ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

6.7.13

ဦးကျော်သူ နှင့်အဖွဲ့ညောင်ဦး ဒေသခံများ ကို သောက်သုံးရေသန့် ပြုလုပ်နည်း ပို့ချပေး

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့သည် ညောင်ဦးမြို့သို့ ရောက်ရှိ ကာ ဒေသခံများအား သောက်သုံးရေသန့်ပြုလုပ်နည်းကို ညောင်ဦးကရုဏာရှင် လူမှုကူညီရေး အသင်းနှင့်ပူးပေါင်း၍ ဇွန် ၃ဝ ရက်နေ့ နံနက်ပိုင်းက အသင်းရုံးအနီး ဆုတောင်းပြည့်ဇရပ်အနီး ၌ ပို့ချပေးခဲ့ကြောင်း သိရသည်။

”အနီးနား ရွာတွေက တစ်ရွာ သုံးဦး ဖိတ်ပါတယ်။ တခြားလူမှုရေး အသင်းလေးတွေ ဖိတ်တယ်။ ဦးကျော်သူတို့အဖွဲ့က ပြည်သူ့ဂုဏ်ရည် ဆုရ Community Engineering Teamကဦးသန်းနိုင် ပို့ချပေးပါတယ်။” ဟု ကရုဏာ ရှင် အသင်းသား တစ်ဦးက ပြောသည်။ ဦးကျော်သူနှင့် အဖွဲ့ သည် ပုဂံညောင်ဦးဝန်းကျင်တစ်ဝိုက်ကျေးရွာတချို့ ရေရရှိရေးအတွက်လည်း စက်ရေတွင်းများ လှူဒါန်းနေကြောင်း သိရ သည်။

ဦးကျော်သူနှင့် အဖွဲ့သည် ညောင်ဦး ကရုဏာရှင် အခမဲ့ဆေးကု ခန်းသို့ မြွေကိုက်လူနာများကို ကူညီနိုင်ရန် အတွက် ငွေကျပ်သိန်းနှစ်ဆယ် ကိုလည်း လှူဒါန်း ပေး ခဲ့ကြောင်း သိရသည်။

ပုဂံသစ္စာ
Popular Journal

စနိုးဒန်အတွက် နိုင်ငံသားဖြစ်ခွင့် အိုက်စလန်အဆိုပြု

အမေရိကန်အစိုးရ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သော ကွန်ပျူတာပညာရှင် ကန်ထရိုက်တာ အက်ဒ်ဝပ်စနိုးဒန်ကို နိုင်ငံသားဖြစ်ခွင့်ပြုရန် အိုက်စလန်နိုင်ငံမှ ဥပဒေပြုလွှတ်တော်အမတ်များ က အဆိုပြုချက်တစ်ရပ် တင်သွင်းလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြ သည်။

အိုက်စလန် လက်ဝဲပါတီတစ်ခုဖြစ်သော ဂရင်းပါတီမှ ဥပဒေပြုအမတ် အိုဂမာဂျွန်အန်ဆန် ဆို သူက လွှတ်တော်၏ တရားစီရင်ရေး ကော်မတီသို့ စနိုးဒန်အား နိုင်ငံသားအဖြစ် ခွင့်ပြုမည့် ကိစ္စကို ဇူလိုင်လ ၄ ရက်နေ့က တင်သွင်းလိုက်သည်ဟု အိုက်စလန် လွှတ်တော်အမတ်များက ဆိုသည်။ သို့သော် လက်ရှိအနေအထားတွင် စနိုးဒန်အား အိုက်စလန်နိုင်ငံသား ဖြစ်ခွင့်ပေးမည့် ၎င်း၏အဆိုပြုချက်ကို ထောက်ခံမှု အနည်းငယ်သာ ရရှိသေးသည်။

ယခုအခါရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိလေဆိပ်တွင် ခေတ္တခိုလှုံနေရသည်ဟုယူဆရသည့် စနိုးဒန်က ၎င်းအနေနှင့် ၎င်း၏တန်ဖိုးများကို နားလည်သဘောပေါက်သည့် နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့် ရရှိရန် ကြိုးပမ်းမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့သော နိုင်ငံမှာ အိုက်စလန်ပင် ဖြစ်ကြောင်း The Guardian သတင်းစာသို့ ပြောကြားထားသည်။ လက်ရှိအခြေအနေတွင် မည်သည့်နေရာ၌ စနိုးဒန် ပုန်းခိုနေပြီး မည်သည့်နိုင်ငံသို့ မည်သည့် လေကြောင်းလိုင်းဖြင့် ဝင်ရောက်ရန် စီစဉ်နေ သည်ဟူသော အချက်အလက်တို့ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အမေရိကန် အစိုးရက အီးယူနိုင်ငံတစ်ခုခုတွင် ပုန်းခိုနေသည်ဟု ယူဆ ထားသည်။

မကြာသေးခင်ရက်ပိုင်းက ဘိုလီးဗီးယားနိုင်ငံ သမ္မတအီဗိုမိုရာလီစ် စီးနင်းလာသော လေယာဉ် တွင် အက်ဒ်ဝပ်စနိုးဒန် ပုန်းခိုလိုက်ပါလာသည်ဟူသော ကောလာဟလများ ထွက်ပေါ် ခဲ့ခြင်းကြောင့် ၎င်း၏လေယာဉ်ကို ပြင်သစ်၊ စပိန်၊ ပေါ်တူဂီနှင့် အီတလီနိုင်ငံများက ယင်းတို့ ၏ လေကြောင်းပိုင်နက်တွင်းမှ ဖြတ်သန်းပျံသန်းခွင့် မပြုခဲ့ကြပေ။ သို့အတွက်ကြောင့် ဘိုလီးဗီးယား သမ္မတ၏ လေယာဉ်မှာ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့သို့ အရေးပေါ်ဆင်းသက် ခဲ့ရပြီး ၁၄ နာရီကြာမျှ လေဆိပ် တွင် နေထိုင်ခဲ့ရသည်။

ယင်းဖြစ်ရပ်ကိုမကျေနပ်သော ဘိုလီးဗီးယားသမ္မတက ဝါရှင်တန်အစိုးရကို ပြင်းပြင်းထန် ထန် ဝေဖန်ပြစ်တင်ပြီး ဘိုလီးဗီးယားနိုင်ငံမှ အမေရိကန်သံရုံး ပိတ်ပင်သည်အထိ ပြုလုပ်ရန် စဉ်းစားမည် ဖြစ်ကြောင်း ပြောကြားသည်။ ‘အမေရိကန် အင်ပါယာနဲ့ ကျေးကျွန်တွေအနေနဲ့ ကျုပ်တို့ကို ဘယ်တော့မှခြိမ်းခြောက်လို့ရမှာ မဟုတ်ဘူး။ ဥရောပနိုင်ငံတွေ အနေနဲ့ အမေရိကန် နယ်ချဲ့ ဝါဒကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် လုပ်ဖို့လိုအပ်တယ်’ ဟု ၎င်းကဒေါသ တကြီး ပြောကြားသည်။ 

မှတ်တမ်းများအရ အိုက်စလန်နိုင်ငံသည် ယခင်ယူဂိုဆလားဗီးယား နိုင်ငံအပေါ်သတ်မှတ်ပြ ဋ္ဌာန်းထားသော ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်ခဲ့သည့် စစ်တုရင်ကစားသမား ဘော်ဘီဖစ်ရှား ကို နိုင်ငံသားအဖြစ် လက်သင့်ခံခဲ့ဖူးသည်။

The Voice Weekly

လိုင်စင်မဲ့ကား ၂ နှစ် မပြည့်မီ လုံးဝပပျောက်အောင်ဆောင်ရွက်မည်

လိုင်စင်မဲ့ကားများကို တစ်နှစ်ခွဲကျော်အတွင်း လုံးဝပပျောက်သွားအောင်ဆောင်ရွက်မည် ဟု နေပြည်တော် အခြေစိုက်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး မှရဲမှူးကြီးက ပြောသည်။

