18.3.13

တူနီးရှားတွင် အလုပ်လက်မဲ့ လူငယ်တစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့သတ်သေ

တူနီးရှားတော်လှန်ရေးကို အစပျိုးခဲ့သည့် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့သူ Mohamed Bouazizi ကို ပြန်ပြောင်း အမှတ်ရစေမှု တစ်ခုအဖြစ် တူနီးရှား အလုပ်လက်မဲ့ လူငယ်တစ်ဦးက မတ်လ ၁၂ ရက်နေ့တွင် တူး နစ်မြို့လယ်၌ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေမှု ဖြစ်ပွားခဲ့သည်။ တူနီရှား အစိုးရအဖွဲ့သစ်ကို ဥပဒေပြုအမတ်များက သဘောတူခွင့်ပြုရန် မဲခွဲဆုံးဖြတ်သည့်နေ့တွင် ယခုဖြစ် ရပ် ဖြစ်ပွားခဲ့ခြင်းက တူနီးရှားနိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းကို
အဆုံးသတ်ရန် ကြိုးပမ်းမှုများအား အရှိန်မြင့်တက်စေခဲ့သည်။

တူနီရှား ဥပဒေပြု အမတ်များသည် အစ္စလာမ်မစ်ဝါဒီ ၀န်ကြီးချုပ်လောင်း အလီလာရာယက်၏ ညွန့်ပေါင်း အစိုးရ အဖွဲ့ကို ထောက်ခံမဲ ၁၃၉ မဲဖြင့် သဘောတူခွင့်ပြုပေးခဲ့ကြောင်း ရုပ်သံက ကြေညာခဲ့သည်။ အသက် ၂၇ နှစ်အရွယ် အဗ္ဗဒယ်ခါဒရီဆိုသူသည် တူနီးရှားအနောက်မြောက်ပိုင်း Jendouba မြို့ရှိ အလွန် အမင်းဆင်းရဲသော မိသားစုမှ မွေးဖွားလာသူဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ခါဒရီသည် အလုပ် ရှာရန်အတွက် မကြာသေးခင်က တူးနစ်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ခါဒရီသည် Habib Bourguiba လမ်းရှိ မြူနီစပယ် ပြဇာတ်ရုံရှေ့တွင် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့ခြင်း ဖြစ် သည်။ အဆိုပါနေရာသည် အာဏာရှင်ဟောင်း ဘင်အလီကို ဖြုတ်ချခဲ့သည့် ၂၀၁၁ ခုနှစ် တော် လှန်ရေးစတင်ရာ ဗဟိုချက်ဖြစ်သည်။ အဗ္ဗဒယ်ခါဒရီသည် မတ်လ ၁၃ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲတွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံး သွားခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တူနီးရှားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၁၇ ရာခိုင်နှုန်းရှိပြီး ဘွဲ့ရအလုပ်လက်မဲ့ ပမာဏမှာ အများ ဆုံးဖြစ် သည်ဟု သိရှိရသည်။ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် သစ်သီးရောင်းသူ Bouazizi ၏ သစ်သီးလှည်းကို ရဲတစ်ဦးက သိမ်း ယူခဲ့သဖြင့် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့ပြီးနောက်တွင် တူနီးရှား၌ မီးရှို့သတ်သေသူ များပြား လာခဲ့သည်။ Bouazizi သေဆုံးမှုသည် ဘင်အလီအုပ်စိုးမှုကို အဆုံးသတ်စေသည့် ဆန္ဒပြမှုများ ဖြစ် ပွားစေခဲ့သည်။

0 comments:

Post a Comment