ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

18.3.13

မိုဘိုင်းလ်ဖုန်း အရစ်ကျသွင်းငွေများ ဆက်သွင်းရန် မလိုတော့

မိုဘိုင်းလ်ဖုန်းများကို ငွေကျပ်ထောင်ဂဏန်းအထိဈေးလျှော့ရောင်း ချပေးမည်ဖြစ်ရာ မြန် မာ့ ဆက် သွယ်ရေးလုပ်ငန်းကနို င်ငံ့ဝန်ထမ်းများနှင့် ကျေးလက်နေပြည်သူများသို့ အရစ်ကျ စနစ်ဖြင့် ရောင်း ချ ထားသော မိုဘိုင်းလ်ဖုန်းများအတွက် အရစ်ကျ လစဉ်ကြေးများ ပေးသွင်းရန် လိုအပ်တော့မည် မဟုတ်ကြောင်း အရစ်ကျပေးချေ သည့်စနစ်ဖြင့် ရောင်းချသည့် သဘောတူ စာချုပ်ပါ ဖော်ပြချက်အရ သိရသည်။  မိုဘိုင်းလ်ဖုန်း ကနဦး တပ်ဆင်ခနှုန်း ထား ပြောင်းလဲလျှော့ချ သတ်မှတ်ခဲ့ပါက 
သတ်မှတ်သော နှုန်းထား အသစ်ကို ခံစားခွင့် ရရှိမည် ဖြစ်သည်ဟု ယင်းစာချုပ်တွင် ဖော်ပြထားပြီး အရစ်ကျ ဖုန်းများအတွက် စာချုပ် ပါ အချက်အလက်များအတိုင်း ဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ပြန်ကြားရေး တာဝန်ခံ ဦးကျော်စိုးက ပြောကြားသည်။

မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်းများကို ဇန်နဝါရီလတွင်ဈေးလျှော့ရောင်းချမည်ဟု ကနဦး သတင်း ထွက်ပေါ်ချိန်က စတင်ကာ အရစ်ကျ ဝယ်ယူသူအချို့က လစဉ် အရစ်ကျငွေ ပေးသွင်းခြင်း မပြု၍ လိုင်းခေတ္တ ပိတ်သိမ်းထားခြင်းများ ရှိခဲ့ပြီး ယင်းမိုဘိုင်းလ်ဖုန်းများကို လိုင်းပြန်ဖွင့်ပေးရန် စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ဆက်သွယ်ရေးရုံး တာဝန်ခံ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။  အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ်ဖုန်း ရောင်းချရာ တွင် နိုင်ငံ့ဝန်ထမ်းများ၏ အရစ်ကျ လစဉ်ပေးသွင်းငွေမှာ ၄င်း တို့၏ ဝန်ထမ်းလစာအတွင်းမှဖြတ်တောက်သည့် စနစ်ဖြစ်၍ မည်သည့်အချိန်တွင် ဖုန်းအတွက် အရစ် ကျပေး သွင်းငွေ ဖြတ်တောက်မှု ရပ်တန့်မည်ကို မသိရှိရသေးကြောင်း အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ်ဖုန်း ဝယ်ယူ အသုံးပြုသူ ဝန်ထမ်းများက ရှင်းပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ် တွင် ဖော်ပြထားပါသည်။

ဒေါ်အောင်ဆန်းစုကြည် Total Myanmar ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်းနယ်မြေသွားရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ ရှိတဲ့ ဒေသခံတွေနဲ့ ဒီကနေ့မှာ တွေ့ဆုံပြီး လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကို မေးမြန်းခဲ့ပါတယ်။ ရေဖြူမြို့နယ် မီးချောင်းလောင်းကျေးရွာ မူကြိုကျောင်းမှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ဒေသခံ မမြင့်မူက RFA ကို အခုလို ပြောပါတယ်။
" ဒေါ်အောင်ဆန်းစုကြည်က မေးတယ်၊ ဒေသခံတွေဘာတွေလိုအပ်လဲ၊ ဒေသခံတွေက လမ်းပန်းဆက်သွယ်ရေး ကောင်းအောင်လုပ်ပေးပါလို့၊ နောက်ပြီး မီး၊ ရေ၊ ဆေးရုံ၊ ကျောင်း အကုန်လုံးတော့ တောင်းဆိုပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောတယ် အဲ့ဒါတွေအကုန်လုံး နေပြည်တော်ကိုတင်ပြ ပေးမယ်ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ် သူကနှစ်ချက် တောင်းဆိုမယ်တဲ့၊ ဘာတောင်းဆိုမလဲဆိုတော့ အကုန်လုံးက ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းကြပါတဲ့၊ နောက်ပြီး ရာဘာပင်တွေက တအားများနေတယ် ရာဘာပင်တွေထက် တခြားအပင်တွေလည်း စိုက်ကြပါတဲ့ အဲ့နှစ်ချက်တော့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုတယ်" ။
ဒီကနေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ရေဖြူမြို့နယ် Total Myanmar (တိုတယ်ကုမ္ပဏီ) ရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်းကို သွားရောက်လေ့လာပြီး ကံပေါက်ကျေးရွာ၊ ဇာဒီကျေးရွာနဲ့ မီးချောင်းလောင်းကျေးရွာတို့မှာရှိတဲ့ ကုမ္ပဏီက ဆောက်လုပ်ပေးထားတဲ့ ဆေးရုံအဆောက်အဦးတွေ၊ လမ်းပြုပြင်ထားမှုတွေနဲ့ စာသင်ကျောင်း ဆောက်လုပ်ထားမှုတွေကို သွားရောက် လေ့လာခဲ့ပါတယ်။ ဒီခရီးစဉ်ကို Total Myanmar ကုမ္ပဏီရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ခဲ့တာ ဖြစ်ပြီး ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီး လက်ပန်းတောင်း ဒုံးတောရွာသားများနှင့် ဆွေးနွေး

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်တဲ့ ၇ ဦးပါအဖွဲ့ဟာ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်ဒေသ ဒုံးတောကျေးရွာကို ရောက်ရှိပြီး စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေနဲ့ ပတ်သက်ပြီး ကုစားပေးမယ့် အခြေအနေတွေကို ဒီနေ့မွန်းလွဲပိုင်းမှာ ညှိနှိုင်းနေပါတယ်။ သတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက် မတင်မာဆွေက “သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ကံကုန်းရွာက မိုးကြိုးဆာလဖျူရစ်အက်ဆစ်စက်ရုံကို စုံစမ်းစစ်ဆေးရေးကော်မရှင်က အကြံပြုထားတာက နိုင်ငံတကာက အသိအမှတ်ပြုလက်မှတ်ပေါ့နော်။ နောက်တချက်ကကျတော့ ဒေသခံတွေကို အန္တရာယ် မရှိအောင်ပေါ့။ ပြီးတော့ စက်မှုဝန်ကြီးဌာနက တရားဝင်လက်မှတ်ပေါ့။ အဲဒါကို မိုးကြိုးဆာလဖျူရစ် အက်စစ် စက်ရုံကို ဆက်ပြီးတော့လုပ်မယ်ပေါ့။”
ဝန်ကြီးက ဒုံးတောရွာ သောက်သုံးရေကိစ္စ၊ လျော်ကြေးပေးရေးကိစ္စနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ လုပ်ဆောင်ပေးမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ “ဒုံးတောကျေးရွာမှာကျတော့ ဒုတ္ထာရည်တွေ စိမ့်ပြီးတော့ ၀င်နေတဲ့အတွက်ကြောင့် သောက်သုံးရေဟာ မသန့်ရှင်းတော့ဘူးပေါ့။ အဲဒီရေတွေကို သန့်ရှင်းအောင် မြန်မာယန်စီကုမ္ပဏီကနေပြီးတော့ တာဝန်ယူပြီးတော့ ပြုလုပ်ပေး မယ်ပေါ့ဗျာ။ နောက်ပြီးတော့ ရပ်ရွာလူထုတွေ အတွက် ဒေသဖွံ့ဖြိုးရေးတွေကို ကုမ္ပဏီက အကုန်လုပ်ပေးမယ်။ အဲဒါဆိုရင် သူတို့ လက်သင့်ခံလားမှာပေါ့။ ဒုံးတောကတော့ အကုန်လက်သင့်ခံတယ်။ ဒေသဖွံ့ဖြိုးအောင်လုပ်ပေးမယ်။ နောက်ပြီးတော့ ယာမြေတွေကို အလျော်မပေးဘဲ ထားတဲ့ဟာတွေ တချို့တ၀က်ကိုလည်း လျော်ပေးမယ်။ နောက် ကျေးလက်ဆေးပေးခန်းလည်း ထားပေးမယ်။ အားလုံးဆိုလို့ရှိရင် ဒုံးတောက လက်သင့်ခံတယ်ခင်ဗျ။“ လို့ ပြောပါတယ်။
ဒုံးတောနဲ့ ကံကုန်းကျေးရွာဟာ နီးကပ်တဲ့ရွာစဉ်တဆက်ဖြစ်ပြီး ဒီပွဲကို တက်ရောက်လာတဲ့ ကံကုန်းရွာသားတွေကတော့ လက်မခံကြဘူးလို့ ဆိုပါတယ်။ ဒုံးတောကျေးရွာမှာ ဒုတ္တာရည်တွေကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲကို မြန်မာယန်စီ ကုမ္ပဏီက ဖြေရှင်းပေးမှာဖြစ်ပြီး မိုးကြိုးဆာလဖျူရစ်အက်စစ်စက်ရုံကိစ္စက မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ သက်ဆိုင်တာ ဖြစ်ပါတယ်။ ဒီနောက် ပြည်ထဲရေးဝန်ကြီးနဲ့အဖွဲ့ဟာ ဒုံးတောရွာကနေ မိုကြိုးဆာလဖျူရစ်စက်ရုံ တည်ရှိရာ ကံကုန်းကျေးရွာကို သွားရောက်ပြီး ရွာသားတွေနဲ့ တွေ့ဆုံဖို့ ပြင်နေပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နယူးဇီလန်နိုင်ငံ ဘုရင်ခံချုပ် Lt Gen the Rt Hon Sir Jerry Mateparae က ဂုဏ်ပြုကြိုဆို နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နယူးဇီလန်နိုင်ငံ ဘုရင်ခံချုပ်က မတ်(၁၄)ရက် ညနေ(၃)နာရီတွင် အော့ကလန်မြို့ရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြု ကြိုဆိုသည်။ ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ ရောက်ရှိလာရာ နယူးဇီလန် (Maori Cultural Group) က မိုရီ တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံ အရဖြင့် ကြိုဆိုသည်။ထို့နောက် နိုင်ငံတော်သမ္မတအား နယူးဇီလန်ဘုရင်ခံချုပ်နှင့် ဇနီးတို့က ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး နိုင်ငံတော်သမ္မတက ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။

ထို့နောက် နှစ်နိုင်ငံဆွေးနွေးပွဲကို အစိုးရအိမ်တော်၌ ကျင်းပရာ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဒေါက်တာ မြအေး၊ ဒေါက်တာမြင့်အောင်၊ ဒေါက်တာကံဇော်၊ ဒေါက်တာကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး နယူးဇီလန် ဘုရင်ခံချုပ်နှင့်အတူ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ နယူးဇီလန်နိုင်ငံ အနေဖြင့် ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ ပညာရေး၊ မွေးမြူရေးကဏ္ဍများတွင် နယူးဇီလန်နိုင်ငံ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံရေး၊ နည်းပညာ အကူအညီပေးရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးစဉ် နယူးဇီလန်နိုင်ငံဘုရင်ခံချုပ်က နယူးဇီလန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နယူးဇီလန်နိုင်ငံတွင် မည်သည့်အစိုးရ တာဝန်ယူသည် ဖြစ်စေ မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံအဖြစ် ရပ်တည်သွားမည် ဖြစ်ကြောင်း ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတကလည်း မြန်မာနိုင်ငံသို့ နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် H. E. RT. Hon. Jon Key လာရောက် လည်ပတ်ခဲ့သည့် ခရီးစဉ်နှင့် ယခုမိမိလာရောက် လည်ပတ်သည့် ခရီးစဉ်နှစ်ခုသည် နှစ်နိုင်ငံဆက်ဆံရေးတွင် သမိုင်းဝင်မည့် ခရီးစဉ်များပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားနိုင်ရေးအတွက် နယူးဇီလန်နိုင်ငံ၏ ထောက်ခံ အားပေးမှုနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံကို BURMA အစားတရားဝင် အမည်ဖြစ်သည့် MYANMAR ဟု ပြောင်းလဲသုံး စခေါ်ဝေါ်ခဲ့ခြင်းနှင့် ပတ်သက်၍လည်းကောင်း မြန်မာနိုင်ငံ ပြည်သူများနှင့် မိမိတို့ အစိုးရက အထူးကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ဆက်ဆံရေးသာမက နှစ်နိုင်ငံ ပြည်သူများအချင်းချင်း ဆက်ဆံရေးကိုပါ တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား နယူးဇီလန်ဘုရင်ခံချုပ်က အစိုးရ အိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဖိလစ်ပိုင်က ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံထားသော ဧရာမ ကာစီနို ဖွင့်လှစ်

ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံထားသည့် ဧရာမကာစီနို ကစားရုံကြီးကို ဖိလစ်ပိုင်တွင် မတ် ၁၆ ရက် က ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့ ထိပ်တန်း ကစားပွဲရုံဈေးကွက်သို့ ၀င်ရောက်ရန် ခြေလှမ်းပြင်ဆင်ခဲ့သည်။ မနီလာပင်လယ်အော်တွင် တည်ဆောက်မည့် ကာစီနိုလေးခု၌ ပထမဆုံးဖွင့်လှစ်ခဲ့သည့် Solaire Malina Resorts သည် ဖိလစ်ပိုင်နိုင်ငံအတွက် ချမ်းသာသော ကမ္ဘာလှည့် ခရီးသွား သန်းပေါင်းများစွာကို ဆွဲေ ဆာင်ေ ပးနိုင်လိမ့်မည်ဟု အစိုးရနှင့် ကာစီနိုလုပ်ငန်း တာဝန်ရှိသူများက မျှော်လင့်ထားသည်။
"Solaire က ဖိလစ်ပိုင်မှာမရှိတဲ့ ဖျော်ဖြေရေးနဲ့ ကစားပွဲ အတွေ့ အကြုံတွေကို ယူဆောင်ပေးလာပါပြီ" ဟု Solaire ၏ အမှုဆောင် အရာရှိချုပ် မိုက်ကယ်ဖရန့်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ ဖိလစ်ပိုင် ဆိပ်ကမ်းလုပ်ငန်း ဘီလျံနာ အင်းနရစ်ရာဇွန်က ထိန်းချုပ်ထားပြီး အမေရိကန်နိုင်ငံ လတ်ဗီးဂက်စ် အခြေစိုက် Global Gaming Asset Management က လည်ပတ်မည့် ယင်းကာစီနိုသည် ဘော်လုံး ကွင်းလေး ကွင်း စာခန့် အရွယ်အစားရှိသော အကျယ်အ၀န်းရှိပြီး ကစား စားပွဲ ၃၀၀ ရှိကာ အကြွေစေ့စက် ၁၂၀၀ ရှိမည် ဖြစ်သည်။

