19.6.13

Wuxi Classic အမျိုးသမီး စနူကာပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံ ကိုးဆုရှင် ရီအန်း အီဗန်ရှုံးနိမ့်


အမျိုးသမီး ကမ္ဘာ့ချန်ပီယံ စနူကာ ပြိုင်ပွဲများတွင် ချန်ပီယံဆုကို ကိုးကြိမ်တိုင် ရရှိခဲ့ဖူးသော ရီအန်းအီဗန်သည် ဇွန် ၁၇ရက်က ကျင်းပသော Wuxi Classic စနူကာပြိုင်ပွဲ၏ အဖွင့်ပွဲတွင် တရုတ်နိုင်ငံမှ လျူယင်ဟွေအား (၅-၂) ပွဲဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ်ရှိ အီဗန်သည် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် အဆိုပါ ပွဲစဉ်အတွက် တိုက်ရိုက် ဝင်ခွင့်ရရှိခဲ့ သော်လည်း ၎င်းပွဲစဉ် အပြီးတွင် သူမ အနေဖြင့် ပထမအကျော့ ပွဲစဉ်၌ နေးလ်ရော ဘတ်ဆန်နှင့် ယှဉ်ပြိုင်ကစားရန် လက်ရည်စမ်းပွဲ တစ်ပွဲကစားရန် လိုအပ်ခဲ့ကြောင်း သိရသည်။ ယခုကျင်းပသော Wuxi Classic စနူကာ ပြိုင်ပွဲတွင် အဆင့်မြင့် ကစားသမား ၁၆ ဦးအား ပထမဆုံးအကြိမ် အဖြစ် လက်ရည်စမ်းပွဲ ကစားစရာ မလိုဘဲ   တိုက်ရိုက်ဝင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref: myawady

0 comments:

Post a Comment