ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

24.4.13

အစိုးရနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မေလဆန်း ရွှေ့


၂၄.၄.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ငြိမ်းချမ်းရေး ဆွေးနွေးမှုကို မတ်လကုန်ပိုင်းတွင် ထပ်မံကျင်းပ ပြုလုပ်ရန် သဘောတူညီထားသည့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့တို့ မေလဆန်း ရောက်မှသာ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် များထံမှ သိရသည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို တို့သည် ဧပြီလ ၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ ၌ တွေ့ဆုံဆွေးနွေးရန် သတ်မှတ်ခဲ့သော်လည်း ဧပြီလ ကုန်ပိုင်းတွင် တွေ့ဆုံရန် ရက်ရွှေ့ဆိုင်းကြောင်း နှစ်ဦးနှစ်ဖက်ပြောဆို ထားပြီး ယခုထပ်မံရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့ဝင်တစ်ဦး ကမူ "ဦးအောင်မင်းတို့ ခရီးထွက်နေလို့ ရက်ရွှေ့လိုက်တာဖြစ်နိုင်တယ်။ အတိ အကျတော့ နှစ်ဖက်စလုံး မပြော သေးပါဘူး" ဟု မှတ်ချက်ပေးသည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့သည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်တစ်ကြိမ်၊ မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တစ်ကြိမ် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံခဲ့ပြီး အပြုသဘောဆောင်သော နှစ်ဦးနှစ်ဖက် သဘောတူညီမှု ကြေညာချက်များ ထုတ်ပြန်နိုင်ခဲ့သည်။

ဧပြီလ ၆ ရက်နေ့တွင် မြစ်ကြီးနား မြို့ ၌ကျင်းပရန် စီစဉ်ထားသော တွေ့ဆုံဆွေးနွေးပွဲသို့ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့ကို လေ့လာသူ အဖြစ် ကေအိုင်အိုက ဖိတ်ကြားထားသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ကန့်ကွက်သည့်အတွက် ရက်ရွှေ့ဆိုင်း လိုက်ရခြင်းဖြစ်ကြောင်း၊ ကချင်ပြည်နယ် လူမှုရေးအဖွဲ့အစည်းများက ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးကမူ မှန်ကန်မှု မရှိကြောင်း ငြင်းဆိုထားသည်။
 

အင်းလေးကန်တွင် ရေခန်းခြောက်နေ..


ဧပြီ(၂၄)



ရှမ်းပြည်နယ်အင်းလေးကန်တွင် ၂၀၁၀ပြည့်နှစ်က စံချိန်တင် ရေခန်းခြောက်ဖြစ်စဉ်နီးပါး ရေခန်းခြောက်မှု ဖြစ်ပေါ်ကြောင်း အင်းလေးကန်ဒေသရှိဒေခံများမှ သိရသည်။ “အင်းလေးကန်ဟာ အနိမ့်ဆုံး စိုးရိမ်ရေမှတ်ရဲ့(အနှုတ်၁ဒဿမ ၄ပေ)အောက်ကို ရောက်ရှိနေပါတယ်။ (ဖောင်တော်ဦးစေတီကို လှေဝင်ဖို့ ခက်ခဲနေပါပြီ။ ဟဲရွာရွာမ၊ အင်းပေါခုန်ရွာတွေမှာရေခန်းခြောက်နေပြီး လှေဝင်လို့ မရဖြစ်နေပါတယ်။ အင်းပေါ ခုန်အောက်ဘက်မှာရှိတဲ့ ရွာတွေမှာလည်း ရေခန်းခြောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ညောင်ရွေမြို့ ဟူပင်ဟိုတယ်ဘေးမှာရှိတဲ့ လှေဆိပ်မှာလည်း ရေအမြင့်တစ်ပေလောက်သာ ရှိပါတော့တယ်။

