ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

20.3.13

မြန်မာနိုင်ငံသို့ သြစတြေးလျက ဒေါ်လာသန်း ၂၀ ထောက်ပံ့သွားမည်

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ၁၉၇၄ မှစ၍ သြစတြေးလျသို့ ပထမဆုံး လာရောက်သော နိုင်ငံ့ အကြီးအကဲ အဖြစ် ရောက်လာခဲ့ပြီးနောက် ကင်ဘာရာတွင် ၀န်ကြီးချုပ် ဂျုလီယာ ဂေးလော့ဒ်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ကဏ္ဍ ပေါင်းစုံကို ဆွေးနွေးခဲ့သည်။ ကင်ဘာရာတွင် မြန်မာ သံရုံး ပြင်ပနှင့် အဆောက်အအုံ ပြင်ပ၌ လူ့အခွင့်အရေး လှုပ်ရှား တက်ကြွသူများက မြန်မာနှင့် သြစတြေးလျ နှစ်နိုင်ငံ စလုံးသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မျက်ကွယ်ပြုနေကြောင်း
ဆန္ဒပြခဲ့ကြသည်။

ဆွေးနွေးမှုအပြီး နှစ်ဖက် ခေါင်းဆောင်များ ပြုလုပ်သော ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတ ဦးသိန်းစိန်က ၎င်းသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ပူပန်မှုများ ရှိနေသည်ကို သဘောပေါက် နားလည်ကြောင်း၊ သို့သော် တိုင်းပြည်သည် ငြိမ်းချမ်းရေးသို့ အပြောင်းအလဲကို ဖန်တီးနေကြောင်း ဆိုသည်။ “ကျွန်တော်တို့ လုပ်ဆောင်နေတာ ခေတ်သစ်ကာလထဲမှာ ထုံးစံ မရှိတဲ့ ကိစ္စပါ”ဟု ၎င်းက ပြောကြားသည်။

သြစတြေးလျ ၀န်ကြီးချုပ်ကလည်း မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် လူ့အခွင့်အရေး တိုးတက်ရေး အတွက် လုပ်ဆောင်ရမည့် အရာများ ရှိနေကြောင်း၊ သို့သော် “ကျွန်မတို့ဟာ (မြန်မာမှာ) မှတ်သားလောက်တဲ့ အပြောင်းအလဲ ပမာဏတွေ ဖြစ်ခဲ့တာကို အလွန် လေးစားမိပါတယ်။ နောက်ထပ် တိုးတက်မှုအတွက် ကျွန်မတို့ အကောင်းမြင်ပါတယ်”ဟု ပြောကြားသည်။ သတင်းစာ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်က မြန်မာနိုင်ငံသို့ ဒေါ်လာသန်း ၂၀ ထောက်ပံ့မည့် အကြောင်း ကြေညာခဲ့ပြီး ရန်ကုန်မြို့တွင် အခြေစိုက်မည့် စစ်သံမှူး အတွင်းဝန် နေရာနှင့် ကုန်သွယ်ရေး ကော်မရှင်နာ ရာထူးများကို ခန့်အပ်ကြောင်းလည်း ကြေညာခဲ့သည်။

သို့သော် စစ်သံမှူး နေရာ ခန့်အပ်ခြင်းမှာ မြန်မာအစိုးရနှင့် ကာကွယ်ရေး ဆိုင်ရာ ဆက်ဆံရေးများ ပုံမှန် ဆောင်ရွက်တော့မည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း၊ ဤအချက်မှာ အရေးပါသော ပထမ ခြေလှမ်းသာဖြစ်၍ အနာဂတ်တွင် ပူးတွဲ စစ်ရေး လေ့ကျင့်မှုများဆီ ဦးတည်နိုင်ကြောင်း ပြောသည်။

သြစတြေးလျ၏ ၂ နှစ်တာကြာမြင့်မည့် ဒေါ်လာသန်း ၂၀ ထောက်ပံ့ရေး အစီအစဉ်တွင် မြန်မာ လူ့အခွင့်အရေး ကော်မရှင်အတွက် ရန်ပုံငွေ ထောက်ပံ့ခြင်း၊ မြန်မာ ၀န်ကြီးများကို သြစတြေးလျသို့ ခေါ်ယူ၍ သြစတြေးလျ သတ္တုတွင်း လုပ်ငန်း ကျွမ်းကျင် ပညာရှင်များထံမှ အတွေ့အကြုံများ ရယူနိုင်ရေးအတွက် ခရီးစဉ်များ စီစဉ်ခြင်းတို့အတွက် ပါဝင်ကြောင်း သိရသည်။

ထပ်မံထုတ်လွှင့် သွားမည့် ရုပ်သံလိုင်းသစ် များအား စက်တင်ဘာ လအတွင်း စမ်းသပ် ထုတ်လွှင့် သွားရန်ရှိ

ပြန်ကြားရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ထပ်မံ တိုးချဲ့ ထုတ်လွှင့် သွားမယ့် ရုပ်သံလိုင်းသစ်များကို လာမယ့် စက်တင်ဘာ လအတွင်း စမ်းသပ် ထုတ်လွှင့် သွားဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို စမ်းသပ် ထုတ်လွှင့်မှု ကိုတော့ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီး တို့မှာ စတင် စမ်းသပ် ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်ကုန်ပိုင်း မှာတော့ မြို့ကြီး ၂၀ ကို ထုတ်လွှင့် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ထုတ်လွှင့် သွားမယ့် ရုပ်သံလိုင်းတွေ ကတော့ Reader Channel ၊ ပြည်ထောင်စု ချန်နယ်၊ လွှတ်တော် ချန်နယ်နဲ့ Farmer Channel တို့ဘဲ ဖြစ်ပါတယ်။ အခုလို ထပ်မံ ထုတ်လွှင့် သွားမယ့် ရုပ်သံလိုင်း တွေကိုတော့ Free to air အဖြစ် လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း ထုတ်လွှင့် ပြသ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မျှော်ရစ်ကမ်းခြေတွင် ဝေလငါးတစ်ကောင် သောင်တင်

ထားဝယ်-မတ်၁၉ ထားဝယ် ခရိုင်၊ လောင်းလုံး မြို့နယ်၊ မျှော်ရစ် ကမ်းခြေ (ကမ်းပနီ)တွင် မတ် ၁၆ ရက်နေ့က ဝေလငါး အမျိုး အစား ငါးအသေ ကောင်တစ်ကောင် လာရောက် သောင်တင် နေကြောင်း သိရသည်။ အဆိုပါ ဝေလငါးသည် ခေါင်းဖျားမှ အမြီးဖျား အထိ (၄၂) ပေခန့် ရှည်ပြီး အချို့ အသားများ ပဲ့ကြွေ နေပြီဖြစ်ရာ လွန်ခဲ့သော တစ်လ နီးပါး ခန့်ကပင် သေဆုံး ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံ ရေလုပ်သား ကဆိုသည်။
၂၀၀၅ ခုနှစ် အတွင်း ကလည်း (၃၆) ပေရှည် ဝေလငါး တစ်ကောင်သည် မောင်းမကန် အနီးရှိ သဘော ဆိပ်ကမ်းခြေ တွင် လာရောက် သောင်တင် ခဲ့ပြီး၊ ၄င်းငါး၏ အရိုးစုကို ထားဝယ် တက္ကသိုလ်တွင် ပြသထားကြောင်း သိရသည်။ အခြား ဝေလငါး တစ်ကောင်မှာလည်း ၂၀၀၇ ခုနှစ်ခန့်က တီစစ်၊ စမ်းလှမ်း ကမ်းခြေတွင် လာတင်ခဲ့ ဖူးရာ အရိုးရရန် အတွက် မြေမြှုပ် ထားရှိကြောင်း သိရသည်

ဘုရားသုံးဆူမြို့ကို ဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ဆောင်မည်

ထိုင်း-မြန်မာ နယ်စပ်ရှိ ဘုရား သုံးဆူ မြို့ကို လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် လေ့လာ ကွင်းဆင်းမှု စတင် ပြုလုပ် ပြီဟု သိရသည်။ ၁၉၉ဝ ခုနှစ် ကစ၍ အစိုးရ အုပ်ချုပ် မှုသို့ ပြန်လည် ရောက်ရှိ လာခဲ့သည့် အဆိုပါ မြို့မှာ လူဦးရေ ၁ သိန်းကျော် နေထိုင် နေပြီး နှစ် ၂ဝ ကျော်သည် အထိ အစိုးရ အကြီး အကဲတို့ ရောက်ရှိမှု မရှိခဲ့ရာ ၄င်းမြို့ကို ပိုမို တိုးတက် စေလိုသည့် အပြင် ငြိမ်းချမ်းရေးလည်း ရရှိနေ သည့်အတွက်
ယခုကဲ့သို့ သက်ဆိုင်ရာ ဝန်ကြီး ဌာန တို့က ဆောင်ရွက် ခြင်း ဖြစ်သည်ဟု လေ့လာ သူအဖြစ် လိုက်ပါ သွားသူ Myanmar Peace Centre မှ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

