19.6.13

ထိုင်းအစိုးရမှ မြန်မာ့ဆင်ဖြူတော်အားငှားရမ်းရန် ကမ်းလှမ်း

  
 မြန်မာ-ထိုင်းနှစ်နိုင်ငံသံတမန်ဆက့်ဆံရေး (၆၅)နှစ်ပြည့် အထိမ်းအမှတ်အတွက် မြန်မာနိုင်ငံမှဆင်ဖြူေ တ်ာတစ်စီးငှားရမ်းရန် ထိုင်းအစိုးရက ကမ်းလှမ်းထားကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်နှင့်နိုင် ငံခြားရေးဝန်ကြိး ဆူရာပွန်တိုဝီချွတ်ချိုင်းကူးက ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ပြိးခဲ့သည့် သီတင်း ပတ်အတွင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် အရှေ့အာရှ-လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် အဆိုပါကမ်းလှမ်းမှုကို ထိုင်းကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း ဆူရာပွန်ကပြောကြားခဲ့သည်။
   မြန်မာ-ထိုင်းသံတမန်ဆက်ဆံရေးသည် ၂၀၁၄ ခုနှစ်တွင်(၆၅)နှစ်ပြည့်မည်ဖြစ်ရာ မင်္ဂလာဆင်ဖြူတော် သည် နှစ်နိုင်ငံကြား သံတမန်ပြယုဂ်တစ်ခု ဖြစ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆင်ဖြူတော်ကို ငှားရမ်းမည်ဆိုပါက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်ရေးအတွက် ချင်းမိုင်မြို့တိရိစ္ဆာန်ဥယျာဉ် တွင် ခြောက်လကြာ ထားသွားမည်ဖြစ်ကြောင်း ဆူရာပွန်ကပြောကြားခဲ့သည်။ အဆိုပါကမ်းလှမ်းမှုကို မိမိ တို့အစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆူရာပွန်အားပြန် လည် ပြောကြားထားကြောင်းသိရသည်။
   မြန်မာဘုရင် ဘုရင့်နောင်ကျော်ထင်နော်ရထားက ၁၅၆၃ ခုနှစ်တွင် ဆင်ဖြူတော်တစ်စီး လက်ဆောင် ပဏ္ဏာအဖြစ်တောင်းခံမှုကို ယိုးဒယားဘုရင် မဟာချက်ကရာပတ်က ငြင်းဆိုခဲ့သောကြောင့် အယုဒ္ဓယမြို့သို့ သွားရောက်သိမ်းပိုက်ခဲ့ပြိး အဆိုပါစစ်ပွဲကို "ဆင်ဖြူတောင်စစ်ပွဲ" ဟု သမိုင်းများတွင် ဖော်ပြထားသည်။

Burmese classic

0 comments:

Post a Comment