10.12.14

အောင်မြင်သောမိခင်ဖြစ်ခြင်း၏ လျှို့ဝှက်ချက်မှာ ကလေးကို သီချင်းဆိုပြခြင်းဖြစ်ဟု ဟီလာရီကလင်တန်ဆို

အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဟောင်း ဟီလာရီကလင်တန် သည် ကင်းဘရစ်ဂ်ျမြို့စားကတော် ကိတ်နှင့်နယူးယောက်ရှိ ဗြိတိသျှ ကောင်စစ်ဝန်ချုပ်၏ အိမ်တွင် ဒီဇင် ဘာ ၈ရက်ညပိုင်းတွင် တရားဝင် တွေ့ဆုံသည်။

ကိတ်သည် ဒုတိယရင်သွေး လေးကို လွယ်ထားသည်။ သီချင်း သီဆိုခြင်းသည် နို့စို့အရွယ်ကလေး ငယ်များအား ကောင်းကျိုးသက် ရောက်မှုကို ဖြစ်စေသည်ဆိုသည် ကို သူတို့နှစ်ဦး သဘောတူကြသည် ဟု သိရသည်။

ကလင်တန်သည် ကိတ်ကို န ယူးယောက်ရှိ ဗြိတိသျှကောင်စစ်ဝန် ချုပ်၏ တရားဝင်နေအိမ်မှ ကြိုဆို သည်။ ကိတ်သည် ဟာလမ်ရှိကလေး ဖွံ့ဖြိုးရေးဌာနသို့ ဒီဇင်ဘာ ၈ရက် နံနက်ပိုင်း၌ သွားရောက်ခဲ့သည်။

ဟီလာရီနှင့် ကိတ်တို့သည် ထိုကလေး ဖွံ့ဖြိုးရေးဌာနအကြောင်းကို ဆွေး နွေးကြသည်။ ကိတ်သည် သူမ၏ ဒုတိယရင်သွေးကို ဧပြီလ၌ မွေးဖွား မည်ဟု ခန့်မှန်းထားသည်။ ကိတ်သည် ဟီလာရီ၏ သမီးချယ်လ်ဆီးနှင့်လည်း တွေ့မည်။ ချယ်လ်ဆီးသည် သူမ၏ သားဦးချားလော့ထ်ကို မကြာသေး မီကပင် မွေးဖွားခဲ့သည်။

''သီချင်းဆိုဖို့ လူတွေကို ကျွန် မတို့ အားပေးပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သီချင်းဆိုတာ နိုစို့အရွယ် ကလေးငယ်တွေအတွက် ကောင်း ကျိုးဖြစ်စေတယ်လို့ သုတေသနပြု တွေ့ရှိချက်တွေက ဆိုထားလို့ပါပဲ'' ဟု ဟီလာရီက ကိတ်ကို ပြောပြသည် ဆိုသည်ကို သတင်းတစ်ရပ်အရ သိ ရသည်။

Ref: Mail Online

0 comments:

Post a Comment