စီမံကိန်း အရ မြေသားလမ်း အဖြစ် ရှိနေသော ဘုရား သုံးဆူ လမ်းကို ကတ္တရာ လမ်းအဖြစ်လည်း ကောင်း၊ ရှိထားပြီး ခဲ့သော သေမင်း တမန်ရ ထားလမ်းကို အသစ်ပြန် ဆောက်ရန် အတွက် ဆောင်ရွက် မည်ဟု ၄င်းက ဆိုသည်။ မတ်လ ၁၆ ရက်နေ့က ရထား ပို့ဆောင်ရေး ဝန်ကြီး ဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဌာနတို့မှ တာဝန်ရှိ သူများနှင့် ငြိမ်းချမ်းရေး အကျိုးဆောင် များသည် ဘုရားသုံး ဆူကို ကွင်းဆင်း လေ့လာမှု ပြုလုပ်ပြီး တိုင်းရင်းသား အဖွဲ့တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ ဘုရား သုံး ဆူမှာ မော်လမြိုင် နှင့် ၆၄ မိုင်သာ ဝေးသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု ရှိခဲ့သည့်အပြင် သွားရာလမ်းတစ် လျှောက်တွင်လည်း ယခင် လူသူ နေထိုင်မှု မရှိခဲ့ကြောင်း၊ ယခုတွင် ကားလမ်းဟောင်းဘေး၌ အခြေချ မှု အချို့ရှိနေသည်ဟု ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

ရန်ကင်းအိမ်ရာ အပါအဝင် ဝန်ထမ်းအိမ်ရာ ၁၁ ခု အသစ်ပြန်ဆောက်မည်

စင်္ကာပူ နိုင်ငံကို စံန မူနာယူ ဖွံဖြိုး တိုးတက်ရန် လုပ်ဆောင်မည့် ရန်ကုန် မြို့တော်တွင် ရန်ကင်း အိမ်ရာ အပါ အဝင် သက်တမ်းရင့် ဝန်ထမ်း အိမ်ရာ ၁၁ ခုကို ခေတ်နှင့် အညီ အသစ် ပြန်လည် တည်ဆောက်ရန် စီစဉ် လျက်ရှိကြောင်း မြို့ရွာ နှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။ အသစ် ပြန်လည် တည်ဆောက်မည့် အိမ်ရာ များတွင်၅၁ လမ်း အိမ်ရာ၊ လမ်းသစ် အိမ်ရာ၊ ရွှေဂုံ အိမ်ရာ၊ ဦးဝိ စာရ (မင်းမနိုင်) အိမ်ရာ၊ ဝေဠုဝန် အိမ်ရာ၊ ရန်ကင်း မြို့နယ်မှ ဝန်ထမ်း အိမ်ရာ အပါအဝင် စုစုပေါင်း ဝန်ထမ်း အိမ်ရာ ၁၁ ခု ပါဝင်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

ရန်ကုန် မြို့တော်ရှိ ဝန်ထမ်း အိမ်ရာ အများ စုကို ၁၉၅၄ ခုနှစ် ကတည်းက စတင် ဆောက်လုပ် ခဲ့ပြီး သက်တမ်း ၅၉ နှစ်ကြာ မြင့်သောကြောင့် အိုမင်း ဟောင်းနွမ်း လာသဖြင့် အသစ်ပြန်လည် ဆောက်လုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ အိမ်ရာ များကို ဆောက်လုပ်မည့် အချိန်နှင့် ဆောက်လုပ် မည့်အဆောက် အအုံပုံစံကို လတ်တ လောတွင် အတိ အကျ မပြောနိုင် သေးကြောင်း ၄င်းက ပြောကြားသည်။ အသစ် ပြန်လည် ဆောက်လုပ် ရန်အတွက် အဆိုပါ ဝန်ထမ်း အိမ်ရာ များကို အသစ် ပြန်လည် တည်ဆောက်ရန် ယင်းအိမ် ရာများတွင် နေထိုင် သူများနှင့် ဆွေးနွေး ညှိနှိုင်းမည် ဖြစ်ကြောင်း ပြေလည်မှု ရရှိပါက ဖွံဖြိုးရေး စီမံကိန်း (Development Plan) ရေးဆွဲပြီး ပုဂ္ဂလိက လုပ်ငန်း ရှင်များကို တင်ဒါ ခေါ်ယူကာ တည်ဆောက် သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံဖြိုးရေး ဦးစီးဌာန ထံမှ သိရသည်။

"တချို့ ဝန်ထမ်း အိမ်ရာတွေက အခြေအနေ အရမ်းဆိုး နေတော့ ဆောက်မယ် ဆိုရင် နှစ်ဘယ်လောက် ကြာမှာလဲ၊ လက်ရှိ နေထိုင်သူ တွေကို အသစ်ဆောက် နေချိန်မှာ ဘယ်လိုနေရာပေးမလဲ က အရေးကြီးပါတယ်။ ဝန်ထမ်းတွေ အဆင်ပြေအောင် ဆောက်တာဖြစ်လို့ အနှောင့် အယှက်တော့ မဖြစ်စေ ချင်ပါဘူး" ဟု မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆိုသည်။ အသစ်ပြန်လည် တည်ဆောက် မည်ကိုသာ အသိပေး ထားပြီး ရွှေ့ပြောင်း ပေးရမည့် အချိန်၊ စတင် ဆောက်လုပ် မည့်အချိန် များကို အသိ ပေးထားခြင်း မရှိကြောင်း ၅၁လမ်း ဝန်ထမ်း အိမ်ရာတွင် နေထိုင်သူ များက ပြောကြားသည်။

"အသစ် ဆောက်ပြီးရင် နေရာ ပြန်ပေးဖို့နဲ့ ဆောက်နေတဲ့ အချိန်မှာ နေဖို့နေရာ အတိ အကျကို အာမ ခံချက် ပေးနိုင်ရင်တော့ ရွှေ့ပြောင်း ပေးမှာပါ" ဟု ဝန်ထမ်း အိမ်ရာတွင် မြန်မာ ထမင်းဆိုင် ဖွင့်ထားသူ အသက် ၃ဝ ကျော် အမျိုး သမီး တစ်ဦးက ရှင်းပြသည်။

လက်ပံတောင်းတောင်အနောက်ကလူ

နေပူ ဖုံထူသော ချင်းတွင်း အနောက်ခြမ်း၊ မတ်လ အတွင်း တစ်ရက်။ ဆန္ဒပြ နည်းပေါင်း စုံဖြင့် နာမည် ကျော်သော ဆည်တည်း ရွာအနီး အိမ်တစ် အိမ်သည် မိုဘိုင်းလ်များ၊ တက်ဘ လက်များ၊ ကင်မရာ များဖြင့် အလုပ်များ လျက် ရှိသည်။ ထိုတိုက်ခံ နှစ်ထပ် အိမ်အနောက် ဘက်တွင် Sky Net ဂြိုလ်တု လိုင်းကို တပ်ဆင်ထားရာ တစ်ကမ္ဘာ လုံးနှင့် တိုက်ရိုက် ချိတ်ဆက် ထားသကဲ့သို့ ဖြစ်သည်။ ထိုရွာသည် လက်ပံတောင်း အနီးတစ် ဝိုက်တွင်
ရှားရှား ပါးပါး လျှပ်စစ် မီးရသော ကျေးရွာ ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် မုံရွာမြို့ မရောက်မီ နှစ်နာရီခန့် အလိုတွင် ထိုအိမ် အောက်ထပ်မှ လူတစ်ဦး ဖုန်းတစ်လုံးဖြင့် အောက်ပါ အတိုင်း ခပ်သွက်သွက် ညွှန်ကြားလျက်ရှိသည်။

"ဦးသိန်း ကိုပြောထား။ ဒေသခံက အော်သင့်ရင် အော်ပေးလိုက်။ တောင်ပေါ်မှာ ဖုန်းဘယ်သူ ကိုင်ထားလဲ။ ဆိုင်းဘုတ်တွေ ပြီးသွားပြီလား တကယ်လို့ အဲဒီဘက်ကို ဒေါ်စု လမ်းကြောင်း မတော် တဆ ဖြတ်ရင် လူထုကို ကြွေးကြော်သံ တင်ပေးလိုက်၊ ပုဒ်မ ၁၄၄ ရုပ်ဖို့၊ သံဃာ တွေကို မီးလောင်ဗုံး တရားခံ ဖော်ထုတ်ဖို့၊ ကော်မ ရှင်အလို မရှိ၊ စီမံကိန်း ရုပ်သိမ်းရေး .... ဒါပဲ တင်ပေးလိုက်" "ရွှေည ဝါကို ဆည်တည်းကို ရွှေ့ထား"၊ "အဖြူ လေးယောက်ကို တောင်ပေါ်က ပြန်ဆွဲ ချခဲ့တော့" စသည် တို့ဖြစ်သည်။

ယင်းကဲ့သို့ ဖုန်းဖြင့် ညွှန်ကြား နေသူသည် ထိုဒေသ ဇာတိ မဟုတ်ဘဲ ရန်ကုန်မှ လာသူ တစ်ဦးဖြစ်ပြီး ၄င်းနှင့် အတူ အနည်းဆုံး ငါးဦးမှ ၁၀ ဦးခန့် ပါလာကြကာ ထိုဒေသ တစ်ဝိုက်တွင် ယမန်နှစ် အတွင်းကပင် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်ဟု ဆည်တည်းရွာ ဒေသခံ တစ်ဦးက ပြောပြသည်။ လက်ပံ တောင်းတောင် ဒေသခံ များ၏ ပထမဆုံး အကြိမ် ဆန္ဒထုတ်ဖော် မှုမှာ ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် စတင်ခဲ့ပြီး ထိုစဉ်က တောင်းဆို မှုများကို တရုတ် ကုမ္ပဏီ ဝမ်ပေါင် ရုံးဝင်း၏ ဝင်ပေါက်တွင် ဝက်မှေး ရွာမှ ဦးဆောင် ၍ ဒေသခံ တောင်သူ ၁၀၀ ခန့်ဖြင့်စတင် ခဲ့ကြသည်။ ဆန္ဒ ထုတ်ဖော်သူ အားလုံး မှာ အမျိုးသမီး များသာ ဖြစ်ကြသည်။

