19.6.13

♦ Fair Play Goal of the Year 2012 ♦*ရဲ့ ဂုဏ်သိက္ခာ ပြန်ပေးဂိုးလေးပါ


   ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ မေလ (၁၃)ရက်နေ့ နော်ဝေးနိုင်ငံက ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘရန်း အသင်းနဲ့ လီလီစတုမ်းအသင်းတို့ ပွဲစဉ်ကဖြစ်စဉ်တစ်ခုပါ။  ပွဲကစားချိန်အတွင်း ဘရန်းကစားသမား အီရစ်ခ်ဟာ Fair Play အတွက် ရရှိလိုက်တဲ့ဘောလုံးကို ကိုက် (၆၀)အကွာမှာရှိနေတဲ့ တစ်ဘက်  ပြိုင် ဘက်အသင်း လီလီစတုမ်းဂိုးသမားကို လှမ်းကန်တင်ပေးလိုက်ပေမယ့်  အဲ့ဒီဘောလုံးဟာ ဂိုးသမားရှေ့ တစ်ချက်ထောက်ပြီး  သူ့ကို့ခုန်ကျော်ကာ ဂိုးဝင်သွားခဲ့ပါတယ်။   အဆိုပါမတော်တဆရရှိ သွားခဲ့တဲ့ Fair Play ဂိုးအတွက် အီရစ်ခ်ဟာ  အောင်ပွဲခံခဲ့ခြင်းမရှိဘဲ အသင်းဖော်များနဲ့ တစ်ဖက်အသင်း သားတွေကို  တောင်းပန်ခဲ့ပါတယ်၊  ချက်ခြင်းဆိုသလို ဘရန်းအသင်းဟာ သူတို့မတော်တဆရရှိခဲ့တဲ့  Fair Play ဂိုးအတွက် လီလီစတုမ်းကစားသမားတွေ   စပေးဘောကတစ်ဆင့် အလွယ်တကူ ဂိုးပြန် ရရှိနိုင်အောင်   ပြန်လည် ခွင့်ပြုပေးခဲ့ပါတယ်။  ဒါတောင်မှဘရန်းအသင်းက ဂိုးသမားက အလွယ်တ ကူပြန်လည်  ပေးချင်ပုံမရခဲ့ပါဘူး။
 

0 comments:

Post a Comment