18.3.13

အာရှ ယူ-၁၄ ခြေစစ်ပွဲတွင် မြန်မာအသင်း မလေးရှား၊ ဗီယက်နမ်အသင်းများနှင့် တစ်အုပ်စုတည်းကျ

၂၀၁၄ အာရှ ယူ-၁၄ ချန်ပီယံရှစ် အာဆီယံဇုန်ခြေစစ်ပွဲ (AFC U-14 Championship 2014 Qualifiers) အုပ်စု (E) နှင့် အုပ်စု(F)အုပ်စုပွဲစဉ်များအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အိမ်ရှင် မြန်မာ ယူ-၁၄ ဘောလုံး အသင်းသည် အုပ်စု(E) ၌ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ တီမောအသင်းများနှင့် တစ်အုပ်စုထဲ ကျရောက်နေသည်။  အာဆီယံဇုန် ခြေစစ်ပွဲကို မေ ၂၈ ရက်မှ ဇွန် ၃ ရက်နေ့အထိ
နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းနှင့် ဇမ္ဗူသီရိ ကွင်းများတွင် ကျင်းပသွားမည် ဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင် ယူ-၁၄ ဘောလုံးအသင်းအား ဂျပန်နိုင်ငံသား နည်းပြတီရှီမာ၊ နည်းပြဦးသိုင်းထွန်းဇော်၊ ဦးခင်မောင်ထွေးနှင့် ဦးမင်းထွန်းလင်းတို့က တာဝန်ယူကိုင်တွယ်လျက်ရှိသည်။ ယူ-၁၄ အသင်းအား မန္တလေးအကယ်ဒမီတွင် ၃ နှစ်ခန့် လေ့ကျင့်သင်ကြားပေးထားသည့် လူငယ်ကစားသမားအများစုဖြင့် စုဖွဲ့ထားသည်။ အာဆီယံဇုန် အုပ်စု(F) တွင် ထိုင်း၊ လာအို၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ စင်္ကာပူ၊ ကမ္ဘောဒီးယား အသင်းတို့ ပါဝင်လျက်ရှိသည်။

0 comments:

Post a Comment