ယင်းအဆောက်အုံထဲတွင် ဟိုတယ်အခန်း ၅၀၀ ရှိမည်ဖြစ်ပြီး ကားအစီး ၂၀၀၀ ခန့် ကားရပ် နားနိုင် သည့်နေ ရာလည်း ရှိမည်ဖြစ်သည်။ ထို့ပြင် ဟိုတယ်အခန်း ၃၀၀ ခန့်နှင့် တန်ဖိုးကြီး ပစ္စည်းများ ရောင်း ချမည့်ေ ဈးဆိုင်ခန်း ၄၀ ခန့်ကိုလည်း တိုးချဲ့နေရာတွင် တည်ဆောက်နေသည်။ နောက်ထပ်ကာစီနိုသုံးရုံကို ဖွင့်လှစ်ပြီးပါက မနီလာလေဆိပ် အနီးတွင်ဖျော်ဖြေရေးမြို့တော် ပေါ်ပေါက် လာမည် ဖြစ်သည်။ ဖိလစ်ပိုင် အချမ်းသာ ဆုံးပုဂ္ဂိုလ် ဟင်နရီဆိုင်၊ သြစတြေးလျ ဘီလျံနာ ဂျိမ်းပက်ကာ၊ မကာအို ကာစီနိုသူဌေး လောရင့်ဟိုတို့ ဖက်စပ်ဖွင့်လှစ်မည့် Belle Grande ကာစီနိုကို လာမည့်နှစ်တွင် ဖွင့်လှစ်မည်ဖြစ်သည်။

ဂျပန်ကာစီနိုသူဌေး ကာဇူအို အိုကာဒါနှင့် မလေးရှားကာစီနိုလုပ်ငန်းစု Genting တို့ လုပ်ကိုင်မည့် ကာ စီနိုနှစ်ခု ကိုလည်း ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ Solaire ကာစီနိုဖွင့်လှစ်နိုင်မှုကြောင့် ဖိလစ်ပိုင်ကာစီနိုလုပ်ငန်း ၀င်ငွေကို ယခုနှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ထိ နှစ်ဆတိုးလာပြီး ကာစီနိုလေးခုစလုံး ဖွင့်လှစ်ပြီးပါက ဒေါ်လာ ၁၀ ဘီလျံထိ မြင့်တက်လာမည် ဟုမျှော်လင့် ထားသည်။

ပုပ်ရဟန်မင်းရဲ့ပထမဆုံး တနင်္ဂနွေနေ့ တရားပွဲ

ဗာတီကန်က St. Peter’s ရင်ပြင်မှာလုပ်တဲ့ တနင်္ဂနွေဝတ်ပြုဆုတောင်းပွဲမှာ အသစ်ရွေးချယ်ခံထားရတဲ့ ပုပ်ရဟန်းမင်းကြီး Francis က ပရိသတ် ၁ သိန်းခွဲလောက်ကို တရားဟောခဲ့ပါတယ်။ ပုံမှန်အားဖြင့် လက်တင်ဘာသာနဲ့ လုပ်လေ့ရှိတဲ့ ဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး Francis က အီတလီဘာသာစကားနဲ့ ဟောကြားခဲ့ပါတယ်။ အများအားဖြင့် ကြိုတင်ပြင်ဆင်ထားတဲ့စာရွက်ကို မကြည့်ဘဲ ပရိတ်သတ်တွေကို လက်တန်း ပြောကြားခဲ့ပါတယ်။ ဆုတောင်းပွဲကို ကောင်းသောနေ့ပါလို့ အစချီခဲ့ပြီး တရားဟောလို့ ပြီးသွားတဲ့အခါမှာ လည်း
ကောင်းသောနေ့လည်စာ စားသုံးနိုင်ကြပါစေလို့ နှုတ်ဆက်ခဲ့ပါတယ်။ St. Peter’s ရင်ပြင်တခုလုံး ပြည့်နှက်နေတဲ့ ပရိတ်သတ်ကြီးက ပုပ်ရဟန်းမင်းကြီးရဲ့ ဟိတ်ဟန်မပါတဲ့ ပြောစကားတွေကို နှစ်သက်ခဲ့ကြပါတယ်။

St. Peter’s ရင်ပြင် တရားပွဲမတိုင်ခင်ကလည်း ဗာတီကန်က St. Anna's ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တဲ့ တနင်္ဂနွေတရားပွဲမှာ ဗာတီကန်ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်ပေါင်း ရာနဲ့ချီကို တရားဟောခဲ့ပါတယ်။ ဘုရားကျောင်းကအထွက်မှာလည်း လမ်းပေါ်ကနေ သူ့ကို အော်ဟစ်နှုတ်ဆက်နေကြသူတွေရှိရာ ဂိတ်တခါးအထိသွားပြီး ပုပ်ရဟန်းမင်းကြီးက နှုတ်ဆက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ ရွေးချယ်ခံထားရတဲ့ သက်တော် ၇၆ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟာ ဟိတ်ကြီးဟန်ကြီးမရှိဘဲ အများလက်ခံတဲ့ ပြုမူ ပြောကြားမှုတွေက သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

စိန်ခေါ်ချက်များရအောင်ရှင်းယူမည်ဟု တရုတ်ဝန်ကြီးချုပ်သစ်ကတိပြု

တရုတ်အစိုးရရဲ့ နောင် ၅ နှစ် အစီအစဉ်တွေကို တရုတ်ဝန်ကြီးချုပ်သစ် လီခွန့်ချောင်းက တနင်္ဂနွေနေ့က သတင်းထောက်တွေကို တွေ့ဆုံပြောပြခဲ့ပါတယ်။ တရုတ်နိုင်ငံ ကို ပြုပြင်ပြောင်းလဲဖို့ အတွက် အချိန်အကြာကြီးကတည်းက မရှင်းနိုင်တဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရမယ်။ အရင်မလုပ်ဖူးတဲ့ နည်းလမ်းတွေနဲ့ ရှာဖွေဖြေရှင်းရမယ် လို့ ပြောခဲ့ပါတယ်။ ဘယ်လိုခက်ခဲ နက်နဲတဲ့ ပြဿနာမျိုးဖြစ်ပါစေ
တရုတ်နိုင်ငံက ရအောင်ရှင်းရမယ်လို့လည်း ဆိုပါတယ်။

တရုတ်အစိုးရရဲ့ နံပါတ် ၁ ဦးစားပေးက တိုးတက်နေတဲ့ တရုတ်စီးပွားရေး ဆက်တိုးတက်ဖို့ဖြစ်ပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုးကို ၇.၅ အထိဖြစ်အောင် ပစ်မှတ်ထားတယ်လို့ ဝန်ကြီးချုပ် လီကပြောပါတယ်။ တရုတ်ပြည်သူတွေအနေနဲ့ ဒီထက် အခက်အခဲတွေကို ရင်ဆိုင်ကြရမယ်ဆိုရင် လူမှုအသိုင်းအဝိုင်းထဲမှာ စိတ်ဓာတ်နဲ့ စာရိတ္တပိုင်းမှာ ထိခိုက်မှုတွေရှိလာနိုင်တာကိုလည်း ပြောပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက် ရမယ်လို့ ပြောပါတယ်။

တရုတ်အစိုးရရဲ့ အသုံးစရိတ်တွေ လျှော့ချဖို့ ဗျူရိုကရေစီစနစ်ကို သိသိသာသာလျှော့ချသွားဖို့အတွက်လည်း ကတိပြုသွားပါတယ်။ နိုင်ငံတော်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို လျှော့ချပစ်ဖို့ အတွက်တော့ စိန်ခေါ်မှုတွေ ရှိနေသေးတာကို တရုတ် ဝန်ကြီးချုပ်သစ် လီခွန့်ချောင်းက တနင်္ဂနွေနေ့ကလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

ဧ၀ရက်တောင်ကို တစ်ပတ်အတွင်း နှစ်ကြိမ်တက်နိုင်သူ

အသက် ၂၉ နှစ်မျှသာ ရှိသေးသည့် နီပေါနိုင်ငံသူ ချက်ဟူရင်ရှာပါသည် အမြင့်ပေ ၂၉၀၃၅ (၈၈၅၀ မီတာ) မျှ မြင့်မားလှသည့် ဧဝရက်တောင်ထိပ်ကို နှစ်ကြိမ်တိုင် အောင်မြင်စွာ တက်နိင်ခဲ့သောကြောင့် ရှာပါကို ယခုအခါ ဂင်းနစ်စ်မှတ်တမ်းက တစ်ပတ်ခန့် အတွင်းဧ၀ရတ်တောင်ကို နှစ်ကြိမ်တက်သူအဖြစ် အသိအမှတ် ပြုလိုက်ပြီဖြစ်သည်။ "ဒုတိယ အကြိမ် တောင်တက်တော့ တော်တော်ခက်ခဲပင် ပန်းတာပဲ၊
ထိပ်ဆုံး ရောက်သွားတော့လည်း လန်းဆန်းသွား တာပဲ၊ ကျွန်မလုပ်ချင်ရာကို အောင်အောင် မြင်မြင် လုပ်နိုင်ခဲ့တဲ့အတွက် ကျွန်မအရမ်း ကိုပြောပါတယ်"ဟု ရှာပါက သူ့အတွေ့ အကြုံများကို ပြန်ပြောင်းပြောပြ သွားသည်။ ဧဝရက်တောင်ထိပ်ကို ၁၉၃၅ ခုနှစ်တွင် နယူးဇီလန်နိုင်ငံမှ ဆာအက်မန်း ဟီလာရီက ပထမဆုံး အကြိမ် အောင်မြင်စွာ တက်ရောက်နိုင် ခဲ့သော်လည်း ရှာပါမှလွဲ၍ မည်သူကမျှ တစ်ပတ်ခန့်အတွင်းမှာ ဧဝ ရက်တောင်ကို နှစ်ကြိမ်အထိ တက်ရောက်နိုင်ခဲ့ ဖူးခြင်း မရှိသေးပေ။

အုပ်စုဖွဲ့အဓမ္မကျင့်မှု အိန္ဒိယမှာ ထပ်မံဖြစ်ပွား

အိန္ဒိယနိုင်ငံ မက်ဒ်ယာ ပရာဒက်ရှ်ပြည်နယ်အတွင်း ဆွစ်ဇာလန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြသူ အမျိုးသား ၅ ယောက်က သူတို့အနေနဲ့ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ကြတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။ အသက် ၃၉ နှစ်အရွယ် အဓမ္မပြုကျင့်ခံရသူအမျိုးသမီးဟာ သူမရဲ့ယောင်္ကျားဖြစ်သူနဲ့အတူ စက်ဘီးနဲ့ ဘုရားကျောင်းတခုကို သွားရောက်ခဲ့ပြီးနောက် လမ်းဘေးတနေရာ တောတွင်းစခန်း ကျတဲ့နေရာမှာ လူတစုကနေ ၀ိုင်းဝန်းအဓမ္မ ပြုကျင့်တာ ခံခဲ့ရတာပါ။
သူမရဲ့ယောင်္ကျား ဖြစ်သူကို ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး ဇနီးဖြစ်သူကို ခင်ပွန်းသည်ရဲ့ ရှေ့မှာတင် အဓမ္မပြုကျင့်ခဲ့ကြတာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးတဲ့ ရဲအရာရှိ DK Arya ကပြောပါတယ်။ သူတို့ထံက လပ်တော့ ကွန်ပျူတာ ရူပီးငွေ တသောင်း နဲ့ လက်ကိုင်ဖုန်းစတာတွေကိုလည်း ခိုးယူခဲ့ကြတယ်လို့ပြောပါတယ်။ အမျိုးသမီးကို ဒေသတွင်းက ဆေးရုံမှာ ဆေးဝါးကုသမှုပေးခဲ့ရပြီး အခုတော့ ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဆွစ်ဇာလန် သံအမတ်ကြီးက အကြမ်းဖက်ခံခဲ့ရတဲ့ ဇနီးမောင်နှံနဲ့ စနေနေ့မှာတွေ့ဆုံစကားပြောခဲ့ပြီး ဒီအမှုကို အမြန်ဖော်ထုတ်ပေးဖို့ အိန္ဒိယ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

အဓမ္မပြုကျင့်ခံရသူအမျိုးသမီးနဲ့ သူ့ရဲ့ခင်ပွန်းတို့ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကနေ နယူးဒေလီမြို့အထိ ၃ လကြာ စက်ဘီးနဲ့ခရီးသွားနေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း နယူးဒေလီမြို့က ဘတ်စ်ကား တစီးပေါ်မှာ ၂၃ နှစ်အရွယ်ကျောင်းသူ တယောက်ကို အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တဲ့အတွက် လူအများဒေါသထွက်ခဲ့ကြပါတယ်။ အဲဒီလိုလိင်ပိုင်းဆိုင်ရာစော်ကားမှု ဖြစ်ပွားခဲ့ပြီး ၃ လအကြာမှာ အခုအမှု ထပ်မံဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