ထိုအ ချိန်က ဒေသခ များ၏ လက်ထဲတွင် ဆိုင်းဘုတ်များ၊ ဗီနိုင်းများ မပါရှိသေးပေ။ ၄င်းတို့ခံစား နေရသည့် လယ်ယာ မြေများပေါ်တွင် စွန့်ပစ် မြေများ လာမပစ်ရေး၊ ယာမြေ များပေါ်တွင် စက်ရုံ၊ အလုပ်ရုံ အဆောက် အအုံများ မဆောက်ရေး၊ ဝက်မှေးရွာ ဟောင်းမှ ချိတ်ပိတ် ထားသော ဘုန်းတော်ကြီး ကျောင်းနှင့် စာသင်ကျောင်း ပြန်ဖွင့်ပေးရေး၊ ယင်းသို့ ညှိနှိုင်းစဉ် အချိန် အတွင်း စီမံကိန်း ရပ်ဆိုင်းထားရေး စသည့်အချက် များသာဖြစ်ကြသည်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက် နေ့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်များကို တုံ့ပြန်သည့်အနေနှင့် ကျေးရွာပိုင် ယာမြေများပေါ်၌ မကျူးကျော်ရ ဆိုသည့် လှုပ်ရှားမှုတွင် ကြေးနီစီမံကိန်း ဒေသခံများ အပြင် ရန်ကုန်မှ ကွန်ရက် အဖွဲ့ဝင်များပါ လက်ပံတောင်း အရေးတွင် ပါဝင်လာကြသည်။

ယင်းနောက် ၂၀၁၂ စက်တင် ဘာလ ၁၀ ရက်နေ့တွင် မုံရွာမြို့ရှိ ဆုတောင်းပြည့် ဘုရားသို့ ဆုတောင်းရန် ရောက်ရှိလာသည့် လက်ပံတောင်းတောင် ဒေသခံအမျိုးသမီး ၁၂ ဦး သုံးရက်ကြာ မုံရွာမြို့ပေါ်တွင် မုံရွာ အာဏာပိုင်များက ဖမ်းဆီးလိုက်ကြသည်။

ရက် သတ္တပတ် အနည်းငယ် အကြာတွင် ဝမ်ပေါင် ကုမ္ပဏီ အနီး အခေါင်း သုံးလုံး မီးရှို့ဆန္ဒပြမှု၊ အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် ဆည်တည်း ကျေးရွာ သုသာန်တွင် သေဆုံးပြီးသူ များမှ ပြန်လည် နိုးထ လာသည့် ပါဖော့ မာန့်များ ပြုလုပ် ခဲ့ကြသည်။ အောက်တိုဘာလ အတွင်း ပင် မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ဒေသခံ များ ဆားလင်းကြီး ရဲစခန်းတွင် အပြန် အလှန် အမှုဖွင့်ခဲ့ပြီး ဦးပိုင်က အခေါင်း မီးရှို့မှုတွင် ပါဝင်သူ ၁၆ ဦးကို ပုဒ်မ သုံးခုဖြင့် အမှုဖွင့်ခဲ့ကြသည်။

ထို့နောက် ချင်းတွင်း မြစ်အတွင်း မီးမျှော ပွဲများ၊ ဆည်တည်းရွာ ပြည်သူ့ ညီလာခံ စသည့် ဆန္ဒ ထုတ်ဖော်ပွဲများကို ရန်ကုန် ကွန်ရက် အဖွဲ့ဝင် များ၏ ဦးဆောင်မှု များဖြင့် ပြုလုပ် ခဲ့ကြသည်။ ယင်းကဲ့သို့ ဆန္ဒပြမှု များအပြင် ယခုနှစ် အတွင်း နိုင်ငံရေးအရ တိုက်ခိုက် မှုများ ဖြစ်သည့် သမ္မတကို တရားစွဲ ဆိုခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြ ခြင်းတို့ အထိ လက်ပံတောင်း တောင်၏ နောက်ကွယ်မှ ပေါ်ထွက် လာခဲ့ရာ ထိုပြဿနာသည် လက်ရှိ မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးနှင့် ထွန်းသစ်စ စီးပွားရေး ရင်းနှီး မြှုပ်နှံမှု အလား အလာများကို ခြိမ်းခြောက်လာ ဖွယ်ရှိ လာသည်။

စီမံကိန်း ဆက်လုပ် သင့်သည်ဟု ၂၀၁၃ မတ်လ ၁၄ ရက်တွင် အကြံပြု ခဲ့သည့် ကော်မရှင ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး အတွက် အဓိကကန့်ကွက် နေသော တုံရွာ သပိတ်စခန်းသို့ ဝင်ရောက်ကာ အောက်ပါအတိုင်း ရှင်းပြခဲ့သည်။ "စီမံ ကိန်းကို ရပ်လိုက်မယ်ဆိုရင် အကျိုးဆက်က ဘာဖြစ် မယ်ဆိုတာ သေသေ ချာချာ ထောက်မပြ ပါဘူး။ အကျိုး ဆက်ကတော့ ပျက်စီးတဲ့ မြေကတော့ ပျက်စီးတဲ့ အတိုင်း ဖြစ်မှာပါ။ လယ်ယာမြေ မရှိတဲ့သူက မရှိတဲ့ အတိုင်းဖြစ်မှာပါ။ တခြား ဘာမှ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာ နိုင်ငံရဲ့ စီးပွားရေးက ယုံကြည်မှု အများကြီး ကျသွား မှာပါ။ ကမ္ဘာမှာ ဆိုလို့ရှိရင် ဒီနိုင်ငံဟာ စီးပွားရေး အရ စာချုပ်ချုပ်ပြီး အလုပ် လုပ်သင့်တဲ့ နိုင်ငံ မဟုတ်ဘူးလို့ အများက ဒီလိုပဲ သုံးသပ်မှာပါ။ ကျွန်မတို့ အနေနဲ့ ကိုယ့်ရဲ့ အိမ်နီးချင်း နိုင်ငံတွေ နဲ့တောင် အဆင်ပြေအောင် မနေတတ်တဲ့ နိုင်ငံ ဖြစ်သွားမှာပါ။ ကျွန်မတို့ အနေနဲ့ ဒီကိစ္စကို ကိုင်တွယ်တဲ့ နေရာမှာ အပြုသဘော ဆောင်တဲ့ ဘက်က ကိုင်တွယ် ပါတယ်။ အပြစ် ရှာဖို့လည်း မဟုတ်ပါဘူး။ အပြစ် ဖို့ဖို့လည်း မဟုတ်ပါဘူး။ တရားခံ ရှာဖို့လည်း မဟုတ်ပါဘူး။ ဒီကိစ္စဟာ နောင်ကျလို့ရှိရင် ကျွန်မတို့ အတွက် ဘယ်လို အကျိုးဖြစ်အောင် လုပ်ရမလဲ။ ဆိုတဲ့ အမြင်နဲ့ လုပ်တာ" ဟု တုံရွာ သပိတ် စခန်းတွင် ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ကော်မရှင်၏ အစီရင်ခံစာကို တင်းတင်းမာမာ တုံ့ပြန်ကာ စီမံကိန်းရပ် ဆိုင်းရန်သာ ပြောဆို နေကြသည့် သပိတ် စခန်းကို ဦးဆောင် နေသူမှာ ဒေသခံတစ်ဦး မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည် ရှင်းပြ နေခြင်း ကိုပင် လက်မခံဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက် ကြတော့သည်။

ယခု ကန့်ကွက် မှုများသည် ရန်ကုန်မှ လာရောက် သူတစ်စုက အမာခံဖြစ်ပြီး ထိုသူတို့နှင့် အတူ ရုပ်သံ မီဒီယာသမား တစ်ဦး သည်လည်း ထိုရွာတွင် လပေါင်းများစွာ နေထိုင် လျက်ရှိကာ ၂၀၁၃ ခုနှစ် မတ်လ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်လာချိန်တွင် အချိန်ကိုက်လှုပ်ရှား မှုများကို စတင်သည်ဟု ဒေသခံများက ဆိုသည်။

လက်ပံတောင်း တင်းမာမှုများ၏ နောက်ကွယ်တွင် ရန်ကုန်အခြေစိုက် ကွန်ရက်တစ်ခု၊ ရွာခံအချို့နှင့် ပြည်တွင်းတွင် နေရာမရသည့် ပြည်ပ နေသူအချို့ ပါဝင်သည်ဟုလည်း Online သတင်းများက မှတ်ချက်ပြုကြသည်။ ထိုလှုပ်ရှားမှုများကို ဒေါ်အောင်ဆန်းစုကြည် ၏ အောက်ပါစကားဖြင့် ချိန်ထိုးကြည့် စေချင်ပါသည်။

"နိုင်ငံရေး လုပ်တယ်ဆိုတာ လူကြိုက်များအောင် လုပ်တာမဟုတ်ဘူး။ နိုင်ငံရေးလုပ်တယ် ဆိုတာ နိုင်ငံ့အတွက် ကောင်းစေချင်လို့ လုပ်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်တာမျိုး ဖြစ်ရမယ်။ နိုင်ငံ့အတွက် ကောင်းစေချင်တယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်တယ်ဆိုရင် အမုန်းခံ ရဲရမယ်။ တချို့ကိစ္စတွေက အားလုံး သဘောတူမှာ မဟုတ်ဘူး။

" ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံ တောင်းတောင် စီမံကိန်း အတွင်း မတ်လ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ နှစ်ရက်ခန့် အစီရင်ခံစာနှင့် ပတ်သက်၍ ရွာ ၁၀ ရွာကျော်ခန့်ရှိ ဒေသခံများကို တစ်နေ့ကုန် လိုက်ရှင်းပြခဲ့သည်။ အများစုမှာ ကော်မရှင်၏ အစီရင်ခံစာ ကို မဖတ်မိကြဘဲ စီမံကိန်းဆက်လုပ်မည်၊ မြေသိမ်းလိမ့်မည်ဟု နားလည်ကာ ကန့်ကွက်နေကြခြင်း ဖြစ်သည်။

ထိုကန့်ကွက်မှုနှင့် ပတ်သတ်၍ နေပြည်တော်တွင် The Voice Weekly က ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့် မေးမြန်းရာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အတွက် ဆန္ဒပြကန့်ကွက်သူ များ၏ နောက်ကွယ်တွင် ကြိုးကိုင်သူများရှိကြောင်း မှတ်ချက်ပေးခဲ့သည်။

"နိုင်ငံရဲ့ အနာ ဂတ်အတွက် အကောင်းဆုံး အဖြေကို ရှာပြီး လုပ်ခဲ့တာပါ။ အများကြိုက်မှာ၊ မကြိုက်မှာ သြဘာပေးမှာ မပေးမှာကို မစဉ်စား ပါဘူး။ သဘော မတူမယ့်သူတွေ ရှိမယ်ဆိုတာ အစကတည်းက သိပါတယ်။ မီးလောင်ဗုံး ဆိုတာ လည်းမဟုတ်ဘူး။ Smoke ဗုံး၊ မီးခိုးဗုံးကို မီးလောင်ဗုံးလို့ ပြောရမယ်ဆိုရင် အမေမ ပြောနိုင်ဘူး။ အမေဒါကို ကိုယ်တိုင်ထုတ်တဲ့ စက်ရုံမှာ သွားစမ်းပြီးသွားပြီ" ဟု ဒေါ်အောင်ဆန်းစုကြည်က မုံရွာခရီးစဉ် တွင်မှ အပြန်တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သော ၂ နှစ်က စွန့်ပစ် မြေဇာများ ယာမြေများပေါ်တွင် မပုံရေးမှ စတင်ခဲ့သော လက်ပံတောင်း ပဋိပက္ခသည် ယခုအခါတွင် ကော်မရှင် က စီမံကိန်းဆက်လုပ်၍ မြေယာ လျော်ကြေးများကို ကာလပေါက်ဈေး ဖြင့် ပေးပါမည် ဆိုသောအခါတွင်လည်း တောင်ကြီးကိုပဲ လိုချင်သည့် စီမံကိန်း ကိုရပ်ပါ ဟူသည် အထိ ပြဿနာကို လက်ပံတောင်း တောင်အနောက်က လူများက ပြောင်းထား လိုက်ပြီ ဖြစ်သည်။

မတ်လ ၁၃ ရက် နေ့က ဖြေရှင်း ပေးရန် ရောက်လာသော ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အော်ဟစ် ရှုံ့ချသည်။ ဆဲဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက သမ္မတကို တရားစွဲသည်။ ထိုမတိုင်မီ မုံရွာမြို့ကြီး တွင်ပင် မမြင်ဘူး၊ မကြားဘူးသော သင်္ချိုင်း အတွင်း သရုပ်ပြ ဆန္ဒပြ မှုတွေ အထိ ဆက်တိုက် ဆောင်ရွက်ခဲ့ကြသည်။

ထိုသူတို့သည် လွန်ခဲ့သော နှစ် ၅၀ ကျော်က အယူဝါဒ မှိုင်းမိသကဲ့သို့ တစ်ဖက်ပိတ်လမ်း၏ အန္တရာယ်ပိုင်း သို့ပင် ရောက်လုနီးပါး ဖြစ်ခဲ့သည်။ ပညာအခြေခံအားဖြင့် အားနည်းသူ များကို ထိုသို့ဖြစ်လာစေရန် လုပ်နေသူမှာ အများအပြားမဟုတ်။ အရေအတွက် အနည်းငယ်သော စည်းရုံးလှုံ့ဆော် နေသူများက အဓိကဖြစ်သည်။

ထိုသူ တို့သည် မြန်မာ တစ်နိုင်ငံလုံးက သိချင်နေကြသည့် လက်ပံ တောင်းတောင် ပဋိပက္ခနောက်ကွယ်က ဇာတ်လိုက်များ ဖြစ်သည်။ ထိုသူ တို့သည် ထိုဒေသ အတွက် မည်မျှ အကျိုးဆောင် နိုင်မည်ကို မသိသော်လည်း သန်း ၆၀ သော မြန်မာ တစ်နိုင်ငံလုံးမှ ပြည်သူ တို့၏ ထွန်းသစ်စ အနာဂတ်ကိုပါ မှုန်မှိုင်း မှိန်ဖျော့ သွားစေခြင်းငှာ မလုပ်သင့်။ ထိုသူတို့သည် ....။
The Voice weekly

အံ့မခန်း ပန်းချီပညာရှင်မလေး

အပေါ်က ပုံကို ကော်ဖီနဲ့ ပတ်ပြီးတော့ ဆွဲပါတယ်။ မင်းသား Jay Chou ရဲ့  ပုံပါ။ အောက်က တစ်ပုံကိုတော့ ဖယောင်းအဆက်ချပြီး ဆွဲပါတယ်။ အမေရိကန်က အဆိုတော်မလေး Adele ရဲ့  ပုံ ဖြစ်ပါတယ်။ တရုတ်ပြည်မ ရှန်ဟိုင်းမြို့ ပေါ်က Hong Yi အမည်ရ အမျိုးသမီးငယ်လေး ဖြစ်ပြီး အံ့မခန်း ပန်းချီဆွဲ ပါရမီပါ လာသူ ဖြစ်ပါတယ်။ အင်တာနက်မှာ တင်လိုက်တဲ့ သူမရဲ့  ပန်းချီလက်ရာမှာ အချိန်တိုအတွင်း ပဲ ရေပန်းစား ခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာ့အကြီးမားဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်

အဘူဒါဘီ မြို့တော် အနီးရှိ သဲကန္တာရအတွင်း တည်ရှိသော ဓာတ်အားပေးစက်ရုံသည် ဆိုလာပြားများကို တစ်နေရာထဲတွင် အကြီးမားဆုံး ဖြန့်ကျက်တည်ဆောက်ထားသည့် စက်ရုံလည်း ဖြစ်သည်။ စက်ရုံ၏ အကျယ်သည် (၂.၅)စတုရန်း ကီလိုမီတာရှိသည်။ ကမ္ဘာ့အကြီးမားဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်လှစ် UAE နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို

စတင်ဖွင့်လှစ်လိုက်ပြီ ဟု သိရှိရသည်။ အရှေ့အလယ်ပိုင်း ဒေသ ရှိ နေရောင်ခြည် ပူပြင်းကောင်းမွန်စွာ ကျရောက်ရာ နိုင်ငံ၏ သမ္မတဖြစ်သော ရှိတ်စော်ဘွား ခါလီဖာ ဘင်ဇာယက်ဒ် အယ်လ်ညာဟန်သည် အဆိုပါ ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်မှု အခမ်းအနားကို တနင်္ဂနွေနေ့က ကိုယ်တိုင်တက်ရောက်ခဲ့သည်။ Shams 1 အမည်ရှိ စက်ရုံသည် မဂ္ဂါဝပ်(၁၀၀) ရှိ လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်မည် ဖြစ်သည်။

အမေရိကန်ကို တိုက်ခိုက်မယ့် မြောက်ကိုရီးယားရဲ့ သရုပ်ပြဗွီဒီယို

အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ လွှတ်တော်အဆောက်အဦးကို တိုက်ခိုက်တာ ပါဝင်တဲ့ သရုပ်ပြ ဗွီဒီယိုကို မြောက်ကိုရီးယားက အင်္ဂါနေ့က ထုတ်လွှင့်ခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ အမေရိကန်လွှတ်တော်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ဖျက်ဆီးတာကို ပြသသလို၊ သမ္မတ အိမ်ဖြူတော်ကို ပစ်ခတ်ဖို့ ကွန်ပြူတာစနစ်သုံးပြီး ချိန်ရွယ်ထားပုံကိုလည်း ပြသထား ပါတယ်။ ကုလသမဂ္ဂ က မြောက်ကိုရီးယားကို သူ့ရဲ့ နောက် ဆုံး နျူကလီး ယား စမ်းသပ်မှုတွေကြောင့် အရေးယူ ဒဏ်ခတ်မှုအသစ် ချမှတ်တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိ ကန်ပြည်ထောင်စု နဲ့ နျူကလီးယားစစ် ဆင်နွှဲမယ်လို့ မြောက်ကိုရီးယား ဘက်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ လက်တွဲပြီး ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေ တဲ့ တောင်ကိုရီးယားနိုင်ငံ ကိုလည်း တိုက်ခိုက်မယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါ တယ်။ တောင်ကိုရီးယား နဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာလို့ မြင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ကလည်း ပူးတွဲစစ်ရေး လေ့ကျင့် တဲ့အနေနဲ့ နျူကလီးယား ဗုံးကျဲတိုက်ခိုက်နိုင်တဲ့ B-52 ဗုံးကျဲယာဉ်တွေကို တောင်ကိုရီးယားမှာ ပျံသန်းပြသခဲ့တာမို့ အခြေအနေတွေဟာ ပိုပြီး တင်းမာလာနေပါတယ်။ ဒီလအစောပိုင်းမှာ တုန်းကတော့ ၁၉၅၃ ခုနှစ်ကတည်းက တောင်ကိုရီးယားနဲ့ ချုပ်ဆိုခဲ့တဲ့ စစ်ပြေငြိမ်းရေးစာချုပ်ကို သူ့ဘက်က ဖျက်ပစ်မယ်လို့ မြောက်ကိုရီးယားဘက်က ကြေညာ ခဲ့ပါတယ်။

