18.3.13

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ၉ ဆင့်တက်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)သည် မတ်လအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ကြေညာ ခဲ့ရာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အဆင့် ၉ ဆင့် တက်ရောက်လာသည်ကို တွေ့ရှိရသည်။
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် မတ်လ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ရမှတ် ၁၄၇ မှတ်ဖြင့် အဆင့် ၁၅၅ တွင် ရပ်တည်နေပြီး အရှေ့တောင်အာရှဇုန်တွင် အဆင့် ၄ နေရာ၌ ရပ်တည်နေသည်။
မြန်မာအသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ လတွင် ဖိလစ်ပိုင်၊ မလေးရှား ယူ-၂၃ အသင်းများနှင့် ခြေစမ်းကစားခဲ့သလို ပြီးခဲ့သည် 2014 AFC Challenge Cup တွင်လည်း သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် ၇ မှတ်ဖြင့် ဇယားထိပ်ဆုံးမှ ခြေစစ်ပွဲအောင်မြင်ခဲ့သောကြောင့် ယခုကဲ့သို့ ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ၉ ဆင့် တက်ရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။ မတ်လအတွက် ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ရမှတ် ၁၆၁၀ မှတ်ဖြင့် စပိန်အသင်းက အဆင့် ၁ နေရာတွင် ရပ်တည်နေသည်။
အရှေ့တောင်အာရှဇုန် ရပ်တည်မှုများ
၁၂၉ ။ ဗီယက်နမ် (ရမှတ်-၂၃၉)
၁၃၅။ ထိုင်း (ရမှတ်-၂၂၀)
၁၄၅။ ဖိလစ်ပိုင် (ရမှတ်-၁၇၃)
၁၅၅။ မြန်မာ (ရမှတ်-၁၄၇)
၁၆၂။ စင်ကာပူ (ရမှတ်-၁၃၃)
၁၆၄။ မလေးရှား (ရမှတ်-၁၂၉)
၁၆၆။ အင်ဒိုနီးရှား (ရမှတ်-၁၂၁)
၁၆၈။ လာအို (ရမှတ်-၁၁၈)
၁၈၅။ ကမ္ဘောဒီယား (ရမှတ်-၅၈)
၁၈၆။ ဘရူနိုင်း (ရမှတ်-၅၂)
၁၈၆။ အရှေ့တီမော (ရမှတ်-၅၂)

0 comments:

Post a Comment