အာကာသအတွင်း ချိန်ကိုက်မိုင်းခွဲခြင်းများကို ပြုလုပ်တော့မည်

အာကာသ အတွင်းမှ ကမ္ဘာမြေသို့ ဦးတည်လာနိုင် သည့် ဥက္ကာပျံများ၏ အန္တရာယ်ကို ကာကွယ်နိုင်ရန် အတွက် အာကာသအတွင်း ချိန်ကိုက်မိုင်းခွဲခြင်း လုပ်ငန်းများကို နောင်လာမည့် ဆယ်နှစ်အတွင်း ပြုလုပ်နိုင်တော့ မည်ဖြစ်ကြောင်း ဩစတြေးလျနိုင်ငံ၊ နယူးဆော့ဖ်ဝေးလ် တက္ကသိုလ် ဩစတြေးလျ စင်ထရယ်အာ ကာသစူးစမ်း လေ့လာရေး သုတေသန ဌာန ACSER မှ ဦးစီးပြီး စီစဉ်ဆောင်ရွက် သတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။ ယင်းတက္ကသိုလ်မှ ဦးစီးပြီး ကမ္ဘာအရပ်ရပ်ရှိ အာကာသသိပ္ပံဆိုင်ရာ ကျွမ်းကျင် ပညာ ရှင်များသည်
၂၀၁၆ ခုနှစ်ခန့်တွင် ဩစတြေး လျနိုင်ငံ၌ အာကာသအတွင်း ချိန်ကိုက်မိုင်းခွဲခြင်း သုတေသနလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်သည်။ ပထမဦးစွာ လမျက်နှာပြင်ပေါ်တွင် ချိန်ကိုက်မိုင်းများ ဖောက်ခွဲနိုင်ရန် သုတေသနပြုလုပ် ဆောင်သွားမည်ဖြစ်ကာ ထို့နောက် ကမ္ဘာဂြိုဟ်ပတ် လမ်းကြောင်းသို့ ၀င်ရောက်လာမည့် ဥက္ကာပျံများ၏ အန္တရာယ်ကို ကာကွယ်နိုင်ရန် ဆက်လက်ကြိုးစား သွားမည်ဖြစ်ကြောင်း ACSER အဖွဲ့၏ သုတေသန ပညာရှင် တစ်ဦးဖြစ်သူ ဂေါ် ဒန်ရိုစ်ဆယ်လာက ပြောကြားသွားခဲ့ သည်။

၁၀၈၂ ပေခန့်နက်သော ကမ္ဘာ့အံ့ဖွယ်လှိုဏ်ဂူ

ကမ္ဘာကျော် ဒဏ္ဍာရီရုပ်ရှင်ဇာတ် ကားများဖြစ်သော Lord of the ring ဇာတ်ကားနှင့် အခြားရုပ်ရှင် ဇာတ်ဝင်ခန်း များတွင် ပါဝင်သည့် မြေအောက်လှိုဏ်ဂူ များကဲ့သို့ ၁၀၈၂ ပေအနက် ရှိသော ကမ္ဘာ့အံဖွယ် သဘာဝလိုဏ်ဂူတစ်ခုကို မက္ကဆီကိုနိုင်ငံ အကွီစမွန်ဒေသတွင် တွေ့ရှိရသည်။ ထိုလှိုဏ်ဂူကို စွန့်စားသွားရောက်လိုသူများ များပြားလျက်ရှိပြီး ယခုနှစ်အစော ပိုင်းတွင် ဓာတ်ပုံပညာရှင် တစ်ဦးဖြစ်သူ အာမီဟင်ကယ်လ်ဆိုသူက
စွန့်စွန့်စားစား ဓာတ်ပုံများ ရိုက်ကူးမှတ်တမ်း တင်ခဲ့သည်။ ငှက်အမျိုးပေါင်း မြောက်များစွာတို့ လာရောက်နားခိုနေထိုင်သည်ကို အစွဲပြု၍ ယင်းလှိုင်ဂူကို စပိန်ဘာသာဖြင့် ဆိုတာနိုဒီ လက်စ်ဂိုလွန်ဒရီနက်စ်လှိုင်ဂူဟူ၍ ဒေသခံများက မှည့်ခေါ်ကြသည်။ထိုလှိုင်ဂူသည် ကမ္ဘာပေါ်ရှိ နေရောင်ခြည်တိုက်ရိုက် ကြရောက်နိုင်သည့် ဂူများအနက် အနက်ဆုံး ဂူဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယား-အမေရိကန် စစ်လေ့ကျင့်မှု ကင်ဂျုံအမ် စောင့်ကြည့်

တောင်နဲ့မြောက်ကီုရီးယားနှစ်နိုင်ငံကြား တင်းမာနေတဲ့ ပင်လယ်ပြင်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကျုံအမ်းက စောင့်ကြည့်နေ ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဆိုပါတယ်။ ပင်လယ်ဝထဲက ကျွန်းတကျွန်းပေါ်မှာ ရန်သူလို့သတ်မှတ်ထားတဲ့ ပစ်မှတ်တွေဆီကို အမြှောက်တွေနဲ့ပစ်ခတ်နေတာကို မစ္စတာကင်မ်က ကြည့်ရှု့ခဲ့တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ်မှာ ဒဏ်ခတ်အရေးယူမှုတွေကို တိုးမြှင့်ချမှတ်ပြီးတဲ့နောက်၊ မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စု ကို နျူကလီးယားစစ်ပွဲ ဆင်နွှဲမယ်ဆိုတဲ့ ကိစ္စအပါအဝင် တောင်ကိုရီးယားနိုင်ငံကိုလည်း နည်းမျိုးစုံနဲ့ ခြိမ်းခြောက်နေခဲ့တာပါ။

သူတို့ဟာ အမေရိကန်ပြည်ထောင်စုကို နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်နိုင်လိမ့်မယ်လို့ ယူဆနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ တောင် ကိုရီးယားနိုင်ငံနဲ့အငြင်းပွားနေတဲ့ နယ်စပ်ဒေသ တဝိုက်မှာတော့ တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ စိုးရိမ်စရာတွေဖြစ်ပေါ်နေပါတယ်။ ကိုရီးယားစစ်ပွဲ အပြီး ၁၉၅၃ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်ပြေငြိမ်းရေးစာချုပ်ကို မြောက်ကိုရီးယားဘက်က အသိအမှတ်မပြုတော့ဘူး လို့လည်း ပြောထားတာဖြစ်ပါတယ်။

တရုတ်သမ္မတသစ် ရှီကျင့်ပင် တင်မြှောက်

တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်က ရှီကျင်းပင်းကို တရုတ်နိုင်ငံရဲ့ သမ္မတအဖြစ်နဲ့ မဲပေးရွေးချယ် ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းစတင်လုပ်ဆောင်ခဲ့ပြီး ဆယ်စုနှစ်တခုအတွင်း ပထမဆုံးကြုံ ရတဲ့ ခေါင်းဆောင်မှု အပြောင်းအလဲကို တရုတ်နိုင်ငံဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ ဒီအခမ်းအနားအတွင်း အပြီးသတ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မစ္စတာရှီကျင်းပင်း နဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ ခေါင်းဆောင်ပိုင်းက တင်းတင်းကြပ်ကြပ် အုပ်ချုပ်နေတဲ့ တရုတ်နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး အလားအလာတွေနဲ့ ပတ်သက်ပြီးတော့လည်း မျှော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဗီအိုအေ သတင်းထောက် William Ide ဘေဂျင်းမြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေး မှာဖြစ်ပါတယ်။

တရုတ်သမ္မတရာထူးနေရာကို ရှီကျင်းပင်းကို ရွေးချယ်လိုက်တာကို တရုတ်အမျိုးသားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက နာရီပိုင်းအတွင်းမှာပဲ ထောက်ခံမဲပေးခဲ့ကြပါတယ်။ အဲဒီလိုမဲပေးခဲ့တာမှာ ကန့်ကွက်မဲ ၁ မဲ  ကြားနေမဲ ၃ မဲ ရှိခဲ့ပါတယ်။ ရှီကျင်းပင်း သမ္မတဖြစ်လာမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘယ်သူကမှ သံသယမရှိကြပဲ၊ တရုတ်နိုင်ငံရဲ့ ပြည်သူခန်းမကြီးအတွင်းက အခြေအနေတွေဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပွဲတော်ကြီး တခုဆင်နွဲနေသလိုဖြစ်နေပါတယ်။ ကိုယ်စားလှယ်အတော်များများက သူတို့မဲပေးနေတာတွေ ကို သူတို့ဘာသာ သူတို့ ဓါတ်ပုံတွေရိုက်ခဲ့ကြသလို၊ တချို့တွေကလည်း ရှီကျင်းပင်းကို အမှတ်တရ လက်မှတ်တွေ ထိုးခိုင်းခဲ့ကြပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ၀န်ကြီးချုပ်သစ်ဖြစ်လာမယ့်လို့ တစ်ပေးခံထားရတဲ့ လီကီကျန်းကိုလည်း အမှတ်တရ လက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်။

လီကီကျန်းကို ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ဖို့ကိစ္စကိုတော့ သောကြာနေ့မှာ မဲပေးကြမှာဖြစ်ပြီး ၊ လီကီကျန်းပဲ ၀န်ကြီးချုပ်ဖြစ်လာလိမ့်မယ်လို့ အားလုံးက တွက်ထားကြပါတယ်။ ဒါပေမဲ့ ကွဲကွဲပြားပြားမသိနိုင်ပဲ ရှိနေတာတခုကတော့၊ သူတို့ ၂ ယောက်အနေနဲ့ တရုတ်နိုင်ငံရင်ဆိုင်နေရတဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ အပြောင်းအလဲတွေလုပ်ဖို့ တောင်းဆိုနေတဲ့ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်း သွားမလဲဆိုတာ ပဲဖြစ်ပါတယ်။ တရုတ်အမျိုးသားပြည်သူကွန်ဂရက်အတွင်း အစည်းအဝေးတွေမှာ တရုတ်တာဝန် ရှိ သူတွေက အတိအလင်းရှင်းရှင်း လင်းလင်း ပြောခဲ့တာတခု ကတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲ မှု တခုကတော့ ပါဝင်မှာမဟုတ်ဘူးလို့ ပြောထားတာဖြစ်ပါတယ်။

တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Fu Ying ပြောတာကတော့ - တခြားနိုင်ငံတွေရဲ့ အပြောင်းအလဲပုံစံတွေအတိုင်း ပြုပြင်ပြောင်းလဲရေးတွေမလုပ်လို့ ၊ တရုတ်နိုင်ငံ ရဲ့ နိုင်ငံရေးပြုပြင်ပြောင်း လဲရေး ကို ပြုပြင်ပြောင်းလဲရေးလုပ်တာမဟုတ်ဘူးလို့ ပြောတာတော့ မတရားဘူးပါဘူး။  လို့ သူမက ပြောသွားတာဖြစ်ပါတယ်။
တရုတ်အစိုးရ ထုတ်ဝေတဲ့ Global Times သတင်းစာရဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာခေါင်းကြီးပိုင်းမှာတော့ ပိုပြီးတော့ တုံးတိတိ ရေးထားပါတယ်။ အဲဒီမှာ ဆိုရှယ်လစ်လမ်းစဉ်ကို ထပ်လောင်းအတည်ပြုပြီး၊ အနောက်အုပ်စုက သတ်မှတ်တဲ့ ပြုပြင်ပြောင်းလဲရေးစံကို အမြဲပယ်ချ ဆိုပြီးတော့ ပြောထားပါတယ်။

ဒါပေမဲ့လည်း အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးစိတ်ကူးတွေအားလုံးကိုတော့ တရုတ်နိုင်ငံက ပယ်ချတာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တရုတ်မီဒီယာတွေမှာဖော်ပြနေတဲ့ သတင်းဆောင်းပါးတွေအတော်များများမှာတော့ ပြင်သစ်သမိုင်းပညာရှင် Alexis de Tocqueville ရဲ့ စာတွေကို ပြန်ပြီးတော့ စိတ်ဝင်စားလာနေကြပါတယ်။ ရှီကျင်းပင်းရဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ အဓိကထိပ်ပိုင်းခေါင်းဆောင်အဖွဲ့ဝင် ၇ ဦးထဲက တဦးဖြစ်တဲ့ ၀မ်ကီရှန်းကတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို Alexis de Tocqueville ရဲ့ the “Old Regime and Revolution” ဆိုတဲ့စာအုပ်ကို အဆိုပြုထားပါတယ်။

အဲဒီထဲမှာ တရုတ်နိုင်ငံဟာ တော်လှန်ရေးလုပ်ဖို့ အချိန်တန်ပြီလားဆိုတာမျိုးကို အတော်များများ ပြောထားပါတယ်။ တရုတ် သတင်းထောက် Cheng Yizhong ပြောတာကတော့ ၀မ်ကီရှန်း နဲ့ ရှီကျင်းပင်းတိုက Tocqueville ရဲ့ စာတွေကို စိတ်ဝင်စားရတဲ့ အကြောင်းကတော့ လူတစ်စုကနေ အာဏာကို ဘယ်လိုလွှမ်းမိုးချုပ်ကိုင်ပြီး ၊ ခြိမ်းခြောက်မှုတွေကို ဘယ်လိုကာကွယ်မလဲဆိုတာနဲ့ ဆုံးဖြတ်ချက်တွေကို လေ့လာဖို့ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လစ်ဘရယ်ဝါဒီတွေ နဲ့ တရုတ်နိုင်ငံသားတွေကတော့ မတူညီတဲ့အမြင်တွေရှိကြပြီး၊ တရုတ်နိုင်ငံအနေနဲ့ တပါတီစနစ်နဲ့ အုပ်ချုပ်နေတာကို ပြောင်းလဲသင့်တယ်လို့ ယူဆကြပါတယ်။ ဒီလိုမဖြစ်လာဘူးဆိုရင် ပြင်သစ်တော်လှန်ရေးနဲ့ အလားသဏ္ဍာန်တူတဲ့ တော်လှန်ရေးမျိုးကြုံလာနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေကတော့ အဂတိလိုက်စားမှုက ပါတီကိုထိခိုက်အဆုံးသတ်သွားစေမယ့်လို့ သတိပေးလိုက်ပြီး၊ အစိုးရအနေနဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့အတွက် ဆန္ဒရှိတယ်လို့ ပြောလိုက်ပါတယ်။ တရုတ်အစိုးရအနေနဲ့ အောက်ခြေအဆင့်တွေကိုပဲ ပစ်မှတ်ထားတိုက်ဖျက်သွားမှာမဟုတ်ဘဲ၊ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကိုလည်း အရေးယူသွား မှာဖြစ်တယ်လို့ ပြောပါတယ်။

တူနီးရှားတွင် အလုပ်လက်မဲ့ လူငယ်တစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့သတ်သေ

