10.12.14

မင်းသားဝီလျံအား သမ္မတအိုဘားမား အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံ

အမေရိကန်သမ္မတဘားရက် အိုဘားမားက ဗြိတိသျှမင်းသား ဝီ လျံအား အိမ်ဖြူတော်၌ လက်ခံတွေ့ ဆုံကာ နှစ်နိုင်ငံအကြားရေရှည်နှင့် အထူးဆက်ဆံရေးကို ဆွေးနွေးခဲ့ ကြောင်း အိမ်ဖြူတော်က ပြောကြား လိုက်သည်။

ကင်းဘရစ်ဂ်ျမြို့စားအဖြစ် လည်း သိရှိကြသည်။ မင်းသားဝီလျံ သည် ဝါရှင်တန်ဒီစီသို့ ပထမဆုံး အကြိမ်လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းသည်သဘာဝတော ရိုင်းတိရစ္ဆာန်များ ရောင်းဝယ်မှု တိုက်ဖျက်ရေးကို လူများပိုမိုသိရှိစေ ရန် ကြိုးစားမှုအတွက်လာရောက် ခြင်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည် ဟု ဆိုသည်။

မင်းသားဝီလျံက အိုဘားမား အား သူ၏သဘာဝတောရိုင်းတိရ စ္ဆာန်တရား မဝင်ရောင်းဝယ်မှု တိုက် ဖျက်ရေးလုပ်ဆောင်နေမှုများကို ဆွေးနွေးခဲ့ပြီး သမ္မတနှင့် အစိုးရက အခိုင်အမာပါဝင်ရန် ကတိပေးခဲ့ ကြောင်း အိမ်ဖြူတော်ပြောရေးဆို ခွင့်ရသူ ဂျိုရှ်အာနက်စ်က သတင်း စာရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

စောစောပိုင်းတွင် ဒုတိယသမ္မ တ ဂျိုးဘိုင်ဒင်နှင့် ဇနီးဒေါက်တာဂျီလ် ဘိုင်ဒင်တို့သည် မင်းသားဝီလျံနှင့် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံ ရေးနှင့် ကမ္ဘာ့စိန်ခေါ်မှုများနှင့် IS တို့ကို တိုက်ဖျက်ရန် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု အာနက်စ်က ပြောခဲ့သည်။

ထိုနောက်မင်းသားဝီလျံသည် ကမ္ဘာ့ဘဏ်၌ သဘာဝတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်မှုများနှင့် ပတ် သက်၍ မိန့်ခွန်းပြောခဲ့သည်။

အလွဲ သုံးစားပြုလုပ်မှု အကြီးဆုံးသော ပုံ စံဖြင့် စိမ့်ဝင်ပျံ့နှံ့နေသည့် လုပ်ငန်း ဖြစ်နေကြောင်း ၎င်းကဆိုသည်။

လွန်ခဲ့သော ဆယ်စုနှစ်မှစ၍ အဆင့်နိမ့်အကျိုးရလိုသူများက သ ဘာဝတောရိုင်း တိရစ္ဆာန်ရောင်း ဝယ်မှု ပြုလုပ်ရာမှ ယခုနိုင်ငံတကာ ရာဇဝတ်မှုအထိ ကျယ်ပြန့် လာနေ ကြောင်း မင်းသားဝီလျံကဆိုသည်။

မုဆိုးများ၊ ရောင်ဝယ်သူများကို နှိမ်နင်းရန် ပူးပေါင်းဆောင်ရွက်မှု သည် မိမိတို့၏ လက်နက်ဖြစ် ကြောင်း၊ ၎င်းတို့သည် နိုင်ငံများကို ရှောင်၍လုပ်ဆောင်နေကြကြောင်း မင်းသားဝီလျံက ဆိုသည်။

Ref : Xinhua

0 comments:

Post a Comment