ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

10.12.14

"နယ်မြေလုံခြုံရေးကြောင့် ပြောင်းရွှေ့လာသူများအား ထူးဖောင်ဒေးရှင်း ကူညီ"

ထူးဖောင်ဒေးရှင်းသည် ပူတာအိုခရိုင်အတွင်း နယ်မြေ လုံခြုံရေးအရ ပြောင်းရွေ့လာကြသည့် အိမ်ထောင်စု(၄၈)စု၊ လူဦးရေ (၂၃၀)ကျော်အား အိမ်ထောင်စု တစ်စုလျှင် ဆန်(၄)အိတ်နှုန်းဖြင့် ဒီဇင်ဘာလ (၉)ရက်နေ့က သွားရောက် လှူဒါန်းခဲ့ပါသည်။
ပူတာအိုခရိုင်အတွင်း ဒေသ၏ နယ်မြေလုံခြုံရေး အခြေအနေအရ ပြောင်းရွှေ့လာကြသည့် အိမ်ထောင်စုများအား ဒုတ္ထန်ရပ်ကွက်၊ နောင်ခိုင်ကျေးရွာ၊ မချမ်းဘောKBC ဘုရားကျောင်းနှင့် ခေါင်လန်ဖူးကျေးရွာတို့တွင် လက်ခံထားရှိပါသည်။
ထူးဖောင်ဒေးရှင်း၏ လှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြပြီး အလှူကို လက်ခံရယူခဲ့သည့် ဒေသခံတိုင်းရင်းသားများကလည်း ၀မ်းမြောက်စကားများ ဆိုခဲ့ကြသည်။



Htoo Foundation

မင်းသားဝီလျံအား သမ္မတအိုဘားမား အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံ

အမေရိကန်သမ္မတဘားရက် အိုဘားမားက ဗြိတိသျှမင်းသား ဝီ လျံအား အိမ်ဖြူတော်၌ လက်ခံတွေ့ ဆုံကာ နှစ်နိုင်ငံအကြားရေရှည်နှင့် အထူးဆက်ဆံရေးကို ဆွေးနွေးခဲ့ ကြောင်း အိမ်ဖြူတော်က ပြောကြား လိုက်သည်။

ကင်းဘရစ်ဂ်ျမြို့စားအဖြစ် လည်း သိရှိကြသည်။ မင်းသားဝီလျံ သည် ဝါရှင်တန်ဒီစီသို့ ပထမဆုံး အကြိမ်လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းသည်သဘာဝတော ရိုင်းတိရစ္ဆာန်များ ရောင်းဝယ်မှု တိုက်ဖျက်ရေးကို လူများပိုမိုသိရှိစေ ရန် ကြိုးစားမှုအတွက်လာရောက် ခြင်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည် ဟု ဆိုသည်။

မင်းသားဝီလျံက အိုဘားမား အား သူ၏သဘာဝတောရိုင်းတိရ စ္ဆာန်တရား မဝင်ရောင်းဝယ်မှု တိုက် ဖျက်ရေးလုပ်ဆောင်နေမှုများကို ဆွေးနွေးခဲ့ပြီး သမ္မတနှင့် အစိုးရက အခိုင်အမာပါဝင်ရန် ကတိပေးခဲ့ ကြောင်း အိမ်ဖြူတော်ပြောရေးဆို ခွင့်ရသူ ဂျိုရှ်အာနက်စ်က သတင်း စာရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

စောစောပိုင်းတွင် ဒုတိယသမ္မ တ ဂျိုးဘိုင်ဒင်နှင့် ဇနီးဒေါက်တာဂျီလ် ဘိုင်ဒင်တို့သည် မင်းသားဝီလျံနှင့် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံ ရေးနှင့် ကမ္ဘာ့စိန်ခေါ်မှုများနှင့် IS တို့ကို တိုက်ဖျက်ရန် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု အာနက်စ်က ပြောခဲ့သည်။

ထိုနောက်မင်းသားဝီလျံသည် ကမ္ဘာ့ဘဏ်၌ သဘာဝတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်မှုများနှင့် ပတ် သက်၍ မိန့်ခွန်းပြောခဲ့သည်။

အလွဲ သုံးစားပြုလုပ်မှု အကြီးဆုံးသော ပုံ စံဖြင့် စိမ့်ဝင်ပျံ့နှံ့နေသည့် လုပ်ငန်း ဖြစ်နေကြောင်း ၎င်းကဆိုသည်။