တူနီးရှားတော်လှန်ရေးကို အစပျိုးခဲ့သည့် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့သူ Mohamed Bouazizi ကို ပြန်ပြောင်း အမှတ်ရစေမှု တစ်ခုအဖြစ် တူနီးရှား အလုပ်လက်မဲ့ လူငယ်တစ်ဦးက မတ်လ ၁၂ ရက်နေ့တွင် တူး နစ်မြို့လယ်၌ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေမှု ဖြစ်ပွားခဲ့သည်။ တူနီရှား အစိုးရအဖွဲ့သစ်ကို ဥပဒေပြုအမတ်များက သဘောတူခွင့်ပြုရန် မဲခွဲဆုံးဖြတ်သည့်နေ့တွင် ယခုဖြစ် ရပ် ဖြစ်ပွားခဲ့ခြင်းက တူနီးရှားနိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းကို
အဆုံးသတ်ရန် ကြိုးပမ်းမှုများအား အရှိန်မြင့်တက်စေခဲ့သည်။

တူနီရှား ဥပဒေပြု အမတ်များသည် အစ္စလာမ်မစ်ဝါဒီ ၀န်ကြီးချုပ်လောင်း အလီလာရာယက်၏ ညွန့်ပေါင်း အစိုးရ အဖွဲ့ကို ထောက်ခံမဲ ၁၃၉ မဲဖြင့် သဘောတူခွင့်ပြုပေးခဲ့ကြောင်း ရုပ်သံက ကြေညာခဲ့သည်။ အသက် ၂၇ နှစ်အရွယ် အဗ္ဗဒယ်ခါဒရီဆိုသူသည် တူနီးရှားအနောက်မြောက်ပိုင်း Jendouba မြို့ရှိ အလွန် အမင်းဆင်းရဲသော မိသားစုမှ မွေးဖွားလာသူဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ခါဒရီသည် အလုပ် ရှာရန်အတွက် မကြာသေးခင်က တူးနစ်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ခါဒရီသည် Habib Bourguiba လမ်းရှိ မြူနီစပယ် ပြဇာတ်ရုံရှေ့တွင် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့ခြင်း ဖြစ် သည်။ အဆိုပါနေရာသည် အာဏာရှင်ဟောင်း ဘင်အလီကို ဖြုတ်ချခဲ့သည့် ၂၀၁၁ ခုနှစ် တော် လှန်ရေးစတင်ရာ ဗဟိုချက်ဖြစ်သည်။ အဗ္ဗဒယ်ခါဒရီသည် မတ်လ ၁၃ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲတွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံး သွားခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တူနီးရှားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၁၇ ရာခိုင်နှုန်းရှိပြီး ဘွဲ့ရအလုပ်လက်မဲ့ ပမာဏမှာ အများ ဆုံးဖြစ် သည်ဟု သိရှိရသည်။ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် သစ်သီးရောင်းသူ Bouazizi ၏ သစ်သီးလှည်းကို ရဲတစ်ဦးက သိမ်း ယူခဲ့သဖြင့် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့ပြီးနောက်တွင် တူနီးရှား၌ မီးရှို့သတ်သေသူ များပြား လာခဲ့သည်။ Bouazizi သေဆုံးမှုသည် ဘင်အလီအုပ်စိုးမှုကို အဆုံးသတ်စေသည့် ဆန္ဒပြမှုများ ဖြစ် ပွားစေခဲ့သည်။

အချစ်နဲ့အိမ်ထောင်ပြုချင်းက တိုက်ရိုက်အချိုးကျတယ် ထင်ပါတယ် အောင်ရဲလင်း

လူရယ်လို့ ဖြစ်လာရင် အချစ်ဆိုတာကို မခံစားတတ်သူ မရှိသလောက်ရှားမယ် ထင်ပါတယ်။ တချို့ကတော့ လည်း ပိုင်ဆိုင်ရမှ အချစ်၊ မပိုင်ဆိုင်လည်း ခွင့်လွှတ် နစ်နာခံတာကလည်း အချစ်လို့ ဆိုပြန်ပါတယ်။ အချစ် ဒဿန ဆရာတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုကြသလို ချစ်ခြင်းနဲ့အိမ်ထောင် ပြုခြင်းကြားမှာ ဘယ်လိုဆက်နွယ် မှုတွေရှိနေလဲ အနုပညာရှင် တွေကို တီးခေါက်ကြည့်တဲ့အခါ... မြင်မြင်ချင်း ချစ်တယ်ဆို တာတော့ မရှိဘူးလို့ထင်တယ်။ မြင်မြင် ချင်းကြိုက် တာပဲရှိမှာပါ။
ကျွန်တော် လက်ခံထားတဲ့ အချစ်က တော်တော်များ များကတော့ ပြောကြတယ်။ ကိုယ်ကလည်းချစ်ရမယ်။ သူကလည်းချစ်ရမယ်။ အဲဒါမျိုးကို အချစ်လို့ထင်ပါ တယ်။ ကျွန်တော်က အတည်တကျ ကြုံတွေ့ခဲ့ရတဲ့ အချစ် ဆိုတာ မျိုးမရှိပါဘူး။ တက္ကသိုလ်ကျောင်း သားဘဝ ငယ်ငယ်တုန်းက ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း လောက်ကတော့ အသက်ကြီးကြီး မမတွေကိုသဘော ကျခဲ့တယ်။ ၅၂၈ အချစ်ကတော့ အမြဲတမ်း တကယ် ချစ်ရင် ကိုးကွယ်ရမှာပေါ့။ အချစ်က ပေးဆပ်ခြင်း၊ ရယူခြင်း၊ စွန့်လွှတ်ခြင်း၊ စွန့် စားခြင်း၊ ကြိုးစား ခြင်း အားလုံးပါတယ်။ တစ်ခုတည်း တော့မရှိဘူး။ အချစ်နဲ့ပတ်သက်တဲ့ ရသက မျိုးစုံရှိ တယ်။

အချစ်နဲ့အိမ်ထောင်ပြုခြင်းက တိုက်ရိုက် အချိုး ကျတယ်လို့ထင်ပါ တယ်။တချို့လည်း ချစ်တာနဲ့အိမ် ထောင်ပြုတာ တိုက်ရိုက်ကျတယ်။ ကျွန်တော်လည်း တိုက်ရိုက်ကျချင် ပါတယ်။ ပြီးတော့ တကယ်ချစ်တဲ့ သူကိုပဲလိုချင်ပါတယ်။ အိမ်ထောင်တစ်ခု သာယာဖို့ အဓိကကျတာ စီးပွားရေး ယုံကြည်မှု၊ နားလည်မှုလို့တော့ထင်ပါတယ်။ အဓိကက တစ်ယောက်နဲ့တစ် ယောက် နားလည်မှုရှိဖို့လိုတယ်။ ပါဘူး။ အိမ်ထောင်ပြုမှပဲသိမှာပါ။အချစ်ဇာတ်ကား တွေရိုက်လို့ အချစ်ကို ယုံကြည်မိတာ တော့အချစ်ကိုယုံကြည်မိတာတော့ မရှိပါဘူး။ အချစ်က တကယ်ချစ်ရင် ယုံကြည်စရာတွေချည်းပါပဲ။ ကျွန်တော်ထင်တာက အချစ်=ရိုးသား ခြင်း၊ ရိုးသားမှအချစ်စစ်ရမယ်လို့ ထင်ပါတယ်။

ရုပ်ရှင်ကားကြီး ၂ကား ရိုက်ဖို့ ပြင်ဆင်စီစဉ်နေတဲ့ ဖွေးဖွေး

ဖွေးဖွေးက ဒါရိုက်တာ ဇော်မျိုး (ခရေပုံပြင်)နဲ့ ‘အချစ်သည် ကျန်းမာရေးအတွက် အကောင်းဆုံး ကိုယ်ရံတော်’ ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး ဇာတ်ကား ရိုက်ကူးမှုတွေကို တစ်လနားမယ်လို့ သိရပါတယ်။ ရုပ်ရှင်ကားကြီး ၂ ကား ရိုက်ကူးဖို့အတွက် ပြင်ဆင်ရင်း နားဖြစ်တာလို့ ပြောပြပါတယ်။”ရုပ်ရှင်ကားကြီး ၂ကားက ၄ လပိုင်းမှာ ရိုက်မှာပါ။ ဒါရိုက်တာ ကိုဝိုင်း၊ ကိုနေတိုးတို့နဲ့ ‘ကျွန်မက နှင်းဆီ ပါမောင်’ ဇာတ်ကားက ထားဝယ်ထုတ်လုပ် ရေးအတွက် ပြင်ဦးလွင်မှာပါ။
နောက်တစ်ကားက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)၊ အောင်ရဲလင်းတို့နဲ့ ရွှေတောင် ထုတ်လုပ်ရေးကပါ။ ရှမ်းပြည်၊ သီပေါဘက်မှာပါ ဒီကား ၂ ကားအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်မှ ရမယ်ထင်လို့ပါ။

ကိုဝိုင်းကတော့ ဧပြီလဝက် လောက်စရိုက်ရင် နောက်လလောက် အထိဖြစ်သွားမယ် ထင်တယ်။ အခုရိုက်ကူးရေး နားထားပေမယ့် ဒီလ ၂ဝကျော်လောက် ကစပြီး Pre Shoot ရီဟာဇယ်တွေ လုပ်မယ်။ “လက်ပံ” ကားကြီးတုန်း ကလိုပေါ့။ လေယူလေသိမ်းတွေ၊ အမူအရာ တွေကို အပြင်က ဖွေးဖွေးနဲ့မတူဘဲ ကာရိုက်တာ ဝင်သွားအောင်ပေါ့။ ရုပ်ရှင်ကားက ၂ ကားဆိုတော့ ဒီကား ၂ကားစလုံးကို တာဝန်ယူနိုင်ပါ့မလားလို့ စဉ်းစားတယ်။ ဇာတ်လမ်းကို ကြည့်တော့ အကြမ်းနဲ့ရို့မန့်ဆိုတော့ ၂ခုလုံးလုပ်နိုင် မယ်ထင်လို့ လက်ခံခဲ့တယ်။ အဓိကကတော့ ဆံပင်ပုံစံတွေကို စဉ်းစားရမယ်။ အဝတ်အစားရောပေါ့။ ကိုဝိုင်းကားမှာက ပုံစံ ၃ မျိုးလောက် ပြောင်းရမယ်။ ကျန်တာကတော့ ကိုယ့်စိတ်ပဲ ပြင်ဆင်ရမှာပေါ့။ ဒီလိုအချိန်ယူ ပြင်ဆင်တာကလည်း ကိုယ့်ရဲ့မု (ဒ်) ပေါ်ပဲ မူတည်တယ်။ဒီကားအတွက် ဒီလိုလုပ်ချင်တယ်ဆိုဒီလိုပဲ။ နောက် ကားတွေအတွက် ဘယ်လိုဖြစ်မလဲမသိဘူး။ ပစ္စုပ္ပန်မှာပဲနေပါတယ်။ ဒီကားတွေအတွက် ဘာမှတော့ ကြိုမပြောချင်ဘူးလေ။ ရုပ်ရှင်ကားကြီး ဆို တော်ရုံနဲ့ မတင်ဘူး။ ‘လက်ပံ’ ဆို လည်း ရိုက်ထားတာ ၃နှစ်ရှိပြီ။ အခုထိ မတင်သေးဘူး”လို့ ရုပ်ရှင်ကားကြီးအတွက် ပြင်ဆင်မှုကို ပြောပြပါတယ်။

ဖွေးဖွေးက ‘ဇာတ်လမ်းဟောင်း တွေရှိခဲ့ရင်’ ရုပ်ရှင်ကားကြီးမှာလည်း မင်းမော်ကွန်းနဲ့ ရိုက်ကူးထားပြီး ရုံတင်ပြသတော့မှာ လည်းဖြစ်တာကြောင့် ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း… ”ဖွေးဖွေး ရုပ်ရှင်ကားကြီးတွေမှာ ဇာတ်ရုပ်အမာတွေ ရိုက်ထား တာများတော့ အပျော့လေးတွေ လုပ်ကြည့်တယ်။ ဒီကားမှာက ဟိုး၁၉၆ဝ လောက်က ကားတွေမှာ ခေတ်လူတွေ ရောက်နေသလို ခံစားရတယ်။ ဒီကားက ဖွေးဖွေးတို့ အခုအရွယ်ဆို မသိသေးဘူး၊ ကြီးလာလို့ ဇာတ်လမ်းဟောင်းတွေရှိခဲ့ရင်၊ တကယ်ချစ်ရက်နဲ့ ကွဲခဲ့တဲ့ လူတွေရှိရင် ပြန်ဆက်နိုင်သေးတယ်ပေါ့။ ဒါကကြီးလာမှ သိမှာလေ။ ဒီဘက်ခေတ်မှာ ဒီလို ရှေးပုံစံမျိုးနဲ့ ရိုက်တဲ့ကားကရှားသွားပြီ” လို့ ပြောပြခဲ့ပါတယ်။

ရေကူးအားကစားနည်းနဲ့ သင်ဇာဝင့်ကျော်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၃ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို ဒီဇင်ဘာလ အတွင်းမှာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ချောင်းသာ ကမ်းခြေတို့မှာ ကျင်းပမှာဖြစ်ပြီး ကျင်းပရန်ရက် ပေါင်း၂၇ဝကျော်သာ လိုတော့တဲ့အထိ နီးကပ်လာပါပြီ။ အခုတစ်ပတ်မှာတော့ ဆီးဂိမ်းမှာ ကျင်းပမယ့် အားကစားနည်း ၃၃နည်းထဲက ရေကူး အားကစားနည်းကို အနုပညာရှင် သင်ဇာဝင့်ကျော်နဲ့ ရန်ကုန်မြို့က အမျိုး သား ရေကူးကန် မှာစီစဉ်ရိုက် ကူးဖြစ်ခဲ့ပါတယ်။
သူ့ရဲ့ ဆီးဂိမ်းအပေါ် အမြင်နဲ့ ရေကူးအားကစား နည်းအကြောင်း မေးမြန်းဖြစ်ခဲ့ ပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ဆီးဂိမ်းကို အိမ်ရှင်အဖြစ်နဲ့ ကျင်းပမှာကို ဂုဏ်ယူမိ တယ်လို့ ဆိုလာသူ သင်ဇာဝင့်ကျော်က ဆီးဂိမ်းနဲ့ ပတ်သက်ပြီး ”ဆောင်ပုဒ်တစ်ခုရှိတယ်။ “မြန်မာအား ကစား ကမ္ဘာကို လွှမ်းရမည်” ဆိုတဲ့ဆောင် ပုဒ်အတိုင်း တကယ်ကို မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေချင် တယ်။ ဆီးဂိမ်းက အဲဒီလိုဖြစ်လာဖို့ အတွက် အစလို့ ထင်မိတယ်။ နောက်ပြီးတော့ ကိုယ့်နိုင်ငံက အိမ်ရှင် အဖြစ်နဲ့ စည်စည် ကားကား သိုက်သိုက် မြိုက်မြိုက် ကျင်းပမှာမို့လို့ ကိုယ့်နိုင်ငံအတွက် ဂုဏ်လည်းယူမိ တယ်”

”မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပါဝင် ယှဉ်ပြိုင်ကြမယ့် ကစားသမား တွေ အားလုံး ကိုလည်း အားပေးနေ မှာပါ”လို့ ပြောပြပါတယ်။ အနုပညာရှင် တစ်ယောက်အနေနဲ့ အားကစားနည်းတစ်ခုကို ပြည်သူတွေ စိတ်ဝင်စားစေဖို့ လှုံ့ဆော်ပေးရတဲ့ အပေါ်ကိုလည်း ”ကိုယ်က အားကစားသမား မဟုတ်ပေမယ့် ဒီဟာကိုဝိုင်းပြီး လှုံ့ဆော်ပေးရတာပဲ ဖြစ်ဖြစ် ကိုယ်တတ်နိုင်သမျှ ပါဝင် ခွင့်ရတယ်ဆိုရင် ဝမ်းသာလှပါပြီ။ ကိုယ်က အားကစားအကြောင်းကို သိပ်မသိပေမယ့် အားကစား ကို ကိုယ့်ရဲ့ အနုပညာနဲ့ပေါင်းစပ်ပြီး အများပြည်သူသိဖို့ စိတ်ဝင်စားဖို့ လှုံ့ဆော်ရမယ်ဆိုရင် ကျေနပ်သလို ဝမ်းလည်းဝမ်းသာပါတယ်”လို့ သင်ဇာဝင့်ကျော်က ဆက်ပြောပါ တယ်။

အနုပညာရှင် မဖြစ်ခင်ငယ်ငယ် တုန်းကတည်းကအားကစားကို စိတ် ဝင်စားပြီး ဘောလုံးကန်တာ၊ ရေကူးတာတို့ကို လုပ်ဖြစ်ခဲ့တယ်ဆိုတဲ့ သင်ဇင် ဝင့်ကျော်က သူ့ရဲ့ ငယ်စဉ် ဘဝကို ”ငယ်ငယ်တုန်းကနေတဲ့ ခြံကကျယ်တယ်။ အဲဒီက ကိုယ်တွေနဲ့ သက်တူရွယ်တူ ကစားဖော်၊ ကစားဖက်တွေလည်း ရှိတယ်ဆိုတော့ ဘောလုံးလည်း ကန်ဖြစ်တယ်။ နောက်ပြီး ဘေ့စ်ဘောတို့လို အားကစားတွေ လည်းလုပ်ဖြစ်တယ်။ ငယ်ငယ်ကတည်းက ရေကူးရတာကို ဝါသနာပါပြီး ရေကူးတာကို လုပ်ဖြစ်ခဲ့တယ်”လို့ ပြောပြပါတယ်။ ရေကူးအားကစားနဲ့ အမှတ်တရ တွေအကြောင်းကို ”ခုနစ်တန်း လောက်က ရေကူးပြိုင်ဖို့ဆိုပြီး ပြိုင်ပွဲ ဝင်စာရင်းထည့်ပေး လိုက် တယ်။ မီတာ ၅ဝ၊ ၁ဝဝလားတော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ ပြိုင်ပွဲ ရက်နီးခါမှ နေမကောင်းဖြစ်တာ ကြောင့် မပြိုင်လိုက်ရဘူး။ စိတ် လည်းမကောင်းဘူးပေါ့။ ဒါကတော့ အခုထိ သင်ဇာ့အတွက် အမှတ်တရပါပဲ”လို့ သတိတရနဲ့ ပြောပြပါတယ်။ ရေကူးအားကစားဟာ ကျန်းမာရေးအတွက် သင့်တော်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိစေကြောင်း၊ ခန္ဓာကိုယ်အတွက် ရေကူး အားကစားနည်းဟာ အလွန်အဆင် ပြေကြောင်း ဆက်ပြောပါတယ်။

သင်ဇာဝင့်ကျော်က ဆီးဂိမ်းပြိုင်ပွဲကို ပရိသတ်အများအပြား လာရောက် အားပေးစေချင်ပြီး ပြိုင်ပွဲဝင်မယ့် အားကစားသမား တွေအတွက် အားပေးဆုတောင်း စကားကို ”ဘယ်အရာမဆို ဇွဲ မလျှော့စတမ်း ကြိုးစားရင် အောင် မြင်မှာပါ။ ကိုယ်ဆုံးဖြတ်ပြီး တဲ့အရာကို ကောင်းအောင်လုပ်ဖို့ပဲ ကြိုးစားပါတယ်။ သင်ဇာလည်း ဘဝကို ဒီလို ပဲလျှောက် လှမ်းနေတာပါ။ ရေကူး အားကစားနည်းက ကစားသမားတွေရော၊တခြားအားကစား နည်းတွေက နိုင်ငံဂုဏ်ဆောင်ကြမယ့် ကစားသမားတွေပါ ဇွဲ မလျှော့ စတမ်းကြိုးစားပြီး မြန်မာ နိုင်ငံအတွက် ရွှေတံဆိပ်အများကြီးရ မယ်လို့ မျှော်လင့်ပါတယ်၊ ယုံလည်း ယုံကြည်ပါတယ်”လို့ပြောပြခဲ့ပါတယ်။ ရေကူးပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိရေကူးကန်နဲ့ ဇေယျာသီရိ ရေကူးကန်တွေမှာ ကျင်းပပြုလုပ်မှာဖြစ် ပြီး ချီးမြှင့်မယ့် ဆုတံဆိပ် အရေ အတွက်က ရွှေ ၃၄ ခု၊ ငွေ ၃၄ ခု၊ ကြေး ၃၄ ခု စုစုပေါင်း ၁ဝ၂ ခု ချီးမြှင့်မှာ ဖြစ်ပါတယ်။

အင်္ဂလန်မှာ တစ်ကိုယ်တော်ခွေရိုက်မယ့် စမိုင်းလ်

အခွေကတော့ မေလကုန်လောက်တော့ ထုတ်ဖို့စီ စဉ်နေတယ်။ ဒီလ(၂၉)ရက်နေ့ကျရင် အင်္ဂလန်ကို တစ်ပတ်သွားပြီးတော့ အစ်မ တစ်ကိုယ်တော်ခွေထဲက MTV သုံးပုဒ်သွားရိုက်မယ်။ မော်ဒယ်လ်ကတော့ ဟိုက နိုင်ငံခြားသားတွေ ပေါ့။ ကင်မရာတွေကလည်း နိုင်ငံ ခြားကပဲ။ စက်တွေဘာတွေကအစ သူတို့ MTV ရိုက် နေတဲ့ စက်တွေ ကိုငှားပြီးတော့ ရိုက်ဖို့လုပ်ထားတယ်။ ပိုက်ဆံတော့ ကုန်ပေမယ့် ကိုယ့်အခွေလေးကို သပ် သပ်ရပ်ရပ် လေးနဲ့ ပရိသတ်ကို တော်တော်လေးလည်း ကြာထားပြီဆိုတော့ ချပြချင်တာကြောင့် ကြိုးစားနေ တယ်။
စမိုင်းလ်ကိုယ်တိုင်တော့ သရုပ်ဆောင်အနေနဲ့ ပါမယ်။ ဒါပေမဲ့ တချို့ဟာလေးတွေ ကျရင်တော့ သူတို့ လည်းပါမယ်။ ကိုယ့်သီချင်းအတွက် ရိုက်ဖြစ်မယ့်နိုင် ငံတွေကတော့ လန်ဒန်မှာ ရိုက်ဖြစ်မယ်။ ပြီးရင်ဘရာဇီး သွားမယ်။ ပြီးတော့ စပိန်ရယ်၊ ပြင်သစ်ရယ် မှာလည်း သွားရိုက်မယ်။ ဒီအခွေကို ထူးထူးခြားခြားဖြစ်အောင် ပိုက်ဆံအကုန်ခံပြီးတော့ ရိုက်မှာဖြစ်တဲ့အတွက် ပရိ သတ်ကြီးလည်း အားပေးပါ လို့ပြောချင်တယ်။ ရိုက်ဖြစ် သွားတာက စမိုင်းလ်တို့က အမြဲတမ်း နိုင်ငံခြားသွား တယ်။ အမြဲတမ်း သွားနေတဲ့ အတူတူ ပရိသတ်လည်း လက်ရှိမြင်နေတဲ့မြင်ကွင်း တွေကိုပဲမကြည့် ရအောင် လို့ပါ။

ကိုယ့်အခွေလေးကို VCD ထဲမှာ အမှတ်တရ လေးဖြစ်သွားအောင်လို့ပါ။ ရိုက်မယ့်(၃)ပုဒ်မှာ ကိုကျားပေါက် ရေးထားတဲ့တစ်ပုဒ်က အင်္ဂလိပ်သီ ချင်း၊ ကျန်တဲ့နှစ်ပုဒ်က ဖော်ကာ ရေးပေးထားတဲ့သီချင်းနဲ့ ရေမွန်ရေး ပေးထားတဲ့သီချင်း။MTV အတွက် ကတစ်ပတ်၊ ရိုးရိုး Shopping လုပ်မှာကတစ်ပတ်ဆိုတော့ နှစ်ပတ် တော့ကြာမယ်။ အခက်အခဲကတော့ ပြင်ဆင်ရတာတွေမှာရှိတယ်။ ပိုဆိုးတာက ဟိုဘက်ကဒါရိုက်တာ တွေကျတော့ အကုန်လုံးကိုအရင် ကြိုသိထားပြီးမှလုပ်ရတာဆိုတော့ အစ်မတို့က အင်တာနက်တစ်ခု တည်းကိုပဲအားကိုးရတယ်။ သီချင်း ဆိုရင်လည်း သူတို့ကမြန်မာလိုနား မလည်တဲ့အတွက် အစ်မတို့က တစ်ကြောင်းချင်းစီကို အင်္ဂလိပ်လိုပြန်ရတယ်။ သူတို့က စာသားကိုနား လည်မှရိုက်လို့ရတာလေ။ သူတို့အတွက် ဘာသာစကားကအစ အ ခက်အခဲရှိတော့ သူတို့ကိုစကားပြန် လုပ်ပေးရတယ်။ MTV တွေကို တော့ Story အသမပ ပုံစံလေးတွေရိုက်ခဲ့ မယ်။ နိုင်ငံခြားဆန်ဆန်ပုံစံမျိုးလေး တွေလည်းပါမယ်။ အစ်မရဲ့ကိုယ်ပိုင် သံစဉ်ခွေကို အရမ်းကြီးမမျှော်မှန်း ပါဘူး။ ပရိသတ်က အစ်မသီချင်း လေးတွေကို အမှတ်တရရှိနေတယ် ဆိုရင် ကျေနပ်ပါတယ်။

ပရိသတ်ကို စိတ်ပျက်အောင်လုပ်တဲ့ ဂျက်စတင်ဘီဘာ

ဆယ်ကျော်သက် ပရိသတ်တို့ရဲ့အသည်းစွဲ ပေါ့ပ်အ ဆိုတော် ဂျက်စတင်ဘီဘာဟာ လန်ဒန်မြို့မှာ ပြုလုပ် ခဲ့တဲ့စတိတ်ရှိုးပွဲကို ၂ နာရီကြာ နောက်ကျပြီး ရောက် လာတဲ့အတွက် ပရိတ်သတ်တွေက အလွန်ပဲစိတ်ပျက် ခဲ့ရပါတယ်။ဂျက်စတင်ဘီဘာ လာတဲ့အထိ စောင့် ကြည့်ကြတဲ့ အချို့ကလေးတွေဟာ နောက်ဆုံးရထား ကို မမှီလိုက်ကြတဲ့အတွက် ရထားဘူတာမှာပဲ ဆိုးဆိုး ရွားရွား အိပ်ခဲ့ရကြရပါတယ်။ အချို့ပရိသတ်တွေဟာ ရှိုးပွဲမှာ
ဂျက်စတင်ဘီဘာရဲ့ဖျော်ဖြေမှုကို အားရပါးရ မကြည့်လိုက်ရတဲ့အတွက် သူတို့ရဲ့အိမ်မှာပဲ ဘီဘာရဲ့ သီချင်းတွေကို နားထောင်၊ ဘီဘာရဲ့ ဓာတ်ပုံကိုကြည့် ပြီး မျက်ရည်ကျ ခဲ့ကြရပါတယ်။ နောက်နေ့မနက်မှာ တော့ ဂျက်စတင် ဘီဘာတည်းခိုတဲ့ ဟိုတယ်ရှေ့ကို သွားပြီး လူငယ်လေးတွေဟာ ဘီဘာ့ရဲ့ နာမည်ကို အသံကုန်အော် ခေါ်သူကခေါ်၊ အော်ငိုသူကငိုနဲ့ ဟို တယ်ရှေ့မှာ ဆူညံနေခဲ့ပါတယ်။ ဂျက်စတင်ဘီဘာ ဟာ သူ့ရဲ့စိတ်ပျက်သွားတဲ့ ပရိသတ်ကို စိတ်ကျေနပ် အောင် အစွမ်းကုန် ကြိုးစားရပါလိမ့်မယ်။

