18.3.13

အသင်းတိုးတက်မှုကို ယုံကြည်နေသည့် ဒေးဗစ် လူးဝစ်ဇ်

ချဲလ်ဆီး အသင်း နောက်ခံလူ ဒေးဗစ် လူးဝစ်သည် ယူရိုပါလိဂ်မှာ ရှုံးထွက် အဆင့်မှာ ဘူခါရတ် အသင်းအား အနိုင်ရရန် သံသယ မရှိခဲ့ကြောင်း သိရသည်။ ချဲလ်ဆီး အသင်းသည် အဝေးကွင်း ပထမ အကျော့မှာ ၁းဝ ဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ဘူခါရတ် အသင်းအား ၃ ဂိုး ပြတ်ဖြင့် ပြန်လည် အနိုင်ယူကာ ယူရိုပါလိဂ်၏ နောက်ဆုံး ၈ သင်း အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ လူးဝစ်ဇ်က မိမိတို့ အသင်း၏ တိုးတက်မှု အပေါ် အပြည့်အ၀ ယုံကြည်ထားကြောင်း ၊
ထို့ကြောင့် မန်ယူ အသင်းအား FA ပြိုင်ပွဲမှာလည်း နောက်ဆုံး အချိန်ထိ သရေ ရလဒ် ရရှိအောင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

သို့သော် သူသည် နည်းပြ၏ အခက်အခဲများကို ထောက်ပြခဲ့ပြီး အခြားအသင်းများတွင် ကစားသမား ၃၀ ခန့် ရှိနေချိန်မှာ ချဲလ်ဆီး အသင်းတွင် ကစားသမား ၂၂ ဦး ၊ ၂၃ ဦးသာရှိပြီး ပြိုင်ပွဲစုံတွင် ပါဝင်ယှဉ်ပြိုင်နေသည့် ချဲလ်ဆီး အသင်းအတွက် ကြံ့ခိုင်မှု အပြည့်ရှိသည့် ကစားသမားများ ရွေးချယ် အသုံးပြုရန် ခက်ခဲနေသည်ဟု သူက ပြောခဲ့သည်။ ချဲလ်ဆီး အသင်းသည် မန်ယူ အသင်းနှင့် FA ဖလား ပြန်ကန်ပွဲစဉ်ကို ဧပြီ ၁ရက်နှင့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ရုရှား ကလပ် ရူဘင်ကာဆန် အသင်းနှင့် ဧပြီ ၄ ရက်မှာ အသီးသီး ယှဉ်ပြိုင် ရမှာ ဖြစ်သည်။

0 comments:

Post a Comment