လွန်ခဲ့သော ဆယ်စုနှစ်မှစ၍ အဆင့်နိမ့်အကျိုးရလိုသူများက သ ဘာဝတောရိုင်း တိရစ္ဆာန်ရောင်း ဝယ်မှု ပြုလုပ်ရာမှ ယခုနိုင်ငံတကာ ရာဇဝတ်မှုအထိ ကျယ်ပြန့် လာနေ ကြောင်း မင်းသားဝီလျံကဆိုသည်။

မုဆိုးများ၊ ရောင်ဝယ်သူများကို နှိမ်နင်းရန် ပူးပေါင်းဆောင်ရွက်မှု သည် မိမိတို့၏ လက်နက်ဖြစ် ကြောင်း၊ ၎င်းတို့သည် နိုင်ငံများကို ရှောင်၍လုပ်ဆောင်နေကြကြောင်း မင်းသားဝီလျံက ဆိုသည်။

Ref : Xinhua

ရှေ့ခြေ နှစ်ချောင်း (သို့) နောက်ခြေ နှစ်ချောင်းတည်းနဲ့ အမြန်ဆုံးသွားနိုင်တဲ့ ခွေး

Meet Jiff လို့ခေါ်တဲ့ Pomeranian ခွေးလေးတစ်ကောင်ဟာ သူ့ရဲ့ ရှေ့ခြေ နှစ်ချောင်း (သို့) နောက်ခြေ နှစ်ချောင်းတည်းနဲ့ အမြန်ဆုံးသွားနိုင်တဲ့ ခွေးအဖြစ် ဂရင်းနစ် စံချိန်ကို နှစ်ကြိမ်တိုင် ချိုးဖျက်နိုင်ခဲ့ပါတယ်။ အသက် ၄ နှစ်ရှိနေပြီဖြစ်တဲ့ ထိုခွေးလေးဟာ ၁၀ မီတာ ကို ၆.၅၆ စက္ကန့်အတွင်း နောက်ခြေ ၂ ချောင်းတည်းနဲ့ လမ်းလျှောက်ပြသွားနိုင်သလို ၅ မီတာ ကို ၇.၇ စက္ကန့် အတွင်း ရှေ့ခြေ ၂ ချောင်းတည်းနဲ့ လမ်းလျှောက်ပြပြီး ဂရင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ အခု ဟောလီးဝုဒ်ကို ရောက်နေပြီဖြစ်တဲ့ ထိုခွေးလေးဟာ အနုပညာရှင်ပရိသတ်တွေ အမြောက်အများ ရှိထားပါတယ်။ သူ့ ပရိသတ်တစ်ယောက်ဖြစ်တဲ့ အဆိုတော် Katy Perry ဟာ သူမရဲ့ Dark Horse ဗီဒီယိုထဲမှာ ထိုခွေးလေးကို သရုပ်ဆောင်စေခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် သရုပ်ဆောင် Kevin Hart ဟာလည်း ထိုခွေးလေးရဲ့ ပရိသတ်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ Jiff လို့အမည်ရတဲ့ ထိုခွေးလေးဟာ Illinois မြို့ကနေ Los Angeles မြို့ကို သူ့ရဲ့ အမည်မဖော်လိုသူ ပိုင်ရှင်နဲ့ အတူပြောင်းရွှေ့သွားပြီး စကိတ်စီးခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းတို့ အပါအ၀င် အော်တိုဂရပ်ဖ် လက်မှတ် ရေးထိုးပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Ref:mirror.co.uk

ဖိလစ်ပိုင် ဘတ်စ်ကားတစီးပေါ်တွင် ဗုံးကွဲ၊ ၁၀ ဦး သေဆုံး


ဖိလစ်ပိုင်တောင်ပိုင်း ကာဂါယန်ခရိုင်က အများပြည်သူသုံး ဘတ်စ်ကားတစီးပေါ်မှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာရတယ်လို့ ဒေသခံ မီဒီယာတွေမှာ  ဒီနေ့ ဖော်ပြထားပါတယ်။

မွတ်စလင်သူပုန် ခွဲထွက်ရေးအုပ်စုရဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

၄၅ နှစ်ကြာ ပဋိပက္ခအတွင်း  လူ ၁ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ပြီး လူ ၂ သန်းလောက် အတင်း ရွှေ့ပြောင်းခံခဲ့ရတာပါ။