ဝက်အရှင်များကို သေနတ်နှင့်ပစ်နေတဲ့ ဗြိတိသျှတပ်မတော်မှ ဆရာဝန်များ

ခွဲစိတ် ဆရာဝန်တွေက ဝက်အရှင်တွေကို သေနတ်နှင့် ပစ်ခတ်ပြီး ခွဲစိတ်ကုသပေးတဲ့ လက်တွေ့ လေ့ကျင့် မှု ပြုလုပ် စေခဲ့ တာကြောင့် တိရစ္ဆာန် အခွင့်အရေး (Animal Rights) ကာကွယ် သူများ၏ ဝေဖန် ပြစ်တင် မှုကို ရင်ဆိုင်နေရပါတယ်။ စစ်မြေပြင်မှာ သေနတ် မှန်တဲ့ စစ်သား တွေကို အရေးပေါ် ခွဲစိတ် ကုသမှု အမြန်ဆုံး ပြုနိုင်ဖို့ ဝက်တွေကို သေနတ်နှင့် ပစ်ခတ်ပြီး အလားတူ အခြေအနေ ဖန်တီးကာ လေ့ကျင့် ခြင်းဖြစ် ပါတယ်။

မကြာသေးခင်က ဒိန်းမတ် နိုင်ငံမှာ ပြုလုပ်တဲ့ နေတိုး တပ်ဖွဲ့တွေရဲ့ လေ့ကျင့်မှုမှာ ဝက်အရှင် ၁၈ ကောင် အသုံး ပြုခဲ့ပါတယ်။ ဝက်တွေရဲ့ ပစ်ခတ်ခံရမယ့် ကြွက်သား နေရာမှာ စက်ဝိုင်း ပုံအမှတ် အသား ပြုလုပ် ထားပြီး စနိုက် ပါသေနတ် သမား ၃ ဦးက ပစ်ခတ်တယ်။ စစ်မြေ ပြင်မှာ လူသားတွေ သေနတ် ထိမှန် ခံရနိုင်တဲ့ အနေအထား မျိုးနဲ့ ဆင်တူအောင် ပစ်ခတ်ခြင်း ဖြစ်ပါတယ်။ အဲဒီနောက် တပ်မတော် ခွဲစိတ် ဆရာဝန် တွေဟာ အဆိုပါ ဝက်တွေကို အသက် ကယ်နည်း စနစ်တွေ သုံးပြီး ခွဲစိတ် ကုသ ကာ နာရီ တော်တော် ကြာအောင် ဆက်လက် အသက် ရှင်နေဖို့ လုပ်ဆောင် ပါတယ်။ အဲဒီ ဝက်တွေကို တကယ် သတ်မပစ် ခင် အချိန်အထိ တိုင်အောင်ပေါ့။ ဝက်တွေဟာ ခန္ဓာဗေဒအရ လူသားနဲ့ ဆင်တူတဲ့ ကိုယ်တွင်း အင်္ဂါ စနစ်တွေ ရှိတာကြောင့် ဝက်တွေနဲ့ အရေးပေါ် လေ့ကျင့်ခြင်း ဟာ အဖိုး တန်တဲ့ အတွေ့ အကြုံတွေ ရရှိစေပြီး စစ်မြေ ပြင်က စစ်သား (လူသား) တွေရဲ့ အသက် ကို ကယ်တင် ရာမှာ အ ကျိုးရှိ စေလိမ့်မယ်လို့ ဆို ပါတယ်။

ယခုလို ဝက်အရှင် တွေကို အသုံးချခြင်းကို Operation Danish Becon နောက်ပိုင်း ရပ်ဆိုင်း ထားရာမှ ယခု တစ်ဖန် ဗြိတိသျှ တပ်မတော် ဆရာဝန်များ လေ့ကျင့် မှုမှာ ပြန်လည် အသုံး ပြုခဲ့တာ ဖြစ်ပါတယ်။ တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားတဲ့ အုပ်စုများက ယခုလို ပြုလုပ် တာဟာ ကျင့်ဝတ်နှင့် မညီညွတ်၊ တရားမျှ တမှု မရှိဘဲ မရှိမဖြစ် လိုအပ်တဲ့ လေ့ကျင့် မှုလည်း မဟုတ် ကြောင်း၊ ဝက်အရှင် တွေအစား လူရှုပ်တွေ ဒါမှမဟုတ် အခြား အစားထိုး စရာတွေ အသုံးပြု လို့ရကြောင်း၊ ဗြိတိသျှ ဥပဒေက ဒီလေ့ ကျင့်မှုကို တားမြစ်မှု မထုတ်ပြန် သေးခင် မှာလည်း ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးဌာနက ကိစ္စရပ် တစ်ခု ချင်းစီကို သေချာစွာ စိစစ်ပြီး လိုအပ်မှသာ လိုအပ် သလောက် အတိုင်းအတာကို ခွင့်ပြုပေးသင့်တယ်လို့ ထောက်ပြ ဝေဖန်ခဲ့ ပါတယ်။

လေ့ကျင့် မှုဟာ ကြောက်လန့် စရာ၊ မနှစ်မြို့ စရာကောင်း ပြီး တုန်လှုပ် စရာပါပဲ။ ဝက်တွေဟာ ဥာဏ်ရည် မြင့်မားတဲ့ သတ္တဝါ တွေဖြစ်ပြီး လူသားတွေဟာ အခြား ရွေးချယ်စရာ တွေ ရှိရက်နဲ့ တိရစ္ဆာန် လေးတွေကို ထိခိုက် နာကျင်စေမှု မပြုသင့် ပါဘူး။ PETAUK အဖွဲ့ ကလည်း ဗြိတိသျှ ကာကွယ် ရေးဝန်ကြီး ဌာနကို တပ်မတော် လေ့ကျင့်မှု တွေမှာ တိရစ္ဆာန် တွေကို အသုံး မပြုဖို့ (သေနတ်ဖြင့် ပစ်ခြင်း၊ ဓား၊ လှံဖြင့် ထိုးသွင်းခြင်း၊ အစိတ် အပိုင်းများ ခွဲစိတ် ဖြတ်တောက် ခြင်း မပြုဖို့) ပြောကြား ခဲ့ပါတယ်။ တပ်မတော် ခွဲစိတ် ဆရာဝန် တွေကို ဝက်အရှင်နဲ့ လေ့ကျင့် ပစ်ခတ်မှု ပြုလုပ်ဖို့ ဒိန်းမတ်ကို စေလွှတ်ခဲ့တဲ့ ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်ဟာ ဆေးပညာ အရရော၊ ကျင့်ဝတ် အရရော၊ ပညာရေး လေ့ကျင့် မှုအရပါ တရား နည်းလမ်း မကျကြောင်း တိရစ္ဆာန် ညှဉ်းပန်း နှိပ်စက်မှု ကာကွယ်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Peta UK မှ ဒါရိုက်တာ တစ်ဦးက ပြောကြား ခဲ့ပါတယ်။

ရေလယ်ခေါင်က အိမ်

ကွန်ပြူတာနဲ့ ပြုပြင်ဖန်တီးထားခြင်း မရှိပါဘူ။ တကယ့် အစစ် ဖြစ်ပါတယ်။ ဥရောပတိုက် အရှေ့ တောင်ပိုင်း ဆာဘီးယားနိုင်ငံမှာ တည်ရှိတာပါ။ Drina မြစ်ထဲမှာ ဖြစ်ပြီး ၁၉၆၈ ခုနှစ်က တည်ဆောက်ခဲ့တာ ဖြစ် ပါတယ်။ ရေကူးသမားတို့ လာလာကူးရင်း ရေလယ်က ကျောက်တောင်မှာ ခဏနားပါတယ်။ ယင်း ကျောက်တောင်ဟာ ခိုင်ခံ့ပြီး အိမ်တစ်အိမ်ဆောက် လို့ရတယ်လို့ အတွေးစိတ်ကူးပေါက်ပြီး ဆောက် လိုက်တာ ယနေ့တိုင် မပျက်ပဲ တည်ရှိပါတယ်။

၄၅ နှစ်တောင် ကြာပြီ ဖြစ်ပေမယ့် ဒီတိုင်းပဲ ကျန်ရှိစေပါတယ်။ ဒါကြောင့် ဆာဘီးယားက Drina မြစ်ကို အလည်လာသူတိုင်း ဟာ ရေလယ် ခေါင်မှာ လှလှပပ ကျန်ရှိနေတဲ့ ယင်း အိမ်ငယ်လေးဆီကို သွားရောက် လည်ပတ်ကြကြောင်း သိရပါတယ်။