လက်ရှိတွင် သိမ်းဆည်းဖမ်းဆီး အရေးယူမည့်အပြင် လက်ဝယ်အပြင် မူလဇာစ်မြစ်အထိ ဖော် ထုတ် အရေးယူ မည်ဟု ၄င်းက ပြောသည်။ ”တစ်နှစ် နှစ်နှစ်အတွင်း ဒါတွေ ပပျောက်သွားမှာ ပါ”ဟု ၄င်းက ပြော သည်။ လက်ရှိတွင်တရားမဝင် တင်သွင်း လာသည့် မော်တော်ယာဉ်များနှင့် ပတ် သက်၍ နယ်မြေခံရဲ၊ ယာဉ်ထိန်းရဲ ကညနစသည့် စုပေါင်းအဖွဲ့တို့က လိုက်လံဖမ်းဆီး မှု ပြုနေရာ လိုင်စင်မဲ့ ကားတစ်စီးဖမ်းမိခြင်းအပေါ် လက်ဝယ်တွေ့ရှိသူ၊ တစ်ဆင့်ခံ ဝယ်ယူလာ သူနှင့် တင်သွင်းခဲ့သူတို့အထိ စစ်ဆေးခြင်းဖြင့် ဥပဒေကြောင်းအရ အရေးယူမည်ဟု ၄င်းတပ်ဖွဲ့ ရုံးမှ ရဲမှူးကြီးက ဆိုသည်။

”ဒီကားကို ဘယ်သူ့ဆီက ဝယ်ခဲ့ လဲ၊ ဒီလို ဆက်နွယ်တဲ့ သူတွေပါ လိုက် ပြီး အရေးယူမှာပါ”ဟု ၄င်းက ဆိုသည်။ လိုင်စင်မဲ့ ယာဉ်တစ်စီးဖမ်းမိပါက ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အရေး ယူပြီး ယခင်က လက်ဝယ်တွေ့သူ ကိုသာ အရေးယူခဲ့သည်။ ယခုတွင် နောက်ဆက်တွဲကိုပါ ထည့်သွင်း အရေး ယူတော့မည်ဟု သိရသည်။ ”ဥပဒေမှာက အားလုံးတန်းတူပါ ပဲ။ ဌာနဆိုင်ရာ တာဝန်ရှိသူကလည်း လိုင်စင်မဲ့ကားစီးလို့မရပါဘူး။ စီးတာကို စစ်ဆေးမိရင်လည်း တန်းတူပဲ ထားပြီး အမှုဖွင့် အရေးယူမှာပါ”ဟု ရဲမှူးကြီးက ဆက်ပြောသည်။ဝန်ကြီးဌာနများက ၄င်းတို့၏ ဝန် ထမ်းများအား လိုင်စင်မဲ့ကားများ မစီး ကြရန် ညွှန်ကြားထားသော်လည်း ဝန် ထမ်းအချို့မှာ စီးနင်းမှုအချို့ ရှိနေကြ ခြင်းအပေါ် စိစစ်သွားမည်ဟုလည်း ပူး ပေါင်းအဖွဲ့မှ သိရသည်။

ကလေးနှင့်တမူးတွင် လိုင်စင်မဲ့ ကားများကို ဇွန်လဆန်းက ဖမ်းဆီးခဲ့ရာ သုံးရက်အတွင်း ၂၇ စီးဖမ်းမိခဲ့သည်။ ထိုဖြစ်ရပ်အပေါ် လိုင်စင်မဲ့ကားဆို သည်မှာ ကလေးတွင်သာမဟုတ် ကျန် သည့် နေရာများတွင်လည်းရှိကြောင်း၊ ကလေးတွင် ဖမ်းသလို ကျန်ဒေသတွင် လည်း ဖမ်းဖို့ လိုကြောင်း လိုင်စင်မဲ့ကား ကလေးမြို့သို့ရောက်ရန် မြို့များကို ဖြတ်သန်းခဲ့ရာ ထိုမြို့များ ကိုရော မည် သို့ဆောင်ရွက်မည်နည်းဟု ကလေးပြည် သူ့လွှတ်တော် ကိုယ်စားလှယ်က မေး ခွန်း ထုတ်ခဲ့ဖူးသည်။

ကညနက ဖမ်းဆီးကားများ လိုင် စင်မဲ့ဟုတ်၊ မဟုတ် စစ်ဆေးခြင်း၊ ရဲက နယ်မြေခံသတင်းအရ ဖမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ မွန်ပြည်နယ် ချောင်းဆုံမြို့မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ”သိမ်းဆည်း ထောင်ချတာကို ကျွန်တော်ကတော့ လက်မခံပါ ဘူး။ လက်မခံတဲ့ဘက်ကပါ။ ဒဏ်တစ်ခုတပ်ပြီး လိုင်စင်လုပ်ပေးပါ။ ပြီးတော့ မဝင် လာအောင် ကြပ်ကြပ်မတ် မတ်လုပ်ပါ”ဟု ပြောသည်။

မြဝတီနယ်စပ်ဂိတ်တို့မှစကာ ဂိတ်အသီးသီးကျော်ဖြတ် လာသဖြင့် မည်သည့်တာက ကျိုးနေကြောင်း ဖော်ထုတ်မှသာ ပပျောက်မည်ဟု၎င်း က ပြောသည်။ ပြည်ပမှ မော်တော် ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က လိုင်စင်မဲ့ကားများ မဝင်နိုင်ရန် တရားဝင်တင် သွင်းခွင့်ကို လွယ်ကူစွာ လုပ်ပေးထားပြီး ဖြစ်သည့်အတွက် လိုင်စင်မဲ့ကားများကို လက်ခံမည် မဟုတ်ဟု တရားဝင်ပြော ဆိုထားသည်။

မင်းသုအောင်
Popular Myanmar News Journal

ဗေဒင် သွားမေးမိရာက အစော်ကား ခံလိုက်ရတဲ့ ကာယကံရှင် မိန်းကလေးရဲ့ စာ

လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ ကျွန်တော့်ဆီကို ဓာတ်ချောစာတစ်စောင် ၀င်လာပါတယ်။ ဖတ် ပြီးတော့ ခံစားမှုပေါင်းစုံဖြစ်ပါတယ်။ ကရုဏာလည်း သက်ရတယ်၊ ဒေါသလည်း ဖြစ်ရတယ်။ စိတ်မကောင်းလည်း ဖြစ်ရတယ်။ ရွံလည်းရွံရှာစက်ဆုပ် အော့နှလုံးနာမိပါတယ်။ ယောက်ျား ဆို တဲ့သတ္တ၀ါတွေဟာ အသက်ကြီးလေ ပိုယုတ်ကန်းလေလားလို့တောင် တွေးမိလာရတဲ့ အထိပါ ပဲ။ တစ်ဆက်တည်းမှာ ဆင်ခြင်ဉာဏ်နည်းလွန်းတဲ့ မိန်းမငယ်လေးတွေကိုလည်းကိုင်ဆောင့်ချင် စိတ် ပေါက်သွားပါတယ်။ ဒါမျိုးတွေ ကြုံတွေ့နေရတဲ့ မိန်းကလေးတွေ ကျွန်တော်တို့ဆီမှာ ဘယ်လောက်တောင် များနေပြီလဲဆိုတာ မတွေးရဲစရာပါ။ ကလေးမလေးဆီကိုတော့ လိုအပ်သ လို အကြောင်းပြန်ပြီးပါပြီ။ အယုံလွယ်တတ်တဲ့မိန်းမငယ်၊ မိန်းမရွယ်တွေသတိထားနိုင်အောင် သူ့ စာကို အရင်းအတိုင်း ပြန်ဖော်ပြပေးလိုက်ပါတယ်။

ဆရာအတ္တကျော်ရှင့်

သမီးက ဆရာ့ပရိတ်သတ်ပါ။ သမီးနာမည်က နှင်းဝင့်ဖြူပါဆရာ။ မိတ္ထီလာမြို့မှာ နေပါတယ်။ အသက်က ၂၀ ပါ။

သမီးရင်ထဲမှာ မခံမရပ်နိုင်ဖြစ်လွန်းလို့ ဆရာ့ကိုပဲ ရင်ဖွင့်ပါရစေ။

သမီးလူတွေကို ပြောလည်းပြောချင်တယ်။ အရှက်ကွဲမှာလည်း အရမ်းကြောက်နေလို့ပါ။ သမီး မှာချစ်သူ တစ်ယောက်ရှိပါတယ်။ ဘာမှလွန်လွန်ကြူးကြူး ဖြစ်မထားပါဘူး။ တစ်နေ့ သမီး တို့နှစ်ယောက်မှာ ပြဿနာတွေ နည်းနည်းရှိလာတယ်။ အဲ့ဒါသမီးလည်း စိတ်ညစ်ညစ်နဲ့ သူငယ်ချင်းတွေနဲ့အတူ ဗေဒင် သွားကြည့်ဖြစ်ပါတယ်။

