18.3.13

မနောမြေအသင်းအား အနိုင်ရခဲ့သည့် ရတနာပုံ

ရတနာပုံအသင်းသည် မြန်မာနေရှင်နယ်လိဂ် ခေတ္တရပ်နားထားစဉ် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မတ် ၁၆ ရက်(ယနေ့) နံနက်က စလင်းကွင်းတွင် မနောမြေအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရတနာပုံ အသင်းတွင် ဒီဂျမ်၊ ရန်ပိုင်၊ ရဲဇော်ထက်အောင်၊ ကောင်းစည်သူ၊ ဇော်မင်းထွန်း၊ ရန်အောင်ဝင်းစသည့် အဓိက ကစားသမားများ ပါဝင်ကစားသွားခဲ့ပြီး မနောမြေအသင်းတွင် အဆာလေ၊ ကမ်ဘူးလ်၊ အေးမင်းဝင်းစသည့်
ကစားသမားများ ပါဝင် ကစားသွားခဲ့သည်။ ရတနာပုံအသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးကို ပေါ်လိုနှင့် ခင်မောင်ထွန်းတို့က သွင်းယူပေးခဲ့ပြီး မနောမြေအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို အဆာလေက (ပင်နယ်တီ)မှ တစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ဘောလုံးရာသီတွင် ရတနာပုံအသင်းသည် ရလဒ်များဆိုးရွားခဲ့သဖြင့် ဆားဘီးယားလူမျိုးနည်းပြအား အသင်းနှင့်လမ်းခွဲခဲ့ပြီး လက်ရှိအချိန်တွင် ရတနာပုံအသင်းနည်းပြချုပ်နေရာအား ဦးဇော်လေးအောင်က ရာသီကုန်အထိ တာဝန်ယူမည်ဖြစ်သည်။ ထို့ပြင် အသင်းနှင့် ကစားပုံအံမ၀င်ခဲ့သည့် ခရိုအေးရှားတိုက်စစ်မှူး ဇိုရမ်အား သုံးလစာပေးချေ၍ စာချုပ်ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ ရတနာပုံအသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် မကွေးအသင်းမှ ဇော်မင်းထွန်း၊ ဧရာဝတီအသင်းမှ သီဟစည် သူ၊ ရန်ကုန်အသင်းမှ ကောင်းစည်သူနှင့် ရန်အောင်ဝင်း စသည့် ကစားသမားများအား ခေါ်ယူထားပြီး ငွေကြေး အမြောက်အမြား သုံးစွဲထားသည်ကို တွေ့ရသည်။

0 comments:

Post a Comment