6.7.13

ဗဟိုဘဏ် သီးခြားခွဲထွက်ခြင်းနှင့် ဒေါ်လာဈေး အတက်အကျ ပတ်သက်မှု မရှိကြောင်း ဗဟိုဘဏ် တာဝန်ရှိသူ ပြောကြား

JBC Card အသုံးပြုခွင့်နှင့် ပတ်သက်၍ ဂျပန်နိုင်ငံ JCBI နှင့် MPU တို့ ဗဟိုဘဏ် တာဝန်ရှိသူများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးနေစဉ်

လက်ရှိအချိန်သည် ဗဟိုဘဏ်ဥပဒေသစ်အား အတည်ပြုရန် လွှတ်တော်တွင်ဆွေးနွေးနေသော အချိန်ဖြစ်ပြီး ဥပဒေသစ်အားအတည်ပြုပြီးပါက ဗဟိုဘဏ် အနေဖြင့်သီးခြားရပ်တည် နိုင်တော့ မည် ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ဗဟိုဘဏ် သီးခြားခွဲထွက်ခြင်းသည် ဒေါ်လာဈေး အတက် အကျနှင့် ပတ်သက်မှု မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။

''အခုရက်ပိုင်းမှာ ဇူလိုင် ၁ ရက်ကစပြီးတော့ ဗဟိုဘဏ်ဥပဒေသစ်နဲ့ ပတ်သက် ပြီးတော့ ဆွေးနွေးနေ ပါပြီ။ ဥပဒေထွက်လာရင် ဗဟိုဘဏ်က သီးခြားရပ်တည် နိုင်တော့မှာပါ။ ဒါပေမဲ့ ဒီလိုဗဟိုဘဏ် သီးခြားဖြစ်သွားတာနဲ့တော့ ဒေါ်လာဈေးအတက်အကျပေါ်မှာ ပတ်သက် မှုမရှိပါဘူး။ ဒေါ်လာဈေးအတက်အကျက Market Base ဖြစ်နေတဲ့အတွက် နိုင်ငံ တကာ ဈေးကွက်အပေါ်မှာပဲ မူတည်မှာပါ'' ဟု ဗဟိုဘဏ်၏ အဆင့်မြင့် အရာရှိတစ်ဦး က ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက သတင်းမီဒီယာ တစ်ခုမှ ဖော်ပြခဲ့သော Exchange rate အား မထိန်းနိုင် သည့် အတွက် ဗဟိုဘဏ်၏ ညွှန်ကြားရေးမှူး သုံးယောက်အား အရေးယူလိုက်သည် ဆိုသော သတင်းမှာ မမှန်ကန်ကြောင်း ဗဟိုဘဏ်၏ လုပ်ငန်းလုပ်ဆောင်မှုများ ပိုမိုတက်ကြွ မြန် ဆန်စေ ရန် အတွက် ညွှန်ကြားရေးမှူး သုံးဦးအား Policy maker အနေဖြင့် ထပ်မံခန့်အပ် လိုက်ခြင်း သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၀၀၀ ဈေး ပေါက်နေကြောင်း ဇူလိုင်လ ၅ ရက် သိမ်ဖြူငွေလဲနှုန်းမှာ ၀ယ်ဈေး ၉၇၂ ကျပ်နှင့် ရောင်းဈေး ၉၈၂ ကျပ်ဖြစ်ကြောင်း သတင်းရရှိသည်။

Eleven Media Group

0 comments:

Post a Comment