အဲ့ဒီ့ဗေဒင်ဆရာအကြောင်းကို သေချာပြောပြပါရစေ။ သူက မိန်းမနှစ်ယောက်ယူခဲ့ဖူး ပြီး နှစ်ယောက်စလုံး သေဆုံးခဲ့ပါတယ်။ သူ့မှာ သားတစ်ယောက်တော့ ရှိပါတယ်။ အခု သူ ယူထားတဲ့မိန်းမက ဘဏ်တစ်ခုမှာအလုပ်လုပ်ပြီး သူ့ထက်အရမ်းငယ်ပါတယ်။ ပိုက်ဆံတွေ ပုံပြီး တင်တောင်းထားတာပါ။ အားလုံးရဲ့ရှေ့မှာ သူဟာ လူကြီး လူကောင်း ပုံစံနဲ့ နေပါတယ်။ တစ်ခုတော့ ရှိတယ်ဆရာ။ သူက ဒုတိယ မိန်းမ သေပြီး မကြာဘူး၊ နောက်တစ်ယောက်ကို ယူလိုက်တာပါ။ အဲ့ဒီ့ ဗေဒင်ဆရာက သမီးတို့မြို့မှာ လူကြီးလူကောင်းတွေ၊ ရာထူးကြီးကြီး လူတွေကအစ ကိုးကွယ်တဲ့ဆရာပါ။ သမီးလည်း အရမ်းသိက္ခာရှိတဲ့ ဗေဒင်ဆရာလို့ ထင်ခဲ့မိ ပါတယ်။

သမီးတို့တွေဗေဒင်ခန်းထဲကို တစ်ယောက်ပြီးတစ်ယောက်ပဲ ၀င်ခွင့်ရခဲ့ပါတယ်။ သမီးအ လှည့် ရောက်တော့ သူကပြောပါတယ်။ သူဟောသမျှကို ဘယ်သူ့ကိုမှမပြောရဘူးလို့ သစ္စာ ဆိုခိုင်းပါတယ်။ နောက်ပြီး သမီးနဲ့သမီးချစ်သူ ကိစ္စတွေကို အတွင်းကျကျ ဟောပါတယ်။ ဟုတ် တာလည်း ပါတယ်။ မဟုတ်တာလည်း ပါတယ် ဆရာ။ ဒါပေမယ့် သမီးကတော့ အားနာပြီး ဟုတ်ကဲ့ပဲ ပြောနေလိုက်မိတယ် ဆရာရယ်။

သူက ပြောပါတယ်။ သမီးစိတ်က ယောက်ျားတစ်ယောက်နဲ့ အတူတူ နေချင်နေတာတဲ့။ အဲ့ဒါ သမီးက ကိုယ်ဝန်ရမှာ၊ ရောဂါကူးမှာတွေ ကြောက်နေတာတဲ့။ အဲ့ဒါ အဲ့ဒီ့လိုတွေ မဖြစ်အောင် သူ သင်ပေးမယ်တဲ့ဆရာ။ ဒါပေမယ့် သူပြောတာတွေကို ဘယ်သူ့မှမပြောရဘူးတဲ့။ သူဒီလိုပြော တာတွေက တဏှာစိတ်ကြောင့် မဟုတ်ဘူးတဲ့ ဆရာ။ သမီးဘ၀ တိုးတက် ကောင်းမွန်အောင်၊ မိဘက ချစ်အောင်၊ သမီးချစ်သူက သမီးကို တန်တန်းစွဲ ဖြစ်နေအောင်လို့တဲ့။ နောက်ပြီးသမီး ခန္ဓာကိုယ်ကို သူ့ကိုလှူလိုက်ပါတဲ့။ သူ့လိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်က သမီးခန္ဓာကိုယ်ကို ယူထားမယ် ဆိုရင် တခြားဘယ်သူမှသမီးကို မစော်ကားရဲတော့ဘဲ ယောက်ျားတွေက အောက်ကျို့လာစေရ မယ်တဲ့ဆရာ။

သမီးကလည်း ဒီလောက်တောင်ကိုးကွယ်သူတွေ ပေါများနေတဲ့ အဲ့ဒီ့ဆရာ ပြောသမျှကို ယုံမိပါ တယ်။ သမီး အသုံးမကျတာပါဆရာ။ သမီးက ဆရာအတ္တကျော်လိုမျိုး စေတနာနဲ့ လမ်းပြပေး မယ့်သူလို့လည်း တွေးခဲ့မိပါတယ်။ အဲ့ဒါ သူက သမီးကို ယတြာချေဖို့ ချိန်းပါတယ်။ အဲ့ဒီ့မှာ သူက ပြောတယ်ဆရာ။ သမီးဆီက အရည် လိုချင်တယ်တဲ့။ အဲ့ဒါ သူ့ကို ပေးဖို့ တောင်းပါတယ်။ သမီးအရည်ကို သူမျိုချရဲတယ်တဲ့။ အဲ့ဒါနဲ့ သူ့အခန်းထဲကို ခေါ်ပြီး သမီးကို အ၀တ်အစား ချွတ်ခိုင်းပါတယ်။ နောက်ပြီး သမီးအောက်ပိုင်းကို နမ်းတော့တာပဲဆရာ။

သမီး ကြောက်လည်း ကြောက်။ ရှက်လည်း ရှက်ပါတယ်။ သူက ပြောပါတယ်။ ဘယ်ယောက်ျား မှ သူ့လိုအောက်ကျခံပြီး ဒီလိုနမ်းမှာ မဟုတ်ဘူးတဲ့။ အဲ့ဒါ သူ့လိုလူကတောင် နမ်းတယ်ဆို ရင် ယောက်ျားတွေကို သမီး နိုင်ပြီတဲ့။ ဒါပေမယ့်ဆရာ သူက အဲ့ဒီ့လောက်နဲ့တင် မပြီးဘူး။ သမီးကိုလည်း သူ့ရဲ့လိင်တံကို စုပ်ခိုင်းပါတယ်။ သမီးက မလုပ်ချင်ဘူးဆိုတော့ သူက “ဟဲ့…ငါ က အကြောင်းရှိလို့” ဆိုပြီး ဇွတ်လုပ်ခိုင်းပါတယ်။ သမီးလည်း မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ သူ လုပ်ခိုင်းသလို လုပ်ခဲ့ရတယ်။ သမီးလုံးဝကို မသတီဘူး ဆရာ။ အရမ်း ရွံတာပါပဲ။ ဒါပေမယ့် အားလုံးက လေးစားရတဲ့ ပုဂ္ဂိုလ်ကအကြောင်း မရှိဘဲနဲ့တော့ သမီးကို လုပ်ခိုင်းတာ မဟုတ်ဘူး ဆိုပြီး ထင်ခဲ့မိတယ်။

နောက်တော့ သူ သမီးကို စော်ကားလိုက်တာပါပဲ ဆရာရယ်။ သမီး အရမ်းလည်း ရှက်ပါတယ်။ သူပြောတာက ယောက်ျားခန္ဓာကိုယ်က ထွက်တဲ့အရည်ကို ပြချင်လို့ ဆိုပြီးတော့ပါ။ အဲ့ဒါ ထွက် လာတဲ့ သုတ်ရည်ကို ပြပါတယ်။ အဲ့ဒီ့အရည် မ၀င်ရင် ကိုယ်ဝန်မရနိုင်ဘူးလို့ ပြောပါတယ်။ အခု ချိန်ကစပြီး သမီးချစ်သူကလည်း သမီးကိုတန်းတန်းစွဲဖြစ်ပြီး ယောက်ျားတွေကိုလည်းနိုင်တော့ မယ်လို့ ပြောပါတယ်။

သူ့ကို မယုံဘူးလားတဲ့။ သူက အားလုံးက လေးစားရတဲ့ ဆရာတဲ့။ အဲ့ဒါကြောင့် အခုလို သမာဓိရှိရှိ ရပ်တည်နိုင်တာတဲ့။ သမီးကိုလည်း သူ့ဇနီးမယားအဖြစ် မွေးစားလိုက်ပြီလို့ပြော တယ်။ သမီးကို ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့တဲ့။ အပျိုရည်လည်း မပျက်ဘူးတဲ့။ အမြှေးပါးလည်းပျက်စီးသွားတာ မဟုတ်ဘူးလို့ ပြောတယ် ဆရာရယ်။ သမီးလည်း ဘာမှ မသိတော့ဘဲ ပြန်လာခဲ့မိပါတယ်။ သမီး ဘယ်သူ့ကိုမှလည်း မပြောဖူးပါဘူး။ နောက်တစ်နေ့ သူငယ်ချင်းတွေ ဆုံတဲ့အခါ သူတို့တွေက ပြောပြကြပါတယ်။ ဗေဒင်ဆရာက စိတ်အခြေ အနေ ဟောတာတော့ မှန်ပါတယ်တဲ့။ ဒါပေမယ့် မကောင်းဘူးလို့ သူတို့က ပြောပါတယ်။

