6.7.13

ဦးကျော်သူ နှင့်အဖွဲ့ညောင်ဦး ဒေသခံများ ကို သောက်သုံးရေသန့် ပြုလုပ်နည်း ပို့ချပေး

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့သည် ညောင်ဦးမြို့သို့ ရောက်ရှိ ကာ ဒေသခံများအား သောက်သုံးရေသန့်ပြုလုပ်နည်းကို ညောင်ဦးကရုဏာရှင် လူမှုကူညီရေး အသင်းနှင့်ပူးပေါင်း၍ ဇွန် ၃ဝ ရက်နေ့ နံနက်ပိုင်းက အသင်းရုံးအနီး ဆုတောင်းပြည့်ဇရပ်အနီး ၌ ပို့ချပေးခဲ့ကြောင်း သိရသည်။

”အနီးနား ရွာတွေက တစ်ရွာ သုံးဦး ဖိတ်ပါတယ်။ တခြားလူမှုရေး အသင်းလေးတွေ ဖိတ်တယ်။ ဦးကျော်သူတို့အဖွဲ့က ပြည်သူ့ဂုဏ်ရည် ဆုရ Community Engineering Teamကဦးသန်းနိုင် ပို့ချပေးပါတယ်။” ဟု ကရုဏာ ရှင် အသင်းသား တစ်ဦးက ပြောသည်။ ဦးကျော်သူနှင့် အဖွဲ့ သည် ပုဂံညောင်ဦးဝန်းကျင်တစ်ဝိုက်ကျေးရွာတချို့ ရေရရှိရေးအတွက်လည်း စက်ရေတွင်းများ လှူဒါန်းနေကြောင်း သိရ သည်။

ဦးကျော်သူနှင့် အဖွဲ့သည် ညောင်ဦး ကရုဏာရှင် အခမဲ့ဆေးကု ခန်းသို့ မြွေကိုက်လူနာများကို ကူညီနိုင်ရန် အတွက် ငွေကျပ်သိန်းနှစ်ဆယ် ကိုလည်း လှူဒါန်း ပေး ခဲ့ကြောင်း သိရသည်။

ပုဂံသစ္စာ
Popular Journal

0 comments:

Post a Comment