ဒီပဋိပက္ခဟာ ပြီးခဲ့တဲ့ မတ်လက အစိုးရနဲ့ မင်ဒါနာအိုကျွန်းပေါ်က မိုရိုအစ္စလာမ်မစ် လွတ် မြောက်ရေးတပ်ဦး(အမ်အိုင်အယ်လ်အက်ဖ်)က မွတ်စလင်သူပုန်တွေကြား ငြိမ်းချမ်းရေး သဘော တူစာချုပ် ချုပ်ဆိုအပြီး အဆုံးသတ်ခဲ့ပါတယ်။

ဘတ်စ်ကားဟာ ဒီဇင်ဘာ ၉ ရက်နေ့က ကျွန်းရဲ့ မြောက်ပိုင်းက ကာဂါယန်ဒယ် အိုရိုမြို့ အကြီးစား စီးပွားရေးဌာနဆီ ဦးတည်ထွက်ခွာချိန်မှာ ပေါက်ကွဲတာလို့ စစ်တပ်ပြောခွင့်ရက ပြောပါတယ်။

ဘယ်သူလုပ်တယ်ဆိုတာထက် တိုက်ခိုက်မှုနဲ့ နောက်ကွယ်က အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေတယ်လို့ အကြီးတန်းရဲအုပ် ဒွန်နယ် ကော်ဒေရိုက ပြောပါတယ်။

အမ်အိုင်အယ်လ်အက်ဖ်ရဲ့ ခွဲထွက်အဖွဲ့ခွဲ ဘီအိုင်အက်ဖ်အက်ဖ်သူပုန်အုပ်စုက ဒီ တိုက်ခိုက်မှု အတွက် တာဝန်ရှိတယ်လို့ ရဲအရာရှိတယောက်က ပြောပါတယ်။

မီဒီယာပြောခွင့်ရ မဟုတ်လို့ နာမည်မဖော်ချင်တဲ့ အရာရှိတဦးကတော့ စစ်သွေးကြွ တွေဟာ ဘတ်စ်ကားကုမ္ပဏီဆီက ငွေညှစ်ဖို့ ကြိုးစားခဲ့တယ်။ တောင်းတာ မရခဲ့ဘူးလို့ ပြောပါတယ်။

သူပုန်အဖွဲ့ရဲ့ ပြောခွင့်ရကတော့ တိုက်ခိုက်မှုအပေါ် မှတ်ချက်ပေးဖို့ ဖုန်းခေါ်ဆိုမှုကို မဖြေကြားခဲ့ပါဘူး။

ဖိလစ်ပိုင်အစိုးရကတော့ သူပုန်တွေက ပြောက်ကျားစစ်တပ်ကို ဖျက်သိမ်းပြီး လက်နက်တွေ အပ်မယ်ဆိုရင် အပြန်အလှန်အနေနဲ့ နိုင်ငံတောင်ပိုင်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် သတ်မှတ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

DVB

အောင်မြင်သောမိခင်ဖြစ်ခြင်း၏ လျှို့ဝှက်ချက်မှာ ကလေးကို သီချင်းဆိုပြခြင်းဖြစ်ဟု ဟီလာရီကလင်တန်ဆို

အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဟောင်း ဟီလာရီကလင်တန် သည် ကင်းဘရစ်ဂ်ျမြို့စားကတော် ကိတ်နှင့်နယူးယောက်ရှိ ဗြိတိသျှ ကောင်စစ်ဝန်ချုပ်၏ အိမ်တွင် ဒီဇင် ဘာ ၈ရက်ညပိုင်းတွင် တရားဝင် တွေ့ဆုံသည်။

ကိတ်သည် ဒုတိယရင်သွေး လေးကို လွယ်ထားသည်။ သီချင်း သီဆိုခြင်းသည် နို့စို့အရွယ်ကလေး ငယ်များအား ကောင်းကျိုးသက် ရောက်မှုကို ဖြစ်စေသည်ဆိုသည် ကို သူတို့နှစ်ဦး သဘောတူကြသည် ဟု သိရသည်။

ကလင်တန်သည် ကိတ်ကို န ယူးယောက်ရှိ ဗြိတိသျှကောင်စစ်ဝန် ချုပ်၏ တရားဝင်နေအိမ်မှ ကြိုဆို သည်။ ကိတ်သည် ဟာလမ်ရှိကလေး ဖွံ့ဖြိုးရေးဌာနသို့ ဒီဇင်ဘာ ၈ရက် နံနက်ပိုင်း၌ သွားရောက်ခဲ့သည်။