အဲ့ဒါနဲ့ သမီးလည်းသူ့တို့ကို မေးကြည့်ပါတယ်။ သမီးတို့တွေချင်းတော့ ပွင့်ပွင့်လင်းလင်းပဲ ပြော ကြပါတယ်။ အဲ့ဒီ့ဗေဒင်ဆရာက သမီးသူငယ်ချင်းတွေကိုလည်းဘယ်သူ့ကိုမှ မပြောရဘူး လို့ ပြောထားတာတဲ့။ သူငယ်ချင်းတစ်ယာက်ကိုကျတော့ သူရဲ့အောက်ပိုင်းမှာ မှဲ့ရှိတယ်ဆို ပြီး ပြခိုင်းပါတယ်။ သူက လိုအပ်လို့ကြည့်တာ ဆိုပြီးတော့လေ။ နောက်ပြီး ဘုရားခန်းကြီးထဲမှာ ဆရာ။

နောက်ပြီး သမီးကို ပြောသလိုပဲ လျှောက်ပြောတယ်တဲ့။ သမီးသူငယ်ချင်းကလည်း သမီးလိုပဲ ဒီလိုမျိုးသိက္ခာရှိတဲ့ ဗေဒင်ဆရာက မကောင်းတာတော့မလုပ်လောက်ဘူးဆိုပြီး ပြလိုက်တယ်တဲ့ ဆရာရယ်။ နောက်တစ်ယောက်ကျတော့ ရင်ဘတ်မှာ မှဲ့ရှိတယ်ဆိုပြီး ပြခိုင်းတယ်တဲ့။ သူလည်း အဲ့ဒီ့လိုပဲ လုပ်မိပြန်တယ်။ သမီး အရမ်းကိုလန့်သွားမိပါတယ်။ သမီး ဘာဖြစ်တယ်ဆိုတာတော့ သူတို့ကို မပြောပြရဲဘူး ဆရာ။ နောက်တစ်ခု ပြောရအုံးမယ် ဆရာ။ သူက သူ့တံတွေးကိုလည်း မျိုခိုင်းသေးတယ်။ သမီးကိုရော။ သမီးသူငယ်ချင်းတွေကိုရော။

သမီး အရမ်းစိတ်ညစ်တယ်ဆရာ။ သမီး အပျိုမစစ်တော့ဘူးပေါ့နော်။ သမီး ရောဂါတွေဘာတွေ ရမှာလည်း ကြောက်တယ် ဆရာ။ အခု နေရင်းထိုင်ရင်းတောင် HIV ပိုးများ ၀င်နေသလား ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လန့်နေမိတယ်။ သုတ်ရည်မ၀င်ပေမယ့် oral sex လုပ်ရင်လည်း ရောဂါ ကူးတယ် မဟုတ်လား ဆရာ။ သမီး သွေးလည်း သွားစစ်ချင်တယ်ဆရာ။ သမီးဘာတွေလုပ်ဖို့ လိုအပ်သလဲ ဆရာ။ အခုဆိုရင် စိတ်ဆင်းရဲလွန်းလို့ အိမ်ထဲက အိမ်ပြင်တာင် မထွက်ချင်တော့ ပါဘူး။ ကိုယ့်အဖေအရွယ် လူတစ်ယောက်ရဲ့  စော်ကားမှုကို ခံရတာပါဆရာရယ်။ သမီးချစ်သူ အပေါ်လည်း အပြစ်လုပ်မိသလို ခံစားရတယ်။

သမီးချစ်သူက အလွန်ထိန်းချုပ်နိုင်တဲ့သူပါ။ သမီးကိုလည်း ဘာမှ အမှားအယွင်းမရှိအောင် နေ တတ်သူပါ။ အခုတော့ သမီးမှာ တစ်ခြားမိန်းကလေးတွေနဲ့ တန်းတူ မဖြစ်သလို ခံစားနေရပါပြီ။ သမီး အသုံးမကျလို့ ဖြစ်မှန်းသိပါတယ်။ ဒါပေမယ့် အားလုံးက လေးစားရတဲ့ နာမည်ကြီး ဆရာ တစ်ဆူက အဲ့ဒီ့လို မကောင်းတဲ့စိတ်နဲ့ မလုပ်လောက်ဘူးလို့ ထင်ခဲ့မိတာပါ။ တကယ်ဆို သမီး သူ့ကို တရားစွဲပစ်ချင်ပါတယ်။ ဒါပေမယ့်ဆရာ။ သမီးပဲ အရှက်ကွဲမှာလေ။ သမီး ဘာလုပ်ရမှန်း ကို မသိတော့ပါဘူးဆရာရယ်။ အခုလိုရေးရင်းနဲ့တောင် သမီလန့်မိတယ်။ သမီးကိုအောက်လမ်း နည်းတွေဘာတွေသုံပြီး မကောင်းကြံမှာ ကြောက်တယ်ဆရာရယ်။

သမီးလေသူတစ်ပါး သားမယားအပေါ် ကျူးလွန်ရာကျနေပြီလားဆရာ။ ကာမေသုမိစ္ဆာစာရကံ ထိုက်နေပြီလားဟင်။ ဘယ်လို ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူရမလဲဟင်။ သမီးချစ်သူကို ဖွင့်ပြောသင့်သလား။ အရမ်းကို သွေးပျက်ချောက်ချားနေလို့ပါ။ စိတ်ဆင်းရဲလွန်းလို့ သမီးဘာ ဆက်လုပ်ရမယ်ဆိုတာ ဆရာ အမြန်ဆုံးညွှန်ကြားပေးပါနော်။ သမီးရဲ့စာကို နာမည်နဲ့၊ နေရပ် လိပ်စာ မလှီးလွှဲဘဲနဲ့ မဂ္ဂဇင်းတစ်ခုခုမှာ ဖော်ပြပေးပါ။ နာမည်က သူနဲ့ ပတ်သက်တဲ့ မိန်းမ တစ်ယောက် နာမည်မိုလို့ပါ။ မြို့ကို ဖော်ပြထားမှ သမီးတို့မြို့က လူတွေသိကြမှာဆရာ။ သမီး မှာ ဆရာ့ကိုပဲ အားကိုးစရာ ရှိပါတော့တယ်။

(ဒီစာလေးကိုဖတ်ပြီ မှန်သည်မှားသည် ငြင်းခုန်ကြပါလိမ့်မယ်။ သို့သော် သတိတမံ ဥာဏ်မြေခံ တုတ် တစ်ခုတော့ စာဖတ်သူတို့တွင် ရသွားလိမ့်မည်ဟု ယုံကြည်မိသည်။ဤလောကတွင် မဖြစ်နိုင်တာ မရှိသကဲ့သို့ သတိဟူ၍လည်း ပိုသည်မရှိသာဖြစ်ပါသည်။)
Ref: attakyawblog

http://www.myanmardailynews.org/2013/07/blog-post_8546.html

ကမ္ဘောဒီးယားကို ချေးငွေသန်း ၂၀၀ ပေးမည်ဟု တောင်ကိုရီးယား ထုတ်ပြန်

ကမ္ဘောဒီးယားနိုင်ငံတွင်း လမ်းများဖောက်လုပ်ရေးနှင့် ဆည်တည်ဆောက်ရေး စီမံကိန်းများ အတွက် ချေးငွေ အမေရိကန် ဒေါ်လာသန်း ၂၀၀ ပေးမည်ဟု တောင်ကိုရီးယားနိုင်ငံက ထုတ်ပြန်လိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

ချေးငွေပေးရေးနှင့် ပတ်သက်သည့် စာချုပ်ကို လာမည့်ဗုဒ္ဓဟူးနေ့တွင် ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ်နှင့် ကိုရီးယား သံအမတ်တို့ လက်မှတ်ရေးထိုး အတည်ပြု ကြမည်ဟု သတင်း တွင် ဖော်ပြထားသည်။ လေးနှစ်သက်တမ်းရှိသည့် ချေးငွေ ပေးအပ်ရေး စာချုပ်အရ နိုင်ငံတွင်း ရှိ အမျိုးသားလမ်းမသုံးခုနှင့် ပြည်နယ်ကိုးခုရှိ ကျေးလက်ဒေသလမ်းကို ပြုပြင်တည်ဆောက် သွားမည် ဖြစ်ပြီး ဘတ်တန်ဘန် ပြည်နယ်နှင့် ပါဆတ်ပြည်နယ်ကြား ဒေသတွင် ဘက်စုံသုံး ဆည်တစ်ခု တည်ဆောက် သွားမည် ဖြစ်သည်။

