်းကဲ့သို့ လုပ်ရင်း၊ လုပ်ရင်းနဲ့ပဲ Anorexia လို့ခေါ်တဲ့ ရောဂါတစ်မျိုး ရသွားပါတယ်။ အစားစားချင်စိတ်လုံးဝ မရှိပါဘူး။ ဗိုက်ဆာလို့ စားရင်တောင် ယင်းအစာက အဟာရမဖြစ်သလောက်ကို နည်းပါတယ်။ ဒီတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လုံးဝကို ပိန်ချုံးသွားပါတယ်။ ဒီအတွက် ဆရာဝန်များက ကြိုးစားလို့ အဖြေရှာပေးနေပါတယ်။

ပိန်တာရဲ့ နောက်ဆက်တွဲအနေနဲ့ ကိုယ်ခံအားနည်း အတော်နည်းပါတယ်။ ပိန်ချင်လို့ အစားလျော့စားရင်း ထာဝရပိန်သွားရတဲ့ သူမရဲ့  ဓာတ်ပုံ အစုံအလင်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 
http://bit.ly/Roxhmi
 
Ref :FB
 

SKYPE အား အသုံးပြုပြီး ဗီဒီယိုမက်ဆေ့ခ်ျ အခမဲ့ ပေးပို့နိုင်ပြီ

 
 
မိမိ၏ မိတ်ဆွေအပေါင်းအသင်း မိသားစုဝင်များနှင့် ဆက်သွယ်ပြောဆိုရာမှာ ပိုမိုအဆင်ပြေ လွယ်ကူစေမည့် ဗီဒီယို မက်ဆေ့ခ်ျ ပေးပို့မှုစနစ်အား ယနေ့ (ဂျွန်လ ၁၈ ရက်နေ့) တွင် Skype မှ ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။
ယင်းကဲ့သို့ ဗီဒီယိုမက်ဆေ့ခ်ျ ပေးပို့နိုင်ရန်အတွက် သီးသန့် app အား အသုံးပြုရန် မလိုအပ်ပဲ မိမိ၏ စမတ်ဖုန်းတွင် ထည့်သွင်းပြီးသာ Skype App အား အသုံးပြုကာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပိုမိုထူးခြား ကောင်းမွန်သည့် အချက်ကတော့ ဤဝန်ဆောင်မှုသည် အခမဲ့ဖြစ်ရုံမက iOS ၊ Android OS ၊ Blackberry OS ၊ Windows Phone 8 OS စသည်ဖြင့် မတူကွဲပြားသည့် OS များပေါ်တွင် multi-platform အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်ဟု သိရှိရသည်။
လက်ရှိအချိန်တွင် အချိန် ၃ မိနစ်တာ ကြာမြင့်သည့် ဗီဒီယိုမက်ဆေ့ခ်ျများအား ဖန်တီးပေးပို့နိုင်မည်ဟု သိရှိရသည်။
Ref: todaymyanmar.net