ဟီလာရီနှင့် ကိတ်တို့သည် ထိုကလေး ဖွံ့ဖြိုးရေးဌာနအကြောင်းကို ဆွေး နွေးကြသည်။ ကိတ်သည် သူမ၏ ဒုတိယရင်သွေးကို ဧပြီလ၌ မွေးဖွား မည်ဟု ခန့်မှန်းထားသည်။ ကိတ်သည် ဟီလာရီ၏ သမီးချယ်လ်ဆီးနှင့်လည်း တွေ့မည်။ ချယ်လ်ဆီးသည် သူမ၏ သားဦးချားလော့ထ်ကို မကြာသေး မီကပင် မွေးဖွားခဲ့သည်။

''သီချင်းဆိုဖို့ လူတွေကို ကျွန် မတို့ အားပေးပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သီချင်းဆိုတာ နိုစို့အရွယ် ကလေးငယ်တွေအတွက် ကောင်း ကျိုးဖြစ်စေတယ်လို့ သုတေသနပြု တွေ့ရှိချက်တွေက ဆိုထားလို့ပါပဲ'' ဟု ဟီလာရီက ကိတ်ကို ပြောပြသည် ဆိုသည်ကို သတင်းတစ်ရပ်အရ သိ ရသည်။

Ref: Mail Online

မာဂရက်သက်ချာကို လုပ်ကြံသတ်ဖြတ်ရန် လျှို့ဝှက်ကြံစည်မှု၌ FBI တစ်ဦး ပါဝင်ခဲ့ဟုဆို

နယူးယောက်မြို့ရှိ ပြည်ထောင် စု ထောက်လှမ်းရေးဗျူရို(FBI) ရုံးမှ အမျိုးသမီး အတွင်းရေးမှူးတစ်ဦးက မာဂရက်သက်ချာကို လုပ်ကြံမည့် အိုင်ယာလန် ရီပတ်ဘလီကန်အကြမ်း ဖက်သမားများထံသို့ မာဂရက်သက် ချာ အမေရိကန်သို့ အလည်အပတ် လာမည့်သတင်းကို ပေါက်ကြားခဲ့ သည်ဟု သံသယရှိကြောင်း အသစ် ထုတ်ပြန်လိုက်သည့် အချက်အလက် များအရ သိရသည်။

စာမျက်နှာပေါင်းများစွာပါသော အစီရင်ခံစာ၌ အမေရိကန်အထက် တန်း ထောက်လှမ်းရေးအရာရှိများ သည် မာဂရက်သက်ချာဝန်ကြီးချုပ် ဘဝမှာရော၊ အနားယူပြီးအချိန်များ မှာပါ လုပ်ကြံမှုများအတွက် ခြိမ်း ခြောက်မှုများစွာတို့ကို အချိန်များစွာ ပေး၍ လုပ်ဆောင်ပေးခဲ့ရကြောင်း ဖော်ပြထားခဲ့သည်။

ဤမှတ်သားလောက်စရာ အ ချက်အလက်များမှာ ၁၉၉၂ခုနှစ်၊ ထိုအချိန်က FBI ညွှန်ကြားရေးမှူး ဝီလီယံဆက်ရှင်လက်ထက်က ဖြစ် သည်။ ဆက်ရှင်က FBI အထက် တန်း ထောက်လှမ်းရေးအုပ်စုတစ်စု အား ရီပတ်ဘလီကန် ထောက်လှမ်း ရေးများ၏ အထဲသို့ဝင်ရောက်ထောက် လှမ်းရန် ညွှန်ကြားခဲ့သည်။

မစ္စတာဆက်ရှင်က ၄င်း၏ မှတ်တမ်း၌ ဖော်ပြရာတွင် ဘော်စတွန်မြို့ အိုင်းရစ် အမျိုးသားရေးဝါဒီများ၏ လူဆိုးဂိုဏ်းတစ်ခုမှ တိကျသောသ တင်းတစ်ခုရရှိခဲ့ကြောင်း FBI အဖွဲ့ မှ ဝန်ထမ်းတစ်ဦးက အိုင်းရစ်ယာ ယီတပ်မတော်(PIRA)သို့ အဆိုပါ သတင်းကို ပေါက်ကြားခဲ့ကြောင်း သိရှိခဲ့ရသည်ဟု ဆိုသည်။