ဖောင်တော်ဦးစေတီနဲ့ အလိုတော်ပေါက်စေတီကို သွားတဲ့လမ်းမှာလည်းရေခန်းခြောက်တဲ့အတွက် အသုံးပြုဖို့ခက်ခဲနေပြီ်”ဟု အင်းသားစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း၏တာဝန်ရှိသူ ဦးသာဒိုးက ပြောသည်။

အင်းလေးကန် ရေကျမှု နှုန်းတားဆီးရန် လီရွာအထက်နားတွင် ဆည်ငယ်လေးခုကို ဆောက်လုပ်ပြီး ရေထိန်းမှုကို ပြုလုပ် ထားကြောင်း၊ ထိုဆည်လေးခုပြုလုပ်ပြီးနောက် ရေခမ်းခြောက်လျော့နည်းကျဆင်းမှုနှုန်းသည်တစ်နေ့လျှင် လက်မ၀က်အောက်သာ ရှိကြောင်း၊ ရေကျနှုန်းလျော့သွားသော်လည်း တစ်လအတွင်း မိုးရွာသွန်းမှုမရှိပါက ကန်ရေ၏ ရေခန်းခြောက်နှုန်းကို ထိန်းသိမ်းရန် ခက်ခဲမည်ဖြစ်ကြောင်း၊ အင်းလေးကန်အတွင်းရှိ ရေမှော် ဒိုက်ဆည်မှုလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိသော်လည်း ရေထိန်းရေးအတွက်အောင်မြင်မှုမရရှိသေးကြောင်း သိရသည်။

SkyNet  

နောက်ဆုံးပေါ် ၁,၅ဝဝ တန် ဖုန်းကတ်


ဧပြီ(၂၄)

ကျပ် ၁,၅ဝဝ တန် တန်ဖိုးနည်းဖုန်းကတ်အကြောင်း ဒီကနေ့ထုတ် အစိုးရအာဘော် မြန်မာ့အလင်းမှာ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။

သတင်းတပုဒ်မှာ ဆိုရင် တာချီလိတ်ခရိုင်အတွက် ကတ် ၇ဝဝ ရောင်းမယ့်အကြောင်း တွေ့ရမှာပါ။  
ဒီမနက် ရန်ကုန်မြို့မှာ ဖြန့်နေတဲ့ တန်ဖိုးနည်း ဖုန်းကတ်  (ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)

အဲဒီအရေအတွက်ထဲကနေ ဆက်သွယ်ရေးစခန်းများအတွက် ၃ ကတ်၊ စစ်တပ်မိသားစုများအတွက် ကတ် ၅ဝ ဖယ်ထုတ်လိုက်တဲ့အတွက် ၆၄၇ ကတ် ကျန်ပါတယ် တဲ့။

ဖုန်းကတ် ၀ယ်လိုကြောင်း လျှောက်ထားသူတွေက အဲဒီ ၆၄၇ ကတ်ကို မဲနှိုက်ကြတယ်လို့ ဆိုတယ်။

သတင်းမှာတော့ "ကံထူးရှင်" ရွေးချယ်ကြတယ်လို့ သုံးပါတယ်။

နိုင်ငံတော်ရဲ့စေတနာကြောင့် ၁,၅ဝဝ တန် ဖုန်းကတ်တွေ ပေါ်လာရာမှာ အခုလို ကံထူးရှင်ရွေးချယ်ပွဲတွေကို နိုင်ငံအနှံ့ တွေ့လာရပါပြီ။

ဒေသခံအုပ်ချုပ်ရေးဌာနတွေလည်း လျှောက်လွှာတွေကောက်ခံ၊ လော်စပီကာနဲ့တကြော်ကြော်အော်၊ ကံထူးရှင်ရွေးချယ် စတဲ့ အလုပ်အကိုင်သစ်တွေ ရလာကြတာ တွေ့ရမှာပါ။