ဇူလိုင်လ ၂၈ ရက်နေ့တွင် ကျင်းပမည့် ကမ္ဘောဒီးယား ရွေးကောက်ပွဲ မတိုင်ခင် ရက်ပိုင်းအလို တွင် ယခုကဲ့သို့သော ချေးငွေ ပေးအပ်ရေး သဘောတူစာချုပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီမှ ဝန်ကြီးချုပ်ဟွန်ဆန်ပင် ဆက်လက် အနိုင် ရဦးမည်ဟု မျှော်လင့်ရကြောင်း သတင်းတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားနှင့် တောင် ကိုရီးယား နှစ်နိုင်ငံကြားကုန်သွယ်မှုသည် ၂၀၁၂ ခုနစ်တွင် ၄၀ ရာခိုင်နှုန်း တိုးမြှင့်သွားပြီး ပထမ ၁၀ လအတွင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၉၆ သန်း တန်ဖိုးအထိ ရှိကြောင်း အာဆီယံ - ကိုရီးယား စင်တာမှ ထုတ်ပြန်သွားသည်။

အဝတ်အထည်၊ သံမဏိ၊ သတ္တု လုပ်ငန်းသုံး ကုန်ကြမ်းများ၊ စိုက်ပျိုးရေးနှင့် သစ်တောထွက် ပစ္စည်းများကို ကမ္ဘောဒီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့နေပြီး အထည်ချုပ် လုပ်ငန်းသုံး ပစ္စည်းများ၊ မော်တော်ကားများ၊ အီလက်ထရွန်နစ် ပစ္စည်းများနှင့် ဓာတုဗေဒ ပစ္စည်းများကို ပြန်လည် တင်သွင်းလျက်ရှိသည်။ တရုတ်နိုင်ငံ၏ အမာခံမဟာမိတ် နိုင်ငံ တစ်ခုဖြစ်သော ကမ္ဘောဒီးယား နိုင်ငံတွင် လူဦးရေ ၁၅ ဒသမ ၁ သန်းရှိပြီး စုစုပေါင်း ပြည်တွင်း ထုတ်ကုန်မှာ ဒေါ်လာ ၃၃ ဒသမ ၅ ဘီလီယံ အထိရှိကာ လူတစ်ဦး တစ်နှစ်ပျမ်းမျှ ဝင်ငွေမှာ ၂၂၁၆ ဒေါ်လာထိ ရှိကြောင်း Economic Freedom အဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly

အလုပ်သမား ၀န်ကြီးဌာနသို့ ဆက်သွယ် အလုပ်လျှောက်ထားသည့် မလေးရှားပြန် မြန်မာအလုပ်သမားများ အနက် ရာခိုင်နှုန်း ၉၀ ခန့်မှာ အလုပ်ရရှိ

မလေးရှားနိုင်ငံမှ ပြန်ရောက်လာသော မြန်မာနိုင်ငံသားများအား ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်

အလုပ်သမား ၀န်ကြီးဌာနသို့ ဆက်သွယ် အလုပ်လျှောက်ထားသည့် မလေးရှားပြန် မြန်မာ အလုပ်သမားများ အနက် ရာခိုင်နှုန်း ၉၀ ခန့်မှာ အလုပ်ရရှိပြီး ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

အလုပ်သမားဝန်ကြီးဌာနသို့ အလုပ်ဆက်သွယ် လျှောက်ထားသည့် မလေးရှား မှ ပြန် လည်ရောက်ရှိလာသည့် အလုပ်သမားများကို အလုပ်ရှင်များနှင့် တိုက်ရိုက်ချိတ်ဆက် အလုပ် ရှာဖွေ ပေးခဲ့ရာ ဇွန် ၂၈ ရက်တွင် မလေးရှားပြန် အလုပ်သမား ၅၅ ဦး၊ ဇူလိုင် ၃ ရက်တွင် ၄၂ ဦး၊ ဇူလိုင် ၄ ရက်တွင် အလုပ်သမား ၁၂၀ တို့မှာ အလုပ်ရရှိခဲ့ကြောင်း သိရသည်။

''ကျွန်မတို့ဆီကို ဆက်သွယ် အလုပ်လျှောက်ထားတဲ့ အလုပ်သမား အများစုမှာ ရာခိုင်နှုန်း ၉၀ က အလုပ်ရသွား ကြပါပြီ။ ကုမ္ပဏီ ၁၅ ခုကနေ အလုပ်သမား အများစုကို ခေါ်ယူသွားတာ ပဲ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ စက်မှုဇုန်ထဲက လုပ်ငန်းရှင်တွေလည်း ပါပါတယ်။ မလေးရှားပြန် အလုပ်သမားတွေ လတ်တလော အဆင်ပြေဖို့အတွက် အခုလို အားချင်းဆောင်ရွက် ပေးနေ တာပါ။ အလုပ်ရသွားတဲ့ သူတွေထဲမှာ လွန်ခဲ့တဲ့ သုံး၊ လေး နှစ်က သက်တမ်းစေ့လို့ ပြန်လာတဲ့ အလုပ်သမားတွေလည်း ပါပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဌာနက အကုန်လုံးကို အလုပ်ရှာပေး နေ တာပါ'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန (ရန်ကုန်တိုင်း ဒေသ ကြီး) တိုင်းဦးစီးမှူး ဒေါ်မို့မို့သွင်က ပြောကြားခဲ့သည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ် သမားများအား အလုပ်ခန့်လိုသည့် အလုပ်ရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်မှုများ ပြုလုပ်ကာ One Stop Service စနစ်ဖြင့် အလုပ်ရှာဖွေမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှင့် ကုမ္ပဏီ ၂၀ ကျော်မှ အလုပ်သမား ၅၆၀ ကို ခေါ်ယူရန် အလုပ်သမား ၀န်ကြီးဌာနသို့ တင်ပြထားပြီး လှိုင်သာယာ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ တောင်ဒဂုံ၊ ရွှေပြည်သာ စသည့် စက်မှုဇုန်များမှလည်း အလုပ်သမား ၁၂၈၂ ဦး ကို ခေါ်ယူရန် တင်ပြထားသည်ဟု သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် အလုပ်လျှောက်လွှာများ ကို အကန့်အသတ်မရှိ လက်ခံလျက်ရှိပြီး ပြည်တွင်း၌ အလုပ်လုပ်ကိုင်လိုသော မြန်မာအလုပ် သမားများအနေဖြင့် Complaint Mechanism Centre ဖုန်း ၀၆၇-၄၃၀၀၇ သို့ ဆက် သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။
 
Eleven Media Group

ဗဟိုဘဏ် သီးခြားခွဲထွက်ခြင်းနှင့် ဒေါ်လာဈေး အတက်အကျ ပတ်သက်မှု မရှိကြောင်း ဗဟိုဘဏ် တာဝန်ရှိသူ ပြောကြား

JBC Card အသုံးပြုခွင့်နှင့် ပတ်သက်၍ ဂျပန်နိုင်ငံ JCBI နှင့် MPU တို့ ဗဟိုဘဏ် တာဝန်ရှိသူများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးနေစဉ်

လက်ရှိအချိန်သည် ဗဟိုဘဏ်ဥပဒေသစ်အား အတည်ပြုရန် လွှတ်တော်တွင်ဆွေးနွေးနေသော အချိန်ဖြစ်ပြီး ဥပဒေသစ်အားအတည်ပြုပြီးပါက ဗဟိုဘဏ် အနေဖြင့်သီးခြားရပ်တည် နိုင်တော့ မည် ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ဗဟိုဘဏ် သီးခြားခွဲထွက်ခြင်းသည် ဒေါ်လာဈေး အတက် အကျနှင့် ပတ်သက်မှု မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။