ဦးနုရေးတဲ့ တာတေစနေသား ဝတ္ထုကို Cherry FM မှာ ဖတ်ပြမယ့် မိုးမိုး

သီချင်းခွေတွေ အတွက်လည်း လုပ်နေသလို ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတဲ့ မိုးမိုးက ရုပ်ရှင်ကားကြီး ၅ကားနဲ့ဗီဒီယိုတွေ ရိုက်ကူး ထားပါတယ်။ ‘ဇာတ်လမ်းဟောင်း တွေရှိခဲ့ရင်' ရုပ်ရှင်ကား ကြီးမှာ လည်းပါဝင် သရုပ်ဆောင် ထားဖြစ်တဲ့ မိုးမိုးကရုပ်ရှင် ဇာတ်ကားနဲ့ ပတ်သက်ပြီး “ကျွန်တော် ရုပ်ရှင်ကားကြီး ၅ကားရိုက်ထားတဲ့အထဲမှာ အခုဒီကား က နောက်ဆုံး ရိုက် ထားတဲ့ကားပါ။ ဒါပေမဲ့ ဒုတိယမြောက်တင် တဲ့ကားပေါ့။
‘ဆယ့်နှစ် နာရီ သတို့သား’ ကပထမ အနေနဲ့ အခုရုံတင်နေပြီ။ အခုက ထပ်ပြီးတင်မှာပေါ့။ ဒီကားမှာက ကျွန်တော်နဲ့ ဟိုးတုန်းထဲက အလုပ်အတူ တွဲလုပ်တဲ့ မင်းမော်ကွန်းနဲ့ ပထမဆုံးရုပ်ရှင်မှာ ပြန်လာဆုံ တာပေါ့။ နောက်ဒီဇာတ်ကားနဲ့ ပထမဆုံးရုပ်ရှင်မှာ ပြန်လာဆုံတာပေါ့။ နောက်ဒီဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်း ဇာတ်လမ်းဟောင်းတွေရှိခဲ့ရင် သီချင်းက ကျွန်တော်ရေးထားတာပါ။ ဒါပေမဲ့ အကြောင်း တွေကြောင့် ဒီကားရိုက်ပြီးမှ အခွေတစ်ခွေ ထွက်လာတယ်။ အဲဒီအခွေက သီချင်းက လည်း own tune ပဲ။
ဒါပေမဲ့ အဲဒီသီချင်းရဲ့ ကောရပ်နဲ့ သွားတူနေတယ်။ ကျွန်တော်ရေးထားတာ လိပ်ပြာ လုံလုံပါပဲ။ ဒါပေမဲ့ သွားတူနေတာက Melody တူတာပါ။ စာသားတော့ မတူပါဘူး။ တကယ်လို ဒီဇာတ်ကားကို လာကြည့်လို့ သီချင်းကို နားထောင်မိတယ်။ တူလိုက်တာဆိုရင် ကျွန်တော် လွန်ခဲ့တဲ့ ၁နှစ်ကျော်၂နှစ်ကတည်းက ရေးထားတာပါလို့ ပရိသတ်တွေကို ပြောပြချင်ပါတယ်။ ဒါကတော့ ဒီဇာတ်ကားအတွက် ထူးခြားမှုပါ” လို့ ပြောပြပါတယ်။မိုးမိုးက Cherry FM မှာ Reader For All အစီအစဉ်မှာ ပရိသတ်တွေအတွက် စာဖတ်ဖို့ အတွက်လည်း အစီအစဉ်မှာ ပါဝင်တင်ဆက် မယ်လို့လည်း ပြောပြတာကြောင့် “ကျွန်တော် Cherry FM အစက ရွှေဥဒေါင်းဝတ္ထုလေးတွေ ဖတ်တယ်။ နောက်ပိုင်း အကြောင်းကြောင်း တွေကြောင့် ရပ်သွားတယ်။ ပရိသတ်တွေ အားပေးကြတဲ့အတွက် ထပ်ပြီး အစီအစဉ်ကို တင်ဆက်ဖို့ ရှိပါတယ်။ ဦးနုရေးတဲ့ ‘တာတေစ နေသား’ ဝတ္ထုကိုဖတ်မှာပါ။ သင်္ကြန်မတိုင်ခင် ပရိသတ်တွေနားထဲ အရောက်ပို့ပေးမှာပါ။၂နှစ်လောက်ဖတ်ရ မယ်ထင်တယ်။ နောက်ပြီး တီဗီ ပရိုဂရမ်လေးတွေ လုပ်ဖို့အတွက် အစီအစဉ်လေးတွေရှိတယ်။ လုပ်ဖြစ်မှပဲ ပြောပါမယ်” လို့ ပြောပြခဲ့ပါတယ်။

Taw Win Center မှာ ကျင်းပခဲ့တဲ့ "အိန်ဂျယ်တွေ စောင့်ရှောက်တဲ့ အချစ်" Group Music Album Promotion

မတ်လ (၁၀)ရက်နေ့က Taw Win Center မှာ ကျင်းပခဲ့တဲ့ "အိန်ဂျယ်တွေ စောင့်ရှောက်တဲ့ အချစ်" Group Music Album Promotion

အသင်းတိုးတက်မှုကို ယုံကြည်နေသည့် ဒေးဗစ် လူးဝစ်ဇ်

ချဲလ်ဆီး အသင်း နောက်ခံလူ ဒေးဗစ် လူးဝစ်သည် ယူရိုပါလိဂ်မှာ ရှုံးထွက် အဆင့်မှာ ဘူခါရတ် အသင်းအား အနိုင်ရရန် သံသယ မရှိခဲ့ကြောင်း သိရသည်။ ချဲလ်ဆီး အသင်းသည် အဝေးကွင်း ပထမ အကျော့မှာ ၁းဝ ဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ဘူခါရတ် အသင်းအား ၃ ဂိုး ပြတ်ဖြင့် ပြန်လည် အနိုင်ယူကာ ယူရိုပါလိဂ်၏ နောက်ဆုံး ၈ သင်း အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ လူးဝစ်ဇ်က မိမိတို့ အသင်း၏ တိုးတက်မှု အပေါ် အပြည့်အ၀ ယုံကြည်ထားကြောင်း ၊
ထို့ကြောင့် မန်ယူ အသင်းအား FA ပြိုင်ပွဲမှာလည်း နောက်ဆုံး အချိန်ထိ သရေ ရလဒ် ရရှိအောင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

သို့သော် သူသည် နည်းပြ၏ အခက်အခဲများကို ထောက်ပြခဲ့ပြီး အခြားအသင်းများတွင် ကစားသမား ၃၀ ခန့် ရှိနေချိန်မှာ ချဲလ်ဆီး အသင်းတွင် ကစားသမား ၂၂ ဦး ၊ ၂၃ ဦးသာရှိပြီး ပြိုင်ပွဲစုံတွင် ပါဝင်ယှဉ်ပြိုင်နေသည့် ချဲလ်ဆီး အသင်းအတွက် ကြံ့ခိုင်မှု အပြည့်ရှိသည့် ကစားသမားများ ရွေးချယ် အသုံးပြုရန် ခက်ခဲနေသည်ဟု သူက ပြောခဲ့သည်။ ချဲလ်ဆီး အသင်းသည် မန်ယူ အသင်းနှင့် FA ဖလား ပြန်ကန်ပွဲစဉ်ကို ဧပြီ ၁ရက်နှင့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ရုရှား ကလပ် ရူဘင်ကာဆန် အသင်းနှင့် ဧပြီ ၄ ရက်မှာ အသီးသီး ယှဉ်ပြိုင် ရမှာ ဖြစ်သည်။

မာလာဂါကို ပြိုင်ဘက်ကောင်းအဖြစ် လက်ခံထားသော ဒေါ့မွန်

ဒေါ့မွန် အသင်း အမှုဆောင်ချုပ် ဖြစ်သူ ဟန်စ် ဂျိုအာချင် ၀ီဇ်ကီက ၎င်းတို့ အသင်း အနေဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် ရင်ဆိုင်ရမည့် စပိန်ကလပ် မာလာဂါ အသင်းကို လျှော့တွက်မည် မဟုတ်ကြောင်း ဆိုသည်။ အုပ်စု D တွင် ရှုံးပွဲ မရှိခဲ့သလို အုပ်စုထိပ်ဆုံး ဖြစ်ခဲ့သည့် ဒေါ့မွန်သည် ယူကရိန်း ကလပ် ရှက်တာဒိုးနက် အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၅း၂ ဖြင့် နိုင်ပြီး ယခုလို ကွာတား အဆင့်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ဝီဇ်ကီက ရှုံးထွက်အဆင့်တွင် ပေါ်တို အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၂း၁ ဖြင့် ကျော်ဖြတ်ခဲ့သည့် မာလာဂါ အသင်းသည် ဒေါ့မွန် အသင်းအတွက် ခက်ခဲသော ပြိုင်ဘက်ဟု ယုံကြည်ထားကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
အသက် ၂၄ နှစ် အရွယ်ရှိ ဒေါ့မွန် ကွင်းလယ်လူ ဆာဟင်က မာလာဂါ အသင်းအကြောင်းကို မိမိ ရီးရဲလ်မှာ ရှိစဉ်က သိပြီး ဖြစ်ကြောင်း၊ သူတို့ဟာ ကစားပုံကောင်းသော အသင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ အနေဖြင့် သူတို့ကို လျှော့မတွက်သင့်ကြောင်း ပြောကြားခဲ့သည်။ ဒေါ့မွန် အသင်းသည် မာလာဂါနှင့် ကွာတားဖိုင်နယ် ပွဲစဉ် ပထမ အကျော့ကို ဧပြီလ ၃ ရက်နေ့တွင် အဝေးကွင်းနှင့် ဒုတိယ အကျော့ကို ဧပြီလ ၉ ရက်နေ့ အိမ်ကွင်း၌ ရင်ဆိုင်ရမည် ဖြစ်သည်။

ဘင်နီတက်ဇ်၏ ပြောကြားမှုအား ပြန်လည်ချေပခဲ့သည့် ဖာဂူဆန်

မန်ယူ နည်းပြ ဖာဂူဆန်သည် ၎င်းအနေဖြင့် လွန်ခဲ့သည့် တနင်္ဂနွေနေ့က FA ကွာတားဖိုင်နယ် ပွဲစဉ်တွင် လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သော ချဲလ်ဆီး ယာယီ နည်းပြ ဘင်နီတက်ဇ် အဆိုမှာ အဓိပ္ပါယ် မရှိကြောင်း ဆိုသည်။ ချဲလ်ဆီး ယာယီ နည်းပြ ဘင်နီတက်ဇ်က ယင်းပွဲစဉ် ပွဲအပြီးတွင် နည်းပြ ဖာဂူဆန်မှာ သူ့ကို လက်ဆွဲနှုတ်ဆက်ခြင်း မရှိဟု ဆိုခဲ့ဖူးသည်။ ယင်းနှင့် ပတ်သက်၍ ဖာဂူဆန်က အခြေအမြစ် မရှိသော ပြောကြားမှုသာ ဖြစ်ကြောင်း ၊
မိမိအနေဖြင့် သူ့ကို လက်ဆွဲနှုတ်ဆက်စရာ အကြောင်း မရှိကြောင်း ၊ မိမိမှာ အဲဒီတုန်းက ပရိသတ်များကို အမှတ်ရ အော်တိုထိုးပေးပြီး နေရ၍ ဘင်နီတက်ဇ်ကို မမြင်ခဲ့ခြင်းသာ ဖြစ်ကြောင်း ၊ သူ ဘာကြောင့် ယခုလိုပြောရခြင်းကို မိမိအနေဖြင့် နားမလည်ကြောင်း ၊ တကယ်လို့ သူကိုယ်တိုင်က လက်ဆွဲနှုတ်ဆက်လိုပါက မိမိ ရှိရာသို့ သူလာသင့်ကြောင်း ပြောကြားခဲ့သည်။ ယနေ့ ရီးဒင်း အသင်းနှင့် အိမ်ကွင်း ပွဲစဉ်တွင် နာနီနှင့် ဖီးလ်ဂျုံးလ် တို့မှာ အသင်းအတွက် ပါဝင်မည် မဟုတ်ကြောင်း မန်ယူ နည်းပြ ဖာဂူဆန်က ဆိုသည်။

မနောမြေအသင်းအား အနိုင်ရခဲ့သည့် ရတနာပုံ

ရတနာပုံအသင်းသည် မြန်မာနေရှင်နယ်လိဂ် ခေတ္တရပ်နားထားစဉ် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မတ် ၁၆ ရက်(ယနေ့) နံနက်က စလင်းကွင်းတွင် မနောမြေအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရတနာပုံ အသင်းတွင် ဒီဂျမ်၊ ရန်ပိုင်၊ ရဲဇော်ထက်အောင်၊ ကောင်းစည်သူ၊ ဇော်မင်းထွန်း၊ ရန်အောင်ဝင်းစသည့် အဓိက ကစားသမားများ ပါဝင်ကစားသွားခဲ့ပြီး မနောမြေအသင်းတွင် အဆာလေ၊ ကမ်ဘူးလ်၊ အေးမင်းဝင်းစသည့်
ကစားသမားများ ပါဝင် ကစားသွားခဲ့သည်။ ရတနာပုံအသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးကို ပေါ်လိုနှင့် ခင်မောင်ထွန်းတို့က သွင်းယူပေးခဲ့ပြီး မနောမြေအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို အဆာလေက (ပင်နယ်တီ)မှ တစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ဘောလုံးရာသီတွင် ရတနာပုံအသင်းသည် ရလဒ်များဆိုးရွားခဲ့သဖြင့် ဆားဘီးယားလူမျိုးနည်းပြအား အသင်းနှင့်လမ်းခွဲခဲ့ပြီး လက်ရှိအချိန်တွင် ရတနာပုံအသင်းနည်းပြချုပ်နေရာအား ဦးဇော်လေးအောင်က ရာသီကုန်အထိ တာဝန်ယူမည်ဖြစ်သည်။ ထို့ပြင် အသင်းနှင့် ကစားပုံအံမ၀င်ခဲ့သည့် ခရိုအေးရှားတိုက်စစ်မှူး ဇိုရမ်အား သုံးလစာပေးချေ၍ စာချုပ်ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ ရတနာပုံအသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် မကွေးအသင်းမှ ဇော်မင်းထွန်း၊ ဧရာဝတီအသင်းမှ သီဟစည် သူ၊ ရန်ကုန်အသင်းမှ ကောင်းစည်သူနှင့် ရန်အောင်ဝင်း စသည့် ကစားသမားများအား ခေါ်ယူထားပြီး ငွေကြေး အမြောက်အမြား သုံးစွဲထားသည်ကို တွေ့ရသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ၉ ဆင့်တက်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)သည် မတ်လအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ကြေညာ ခဲ့ရာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အဆင့် ၉ ဆင့် တက်ရောက်လာသည်ကို တွေ့ရှိရသည်။
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် မတ်လ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ရမှတ် ၁၄၇ မှတ်ဖြင့် အဆင့် ၁၅၅ တွင် ရပ်တည်နေပြီး အရှေ့တောင်အာရှဇုန်တွင် အဆင့် ၄ နေရာ၌ ရပ်တည်နေသည်။
မြန်မာအသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ လတွင် ဖိလစ်ပိုင်၊ မလေးရှား ယူ-၂၃ အသင်းများနှင့် ခြေစမ်းကစားခဲ့သလို ပြီးခဲ့သည် 2014 AFC Challenge Cup တွင်လည်း သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် ၇ မှတ်ဖြင့် ဇယားထိပ်ဆုံးမှ ခြေစစ်ပွဲအောင်မြင်ခဲ့သောကြောင့် ယခုကဲ့သို့ ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ၉ ဆင့် တက်ရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။ မတ်လအတွက် ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ရမှတ် ၁၆၁၀ မှတ်ဖြင့် စပိန်အသင်းက အဆင့် ၁ နေရာတွင် ရပ်တည်နေသည်။
အရှေ့တောင်အာရှဇုန် ရပ်တည်မှုများ
၁၂၉ ။ ဗီယက်နမ် (ရမှတ်-၂၃၉)
၁၃၅။ ထိုင်း (ရမှတ်-၂၂၀)
၁၄၅။ ဖိလစ်ပိုင် (ရမှတ်-၁၇၃)
၁၅၅။ မြန်မာ (ရမှတ်-၁၄၇)
၁၆၂။ စင်ကာပူ (ရမှတ်-၁၃၃)
၁၆၄။ မလေးရှား (ရမှတ်-၁၂၉)
၁၆၆။ အင်ဒိုနီးရှား (ရမှတ်-၁၂၁)
၁၆၈။ လာအို (ရမှတ်-၁၁၈)
၁၈၅။ ကမ္ဘောဒီယား (ရမှတ်-၅၈)
၁၈၆။ ဘရူနိုင်း (ရမှတ်-၅၂)
၁၈၆။ အရှေ့တီမော (ရမှတ်-၅၂)