အဆိုပါသတင်းက နယူး ယောက်မြို့ FBI ရုံးရှိ အမျိုးသမီး အတွင်းရေးမှူး တစ်ဦးက PIRA သို့ ကွန်ပျူတာအချက်အလက်များ အမည်စစ်ဆေးမှု၊ မည်သူမည်ဝါဖြစ် ကြောင်း၊ ID တို့ကိုပေးခဲ့ကြောင်း ဆက်ရှင်က ဖော်ပြထားခဲ့သည်။

ထို့ အပြင် နယူးယောက် FBI ရုံးမှ အ ခြားတစ်ဦးကိုလည်း အခြားစွပ်စွဲချက် များဖြင့် ဖော်ထုတ်ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။

လျှို့ဝှက်လုပ်ကြံမည့်သူများထံ သို့ သတင်းမရောက်နိုင်ရန် အတွင်း မှသတင်းပေါက်ကြားသူ စုံထောက် သို့ မည်သည့်သတင်းမှ မပေါက်ကြား ရန် မစ္စတာဆက်ရှင်က ထိပ်တန်း စိတ်ချရသည့် စုံထောက်အရာရှိနှစ် ဦးကို တာဝန်ပေး၍လုပ်စေခဲ့ရသည် ဟု ဆိုသည်။

ဤလျှို့ဝှက်ဖိုင်အား ပထမဆုံး အဖြစ် ဂါဒီးယန်းသတင်းစာတွင် ဖော် ပြခဲ့သည်။ သို့ရာတွင် သတင်းပေါက် ကြားသည့် စုံထောက်ကို ပထမတွေ့ ရှိခဲ့သော်လည်း FBI က မာဂရက် သက်ချာကို PIRA က အမေရိကန် ၌ လုပ်ကြံနိုင်သည်ကို အထူးစိုးရိမ် မိကြောင်း အသေးစိတ်ဖော်ပြခဲ့သည် ဟု ဆိုသည်။

FBI က PIRA အဖွဲ့ဝင်နှစ်ဦး ကို အထူးစောင့်ကြည့်ခဲ့ရသည်။ ၄င်း တို့မှာ ၁၉၉၂ခုနှစ်ကတည်းက အမေ ရိကန်၌ လုပ်ကိုင်နေခဲ့ကြသည်ဟု ဆိုသည်။

FBI က PIRA အဖွဲ့ဝင်နှစ်ဦး မှ တစ်ဦးမှာ ၁၉၉ဝပြည့်နှစ် လန်ဒန် အကြမ်းဖက်တိုက်ဖျက်ရေး ညီလာခံ ကိုဗုံးခွဲရန် ကြံစည်ခဲ့သည်ဟု ဆိုသည်။

နောက်တစ်ဦးမှာ ဥရောပရှိ ဗြိတိသျှ တပ်သားများကို သတ်ဖြတ်ရန်ကြံ စည်ခဲ့ပြီး ဒတ်ခ်ျရဲ၏လက်မှ ရှောင် ထွက်ခဲ့သူဖြစ်သည်။

မာဂရက်သက်ချာ ခရီးစဉ်လာ ပြီးသည်အထိ FBI က နယူးယောက် မြို့ရှိ အိုင်းရစ်လူမျိုးများ အသိုင်းအ ဝိုင်းကို ထောက်လှမ်းနေခဲ့ရသည်ဟု ဆိုသည်။

မာဂရက်သက်ချာ၏ ၁၉၉၂ခုနှစ် အမေရိကန်ခရီးစဉ်မှာ ခလုတ်မထိဘဲ ပြီးဆုံးခဲ့သည်။

Guardian

တောင်တရုတ်ပင်လယ်အရေး အမေရိကန်အစီရင်ခံစာ တရုတ် ပြစ်တင်ရှုတ်ချ

တရုတ်ရဲ့ တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုကြေညာချက်နဲ့ပတ်သက်တဲ့ အမေရိကန် အစိုးရရဲ့ အစီရင်ခံစာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ ရက်နေ့က ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။

ဒါဟာ အငြင်းပွားမှုအတွင်း ဘက်မလိုက်ဘူးဆိုတဲ့ အမေရိကန်အစိုးရရဲ့ ကတိကိုဆန့်ကျင်နေတယ်လို့လည်း ပြောပါတယ်။

တရုတ်ဟာ သဘာဝဓာတ်ငွေ့ ရေနံနဲ့ သတ္တု ကြွယ်ဝတယ်လို့ ယုံကြည်နေကြပြီး အရေးပါတဲ့ ပင်လယ်ခရီးသွားလမ်းကြောင်းတွေရှိရာ တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ပိုင်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။

ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တိုင်ဝမ်တို့ကလည်း တောင်တရုတ်ပင်လယ် ပိုင်နက်တွေကို သူတို့ပိုင်တယ်လို့ပြောရင်း တရုတ်နဲ့ ပိုင်နက်အငြင်းပွားနေပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်တဲ့ အမေရိကန်အစိုးရ အစီရင်ခံစာထဲမှာတော့ တရုတ်ရဲ့ အခိုင်အမာပြောဆိုချက်က မရှင်းလင်းဘဲ ရှေ့နောက်မညီဘူးလို့ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟောင်လီက တရုတ်ရဲ့ အခွင့်အရေးဟာ သမိုင်းဆိုင်ရာ ခိုင်လုံမှုအပေါ် အခြေခံတယ်လို့ ဘေကျင်းမြို့က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုအတွက် ဖိလစ်ပိုင်က နိုင်ငံတကာ တရားရုံးကနေ ဖိအားပေးခဲ့လို့ ဒီဇင်ဘာလ ၇ ရက်နေ့က တရုတ်ဟာ ဖိလစ်ပိုင်ကို လူသိရှင်ကြား ရှုတ်ချခဲ့ပါတယ်။ ဒီအမှုကို တုံ့ပြန်ဖို့နောက်ဆုံးအချိန် မတိုင်မီ တပတ်အလို အမှုမှာ ပါဝင်ဖို့ကို ထပ်ငြင်းလိုက်ပါတယ်။

တရုတ်က ရေပိုင်နက်အရေးကို ခုံသမာဓိအဖွဲ့နဲ့ ဖြေရှင်းတာကို ကာလကြာရှည်ပယ်ချခဲ့ပြီး အပြန်အလှန်ဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းမယ်လို့ တသမတ်တည်း ပြောခဲ့ပါတယ်။ တရားရုံးကတော့ တရုတ်ကို အကြောင်းပြန်ကြားဖို့ ဒီဇင်ဘာ ၁၅ ရက်နေ့ထိ အချိန်ပေး ထားပါတယ်။

DVB

CIA အစီရင်ခံစာကြောင့် ကမ္ဘာတစ်ဝန်းရှိ အမေရိကန် အဆောက်အအုံများ လုံခြုံရေးတိုးမြှင့်

စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရာတွင် အမေရိကန် ထောက်လှမ်းရေး CIA အဖွဲ့အသုံးပြုသည့် နည်းလမ်းများ အကြောင်း အသေးစိတ် ဖော်ပြထားမည်ဟု မျှော်လင့်ရသော အစီရင်ခံစာ ထွက်ပေါ် မလာခင်တွင် ကမ္ဘာတစ်ဝန်းရှိ အမေရိကန် အဆောက်အအုံများ လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကြီးမားသည့် အန္တရာယ်များပေါ် ပေါက်လာနိုင်ခြင်းကြောင့် အမေရိကန် သံရုံးများနှင့် အခြားသော နေရာများတွင် ကြိုတင် ကာကွယ်မှုများ လုပ်ဆောင်ထားကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

စာမျက်နှာ ၄၈၀ ပါဝင်သည့် လွှတ်တော် အစီရင်ခံစာကို အင်္ဂါနေ့တွင် ထုတ်ပြန်မည်ဖြစ်ကာ ၉/၁၁ အကြမ်းဖက် ဖြစ်ရပ်အပြီးတွင် အယ်လ်ကေဒါအဖွဲ့ကို CIA က စစ်ဆင်ခဲ့မှုများကို အသေးစိတ် ဖော်ပြထားမည်ဟု မျှော်လင့်ရသည်။

ထိပ်တန်းအဆင့် သံသယ ရှိသူများထံမှ သတင်းများ ရယူနိုင်ရေး ကြိုးပမ်းရာတွင် CIA အမှုထမ်းများ အသုံးပြုသည့် အငြင်းပွားဖွယ် နည်းလမ်းများကို အစီရင်ခံစာတွင် အသေးစိတ် ဖော်ပြထားမည် ဖြစ်ပြီး ကြမ်းတမ်းသော စုံစမ်းစစ်ဆေးသည့် နည်းလမ်းများက လိုအပ်သော ရလဒ်များ ပေးနိုင်ခြင်း မရှိသည်ကို အစီရင်ခံစာတွင် ထောက်ပြထားမည်ဟု မျှော်လင့်ရသည်။

အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်များကို ပြည်သူများကို သိခွင့် ပြုသင့် မပြုသင့်နှင့် ပတ်သက်၍ သဘောထား ကွဲလွဲနေခြင်းကြောင့် အစီရင်ခံစာ ထုတ်ပြန်ရေးမှာ နှောင့်နှေးခဲ့ရသည်။

သို့သော်လည်း လွှတ်တော် ထောက်လှမ်းရေး ကော်မတီမှ ထုတ်ပြန်သည့် စာမျက်နှာ ၆၀၀၀ ကျော် ပါဝင်မည့် အစီရင်ခံစာ အပြည့်အစုံကိုမူ လျှို့ဝှက်အဆင့် သတ်မှတ်ထားမည် ဖြစ်သည်။

စာမျက်နှာ ၄၈၀ ပါဝင်သည့် အစီရင်ခံစာ အကျဉ်းချုပ်ကို ကော်မတီတွင်းရှိ ဒီမိုကရက်တစ်များက ထုတ်ပြန်ခြင်း ဖြစ်သည်။

CIA စုံစမ်းစစ်ဆေးသည့် အစီအစဉ်များကို အမေရိကန်သမ္မတ အိုဘားမားက ၎င်းရာထူး စတင်ရယူခဲ့သည့် ၂၀၀၉ ခုနစ်တွင် ရပ်ဆိုင်းထားခဲ့ကာ အယ်လ်ကေဒါများအား မေးမြန်းစုံစမ်းရာတွင် အသုံးပြုသည့် နည်းလမ်းများသည် နှိပ်စက်သည့် အဆင့်ထိ ရောက်ရှိခဲ့ကြောင်း အသိအမှတ် ပြုခဲ့သည်။

အမေရိကန်သမ္မတ ဂျော့ဘုရှ် လက်ထက်တွင် အမေရိကန် ပြည်ထောင်စု ပြင်ပကမ္ဘာတစ်ဝန်းတွင် လျှို့ဝှက် ထိန်းသိမ်းရေးစခန်းများ တည်ဆောက်ခဲ့ပြီး အကြမ်းဖက်သမားဟု သံသယရှိသူ ၁၀၀ ကို စုံစမ်းစစ်ဆေးခဲ့သည်။

သံသယ ရှိသူများကို ရေနှစ်စစ်ဆေးခြင်း၊ လက်ဝါးဖြင့် ရိုက်ခြင်း၊ အအေးဒဏ် ခံစေခြင်း၊ အိပ်ချိန်မရှိစေခြင်း စသည့် နည်းလမ်း အသုံးပြုပြီး စုံစမ်းစစ်ဆေးခဲ့ကြသည်။

၉/၁၁ အကြမ်းဖက်မှု ဖြစ်ရပ်အပြီးတွင် တိုက်ခိုက်မှုသစ်များ ထပ်မံမပေါ်ပေါက်ရေး ကာကွယ်ရန် ကြမ်းတမ်းသည့် နည်းလမ်းများ အသုံးပြုခဲ့ကြောင်း အမေရိကန်သမ္မတ အိုဘားမားက မှတ်ချက်ပြုထားသည်။

The Voice Weekly

ဆန္ဒပြသူများ ကြာသပတေးနေ့ နောက်ဆုံးထား ထွက်ခွာဖို့ ဟောင်ကောင်ရဲ ရာဇသံပေး

ဟောင်ကောင်မှာ ဆန္ဒပြသူတွေအနေနဲ့ ဆန္ဒပြတဲ့နေရာတွေကနေ ကြာသပတေးနေ့မှာ နောက်ဆုံးထား ထွက်ခွာဖို့ ဟောင်ကောင်ရဲတွေက သတိပေး ပြောဆိုလိုက်ပါတယ်။ ဒါဟာ နှစ်လကျော်ကြာ ဆန္ဒပြပွဲကို အဆုံးသတ်ဖို့ ဟောင်ကောင်အာဏာပိုင်တွေက ကြိုးပမ်းနေတာပါ။