''အခုရက်ပိုင်းမှာ ဇူလိုင် ၁ ရက်ကစပြီးတော့ ဗဟိုဘဏ်ဥပဒေသစ်နဲ့ ပတ်သက် ပြီးတော့ ဆွေးနွေးနေ ပါပြီ။ ဥပဒေထွက်လာရင် ဗဟိုဘဏ်က သီးခြားရပ်တည် နိုင်တော့မှာပါ။ ဒါပေမဲ့ ဒီလိုဗဟိုဘဏ် သီးခြားဖြစ်သွားတာနဲ့တော့ ဒေါ်လာဈေးအတက်အကျပေါ်မှာ ပတ်သက် မှုမရှိပါဘူး။ ဒေါ်လာဈေးအတက်အကျက Market Base ဖြစ်နေတဲ့အတွက် နိုင်ငံ တကာ ဈေးကွက်အပေါ်မှာပဲ မူတည်မှာပါ'' ဟု ဗဟိုဘဏ်၏ အဆင့်မြင့် အရာရှိတစ်ဦး က ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက သတင်းမီဒီယာ တစ်ခုမှ ဖော်ပြခဲ့သော Exchange rate အား မထိန်းနိုင် သည့် အတွက် ဗဟိုဘဏ်၏ ညွှန်ကြားရေးမှူး သုံးယောက်အား အရေးယူလိုက်သည် ဆိုသော သတင်းမှာ မမှန်ကန်ကြောင်း ဗဟိုဘဏ်၏ လုပ်ငန်းလုပ်ဆောင်မှုများ ပိုမိုတက်ကြွ မြန် ဆန်စေ ရန် အတွက် ညွှန်ကြားရေးမှူး သုံးဦးအား Policy maker အနေဖြင့် ထပ်မံခန့်အပ် လိုက်ခြင်း သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၀၀၀ ဈေး ပေါက်နေကြောင်း ဇူလိုင်လ ၅ ရက် သိမ်ဖြူငွေလဲနှုန်းမှာ ၀ယ်ဈေး ၉၇၂ ကျပ်နှင့် ရောင်းဈေး ၉၈၂ ကျပ်ဖြစ်ကြောင်း သတင်းရရှိသည်။

Eleven Media Group

ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးကို ပြည်ပအဖွဲ့တစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ရန်စီစဉ်

ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများကို ပြည်ပအဖွဲ့အစည်း တစ် ခုနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးနှင့် အမှတ်(၃)တပ်နယ်မှူးဖြစ်သူ ဗိုလ်မှူးချုပ်စောချစ်သူ က ဇူလိုင် ၄ ရက်က ပြောကြားခဲ့သည်။

မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် ပတ်သက်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် နယ်ခြားစောင့် တပ်၊ KNU၊ စစ်ဘက်မှတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။ ''မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ အစည်းအဝေး တက်ခဲ့တာ ရှိပါတယ်။ BGF (နယ်ခြားစောင့်တပ်)၊ KNU ရော အစိုးရဘက်ရော ပူးပေါင်းပြီး ပြည်သူတွေ သွားလာတဲ့ နေ ရာနဲ့ မနီးဝေးနေရာတွေမှာ မိုင်းပြန်လည် ရှင်းလင်းဖို့ အဓိက ဆွေးနွေးခဲ့ကြတာပါ။ လောလော ဆယ်တော့ အကောင်အထည်မဖော်ဖြစ်သေးပါဘူး''ဟုဗိုလ်မှူးချုပ် စောချစ်သူက ပြောကြား သည်။

''အရင်တုန်းက စစ်ဆင်ရေး လုပ်တဲ့နေရာ အတော်များများမှာ မိုင်းတွေရှိနေတယ်။ နော်ဝေ က ပြည်ပအဖွဲ့အစည်း တစ်ခုကဒီမှာ မိုင်းရှင်းလင်းဖို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ သူတို့က ၁၀ လပိုင်းလောက်မှာ ဒီကိုလာဖို့ရှိတယ်။ ဒီကအဖွဲ့တွေကတော့ မိုင်းရှိတဲ့နေရာကို လမ်းပြပေး မှာ ဖြစ်ပါတယ်'' ဟု ၎င်းက ပြောကြားသည်။

Eleven Media Group

ဗဟိုဘဏ် သီးခြားခွဲထွက်ခြင်းနှင့် ဒေါ်လာဈေး အတက်အကျ ပတ်သက်မှု မရှိကြောင်း ဗဟိုဘဏ် တာဝန်ရှိသူ ပြောကြား


 

JBC Card အသုံးပြုခွင့်နှင့် ပတ်သက်၍ ဂျပန်နိုင်ငံ JCBI နှင့် MPU တို့ ဗဟိုဘဏ် တာဝန်ရှိသူများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးနေစဉ်

လက်ရှိအချိန်သည် ဗဟိုဘဏ် ဥပဒေသစ်အား အတည်ပြုရန် လွှတ်တော်တွင် ဆွေးနွေးနေသော အချိန်ဖြစ်ပြီး ဥပဒေသစ်အား အတည်ပြုပြီးပါက ဗဟိုဘဏ် အနေဖြင့် သီးခြားရပ်တည် နိုင်တော့မည် ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ဗဟိုဘဏ် သီးခြားခွဲထွက်ခြင်းသည် ဒေါ်လာဈေး အတက်အကျနှင့် ပတ်သက်မှု မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

''အခုရက်ပိုင်းမှာ ဇူလိုင် ၁ ရက်ကစ ပြီးတော့ ဗဟိုဘဏ် ဥပဒေသစ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးနေပါပြီ။ ဥပဒေထွက်လာရင် ဗဟိုဘဏ်က သီးခြားရပ်တည် နိုင်တော့မှာပါ။ ဒါပေမဲ့ ဒီလိုဗဟိုဘဏ် သီးခြား ဖြစ်သွားတာနဲ့တော့ ဒေါ်လာဈေး အတက်အကျပေါ်မှာ ပတ်သက်မှု မရှိပါဘူး။ ဒေါ်လာဈေး အတက်အကျက Market Base ဖြစ်နေတဲ့အတွက် နိုင်ငံတကာ ဈေးကွက်အပေါ်မှာပဲ မူတည်မှာပါ'' ဟု ဗဟိုဘဏ်၏ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက သတင်းမီဒီယာ တစ်ခုမှ ဖော်ပြခဲ့သော Exchange rate အား မထိန်းနိုင်သည့် အတွက် ဗဟိုဘဏ်၏ ညွှန်ကြားရေးမှူး သုံးယောက်အား အရေးယူလိုက်သည် ဆိုသော သတင်းမှာ မမှန်ကန်ကြောင်း ဗဟိုဘဏ်၏ လုပ်ငန်းလုပ်ဆောင်မှုများ ပိုမိုတက်ကြွ မြန်ဆန်စေရန် အတွက် ညွှန်ကြားရေးမှူး သုံးဦးအား Policy maker အနေဖြင့် ထပ်မံခန့်အပ် လိုက်ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၀၀၀ ဈေး ပေါက်နေကြောင်း ဇူလိုင်လ ၅ ရက် သိမ်ဖြူငွေလဲနှုန်းမှာ ၀ယ်ဈေး ၉၇၂ ကျပ်နှင့် ရောင်းဈေး ၉၈၂ ကျပ်ဖြစ်ကြောင်း သတင်းရရှိသည်။

Eleven Media Group

စက်လှေကား ပါဝင်သည့် လူကူးခုံးကျော်တံတား သုံးစင်းကို ရန်ကုန်မြို့၌ ဆီးဂိမ်းစ်အမီ တည်ဆောက်ရန် စီစဉ်




လူကူးခုံးကျော်တံတား တည်ဆောက်မည့် နေရာများထဲတွင် တစ်ခုအပါအ၀င် ဖြစ်သည့် ဒလ-ပန်းဆိုးတန်း အနီးတစ်ဝိုက်အား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

စက်လှေကား ပါဝင်သည့် လူကူးခုံးကျော်တံတား သုံးစင်းကို ရန်ကုန်မြို့တော်၌ ဆီးဂိမ်းစ်ပြိုင်ပွဲအမီ တည်ဆောက်သွားရန် စီစဉ်လျက်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ လူကူးခုံးကျော်တံတား သုံးစင်းကို ဒလ-ပန်းဆိုးတန်းမှ ဆူးလေဘက်သို့ လာသည့်နေရာအနီး တစ်စင်း၊ ကမ္ဘာအေးဘုရားလမ်း ကမ္ဘာအေးဘုရားနှင့် ဂမုန်းပွင့် ကုန်တိုက်အနီး တစ်စင်း၊ လမ်းမတော် စဥ့်အိုးတန်းအနီး တစ်စင်း တည်ဆောက်ရန် လျာထားသည်ဟု သိရသည်။
အဆိုပါ တံတားများ တည်ဆောက်ရန်အတွက် လုပ်ငန်းစတင်ချိန်ကို မပြောနိုင်သော်လည်း ဆီးဂိမ်းစ်အမီ တည်ဆောက်မည် ဖြစ်ကြောင်း၊ ယခုအခါ မြေသားစမ်းသပ်မှုအချို့ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

