10.12.14

ရှေ့ခြေ နှစ်ချောင်း (သို့) နောက်ခြေ နှစ်ချောင်းတည်းနဲ့ အမြန်ဆုံးသွားနိုင်တဲ့ ခွေး

Meet Jiff လို့ခေါ်တဲ့ Pomeranian ခွေးလေးတစ်ကောင်ဟာ သူ့ရဲ့ ရှေ့ခြေ နှစ်ချောင်း (သို့) နောက်ခြေ နှစ်ချောင်းတည်းနဲ့ အမြန်ဆုံးသွားနိုင်တဲ့ ခွေးအဖြစ် ဂရင်းနစ် စံချိန်ကို နှစ်ကြိမ်တိုင် ချိုးဖျက်နိုင်ခဲ့ပါတယ်။ အသက် ၄ နှစ်ရှိနေပြီဖြစ်တဲ့ ထိုခွေးလေးဟာ ၁၀ မီတာ ကို ၆.၅၆ စက္ကန့်အတွင်း နောက်ခြေ ၂ ချောင်းတည်းနဲ့ လမ်းလျှောက်ပြသွားနိုင်သလို ၅ မီတာ ကို ၇.၇ စက္ကန့် အတွင်း ရှေ့ခြေ ၂ ချောင်းတည်းနဲ့ လမ်းလျှောက်ပြပြီး ဂရင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ အခု ဟောလီးဝုဒ်ကို ရောက်နေပြီဖြစ်တဲ့ ထိုခွေးလေးဟာ အနုပညာရှင်ပရိသတ်တွေ အမြောက်အများ ရှိထားပါတယ်။ သူ့ ပရိသတ်တစ်ယောက်ဖြစ်တဲ့ အဆိုတော် Katy Perry ဟာ သူမရဲ့ Dark Horse ဗီဒီယိုထဲမှာ ထိုခွေးလေးကို သရုပ်ဆောင်စေခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် သရုပ်ဆောင် Kevin Hart ဟာလည်း ထိုခွေးလေးရဲ့ ပရိသတ်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ Jiff လို့အမည်ရတဲ့ ထိုခွေးလေးဟာ Illinois မြို့ကနေ Los Angeles မြို့ကို သူ့ရဲ့ အမည်မဖော်လိုသူ ပိုင်ရှင်နဲ့ အတူပြောင်းရွှေ့သွားပြီး စကိတ်စီးခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းတို့ အပါအ၀င် အော်တိုဂရပ်ဖ် လက်မှတ် ရေးထိုးပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Ref:mirror.co.uk

0 comments:

Post a Comment