ဆန္ဒပြသူတွေအနေနဲ့ လမ်းပေါ်မှာ ကာကွယ်တားဆီးထားတာတွေကို စတင်ဖယ်ရှားပေးဖို့ ဟောင်ကောင်ရဲတပ်ဖွဲ့ ပြောခွင့်ရ Cheung Tak-keung က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထွက်ခွာသွားဖို့နဲ့ ဒါမှသာ လမ်းတွေပြန်ပြီး ဖွင့်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုမှန်သမျှကို ရဲတွေဘက်ကလည်း သည်းခံမှာမဟုတ်ဘဲ တုံ့ပြန် အရေးယူသွားမှာ ဖြစ်တယ်လို့လည်း သူက သတိပေးပြောဆိုခဲ့ပါတယ်။ အစိုးရဌာနချုပ်ရုံးတွေရဲ့ အနီးနားမှာ ဆန္ဒပြသူတွေရဲ့ အဓိကစခန်းတွေကို ဖြိုခွဲဖို့ ဟောင်ကောင်တရားရုံးချုပ်က ခွင့်ပြုမိန့်ရတာနဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့က ဆန္ဒပြစခန်းတွေမှာရှိတဲ့ လမ်းပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို စတင် ဖယ်ရှားမှာ ဖြစ်ပါတယ်။

VOA

အကြမ်းဖက်သမားများ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းနည်း CIA အသုံးပြု


အမေရိကန် အထက်လွှတ်တော်ကနေ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ CIA ဗဟိုထောက်လှမ်းရေးအဖွဲ့က ၂၀၀၁ ခုနှစ် စက်တင်ဘာလ အကြမ်းဖက်မှုကြီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်သမားတွေလို့ သံသယရှိတဲ့ သူတွေကို ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုစစ်ဆေးမေးမြန်းတဲ့နေရာမှာ အမေရိကန်နိုင်ငံရဲ့ စံထားမှုတွေကို ထိခိုက်စေရာ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အထက်လွှတ်တော် ထောက်လှမ်းရေး ဆိုင်ရာ ကော်မတီက အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ CIA အဖွဲ့ဟာ အကြမ်းဖက်သမားတွေလို့ သံသယရှိတဲ့ အကျဉ်းသားတွေအပေါ် ဆက်ဆံရာမှာ ကြမ်းတမ်းမှုတွေ ရှိခဲ့သလို သူတို့အသုံးပြုခဲ့တဲ့ စစ်ဆေးရေးနည်းစနစ်တွေနဲ့ ပတ်သက်ပြီး ထိရောက်မှုရှိတဲ့အကြောင်း အထင်ရောက်အောင် အမေရိကန် နိုင်ငံသားတွေနဲ့ ကွန်ဂရက်လွှတ်တော်တို့ကို လှည့်စားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

သူတို့စစ်ဆေးခဲ့တဲ့ နည်းတွေကတော့ လူတွေကို အခန်းကျဉ်းလေးတွေထဲမှာ ချုပ်နှောင်ထားတာ၊ အိပ်ရေးမ၀အောင်ထားတာ၊ မျက်နှာပေါ် အ၀တ်အုပ်ပြီး ရေမွန်းအောင်လုပ်တဲ့နည်း၊ ရေနှစ်တဲ့နည်း စတာတွေ ပါဝင်ပါတယ်။

အားလုံးကို ခြုံပြီးကြည့်လိုက်မယ်ဆိုရင် CIA က ဖမ်းဆီးထားတဲ့သူတွေ အနည်းနဲ့အများ ညှဉ်းပန်းနှိပ်စက်တာ ကြုံခဲ့ရတယ်လို့ အထက်လွှတ်တော်အမတ် Dianne Feinstein က ပြောပါတယ်။

ဒီလို ပြင်းထန်တဲ့ နည်းနာတွေဟာ အမေရိကန်နိုင်ငံရဲ့ စံထားမှုနဲ့ မကိုက်ညီသလို အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေးအတွက်လည်း ထိရောက်မှု မရှိကြောင်း၊ အမျိုးသားလုံခြုံရေး အကျိုးစီးပွားနဲ့လည်း ကိုက်ညီမှု မရှိဘူးလို့ သမ္မတ ဘရက်ခ် အိုဘားမားကလည်း ပြောဆိုလိုက်ပါတယ်။

နောက်နောင် ဒါမျိုး နည်းလမ်းတွေ မကျင့်သုံးစေဖို့ စိတ်ချသေချာအောင် လုပ်ရလိမ့်မယ်လို့လည်း သမ္မတက ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အကြာက လုပ်ဆောင်ခဲ့တဲ့ CIA ရဲ့ လုပ်ရပ်ဟာ အမေရိကန်ရဲ့ စံထားမှုနဲ့ ကျနော်တို့ရဲ့ သမိုင်းကို စွန်းထင်းစေတယ်လို့ သမ္မတက ပြောဆိုပါတယ်။

VOA