ကြေးမုံသတင်းစာ သတင်းတပုဒ်မှာတော့ တောင်ကြီးမြို့ ကံထူးရှင်ရွေးချယ်ရာမှာ ရဟန်းတော်များလည်း ၀င်ရောက်ကြီးကြပ်ခဲ့ကြောင်း ရေးထားတာ တွေ့ရမှာပါ။

လာမယ့်လတွေမှာလည်း ၁,၅ဝဝ တန်တွေ ချပေးဦးမှာ ဆိုတော့ ဒီမြင်ကွင်းတွေ ထပ်တွေ့ရဖွယ် ရှိပါတယ်။

လတိုင်း ကတ်အရေအတွက် သုံးသိန်းခွဲ ဖြန့်မယ်လို့ ဆက်သွယ်ရေး ဒုဝန်ကြီး ဦးဝင်းသန်းက ပြောဆိုကြောင်း မြန်မာ့အလင်းမှာ ရေးပါတယ်။

အရေအတွက်

၁,၅ဝဝ တန် ကတ်ထဲမှာ ဖုန်းပြောခ ကျပ် ၃ဝဝ ဖိုး ထည့်ထားပေးတဲ့အတွက် ၆ မိနစ် ခေါ်နိုင်မှာပါ။ ထပ်ခေါ်ဖို့ဆိုရင် ငွေဖြည့်ကတ် ၀ယ်ပြီး ငွေဖြည့်ရပါမယ်။

ကတ်ဝယ်ထားပြီး ခေါ်ဆိုမှု နည်းသူတွေ သတိထားရမယ့်အချက်တချို့လည်း ရှိပါတယ်။
အဲဒါကတော့ - ဖုန်းပြောခ ၅,ဝဝဝ ထည့်ရင် ၂ လ အတွင်း ကုန်အောင် သုံးရမယ် ဆိုတာပါပဲ။
၂ လ ပြည့်ရင် ငွေထပ်ထည့်ရမယ်၊ ထပ်မထည့်ရင် ဒီကတ်က အလုပ်မလုပ်တော့ပါဘူး တဲ့။

၁,၅ဝဝ တန်ဖုန်းကတ် အချက်အလက်တချို့

  • ခေါ်ဆိုခ တမိနစ် - ကျပ် ၅ဝ
  • အင်တာနက်သုံးခ တမိနစ် - ၄ ကျပ်
  • အင်တာနက်သုံးခွင့် မှတ်ပုံတင်ကြေး - ကျပ် ၁ဝ,ဝဝဝ

ဒီကတ်ကနေ အင်တာနက် သုံးမယ် ဆိုရင်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာရုံးတွေမှာ လျှောက်လွှာတင်ရမယ်၊ လျှောက်တဲ့အခါ မှတ်ပုံတင်ကြေး  ကျပ် ၁ဝ,ဝဝဝ သွင်းရပါမယ် တဲ့။

မိုဘိုင်းဖုန်း ခေါ်ဆိုမှု အခြေအနေ


မြန်မာ့အလင်းသတင်းစာနဲ့ ဆက်သွယ်ရေးဒုဝန်ကြီးရဲ့ အင်တာဗျူးထဲမှာ လက်ရှိသုံးနေတဲ့ ဖုန်းလိုင်းတွေ အားနည်းချက်ရှိကြောင်း ဆိုတဲ့အချက်လည်း ပါပါတယ်။
"ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ အချို့ မြို့ကြီးတွေမှာ လိုင်းတွေ ကြပ်ပြီး ခေါ်ဆိုရခက်ခဲနေ"တယ် လို့ ဒုဝန်ကြီးက ဆိုကြောင်း ဒီနေ့ မြန်မာ့အလင်းမှာ ရေးပါတယ်။ လိုင်းတွေ တိုးချဲ့ရပါမယ် တဲ့။