''ဆောက်ဖို့စီစဉ်ထားတဲ့ လူကူးခုံးကျော် တံတားတွေက လူတွေသက်သောင့် သက်သာ အတက်အဆင်း လုပ်နိုင်အောင် စက်လှေကား ပါမှာဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေမှာ လိုပဲပေါ့။ ဘာပဲဖြစ်ဖြစ် ဆီးဂိမ်းစ်ပြိုင်ပွဲလုပ်ရင် နိုင်ငံခြားက ဧည့်သည်တွေလည်း လာတဲ့အခါ ဒါမျိုးတွေက လိုအပ်လာမှာ မို့လို့ပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကို ယခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ငွေဆောင်တို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ဆီးဂိမ်းစ်အမီ လူကူးခုံးကျော် တံတားများ တည်ဆောက်ခြင်းအပြင် လမ်းသားချဲ့ထွင်မှု အချို့ကိုလည်း ပြုလုပ်လျက် ရှိသည်ဟု သိရသည်။
ရန်ကုန်မြို့တော်တွင် ယာဉ်သွားလမ်းအဖြစ် အသုံးပြုသည့် ခုံးကျော်တံတား သုံးစင်းကိုလည်း တည်ဆောက်ခဲ့ရာ လှည်းတန်းခုံးကျော် တံတားမှာ ပြီးစီး၍ အသုံးပြုနေပြီ ဖြစ်သော်လည်း ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတားမှာမူ လက်ရှိတည်ဆောက် နေဆဲပင်ဖြစ်ပြီး ရွှေဂုံတိုင်ခုံးကျော် တံတားမှာမူ တည်ဆောက်မှု အပိုင်းတွင် ကြန့်ကြာမှုများ ရှိနေပြီး ယာဉ်ကြောပိတ်ဆို့ မှုများလည်း ဖြစ်ပွားနေသည်ဟု သိရသည်။

Eleven Media Group

ဖုန်းခတွေ အများတတ်နိုင်တဲ့နှုန်း သတ်မှတ်သွားမည်ဟု Ooredoo ကုမ္ပဏီပြော



မြန်မာလူထုအတွက် တယ်လီဖုန်းသုံးစွဲခတွေဟာ တတ်နိုင်တဲ့နှုန်းထားဖြစ်ရမယ်လို့ Ooredoo ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက ပြောလိုက်ပါတယ်။

လာမယ့် ၁၅ နှစ်အတွင်း ဒေါ်လာသန်းပေါင်း ၁,၅၀၀ ကိုရင်းနှီးမြှုပ်နှံ သွားမှာဖြစ်ပြီး လုပ်ငန်းတွေကို စပြီး အကောင်အထည်ဖော်ပြီဆိုတာနဲ့ အကြီးမားဆုံးရှိနေတဲ့ စိုးရိမ်ချက်ကတော့ ပြီးမြောက်အောင်မြင်အောင် လုပ်သွားနိုင်ရေးပဲ ဖြစ်တယ် လို့လည်း ပြောပါတယ်။

ရန်ကုန်မြို့၊ Park Royal ဟော်တယ်မှာ သောကြာနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Ooredoo ဆက်သွယ်ရေးကုမ္ပဏီ တာဝန်ရှိသူတွေ ပြောခဲ့ကြတာတွေကိုတော့ ကိုယ်တိုင်သွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေးအတွက် လုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင် ရထားတဲ့ နိုင်ငံခြားကုမ္ပဏီနှစ်ခုထဲက Ooredoo ကုမ္ပဏီဟာ ကာတာနိုင်ငံမှာအခြေစိုက်ပြီး နိုင်ငံပေါင်း ၅၀ ကျော်က မတူကွဲပြားတဲ့ လူမျိုးပေါင်း ၅၀ ကျော်နဲ့ဖွဲ့စည်းထား တဲ့ ကုမ္ပဏီတစ်ခုဖြစ်တယ်ဆိုတာကို ကုမ္ပဏီတာဝန်ရှိသူတွေက အလေးအနက်ပြောခဲ့ကြပါတယ်။

သတင်းစာရှင်းလင်းပွဲ အတွင်း အဓိကစိတ်ဝင်စားခဲ့ကြတဲ့ မေးခွန်း တစ်ခုကတော့ တယ်လီဖုန်းသုံးစွဲခတွေကို ဘယ်လိုသတ်မှတ် မလဲဆိုတာ ပါပဲ။ ဒါနဲ့ပတ်သက်ပြီး အတိအကျပြောဖို့ရာ စောပါသေးတယ်လို့ ကုမ္ပဏီတာ ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ Ross

"ဒီကြီးမားတဲ့လူဦးရေထဲက လူအများစုဆီ ရောက်နိုင်ဖို့အတွက် ကျနော်တို့အနေနဲ့ တတ်နိုင်တဲ့နှုန်းထားတွေ သတ်မှတ်ရပါမယ်။ 

ကျနော်တို့ဟာ သိပ်ကို ယှဉ်ပြိုင်နိုင်စွမ်အား ကောင်းပါ လိမ့်မယ်။ ဈေးနှုန်းနဲ့ပတ် သက်ပြီး နောက်ပိုင်းမှာ ကျနော်တို့ ပိုပြီးတော့ ပြောသွားနိုင်မှာဖြစ်ပါတယ်" လို့ Ooredoo ကုမ္ပဏီရဲ့ အကြီးတန်းကိုယ်စားလှယ် မစ္စတာ ရော့စ် ကောမက်က် (Ross Cormack) က ပြောသွားတာပါ။

သူတို့အနေနဲ့ လာမယ့် ၁၅ နှစ်အတွင်းမှာ ဒေါ်လာ ၁၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး လုပ်ငန်းတွေကို အကောင်အ ထည် ဖော်ဖို့ ပြည်တွင်း လုပ်ငန်းလုပ်ဘက်တွေကို ရွေးချယ်သွားမှာဖြစ်သလို ၀န်ထမ်းတွေကိုလည်း ပြည်တွင်းက လူတွေကို ရွေးချယ် ခန့်အပ်ပြီးတော့ လေ့ကျင့်ပေးသွားမယ်လို့ ပြောပါတယ်။


လုပ်ငန်းတွေကို စပြီး အကောင်အထည်ဖော်ပြီဆိုတဲ့အချိန်မှာ အကြီးမားဆုံးဖြစ်လာဖွယ်ရှိတဲ့ စိုးရိမ်ချက် ကတော့ အောင်မြင်ပြီး မြောက်အောင် လုပ်ဆောင်နိုင်ရေးပဲဖြစ် ပါတယ်လို့ နောက် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ ထိန်းချုပ်လို့မရတဲ့ကိစ္စတွေအပေါ် စိုးရိမ်ပါတယ်။ လုပ်ငန်းတွေ ပြီးမြောက်အောင်မြင်အောင် အကောင်အထည် ဖော်ရေးပိုင်းမှာ အကြီးမားဆုံးစိုးရိမ်ချက်ရှိပါတယ်။ ဒီအခြေအနေထိ ကျနော်တို့ရောက် လာခဲ့ပြီဖြစ်ပေမဲ့ တကယ့်ကို ပင်ပင်ပန်းပန်း လုပ်ရမယ့်အပိုင်းက အခုမှစတာ ပါ။ အောင်မြင်ပြီးမြောက်ရေးဟာ အကြီးမားဆုံးစိုးရိမ်ချက်ဖြစ်ပေမဲ့ ဒါက ကျနော်တို့ လုပ်ရမယ့် အပိုင်းပါ။ 

လုပ်စရာတွေကို ပြီးအောင်လုပ်၊ စီမံကိန်းကို အကောင်အထည်ဖော်၊ ကွန်ယက်တွေကို တည်ဆောက်၊ ကျနော်တို့ရဲ့ စီးပွားရေးကို တည်ဆောက်ပြီး ဖြစ်နိုင်သမျှ အကောင်းဆုံးစီးပွားရေးဖြစ်အောင် လုပ်ဆောင်သွားဖို့ဖြစ်ပါတယ်။"