ကုသိုလ်ရဲ့ကျန်းမာရေးအခြေအနေ

ဒါရိုက်တာ ကုသိုလ် မတ်လ ၁၂ ရက်နေ့မှာ မြောက်ဥက္ကလာပ ဆေးရုံ ကြီးမှာ အသည်း ရောဂါကြောင့် ဆေး ကုသ နေရတယ်လို့ သိရပါတယ်။ ဆေးရုံကို အနုပညာ မောင်နှမ တွေလည်း လာရောက် ကြသလို၊ ပရိသတ် တစ်ဦးကလည်း ဘန်ကောက်မှာ ဆေးကုသဖို့ အတွက် အကုန်အကျ ခံကာ ကုသ ပေးမှာ ဖြစ်တာကြောင့် မတ်လကုန်မှာ သွားရောက် မယ်လို့ သိရပါတယ်။
" စစ်ကိုင်းမှာ ဝေဠုကျော်၊ ခိုင်နှင်းဝေ တို့နဲ့ "မအိမ်စည်"ဆိုတဲ့ ဇာတ်ကားကို သွားရိုက်တာ၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အသက် ၅၉ နှစ် ပြည့်မွေးနေ့ ဆိုတော့ သောက်ခဲ့တဲ့ အရက်ကို အဲဒီနေ့မှာ တုံးတိ ဖြတ်လိုက်တာ။ မနက် ကျတော့ နေထိုင်လို့ မကောင် တာနဲ့ ဆရာဝန် သွားပြတာ။

အသည်းလည်း ရောင်နေတယ်။ ရေဖျဉ်းလည်း ဖြစ်နိုင်တယ်။ အရက်ပြတ် တာက နည်းနည်း ချင်းစီဖြတ်မှ လို့ပြောတယ်။ အဲဒါကို ဖြတ်မှာ မဟုတ်ဘူး ဆိုပြီး ဒီအတိုင်းပဲ ဖြတ်လိုက်တာ။ ကားရိုက်ပြီး ရန်ကုန် ပြန်လာတော့ ဆရာဝန် ပြတယ်။

ဦးလိုပဲ ဖြစ်ခဲ့တဲ့ ညောင်ညောင်က ရောက်လာပြီး သူပြခဲ့တဲ့ အာရှ တော်ဝင်က အသည်း ပါရဂူ ဒေါ်ကြည်ကြည်ညွန့်နဲ့ ပြဖြစ်ခဲ့တယ်။ ရောဂါက သူဌေး ရောဂါ၊ ပိုက်ဆံ ကုန်မယ်တဲ့။ အဲဒါနဲ့ သူထိုင်တဲ့ ဒီဆေးရုံမှာ ဆေးရုံ တက်လိုက်တာ။ မိတ်ဆွေ အပေါင်း အသင်းတွေ၊ အနုပညာ မောင်နှမတွေ လာကြည့် ကြပါတယ်။ နန္ဒာလှိုင်တို့ ဇနီးမောင်နှံ၊ မေတ္တာ၊ ဗေလုဝ၊ ခင်လှိုင်၊ မြင့်မြတ်၊ ချမ်းမီမီကို၊ အေးမြတ်သူ တို့လာကြည့် ကြတယ်။ နောက် ဦးရဲ့ပရိသတ် တစ်ယောက်က ဖေ့စ်ဘုတ် ကနေ သိပြီး ရောက်လာတယ်။ သူက ဦးကုသိုလ်ကို ဘန်ကောက်မှာ ဘယ်လောက်ကုန် ကုန်ဆေးကု သပေးချင် တယ်လို့ ပြောတယ်။

အဲဒါနဲ့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ကြည့်တော့ သွားရင်ပို ကောင်းတယ် ဆိုတာနဲ့ မတ်လကုန်ရင် ဇနီးနဲ့ အတူ သွားဖြစ်မယ်။အခု ရက်ပိုင်းတော့ သက်သာ လာပါပြီ။ ကံပေး သလောက်တော့ နေရ ဦးမှာပေါ့။ ကုသပေးမယ့် ပရိသတ်ကို လည်း ကျေးဇူး တင်ပါတယ်။ ဒီလောက်ထိ အနုပညာ သမား အပေါ် လေးစားလိမ့်မယ် ဆိုတာ မသိခဲ့ဘူး။ စိုးရိမ် ပေးနေတဲ့ ပရိသတ် တွေကိုလည်း ကျေးဇူး တင်ပါတယ်"လို့ ပြောပြခဲ့ ပါတယ်။

အနုပညာဆိုတဲ့ ပညာက ယူတတ်မှရတာ နိုဗယ်ကျော်ကျော်

ဒါရိုက် တာအဏ် ထော်ဏီ ရိုက်ကူးတဲ့ " မျက်နှာ နှစ်ထပ်နဲ့လူ" ဇာတ်ကားကို နိုဗယ် ကျော်ကျော်က သူထူးစံ၊ စိုးရန် အောင်တို့ နဲ့အတူ ပါဝင် သရုပ် ဆောင်ထား ပါတယ်။ ဒီဇာတ် ကားလေးက ရိုမန့် ဒရာမာ ဇာတ်လေး ဖြစ်တယ်လို့ သိရပြီး အရင်က ထွက်ပြီးသား ဇာတ်တွေနဲ့ မတူဘဲ ဆိုက်ကို နည်းနည်း ဆန်တဲ့ ဇာတ်ကား လေးဖြစ် တယ်လို့လည်းသိ ရပါတယ်။ အော်စကာ ဆုရ ထားတဲ့ နိုင်ငံခြားဇာတ် လမ်းကို ပြန်လည် ရိုက်ကူး ထားတာ ဖြစ်တဲ့ အတွက်
အတတ် နိုင်ဆုံး၊အကောင်း ဆုံးဖြစ်အောင် ကြိုးစား ထားကြောင်း နိုဗယ် ကျော်ကျော် ကပြော ပါတယ်။ နိုဗယ် ကျော်ကျော်က အရင်က ထက်စာရင် ပရိသတ် အားပေးတဲ့ နေရာလေး တော့ ရနေပြီ ဖြစ်ပေမယ့်လည်း ဒီ့ထက်မက ပိုကြိုး စားပြီး ကိုယ်ရည် မှန်းထားတဲ့နေရာ ရောက်ဖို့ အတွက်လုပ် သွားမှာဖြစ်သလို အနုပညာ မောင်နှ မတွေနဲ့လည်း တိုင်တိုင် ပင်ပင်လေး လုပ်ဖြစ် ကြောင်းပြော ပါတယ်။

"နိုဗယ် တို့က အဓိက ကိုယ့် Talent က အရေး ကြီးတယ်။ အရင် တုန်းက ကိုယ်က အသစ် တစ်ယောက် အနေနဲ့ တုန်းက ကိုယ့်ရှေ့က အနုပညာ ရှင်ကြီး တွေဆီမှာ သင်ယူ လေ့လာ ဖြစ်တယ်။ အခု အချိန် ထိလည်း နိုဗယ် တို့အတွက် တအား ခက်ခဲတယ်။ တကယ် ကိုအနုပညာ ဆိုတဲ့ ပညာက ယူတတ်မှရတယ်။ အဲဒီ လိုမျိုး ဆိုတော့ အခု အချိန်ထိလည်း အမြဲတမ်း ကိုယ်အခက်အခဲ ရှိမယ်လို့ ထင်တဲ့ အရာတွေကို ကိုယ့်အနုပညာ ညီအစ်ကို မောင်နှမတွေနဲ့ တိုင်ပင် ဖြစ်တယ်။ အခက်အခဲ အများကြီးတော့ မရှိပါဘူး။ ကိုယ်လုပ် နေတဲ့ အလုပ်ကို ကိုယ်က သစ္စာရှိဖို့လည်း လိုတယ်။ ဒီအနု ပညာ အလုပ်က ခုနစ်ရက် သားသမီးတွေ လုပ်ရတဲ့ အလုပ်ဖြစ်တဲ့ အတွက် အားလုံး ကတော့စိတ် တွေက မတူညီ နိုင်ဘူး။ ထပ်တူ မကျ နိုင်ရင်တောင် အများကြီး ညှိနှိုင်းပြီးတော့ လုပ်ရမယ်။ စိတ်ဝင် တစားလေးနဲ့ ကိုယ်ကပျော်ပျော် ရွှင်ရွှင်လေး ကြိုးစားပြီး လုပ်သွား မယ်ဆိုရင်တော့ နေရာကောင်း တစ်နေရာ လေးတော့ ရလာမယ်လို့ နိုဗယ်က ယုံကြည်တယ်" လို့ အနုပညာနဲ့ ပတ်သက်ပြီး လတ်တလော ဖြစ်နေတဲ့ အကြောင်း နိုဗယ် ကျော်ကျော်က ပြောပါတယ်။

အချစ်ရေးထက် အနုပညာရေးကိုပဲ ဦးစားပေးသူ သဉ္ဇာနွယ်ဝင်း

ဒါရိုက်တာ ကျော်ဇရိုက် ကူးနေတဲ့ "ဗန္ဓာရ" ဇာတ်ကားကို သဉ္ဇာနွယ်ဝင်းက မြတ်ကေ သီအောင်၊ စွမ်း၊ စည်ဖြိုး တို့နဲ့အတူ ပါဝင် သရုပ်ဆောင် နေပါတယ်။ အခု နောက်ပိုင်း ကားရိုက်တွေ များလာတဲ့ အတွက် အရင်က ထက်ပိုပြီး အနုပညာ အလုပ် လုပ်ရတာ အဆင်ပြေ လာပြီး ကားရိုက်တဲ့ အခါမှာလည်း ဇာတ်ကားတွေ ကို သေသေချာချာ လေးကြိုးစားပြီး ရွေးချယ် ရိုက်ကူးဖြစ်တယ် လို့ ပြောပြပါတယ်။
" အခု နောက်ပိုင်း ရိုက်တဲ့ ဇာတ်ကားတွေက ဟိုအရင်က ရိုက်ကူး ထားတဲ့ ကားတွေ ထက်စာရင် ပိုပြီး အဆင်ပြေတယ်လို့ ပရိသတ် တွေကလည်း ပြောကြတယ်။ ဒီထက်ပိုပြီး တော့ကောင်းအောင် နောက်ပိုင်း မှာလည်း ဇာတ်လမ်းနဲ့ ဇာတ်ရုပ်လိုက်တဲ့ ဖက်ရှင်တွေကို ပိုပြီး ရွေးချယ်တတ်အောင် သဉ္ဇာကြိုး စားဖြစ်တယ်" လို့ နောက်ပိုင်း ပြောင်းလဲ မှုတွေနဲ့ ပတ်သက်ပြီး သဉ္ဇာနွယ်ဝင်းက ပြောပြပါတယ်။