အခု ပေါ်လာတဲ့ ၁,၅ဝဝ တန်များအတွက်လည်း တယ်လီဖုန်းမျှော်စင်တိုင် သုံးရာ နီးပါး ရှိနေပါပြီ တဲ့။
တိုင်ရှိတဲ့ဒေသဟာ ဆက်သွယ်ရေးဧရိယာ ဖြစ်လာပါလိမ့်မယ်။ တိုင်နဲ့ဝေးသွားရင်တော့ ဆက်သွယ်ရေးဧရိယာအပြင်ဘက်ရောက်နေတယ် ဆိုတဲ့သဘောပါပဲ။

ပြင်ပပေါက်ဈေး
၁,၅ဝဝ တန် ၀ယ်ခွင့်ရသူတွေထဲမှာ တချို့က ပြန်ရောင်းကြပါတယ်။
ပြင်ပပေါက်ဈေးက မူရင်းဈေးထက် ဆယ်ဆ ဖြစ်သွားပါပြီ။
အမြတ်များပေမယ့် စီးပွားဖြစ်လုပ်ငန်းတော့ မဟုတ်ပါ။ မဲပေါက်သူက ဖုန်းကတ် တကတ်ပဲ ၀ယ်ခွင့်ရတဲ့အတွက် ဖြစ်ပါတယ်။

၅,ဝဝဝ တန် ဖုန်းကတ်
လုပ်ပိုင်ခွင့်တွေရမယ်ဆိုရင် ဖုန်းကတ်တခုကို ကျပ် ၅,ဝဝဝ နဲ့ ရောင်းနိုင်တယ် ဆိုတဲ့သဘော ကုမ္မဏီတခုရဲ့ ပြောဆိုချက်ကို ကြားကြရပြီး ဖြစ်မှာပါ။

အခုတော့ ဖုန်းကတ်တခုကို ကျပ်ထောင်ဂဏန်း (ပြင်ပပေါက်ဈေး သောင်းဂဏန်း) တကယ်ဖြစ်လာပါပြီ။

ဖုန်းကတ်တခုကို ကျပ်သိန်းပေါင်းများစွာပေးခဲ့ရတာဟာ ဗိုလ်ချုပ်ကြီးများ ကိုယ်ကျိုးရှာ အုပ်ချုပ်စီမံခဲ့လို့ပါပဲ။
သူတို့ရဲ့ အရှုပ်တွေကြောင့် ဒီနေ့ခေတ် အပြောင်းအလဲ ဖော်ဆောင်ရာမှာ ကျပ်ထောင်ဂဏန်းတန် ဖုန်းကတ်တွေ ဖောဖောသီသီ ချပေးရ ခက်ခဲနေဟန် တူပါတယ်။

အခက်အခဲတွေ မရှိဘူး၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် တကယ်ပေးပြီ ဆိုရင်တော့ တချို့နိုင်ငံတွေမှာ ဖုန်းကတ် အလကား ပေးတဲ့ မြင်ကွင်းတွေ မြန်မာပြည်မှာလည်း တွေ့လာတော့မှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ပိုင်ခွင့်မျိုးကို လာမယ့် ရွေးကောက်ပွဲမတိုင်ခင် တွေ့လာရမယ်လို့ ယူဆပါတယ်။
 
စာနယ်ဇင်းတွေက ဘာပြောကြသလဲ
ဖုန်းဈေး ဒလိမ့်ခေါက်ကွေး ပြုတ်ကျတဲ့အတွက် ပြည်သူတွေက နှစ်ထောင်းအားရစွာ ကြိုဆိုခဲ့ကြောင်း NLD ပါတီရဲ့ တနင်္လာနေ့ထုတ် ဒီလှိုင်းဂျာနယ်အယ်ဒီတာ့အာဘော်မှာ ရေးထားပါတယ်။

"ကျပ်ငွေ သိန်းဆယ်ပေါင်းများစွာ ဈေးနှုန်းမှ ကျပ်ငွေ ထောင်ဂဏန်း ဈေးနှုန်းသို့ လျှော့ချနိုင်ခြင်း၏ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းသည် အဘယ်နည်း။ ဖြစ်စဉ်ဖြစ်ရပ်မှန်ကို ဖော်ထုတ်ရန် အစိုးရတွင် တာဝန်ရှိသည်" လို့လည်း ရေးပါတယ်။

