19.6.13

ၾသစေၾတးလ်၊ အီရန်နှင့် တောင်ကိုရီးယားတို့ ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်

ဘရာဇီးလ်နိုင်ငံတွင် ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်များကို ဇွန် ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ သြစတြေးလျ၊ အီရန်နှင့် တောင်ကိုရီးယား အသင်းတို့ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့ကြောင်း သိရသည်။

သြစတြေးလျအသင်း၏ အိမ်ကွင်းတွင် ကစားခဲ့သော သြစတြေးလျ-အီရတ် ပွဲစဉ်တွင် အိမ်ရှင်အသင်းက လူစားဝင် တိုက်စစ်မှူး ဂျော့ခ်ျကန်နေဒီ၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရပြီး တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်သွားခဲ့သည်။ အုပ်စု (ခ) တွင် ဂျပန်အသင်းက ခြေစစ်ပွဲ အောင်မြင်ပြီး ဖြစ်သောကြောင့် လက်ကျန်တစ်နေရာကို သြစတြေးလျအသင်းက ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ အုပ်စု (ခ) တွင်မူ ထိပ်ဆုံးမှ ဦးဆောင်နေသော တောင်ကိုရီးယား အသင်းက သရေတစ်မှတ် ရယူနိုင်လျှင် အုပ်စုပထမနေရာ ရရှိမည်ဖြစ်သော်လည်း အီရန်အသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့သောကြောင့် ဒုတိယနေရာနှင့် ကျေနပ်ခဲ့ရသည်။

 အီရန်အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို မိနစ် ၆၀ တွင် ရီဇာက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အုပ်စု (ခ) တွင် အီရန်က ၁၆ မှတ်ဖြင့် အုပ်စုပထမ၊ တောင်ကိုရီးယားက ၁၄ မှတ်ဖြင့် အုပ်စုဒုတိယ ရရှိကာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ အုပ်စု (က) မှ ဥဇဘက် ကစ္စတန်နှင့် အုပ်စု (ခ) မှ ဂျော်ဒန် (သို့မဟုတ်) အိုမန်အသင်းတို့မှာ Play-off ကစားရမည်ဖြစ်ပြီး အနိုင်ရသော အသင်းမှာ တောင်အမေရိကဇုန်မှ ပဉ္စမရသော အသင်းနှင့် Play-off ထပ်မံကစားရမည် ဖြစ်သည်။
Ref: Eleven media

0 comments:

Post a Comment