သဉ္ဇာနွယ်ဝင်းက အခု အချိန်မှာတော့ အနုပညာ အလုပ်ကိုပဲ ဦးစားပေး လုပ်ဖြစ်နေပြီး ကိုယ့်ရဲ့ ကိုယ်ရေး ကိုယ်တာဖြစ်တဲ့ အချစ်အ ကြောင်းတွေကို မစဉ်းစား ဖြစ်သေးသလို ချစ်သူ ရည်းစားထား ဖို့ထက် အနုပညာ အလုပ်ကို အဓိကဦးစား ပေးဖြစ်နေတယ်လို့ ဆိုလာပါတယ်။

" သဉ္ဇာက အခုလော လောဆယ်မှာ ချစ်သူရည်းစား မရှိဘူး။ ရည်းစား ထားလို့ရှိရင် ဒီအနုပညာ အလုပ်မှာ နည်းနည်းလျော့ သွားမှာလည်း စိုးတယ်။ ပြီးတော့ တစ်ယောက်ယောက် ကိုစိတ်ထဲမှာ ရှိနေရင်လည်း အနုပညာ အလုပ်တွေ ကိုယ့်ဆီကို သိပ်မလာဘူးလို့ စိတ်ထဲမှာ ထင်မိတယ်။ အဲဒါကြောင့် ရည်းစားမထား ဖြစ်ဘူး။ သဉ္ဇာက တကယ့်ဘဝရဲ့ လက်တွဲ ဖော်ကိုတော့ အသက် ၃ဝလောက်ဆိုရင်တော့ အိမ်ထောင်ပြု သင့်ပြီလို့ ထင်တယ်။ တကယ့် ဘဝ လက်တွဲဖော်ကို ရွေးချယ် ဖြစ်ရင်လည်း အဓိကက ယောက်ျား ပီသရမယ်။ အားလုံးကလည်း သူ့ကိုလေးစား ရတဲ့သူ တစ်ယောက်၊ လူတော်တစ်ယောက် ဖြစ်ရမယ်။

ကိုယ့်ကိုလည်း ချစ်ရမယ်။ အဲဒီလို လူမျိုးကို ရွေးချယ်ဖြစ်မှာပါ။ သဉ္ဇာက အဓိကသဉ္ဇာကို အထူးတလည် နားလည်မှု ပေးစရာ မလိုပါဘူးလို့ထင်တယ်။ သဉ္ဇာမှာ တခြားရှင်းပြ စရာကိစ္စတွေလည်း မရှိတော့ ကိုယ်က သူ့ကို စိတ်တွေ ပူပြီးတော့ ဂျေဝင်တာကိုပဲ သူကနားလည်မှု ပေးဖို့ပဲလိုတယ်။ အဲဒီလိုမျိုးကိုပဲ ရွေးချယ်ဖြစ်မှာပါ" လို့ ချစ်သူမထား ဖြစ်ခြင်းအကြောင်းကို သဉ္ဇာနွယ်ဝင်းက ပြောပြပါတယ်။

မြန်မာ ဒိုင်လူကြီးများ ဧပြီလအတွင်း ပြည်ပ ပြိုင်ပွဲများတွင် သွားရောက် တာဝန် ထမ်းဆောင်မည်

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ဒိုင်လူကြီးများနှင့် ဒိုင်အဖွဲ့ဝင်များသည် လာမည့် ဧပြီလ အတွင်း၌ ကျင်းပ ပြုလုပ်မည့် အာရှ ဘောလုံးအဖွဲ့ချုပ်မှ ကျင်းပသော AFC Cup အုပ်စု ပွဲစဉ်များ၊ AFC Challenge Cup ခြေစစ် ပွဲစဉ်များနှင့် AFC Champion League ပြိုင်ပွဲများသို့ အသီးသီး တာဝန် သွားရောက် ထမ်းဆောင်ရန် စေလွှတ်မည်ဟု သိရသည်။
အလားတူ အဖွဲ့ချုပ် ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်သည် ဒိုင်ကြီးကြပ် အဖြစ် ဧပြီလ (၉)ရက်နေ့တွင်
ထိုင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် မြောင်တောင် အသင်းနှင့် တရုတ်ကလပ် ဂေါင်ဇူး အသင်းတို့၏ AFC Champions League ပွဲစဉ် နှင့် ဧပြီလ (၂၃)ရက်နေ့တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ ကျင်းပမည့် ဘေဂျင်းဂွမ် အသင်းနှင့် ကိုရီးယား နာမည်ကြီး ကလပ် ပိုဟန်စတီးလား အသင်းတို့၏ AFC Champion League ပွဲစဉ်များတွင် တာဝန် ထမ်းဆောင်သွားမည် ဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကွင်းလယ် ဒိုင်လူကြီး ဦးတင်ထွဋ်သည် ဧပြီလ (၂၃)ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် AFC Champion's League ပြိုင်ပွဲမှ ဂျပန်ကလပ် ကာရှီဝါရေးဆိုး အသင်းနှင့် တရုတ်ကလပ် ရန်ဟီ အသင်းတို့၏ ပွဲစဉ်တွင် မှတ်တမ်းဒိုင် အဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် ကွင်းလယ် ဒိုင်လူကြီး ဦးဝင်းချို၊ အကူ ဒိုင်လူကြီး ဦးအောင်မိုးနှင့် ဦးဟန်သိန်း၊ မှတ်တမ်း ဒိုင်လူကြီး ဦးတင်ထွဋ် တို့မှာ ဧပြီလ(၂)ရက်နေ့တွင် ဟောင်ကောင်၌ ကျင်းပပြုလုပ်မည့် AFC Cup ပြိုင်ပွဲတွင် ဟောင်ကောင် ကလပ် ကစ်ချီ အသင်းနှင့် အိန္ဒိယ ကလပ် ဆီမန်ပဒန် အသင်းတို့၏ ပွဲစဉ်အပြင် ဧပြီလ (၁၀)ရက်နေ့တွင် စင်္ကာပူနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် AFC Cup ပြိုင်ပွဲမှ စင်္ကာပူ တပ်မတော် အသင်းနှင့် အိန္ဒိယ ကလပ် ချာချီလ် ဘရားသား တို့၏ ပွဲစဉ်များတွင် သွားရောက် တာဝန်ထမ်းဆောင်သွားမည် ဖြစ်သည်။

ယူ-၁၄ ပဏာမ အမျိုးသမီး လက်ရွေးစင် အသင်း စတင် ဖွဲ့စည်း

လာမည့် အာရှ ယူ-၁၄ ချန်ပီယံရှစ် အမျိုးသမီးပြိုင်ပွဲအတွက် ပြိုင်ပွဲအား ပါဝင် ယှဉ်ပြိုင်ရန် ပဏာမ မြန်မာ့ လက်ရွေးစင် အမျိုးသမီး ယူ-၁၄ အသင်းကို ကစားသမား (၃၀)ဦးဖြင့် ရွေးချယ်ဖွဲ့စည်း ထားကြောင်း သိရသည်။ အဆိုပါ အသင်းတွင် အမှတ်(၂) အခြေခံပညာ ဦးစီးဌာနမှ ကစားသမား (၃)ဦး၊ အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ ကစားသမား (၉)ဦး၊ အားကာ သိပ္ပံ (ရန်ကုန်)မှ ကစားသမား (၇)ဦး၊ အားကာ သိပ္ပံ (မန္တလေး)မှ ကစားသမား (၉)ဦးနှင့်
နေပြည်တော် Goal Camp မှ ကစားသမား (၂)ဦးဖြင့် ဖွဲ့စည်းထား သည်။
ပဏာမ မြန်မာ့ လက်ရွေးစင် အမျိုးသမီး ယူ-၁၄ အသင်းသည် မတ်လ (၁၇)ရက်နေ့မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။ အာရှယူ-၁၄ ချန်ပီယံရှစ် အမျိုးသမီးပြိုင်ပွဲကို ဗီယက်နမ် နိုင်ငံ ဟိုချီမင်း မြို့တွင် လာမည့် ဇွန်လ (၁၈)ရက်နေ့မှ (၂၃)ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်သည်။ မြန်မာ အမျိုးသမီး ယူ-၁၄ အသင်းသည် ယမန်နှစ်က ဟိုချီမင်း မြို့တွင် ပြုလုပ်ခဲ့သည့် အမျိုးသမီး ယူ-၁၄ အာဆီယံဇုန် ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည်။