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ၉၉ရာခိုင်နှုန်း သေချာသွားတဲ့ မန်ယူ

ရွန်နီရဲ့သွင်းဂိုးတစ်ဂိုးတည်းနဲ့ ရက်ဒင်းကို အနိုင်ရခဲ့တဲ့ မန်ယူဟာ ပြိုင်ဘက်မန်စီးတီးကို ၁၅မှတ်ထိ ဖြတ်နိုင်ခဲ့ပြီး လက်ကျန် ၉ပွဲမှာ ၁၃မှတ်ရရင် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခွင့်ရတော့မှာပါ။ ပထမအကျော့ပွဲစဉ်မှာ ၃၅မိနစ်အတွင်း နှစ်သင်းပေါင်း ၇ဂိုးထိသွင်းယူနိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့ မန်ယူတို့ အဆုံးသတ်ပိုင်းအားနည်းခဲ့တာ တွေ့ရပါတယ်။ ဗန်ပါစီ၊ ရွန်နီ၊ ၀ဲလ်ဘက်တို့နဲ့ ပွဲထွက်လာခဲ့တဲ့ မန်ယူဟာ ပွဲချိန် ၁၅မိနစ်အထိ ဂိုးပေါက်ခြိမ်းခြောက်မှု မလုပ်နိုင်ခဲ့ပေမယ့်
နောက် ၆မိနစ်အကြာမှာတော့ ရွန်နီရဲ့ကန်ချက် ရက်ဒင်း နောက်ခံလူနဲ့ထိပြီး မထင်မှတ်ဘဲ ဂိုးရခဲ့ပါတယ်။ ဒီဂိုးဟာ ရွန်နီအတွက် နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ၈ပွဲမှာ ၇ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့ပြီး ဒီပွဲမှာ ဂိုးမပေးခဲ့ရတာကြောင့် မန်ယူဟာ ပရီးမီးယားလိဂ်မှာ ၅၃၇မိနစ်ဆက် ဂိုးမပေးရတဲ့ မှတ်တမ်းကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။

အိပ်မက်ကမ္ဘာ ဘောလုံးလိဂ် ပြိုင်ပွဲ အတွက် ကာတာ ဘောလုံး အဖွဲ့ချုပ် ငြင်းဆို

The Times သတင်းစာကြီးက ကာတာဘောလုံး အဖွဲ့ချုပ် (QFA) အနေနှင့် ကမ္ဘာ့ထိပ်တန်းကလပ်များ ပါဝင်မည့် အိပ်မက် ကမ္ဘာဘောလုံးလိဂ် ပြိုင်ပွဲကြီး ကျင်းပရန် စီစဉ်နေသည်ဆိုခြင်းကို QFA က မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။ သတင်းစာထဲတွင် ဖော်ပြခဲ့သည်မှာ ကာတာ ဘောလုံး အဖွဲ့ချုပ် အနေနှင့် ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲကဲ့သို့ ပရိသတ် အများ စိတ်ဝင်စားစေရန် ကမ္ဘာ့ထိပ်တန်း ကလပ် ၂၄ သင်းနှင့်
နွေရာသီတွင် လိဂ်ပြိုင်ပွဲ ကျင်းပရန်ဖြစ်သည်။ သို့သော် QFA နှင့် အခြား ကာတာ ဘောလုံး ကလပ် အချို့မှ တာဝန်ရှိသူများက ယင်းသတင်းကို မသိရကြောင်း ထိုကဲ့သို့ စီစဉ်နေခြင်းလည်း မရှိကြောင်း ငြင်းဆိုခဲ့သည်။ သတင်းထဲတွင် ဘာစီလိုနာ၊ မန်ယူတို့နှင့် အတူ ဥရောပ ထိပ်တန်းလိဂ်များမှ ကလပ်များအား နွေရာသီတိုင်း ဆုကြေး စုစုပေါင်း ပေါင် ၁၇၅ သန်း ပေးကာ ကျင်းပနိုင်ရေး စည်းရုံးလှုပ်ရှားနေသည်ဟုပါ ပါရှိခဲ့သည်။

ချန်ပီယံလိဂ်တွင် ရလဒ် ဆိုးရွားနေသော အင်္ဂလန် ကလပ်အသင်းများ အတွက် ၀င်းဂါး စိတ်ပူ

အာဆင်နယ် နည်းပြ ၀င်းဂါးက ယခုရာသီ ချန်ပီယံလိဂ်တွင် ၎င်းတို့ အသင်း အပါအ၀င် အင်္ဂလန် ကလပ်အသင်းများမှာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခြင်း မရှိပဲ ပြိုင်ပွဲမှ လှည့်ပြန်ခဲ့ရခြင်းသည် အနာဂတ် အင်္ဂလန် ဘောလုံးလောက အတွက် စိုးရိမ်စရာ ဖြစ်လာကြောင်း ဆိုသည်။ အာဆင်နယ် အသင်းသည် ယမန်နေ့ ဘိုင်ယန် အသင်းနှင့် ဒုတိယ အကျော့ ပွဲစဉ်တွင် အဝေးကွင်း၌ ၂းဝ ဖြင့် နိုင်ခဲ့သော်လည်း
နှစ်ကျော့ပေါင်း ရလဒ် ၃း၃း နှင့်အတူ အဝေးဂိုး စည်းမျဉ်းဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့်ကို လက်လွှတ်ခဲ့ရပြီး ဘိုင်ယန် အသင်းသည် ပထမ အကျော့ အဝေးကွင်းတွင် ကစားစဉ်က ၃း၁ ဖြင့် အာဆင်နယ်ကို နိုင်ခဲ့ဖူးကာ ထိုစဉ်က အသင်းအတွက် အရေးပါဆုံးဖြစ်သော အဝေးဂိုး ၃ ဂိုးအထိ ရရှိခဲ့သည်။ မန်ယူ အသင်းသည် ရီးရဲလ် အသင်းကို ရှုံးပြီး ရှုံးထွက် အဆင့်မှ လှည့်ပြန်ခဲ့ရသလို လက်ရှိ ချန်ပီယံ ချဲလ်ဆီးနှင့် မန်စီးတီး အသင်းတို့မှာ အုပ်စုမှပင် လှည့်ပြန်ခဲ့ရသည်။ ယင်းကြောင့် ချန်ပီယံလိဂ်တွင် အင်္ဂလန် ကလပ်အသင်းများ အနေဖြင့် ကွာတားဖိုင်နယ်သို့ မတက်ရောက်နိုင်ခြင်းမှာ နှစ်ပေါင်း ၁၇ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် အဆိုးရွားဆုံး မှတ်တမ်း စံချိန် တွင်သွားခဲ့သည်။

ဝင်းဂါးက ဒါဟာ အင်္ဂလန် ဘောလုံးလောက အတွက် အရမ်းကို စိတ်ပျက်စရာ ဖြစ်ကြောင်း၊ မိမိတို့ အပါအ၀င် မန်ယူ၊ ချဲလ်ဆီးနှင့် မန်စီးတီး အသင်းတို့ ကွာတားဖိုင်နယ်သို့ မတက်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ အမြန်ဆုံး ပြန်လည် နိုးထရန် လိုအပ်လာပြီ ဖြစ်သလို ဥရောပ ဘောလုံးလောက ကလပ်အသင်း အများစုမှာ မိမိတို့ကို လိုက်မီလာပြီ ဖြစ်၍ မိမိတို့ အနေဖြင့် အနာဂတ် ပရီးမီးယားလိဂ် အနေအထားကိုပါ ပြန်လည် စဉ်းစားရန် လိုအပ်လာပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ဆက်လက်ပြီး အာဆင်နယ် နည်းပြ ၀င်းဂါးက ၎င်းတို့ အသင်းမှ ကစားသမားများ အနေဖြင့် ဘိုင်ယန် အသင်းနှင့် အဝေးကွင်း ပွဲစဉ်တွင် နိုင်ပွဲ ရရှိပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်ရန် အနီးစပ်ဆုံး အနေအထားသို့ ရောက်စေခဲ့သည် အထိ ကြိုးစားနိုင်ခဲ့ခြင်းအတွက် အသင်းမှ ကစားသမားများ အပေါ် ဂုဏ်ယူကြောင်း ဆိုသည်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်များ ယခုလ ၁၅ ရက်နေ့ ထွက်ပေါ်မည်

ယခုရာသီ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက်ပွဲစဉ်များ ပြီးဆုံးပြီးနောက် စပိန်ကလပ် အသင်းများ ဖြစ်သည့် ဘာစီလိုနာ၊ ရီးရဲလ် နှင့် မာလာဂါ၊ ပြင်သစ် ကလပ် PSG၊ ဂျာမန်ကလပ် အသင်းများ ဖြစ်သည့် ဘိုင်ယန်နှင့် ဒေါ့မွန်၊ စီးရီးအေ ကလပ် ဂျူဗင်တပ်နှင့် တူရကီကလပ် ဂါလာတာစာရေး အသင်းတို့မှာ ကွာတားဖိုင်နယ်သို့ တက်ရောက်လာခဲ့သည်။ သို့သော် နှစ်ပေါင်း ၁၇ နှစ် အတွင်း ပထမဆုံး အနေဖြင့် ယခု အဆင့်သို့
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းမျှ မပါလာခဲ့ပေ။ ကွာတားဖိုင်နယ် မဲခွဲမှုကို မတ်လ ၁၅ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး ပထမ အကျော့ကို ဧပြီ ၂ ရက်နှင့် ၃ ရက် အပြင် ဒုတိယ အကျော့ကို ဧပြီ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ကစားမည် ဖြစ်သည်။ ဆီမီးဖိုင်နယ် အဆင့် မဲခွဲခြင်းကို ဧပြီလ ၁၂ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး ပထမ အကျော့ကို ဧပြီ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယ အကျော့ကို ဧပြီ ၃၀ ရက်နေ့နှင့် မေ ၁ ရက်နေ့တွင် လည်းကောင်း ကစားစေမည် ဖြစ်သည်။

အိမ်ရှင်အား ဂိုးပြတ်နိုင်ခဲ့သည့် ဧည့်သည် ကီလန်တန်

ဧရာဝတီယူနိုက်တက်အသင်းသည် 2013 AFC Cup အုပ်စု(G) အုပ်စုဒုတိယပွဲစဉ်အဖြစ် မတ် ၁၃ ရက်(ယနေ့) ည နေ ၅း၀၀ နာရီကသုဝဏ္ဏကွင်း၌ မလေးရှားကလပ် ကီလန်တန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ဧည့်သည်အသင်း အား ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ မလေးရှားကလပ် ကီလန်တန်အသင်းသည် ပွဲစတင်သည်ဆိုသည်နှင့် တစ်ပြိုင်နက် အိမ်ရှင်ဧရာဝတီအသင်းအား အကောင်းဆုံး ဖိအားပေးကစားနိုင်ခဲ့သည့်အပြင် အပိုင်အခွင့်အရေး အမြောက်အမြားရရှိခဲ့သည်။
ဧရာဝတီအသင်း သည် ကီလန်တန်နှင့်ပွဲတွင် အသင်းခေါင်းဆောင်ဇော်ဇော်ဦး၊ သီဟဇော်၊ နန္ဒလင်းကျော်ချစ်၊ နေလင်းအောင်၊ လီ ယန်ဒရို၊ ဒေါ့မိ
နစ်၊ မာယန်စသည့် ကစားသမားများကို ထည့်သွင်းအသုံးပြုသွားခဲ့သည်။ ကီလန်တန်အသင်းအ တွက် အနိုင်ဂိုးများကို ၂ မိနစ်တွင် ဘတ်ဟရီ၊ ၅၃နှင့် ၈၀ မိနစ်များတွင် ပီထရာတိုက သွင်းယူပေးခဲ့သည်။
အိမ်ရှင်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ၇၉ မိနစ်တွင် ဒေါ့မိနစ် က ပြစ်ဒဏ်ဘောမှ တစ်ဆင့် တိုက်ရိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က ဗီယက်နမ်ကလပ်ဒါ နန်အသင်းအား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုအခါကီလန်တန် အသင်းအား ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအ သင်းသည် 2013AFC Cup နှစ်ပွဲကစားပြီးချိန်တွင် နှစ်ပွဲစလုံး ရှုံးနိမ့်ထားပြီးအမှတ်ပေးဇယား အောက် ဆုံး၌ ရပ်တည်နေသည်။ ယနေ့တွင်ကစားခဲ့သည့် မော်လ်ဒိုက်ကလပ် မဇီရာအသင်းနှင့် ဗီယက်နမ်ကလပ်ဒါနန်အသင်းတို့ပွဲတွင် ဒါနမ်အ သင်းက ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဒါနန်အသင်းသည် မဇီရာအသင်းအား အနိုင်ရရှိခဲ့သဖြင့် နှစ်ပွဲကစားနှစ်ပွဲ နိုင် ရမှတ် ၆ မှတ်ဖြင့် အုပ်စုအဆင့်မှ တက်ရန်အလားအလာကောင်းနေပြီး ဒုတိယနေရာတွင် ကီလန်တန်အသင်းက နှစ်ပွဲ ကစားတစ်ပွဲနိုင်၊ တစ်ပွဲ သရေ ရမှတ် ၄ မှတ်ဖြင့် ရပ်တည်နေသည်

