19.6.13

ရာသီလာခြင်း၏ နောက်ဆက်တွဲ ဝေဒနာ

  
 ''ရာသီလာတဲ့အခါမှာ မိန်းကလေး အတော်များများ ကိုက်ခဲနာကျင်တတ်ကြတယ်၊ ဘာကြောင့် နာကျင်ရ တာလဲဆိုတဲ့အကြောင်းရင်းကလည်း တစ်ဦးနဲ့တစ်ဦးမတူပါဘူး..တချို့အမျိုးသမီးတွေကျတော့ နည်းနည်း
လောက် ပဲကိုက်တတ်တယ်၊ တချို့ကျတော့ကျောင်းပျက်၊ အလုပ်ပျက်တဲ့အထိ ကိုက်ခဲနာကျင်လွန်းလို့ အိပ်ရာထဲလှဲနေရတာမျိုးလည်း ဖြစ်တတ်တယ်.. တချို့ အမျိုးသမီးတွေကျတော့ ရာသီစလာတဲ့ ရက်တစ် ရက်လောက်ပဲ ကိုက်ပြီးသက်သာသွားပေမယ့် တချို့အမျိုးသမီးတွေကျတော့ ရာသီစလာတဲ့ရက် ကနေ ပြီးတဲ့အထိ ကိုက်ခဲတုန်းပဲ'' ဒီလို ကိုက်ခဲနာကျင်ရတာက ဘာရောဂါမှမရှိဘဲ ကိုက်တာလည်း ရှိသလို မျိုးဆက်ပွားအင်္ဂါရောဂါတွေကြောင့်လည်းဖြစ်တတ်ပါတယ်။ ဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ သားအိမ်ကြွက်သားတွေ ညှစ်အားဝင်ပြီး အဲဒီကြွက်သားတွေဆီကို သွေးဝင်ရောက်မှုနည်းလို့ ဖြစ်တာပါ။ ကိုယ်တွင်းဟော်မုန်းတွေ ပုံမမှန်လို့လည်း ဖြစ်တတ်တယ်..စိတ်ကြောင့်လည်းဖြစ်တတ်တယ်. .နောက်တစ် ချက်က နာကျင်မှုအပေါ် ခံနိုင်ရည်ရှိမှုနည်းလို့လည်း ဖြစ်တတ်ပါတယ်''
    ဒီလို လစဉ်ကိုက်ခဲနာကျင်ရင် သက်သာအောင်ဘယ်လို လုပ်သင့်ပါသလဲဆိုရင်တော့ အခြေခံရောဂါရှိ သလားဆိုတာကို ရှာဖွေပြီးရောဂါရှိရင်အဲဒီရောဂါကိုကုသရမှာပဲ.. အကိုက်အခဲပျောက်ဆေးအမျိုးအစားက ရာသီလာချိန် နာကျင်ကိုက်ခဲတာကိုသက်သာစေပါတယ်.. ဒါပေမဲ့ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးက အစာအိမ်ကိုလှုံ့ဆော်တတ်လို့ တာရှည်စွဲသောက်ရင် အစာအိမ်ရောဂါဖြစ်ပြီး ဗိုက်အောင့်တတ်တယ်''  ဒီဆေးသောက်ပြီး ဗိုက်မအောင့်အောင် ဘယ်လို လုပ်သင့်သလဲ ''အစာတစ်ခုခုစားပြီးမှ ဒီဆေးကိုသောက် ရမယ်..ပြီးတော့နေ့တိုင်းစွဲပြီး မသောက်ရဘူး.. ရာသီလာလွန်းလို့ ကိုက်ခဲတဲ့ရက်တစ်ရက်-နှစ်ရက်လောက်ပဲ သောက်သင့်တယ်..ဗိုက်မအောင့်စေဖို့အကောင်းဆုံးက အစာအိမ်ဆေးတစ်မျိုးမျိုးနဲ့ တွဲသောက်သင့်ပါတယ် 

★ ကြယ်စင် ★

0 comments:

Post a Comment