တန်ဖိုးနည်း ဖုံးအဖြစ် ၁၅၀၀ ကျပ်နဲ့ ရောင်းချပေးနေတာက တကယ်တန်းတော့ ဆက်သွယ်ရေးရဲ့ Service မဟုတ်ဘဲ တပ်မတော်ပိုင် MECTEL ရဲ့ Service သာ ဖြစ်ပါတယ် လို့ TechSpace နည်းပညာဂျာနယ် အယ်ဒီတာ့အာဘော်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကမောက်ကမ ဖြစ်နေမှုဟာ နားလည်ဖို့ ခက်တယ်၊ "ဆေးမှီးတိုများနဲ့သာ ဖြေရှင်းနေရသေးတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်" လို့ TechSpace နည်းပညာဂျာနယ်က ရေးပါတယ်။
 
ဧရာဝတီBlog 

ဆင်ဖြူရတနာ ဟေမဝတီမှ ဆင်ငယ်မွေးဖွား

၂၄.၄.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ဝတ္ထုကံမြေ ရတနာဆင်ဖြူတော်ဆောင်၌ ဧပြီ ၁၉ ရက် ည ၈ နာရီ ၁၅ မိနစ် ခန့်က သတ္တမမြောက် ဆင်ဖြူရတနာဟေမဝတီမှ ဆင်ငယ်တစ်စီးကို မွေးဖွား ခဲ့သည်။

သတ္တမမြောက် ဆင်ဖြူရတနာ ဟေမဝတီသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငွေဆောင်မြို့နယ်ခွဲ အလယ်ကျေးရွာ အုပ်စုအနီး၌ ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ပေါ် ထွန်းခဲ့သည်။ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် ဝတ္ထုကံမြေ ရတနာဆင်ဖြူ တော်ဆောင်သို့ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၂ဝ ရက်တွင် ရောက်ရှိခဲ့သည်။

ပေါ် ထွန်းစဉ်ကပင် တောတွင်းမှ သန္ဓေတည် လာနိုင်ကြောင်း ဆင်ဆေးကုဆရာဝန် ဒေါက်တာဝမ်ထွန်းနှင့်အဖွဲ့က သုံးသပ်သဖြင့် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး လိုအပ်သော စစ်ဆေးစမ်းသပ်မှု များဆောင်ရွက်ခဲ့သည်။

ခန့်မှန်းကိုယ်ဝန် ၂၂ လခန့်တွင် ယခုဆင်ငယ်ကို မွေးဖွား ခဲ့ခြင်းဖြစ်သည်။ မွေးဖွားလာသောဆင်ငယ်မှာ အထီး ဖြစ်ပြီး ကိုယ်ခန္ဓာအမည်းရောင်၊ မျက်လုံးအနက်ရောင်၊ အမြီး တံခါးပိတ်၊ နားလတ်၊ ငှက်ပျောကိုင်းပုံကျောကုန်း၊ ရှေ့ခြေသည်းငါးခု၊ နောက်ခြေသည်းလေးခု၊ အရပ်အမြင့် ၂ ပေ ၉ လက်မ၊ ခန္ဓာကိုယ်လုံးပတ် ၃ ပေ ၇ လက်မရှိသည်။

ဆင်ငယ်မှာ မိခင်နို့ရည်ကို စတင် သောက်စို့လျက်ရှိပြီး မိခင်ဆင်မကြီးနှင့်ဆင်ငယ်တို့မှာ ကောင်းစွာကျန်းမာ လျက်ရှိသည်။

အောက်ပါ Link တွင် မြဝတီ ပြည်တွင်း သတင်းများအား ဖတ်ရှုနိုင်ပါသည်။

http://bit.ly/XaetZN

မြ၀တီ