Ooredoo ကုမ္ပဏီရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာနီကိုလာစ် ဆွားဇီး (Nicholas Swierzy) က ပြောသွားတာပါ။

မြန်မာနိုင်ငံဟာ သူတို့အတွက် အာရှမှာ အင်ဒိုနီးရှားနိုင်ငံပြီးရင် လူဦးရေ အားဖြင့် ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်ပြီး ပြိုင်ဘက်တွေ နဲ့ အပြင်းအထန် ယှဉ်ပြိုင်လုပ်ကိုင်သွားမှာဖြစ်တယ်လို့ မစ္စတာရော့စ်ကလည်း ပြောပါတယ်။

Ooredoo ကုမ္ပဏီဟာ ကာတာနိုင်ငံအခြေစိုက် ကုမ္ပဏီတစ် ခုပါတယ်။ နော်ဝေးနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီနဲ့ Ooredoo ကုမ္ပဏီတို့ကို တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းလုပ်ဖို့ လိုင်စင်အတွက် ဇွန်လ ၂၇ ရက်နေ့မှာ ဆက်သွယ်ရေးဝန်ကြီးဌာနက ရွေးချယ်ခဲ့ပြီးတဲ့နောက် Ooredoo ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုအပေါ် ကန့်ကွက်တာတချို့ အထူးသဖြင့် Facebook စာမျက်နှာတွေ ပေါ်မှာ ပေါ်လာခဲ့ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ရော့စ် ကောမက်က်ကတော့ သူတို့အနေနဲ့ လုပ်သမျှကို ပွင့်ပွင့်လင်းလင်း အသိပေးပြီး လုပ်ပြသွားမှာပါလို့ ပြောပါတယ်။

"ကျနော်တို့ဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုသွားမယ့်လူမျိုးတွေပါ။ မေးသမျှကို ကျနော်တို့တတ်နိုင်သမျှ အကောင်းဆုံး ဖြေကြားသွားမှာပါ။ ကျနော်တို့မှာ သတင်းကောင်းတွေရှိလာရင် အသိပေး ပြောဆိုသွားမှာဖြစ်သလို အနာဂတ်မှာ အမှားအယွင်းတွေ လုပ်မိခဲ့ရင်လည်း ကျနော်တို့ ပြော ဆိုသွားမှာပါ။

ဒါဟာ ကျနော်တို့ရဲ့ ဈေးကွက်တွေမှာ လုပ်တဲ့ပုံစံပါပဲ။ ဒါဟာ မြန်မာနိုင်ငံက ကောင်းမွန်တဲ့လူတွေနဲ့လက်တွဲပြီး ကျနော်တို့ လုပ်ကိုင်သွားမယ့်ပုံစံပါပဲ။" လို့ -Ooredoo ကုမ္ပဏီရဲ့ အကြီးတန်းကိုယ်စားလှယ် ရော့စ် ကောမက်က်က ပြောခဲ့ပါတယ်။

လက်ရှိအချိန်ထိ ဆက်သွယ်ရေးဥပဒေတစ်ခုကို လွှတ်တော်က မပြဌာန်းနိုင်သေးပါဘူး။ ဒါပေမဲ့ Ooredoo ကုမ္ပဏီကတော့ ထွက်လာမယ့် ဥပဒေသစ်ပါ ပြဌာန်းချက်တွေအတိုင်း အောင်မြင်စွာအကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

Ooredoo ကုမ္ပဏီဟာ ဖောက်သည်ပေါင်း ၉၃ သန်းရှိနေပြီဖြစ်ပြီး လွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ်အတွင်း ၀င်ငွေအားဖြင့်တိုင်းတာရင် ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံးတိုးတက်နေတဲ့ ဆက်သွယ်ရေးကုမ္ပဏီဖြစ်ပါတယ်လို့ မစ္စတာဆွားဇီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ သူတို့ရဲ့ဝန်ဆောင်မှုကို ဘယ်အချိန်မှာစမယ်ဆိုတာကိုတော့ မစ္စတာကောမက်က်က အတိအကျ ပြောမသွားပါဘူး။

သတင်း မီဒီယာတွေကို ပြောပြချင်ပေမဲ့လည်း သူတို့ရဲ့ ယှဉ်ပြိုင်ဘက်တွေကို မသိစေချင်လို့ကြောင့်ပါလို့ အကြောင်းပြခဲ့ပါတယ်။ Ooredoo ကုမ္ပဏီအနေ နဲ့ မြန်နှုန်းမြင့် 3G-HSPA ဆက်သွယ်ရေး နည်းပညာကို မြန်မာနိုင်ငံ တ၀န်းမှာ အသုံးပြုနိုင်အောင် တည်ဆောက်သွားမယ်လို့ ကုမ္ပဏီတာဝန်ရှိ သူတွေက ပြောခဲ့ကြပါတယ်ခင်ဗျား။ 

VOA Burmese

မီဒီယာကို စောင့်ကြည့်နေတဲ့ ဦးအောင်သောင်း



 

ကိုယ်ရေးတဲ့သတင်း လူသိပ်မဖတ်ဘူး ဆိုရင် သတင်းသမားတွေ အားပျက်စရာပါပဲ။ ဖတ်တယ်၊ ပရိသတ် သိပ်များတယ် ဆိုရင်တော့ အားတက်စရာပေါ့။

စာဖတ်ပရိသတ်တွေထဲမှာ ဝန်ကြီးဟောင်း ဦးအောင်သောင်းလည်း တယောက် အပါအ၀င်ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် မြန်မာသံတော်ဆင့်ဂျာနယ်မှာ ဖော်ပြထားတဲ့ အင်တာဗျူးတခုအရ သိနိုင်ပါလိမ့်မယ်။

ဇွန် ၂၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်မှာ ဦးအောင်သောင်း ပြောထားတာက ဒီလိုပါ -

"အရင်တုန်းက အာအက်ဖ်အေတို့၊ ဒီဗွီဘီတို့၊ ဧရာဝတီတို့၊ မဇ္ဈိမတို့ ဆိုတာ ရှိတယ်။ သူတို့ အကြီးအကျယ်ပေါ့ တချို့နှစ်တွေဆိုရင် အများဆုံးက ကျွန်တော့ကိုဝေဖန်တိုက်ခိုက်ပြီးတော့ ရေးတာ ၂၁၆ ကြိမ် ရှိတယ်"

ဖတ်ထားသမျှကို ကိန်းဂဏန်းနဲ့ တိတိကျကျ ရေးမှတ်ထားတယ် ဆိုတော့ တကယ့် အမှန်အကန် စာဖတ်ပရိသတ်လို့ ဆိုနိုင်တာပေါ့။

"ကျွန်တော့ကို အပုပ်ချရင် ပြည်ခိုင်ဖြိုးကို အပုပ်ချပြီးသားဖြစ်တယ် လို့ သူတို့က ယူဆတယ်။ ...
သို့သော် အဲဒီအချက်တွေ အားလုံးကို သူတို့ အဲလိုထည့်တာကို ကျွန်တော် ဝမ်းသာတယ်။ ကျေးဇူးတင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ခုမှ မမှန်ဘူး။ ... ဥပမာ ဒီပဲယင်းကိစ္စဆို ကျွန်တော် လုံးဝ မသိဘူး"
လို့ ဦးအောင်သောင်းက ပြောတာကို "အချပ်ပို (ဇ)" စာမျက်နှာမှာ ဖတ်ရမှာပါ။

"အဲလိုရေးလေ ပြည်သူက အမှန်သိလေ ကျွန်တော့် နိုင်ငံရေးသြဇာအာဏာ ပိုတောင် ရှိသွားသေးတယ်" တဲ့။

ကြံ့ခိုင်ရေးပါတီမှာ နိုင်ငံရေးသြဇာအာဏာ ကြီးမားတဲ့ ဦးအောင်သောင်းကို "အဘ အသက် ဘယ်လောက်လဲ" ဆိုပြီး မေးရာမှာ အဲဒီလို ဆက်စပ် ပြောလိုက်တာ ဖြစ်ပါတယ်။

အသက်အကြောင်း ဖြေရာမှာတော့ ... "ကျွန်တော်က အခု ၇၃ တရားဝင်ပါ။ ဒါက တရားဝင် ပြောတာနော် အမှန်က ဒီ့ထက် နည်းနည်းကြီးတယ်" လို့ ဖြေပါတယ်။

ဒါကြောင့် ဦးအောင်သောင်းက အသက် ၇၅ တော့ ရှိပြီလို့ ဆိုရမယ် ထင်ပါတယ်။

blog.irrawaddy