အာရှ ယူ-၁၄ ခြေစစ်ပွဲတွင် မြန်မာအသင်း မလေးရှား၊ ဗီယက်နမ်အသင်းများနှင့် တစ်အုပ်စုတည်းကျ

၂၀၁၄ အာရှ ယူ-၁၄ ချန်ပီယံရှစ် အာဆီယံဇုန်ခြေစစ်ပွဲ (AFC U-14 Championship 2014 Qualifiers) အုပ်စု (E) နှင့် အုပ်စု(F)အုပ်စုပွဲစဉ်များအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အိမ်ရှင် မြန်မာ ယူ-၁၄ ဘောလုံး အသင်းသည် အုပ်စု(E) ၌ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ တီမောအသင်းများနှင့် တစ်အုပ်စုထဲ ကျရောက်နေသည်။  အာဆီယံဇုန် ခြေစစ်ပွဲကို မေ ၂၈ ရက်မှ ဇွန် ၃ ရက်နေ့အထိ
နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းနှင့် ဇမ္ဗူသီရိ ကွင်းများတွင် ကျင်းပသွားမည် ဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင် ယူ-၁၄ ဘောလုံးအသင်းအား ဂျပန်နိုင်ငံသား နည်းပြတီရှီမာ၊ နည်းပြဦးသိုင်းထွန်းဇော်၊ ဦးခင်မောင်ထွေးနှင့် ဦးမင်းထွန်းလင်းတို့က တာဝန်ယူကိုင်တွယ်လျက်ရှိသည်။ ယူ-၁၄ အသင်းအား မန္တလေးအကယ်ဒမီတွင် ၃ နှစ်ခန့် လေ့ကျင့်သင်ကြားပေးထားသည့် လူငယ်ကစားသမားအများစုဖြင့် စုဖွဲ့ထားသည်။ အာဆီယံဇုန် အုပ်စု(F) တွင် ထိုင်း၊ လာအို၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ စင်္ကာပူ၊ ကမ္ဘောဒီးယား အသင်းတို့ ပါဝင်လျက်ရှိသည်။

ဘေးလ်ကို စိတ်ဝင်စားသည့်အသင်းများတွင် မန်ယူ ပါဝင်လာ

မန်ယူအမှုဆောင်ချုပ် ဒေးဗစ်ဂီးလ်မှာ ဘေးလ်ကို ခေါ်ယူရန် စပါးဥက္ကဌ လီဗေးနှင့်တွေ့ဆုံခဲ့ပြီး ၎င်း၏ ပြောင်းရွှေ့ကြေးမှာ ယူရို သန်း ၈၀ခန့်ရှိကြောင်း သိရှိရသည်။ မန်ယူအနေဖြင့် ဘေးလ်ကိုခေါ်ယူရန် ကြိုးပမ်းနေခြင်းကြောင့် ရွန်နီ၏မန်ယူ အနာဂတ် သံသယဖြစ်ဖွယ် ရှိလာကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ဘေးလ်မှာ ယခုရာသီတွင် စပါးအတွက် ၂၁ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး အသင်း၏ အဓိက ကစားသမား တစ်ဦးဖြစ်ကာ ၎င်းကို ရီးရဲလ်၊ ဘိုင်ယန်၊ မန်စီးတီးတို့မှလည်း စိတ်ဝင်စားနေပြီး မန်ယူမှလက်ဦးမှု ရယူရန် ကြိုးပမ်းနေသော်လည်း စပါးအနေဖြင့် ဘေးလ်ကို ရောင်းချရန် ဆန္ဒမရှိသောကြောင့် တစ်ပတ်လုပ်ခ ပေါင် ၁၇၅၀၀၀ဖြင့် ၅နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်ဟု သိရှိရသည်။

ပိုင်းခြားကျင်းပခြင်းဟာ ယူရိုပြိုင်ပွဲကို အသက်မဲ့စေပါတယ်---ဘလတ္တာ

ဖီဖာဥက္ကဌ ဘလတ္တာက ယူရို-၂၀၂၀ပြိုင်ပွဲအား နိုင်ငံ ၁၃နိုင်ငံတွင် လှည့်လည်ကျင်းပမည့် ပုံစံကို ဝေဖန်သွားခဲ့ပြီး ပြိုင်ပွဲ၏အနှစ်သာရ ပျောက်ဆုံးစေသည်ဟု ဆိုခဲ့သည်။ ယူရိုပြိုင်ပွဲကျင်းပသည့် နှစ် ၆၀ပြည့် အထိမ်းအမှတ်အဖြစ် ယူရို-၂၀၂၀ ပြိုင်ပွဲကို ၁၃နိုင်ငံတွင် ပိုင်းခြားကစားစေမည်ဖြစ်ပြီး ကျင်းပမည့်မြို့များကို ၂၀၁၄ စက်တင်ဘာ လတွင် ရွှေးချယ်မည်ဖြစ်သည်။
ယင်းနှင့်စပ်လျဉ်း၍ ဘလတ္တာက ပြိုင်ပွဲကျင်းပမည့်ပုံစံသစ်မှာ ၂၀၁၀တွင် ဂဒါဖီတင်သွင်းခဲ့သည့် အဆိုပြုချက်ဖြစ်ပြီး ပလာတီနီ၏ အကြံဥာဏ်မဟုတ်ဟု တိုက်ခိုက်ခဲ့ကာ အိမ်ရှင်နိုင်ငံတစ်နိုင်ငံ ရွှေးချယ်၍ ပြိုင်ပွဲကျင်းပစေခြင်းမှာ ဂုဏ်သတင်းနှင့် ၀ိသေသလက္ခဏာများ ပျောက်ဆုံးစေကြောင်း မှတ်ချက်ချခဲ့သည်။

အရက်သောက်ခြင်းက စိတ်ဓာတ်ပိုမိုကျဆင်းစေ

အရက်သောက်ရင် စိတ်သောက ဝေဒနာများ ပျောက်ကင်း သွားတယ်လို့ ယူဆချက်များက မှားယွင်း တယ်လို့ အမေရိကန်မှ ဆေးသိပ္ပံပညာရှင်များက သက်သေပြ လိုက်ပြီ ဖြစ်ပါတယ်။ ယင်းတွေ့ရှိချက်က အရက်နှင့် ဆက်စပ် ယမကာ သောက်သုံးခြင်းက စိတ်ဓာတ်ကျဆင်းမှုကို မပြေလျော့စေတဲ့အပြင် စိတ်ကျရောဂါဖြစ်ဖို့ အကြီး မားဆုံး တွန်းအားတစ်ခု ဖြစ်လာနိုင်ကြောင်း သိရပါတယ်။ Depression ဖြေဖျောက်ဖို့ဆိုပြီး လူအများစု အရက်ကို ထွက်ပေါက် တစ်ခု အဖြစ် သတ်မှတ်ပြီး သောက်သုံးပါတယ်။
ယခုတော့ အရက်ဟာ အခြားကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိုပါ ထိခိုက်စေတယ်လို့ သက်သေပြသ ထားလိုက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အခြားသော မှန်ကန်တဲ့ စိတ်ထွက်ပေါက်ရှာရန် နည်းလမ်းများကို အသုံးပြုဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။

လူ့အသက် ၂ သန်းကျော် ကယ်တင်သူ သွေးအလှူရှင်ကြီး

အသက် ၁၃ နှစ်အရွယ်တုန်းက ရောဂါတစ်မျိုးကြောင့် သွေး ပုလင်းပေါင်း ၁၃ ပုလင်းတိတိ သွင်းခဲ့ရပါတယ်။ ယင်းကဲ့သို့ သွေးရဲ့  တန်ဖိုးကို သိရှိနား လည် သွားတော့ အသက် ၁၈ နှစ်ကစလို့ သွေးလှူတဲ့ အလုပ်ကို စလုပ် ပါတယ်။ ဆေးစစ်ချက်တွေ့ရှိမှုအရ သူ့သွေးမှာ ကလေးမမွေးနိုင်တဲ့ မိခင်တွေမှာ ရှိ တဲ့ ရောဂါတစ်မျိုးကိုပျောက်ကင်းစေပြီး ကလေးတွေကို အသက်ရှင်စေ တယ်လို့ သိရပါတယ်။ ယင်း အချိန်ကစလို့ ယနေ့အထိ သွေးလှူလိုက်တာ
အသက်ချောင်းပေါင်း ၂ သန်း အတွက် သွေးပုလင်းပေါင်း ၁ ထောင် လှူဒါန်းနိုင်ခဲ့ပြီး ယနေ့တိုင်လည်း လှူဒါန်းနေဆဲပါပဲ။ အသက် ၇၆ နှစ်ကျော်ပြီ ဖြစ်ပေမယ့် သြစတေးလျနိုင်ငံသား James Harrison ရဲ့  အသက်ကို အမေရိကန်ဒေါ်လာ ၁ သန်းနဲ့ အစိုးရက အာမခံ ထားရှိပေး ထားကြောင်း သိရပါတယ်။

ယောဂကျင့်ခြင်းဖြင့် အိပ်မပျော်သော ဝေဒနာကို သက်သာစေနိုင်

စိတ်ဖိစီးမှု လျော့ကျရေးနည်းပါ။ ဒီနည်းကို ဩစတြေးလျ လူမျိုးတွေက အိပ်မပျော်တဲ့ ဝေဒနာကို ကုသဖို့ အသုံးပြုကြ ပါတယ်။ ပင်ဆယ်လ်ဗေးနီးယား တက္က သိုလ်လေ့လာ မှုအရ တစ်နေ့ မိနစ် ၂၀ခန့် ယောဂကျင့် တာကြောင့် အိပ်ဆေး သောက် သလိုမျိုး အိပ်မပျော်တဲ့ ဝေဒနာကို လျော့ကျစေတဲ့ အပြင် စိတ်ပူပင်သောက၊ နာတာ ရှည် စိတ်ဖိစီးမှုနဲ့ ထိုင်းမှိုင်း လေးလံတဲ့ ဝေဒနာတို့ကို နှစ်ပတ်အတွင်း ၆၀ ရာခိုင် နှုန်း လျော့ပါးစေတယ်လို့ သိရပါတယ်။
ညင်သာတဲ့ ကိုယ်နေဟန် ထားရှိပြီး အသက် ရှူမှုဖြစ်စဉ်ကို ထိန်းချုပ်ပေးတဲ့ ယောဂ ကျင့်စဉ်ကြောင့် ဦးနှောက်ဟော်မုန်း GABA ထုတ်လုပ်မှု အားကောင်းကာ ဗဟိုအာရုံကြော စနစ်ကို တည်ငြိမ်အနား ရသွားစေလို့ပါ။ 

ဖခင်၏ အနမ်းပေးမှုကြောင့် သေဆုံးသွားသည့် ကလေးငယ်

Kaiden McCormick ဆိုတဲ့ ကလေးငယ်ကို မွေးဖွားမယ့် ရက်ထက် ငါးပတ်စောပြီး လမစေ့ဘဲ သူရဲ့မိခင် ကမွေးဖွားခဲ့ပါတယ်။ သူရဲ့ဖခင်က သူ့ကိုအလွန်ချစ် တာကြောင့် ညတိုင်း ကိုယ်တိုင်ရေချိုး ပေးပြီးနောက် အနမ်းပေးကာ ချီပိုးပြီး သိပ်ပေးတယ်လို့ သိရပါတယ်။ ကလေးငယ် နှစ်ပတ်အရွယ်မှာ နို့ဘူး မစို့တော့ဘဲ ကိုယ်ပူချိန် အနည်းငယ် မြင့်တက်လာတာကို မိဘတွေက သတိထားမိခဲ့ပါတယ်။ အဲဒါဖြစ်ပြီး နောက်မှာပဲ ရုတ်တရက်
ကလေးငယ်ဟာ တစ်ကိုယ်လုံး ပြာနှမ်းပြီး အသက်ရှူ ရပ်တန့်သွား တာကြောင့် အရေးပေါ်ကား ကို ခေါ်ကာဆေးရုံ သွားခဲ့ပါတယ်။ ဆေးရုံမှာ အသက်ကယ်ဖို့အတွက် အထောက်အပံ့ ပေးတဲ့စက် (အသက်ရှူစက်)နဲ့ ခြောက်ပတ်ကြာ နေခဲ့ရပြီးမှ အသက်ရှူ ရပ်သွားကာ အတက်ဝေဒနာကို ခံစားခဲ့ရပါတယ်။ ပြီးနောက် ကလေးငယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေ အကုန်လုံး အလုပ် မလုပ်တော့တဲ့ အတွက် သေဆုံးခဲ့ပါတယ်။ ကလေးငယ်ဟာ ဖခင်ထံမှ ရေယုန်ရောဂါပိုး ကူးစက်ခံ ရတာကြောင့် အဲဒီလို ဝေဒနာတွေ ခံစားရပြီး သေဆုံး သွားတယ်လို့ သိရပါတယ်။

ရေယုန်ရောဂါပိုးဟာ Herpes simple ဗိုင်းရပ်စ် ပိုးမွှားကြောင့်ဖြစ်ပြီး လူအများစု ကိုယ်အတွင်းမှာ ရှိနေတတ်ပါတယ်။ အနမ်းပေးတာ ဒါမှမဟုတ် နို့တိုက်တာလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ လူကြီးအများစုမှာ ဒီဗိုင်းရပ်စ် ပိုးက ရှိနေတတ်ပြီး ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မပေးတတ်ပေမယ့် နို့စို့ကလေးငယ်တွေ အတွက်မှာမူ ခုခံအား ကျဆင်းနေပါက အသက်အန္တရာယ် ရှိနိုင်ပါတယ်။ မွေးကင်းစ ခြောက်ပတ် အတွင်းမှာ အန္တရာယ် အရှိဆုံးဖြစ်ပြီး ရောဂါကူးစက် ခံရပါက ကလေးငယ်ဟာ နို့မစို့တော့တာ၊ မှိန်းနေတာ၊ အဖျားတက်တာနဲ့ အသံခြစ်ပြီး ငိုယိုတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဒါကြောင့်မို့လို့ နို့စို့ကလေးငယ်တွေကို မနမ်းသင့်ကြောင်း ကျွမ်းကျင်သူတွေက အကြံပေးထားကြပါတယ်။