ပရိသတ်များ၏ လူမျိုးရေး ခွဲခြားမှုကြောင့် အင်တာ အသင်း တရားစွဲခံရ

ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA သည် လွန်ခဲ့သည့် စပါးအသင်းနှင့် အိမ်ကွင်း ယူရိုပါလိဂ် ပွဲစဉ်တွင် လူမျိုးရေး ခွဲခြားခဲ့ကြသော အိမ်ရှင် ပရိသတ်များကြောင့် အင်တာ အသင်းအား တရားစွဲဆိုခြင်း ခံထား ရကြောင်း သိရသည်။ စပါး အသင်းကို ၄း၁ ဖြင့် အနိုင်ရသော ပွဲစဉ်တွင် အိမ်ရှင် အင်တာ ပရိသတ်များ သည် စပါးအသင်းမှ အဒီဘာယောနှင့် အခြားသော လူမည်း ကစားသမားများကို မျောက်အော်သံများဖြင့် လူမျိုးရေး ခွဲခြားခဲ့ကြပြီး ယင်းဖြစ်ရပ်ကို ပွဲတာဝန်ရှိသူများနှင့် ရာဇ၀တ်မှု ဆန့်ကျင်တိုက်ဖျက်ရေး FARE တို့က UEFA သို့ တိုင်ကြားခဲ့သည်။

အင်တာ အသင်းသည် ကွင်းအတွင်းသို့ ပရိသတ်များက မီးပန်း သို့မဟုတ် အရာဝတ္ထုများဖြင့် ပစ်ပေါက်ခြင်း အတွက် စစ်ဆေးခံရမည် ဖြစ်ပြီး ဧပြီလ ၁၉ ရက်နေ့တွင် ကြားနာစစ်ဆေးမှု စတင်မည် ဖြစ်သည်။ စပါး အသင်းသည် အင်တာ အသင်းနှင့် အဝေးကွင်း ပွဲစဉ်တွင် ၄း၁ ဖြင့် ရှုံးခဲ့သော်လည်း နှစ်ကျော့ပေါင်း ၄း၎ အရ အဝေးဂိုးစည်းမျဉ်းဖြင့် နောက်တစ်ဆင့် တက်ကာ အိမ်ကွင်းမှာ ကစားစဉ်က အင်တာကို ၃းဝ ဖြင့် နိုင်ထားခဲ့သည်။ အင်တာ ပရိသတ်များသည် စပါး အသင်းမှ လူမည်း ကစားသမားများကို ပလတ်စတစ် ငှက်ပျောသီးများဖြင့် လည်း လူမျိုးရေး ခွဲခြားခဲ့ကြသည်။ စပါး အသင်းသည် ယခုရာသီ အီတလီ ကလပ်အသင်းများနှင့် တွေ့ဆုံတိုင်း လူမျိုးရေး ခွဲခြားမှုများနှင် မကြာခဏ ဆိုသလို တွေ့ကြုံ ရင်ဆိုင်နေရသည်။

ဥရောပ ဘောလုံးလောကသို့ ပြောင်းရန် စိတ်ဝင်စားနေသော နေမာ

ဆန်းတို့စ် တိုက်စစ်မှူး နေမာသည် ဥရောပ ဘောလုံး လောကသို့ ပြောင်းရန် စိတ်ဝင်စားနေကြောင်း သိရသည်။ အဆိုပါ ဘရာဇီး တိုက်စစ်မှူးသည် ဘာစီိလိုနာ၊ ရီးရဲလ် သို့မဟုတ် ချဲလ်ဆီး စသည့် ဥရောပ ကလပ် အသင်းများနှင့် ရေပန်းစားနေသလို မန်စီးတီး အသင်းကလည်း သူ့ကို စောင့်ကြည့်နေသည်။ ဆန်းတို့စ် အသင်းသည် နေမာကို စာချုပ်သက်တမ်း တိုးရန် မျှော်လင့်နေသော်လည်း ကစားသမား ကိုယ်တိုင်က ဥရောပသို့ ပြောင်းလိုနေခြင်း ဖြစ်သည်။

နေမာက မိမိမှာ ဘာစီလိုနာ၊ ရီးရဲလ်နှင့် ချဲလ်ဆီးတို့လို ထိပ်တန်း အသင်းကြီးမှာ ကစားရန်အတွက် ဥရောပသို့ သွားရန် ရည်မှန်း ထားကြောင်း၊ မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာတို့နှင့် တွဲကစားရန် အိပ်မက် မမက်နိုင်သော သူရှိမည်ပင် မဟုတ်ကြောင်း၊ သူတို့မှာ ကစားသမားကောင်းများ ဖြစ်ကြောင်း၊ အနာဂတ်မှာ ဘာစီလိုနာလို အသင်းမျိုးကို ရောက်ဖြစ်မှာလား ဆိုတာတော့ မသိနိုင်ကြောင်း၊ သို့သော် လက်ရှိ ဆန်းတို့စ် အသင်းမှာ မိမိ အနေဖြင့် ပျော်နေကြောင်း ဆိုသည်။

မိုဗစ်၏ ပွဲပယ် ပြစ်ဒဏ် အတွက် အယူခံဝင်မည့် PSG

ပြင်သစ်ကလပ် PSG အသင်းသည် အသင်း တိုက်စစ်မှူး အီဘရာဟင်မိုဗစ်၏ ဥရောပ ပွဲပယ် ပြစ်ဒဏ် အတွက် အယူခံဝင်သွားမည် ဖြစ်သည်။ အဆိုပါ တိုက်စစ်မှူးသည် ဗလင်စီယာ အသင်းကို နိုင်ခဲ့သည့် ချန်ပီယံလိဂ် အဝေးကွင်း ပထမ အကျော့တွင် အနီကဒ်ပြ ထုတ်ပယ်ခံရပြီး ၂ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရသည်။ ယင်းပွဲပယ်ပြစ်ဒဏ်ကို အဆိုပါ တိုက်စစ်မှူး အနေဖြင့် မကျရောက်စေရန်အတွက် PSG အသင်းမှာ အယူခံဝင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

PSG အသင်း၏ အယူခံဝင်ခွင့်ကို UEFA အနေဖြင့် မတ်လ ၂၆ ရက်နေ့တွင် ကြားနာ စစ်ဆေးမည်ဖြစ်သည်။ PSG အသင်းသည် မိုဗစ်အပေါ် ချမှတ်ထားသော ၂ ပွဲပယ်ပြစ်ဒဏ်အား ဗလင်စီယာနှင့် ဒုတိယ အကျော့ အိမ်ကွင်းပွဲတွင် ကျခံခဲ့ရသည့် ၁ ပွဲပယ်ခံရခြင်းနှင့်သာ ကျေအေးရန် UEFA စည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့ အယူခံဝင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အယူခံ မအောင်ပါက မိုဗစ်မှာ အသင်းဟောင်း ဘာစီိလိုနာ အသင်းနှင့် ဧပြီလ ၂ ရက်နေ့ အိမ်ကွင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ကို လွဲရမည် ဖြစ်သည်။

တိုးတက်လာသော အာဖဂန်နစ္စတန်

FIFA မှ နောက်ဆုံး ထုတ်ပြန်ခဲ့သော နိုင်ငံအလိုက် အဆင့် သတ်မှတ်ချက်တွင် အာဖဂန်နစ္စတန် အသင်းမှာ အထူးခြားဆုံး အဖြစ် အဆင့် ၄၈ ဆင့် ခုန်တက်လာခဲ့ပြီ ဖြစ်သည်။ AFC Challenge Cup 2014 ပြိုင်ပွဲ အတွက် ခြေစစ်ပွဲဝင်ခဲ့သော အာဖဂန် အသင်းမှာ သီရိလင်္ကာ ၊ မွန်ဂိုးလီးယားတို့ကို ၁းဝ စီဖြင့် အနိုင်ရခဲ့ပြီး အိမ်ရှင် လာအိုနှင့် ၁ ဂိုးစီ သရေကျခဲ့ကာ အုပ်စု စီတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သည်။

၁ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ဖြင့် ခြေစစ်ပွဲအောင်ခဲ့ခြင်းကြောင့် FIFA အဆင့် သတ်မှတ်ချက်တွင် အဆင့် ၁၈၉ မှ ၁၄၁ သို့ရောက်ရှိလာခဲ့သည်။

ယင်း AFC Challenge Cup ခြေစစ်ပွဲများတွင် ခြေစစ်ပွဲအောင်ခဲ့ပြီး ဖြစ်သော ပါလက်စတိုင်းမှာလည်း ၁၅၃ မှ ၁၅၀ သို့ ၎င်း ၊ မြန်မာမှာ ၁၆၄ မှ ၁၅၅ သို့ ၎င်း အသီးသီး တက်လာခဲ့ကြသည်။ ယင်း ပြိုင်ပွဲအတွက် ခြေစစ်ပွဲ ကစားရန် အုပ်စု ၂ ခု ကျန်ရှိနေသေးပြီး အုပ်စု အားလုံးမှ အုပ်စုဗိုလ် ၅ သင်း ၊ အကောင်းဆုံး ဒုတိယ ၂ သင်းတို့သည် အိမ်ရှင် မော်လဒိုက် နှင့် အတူ နောက်ဆုံး အဆင့် ပွဲစဉ် များမှာ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပြီး ဗိုလ်စွဲသော အသင်းများမှာ ၂၀၁၅ တွင် သြစတြေးလျတွင် ကျင်းပမည့် AFC အာရှဖလားပြိုင်ပွဲသို့ ၀င်ရောက်ခွင့် ရရှိမည် ဖြစ်သည်။

ယူ-၂၁ နည်းပြ အဖြစ် ရေပန်းစားနေသော ဖီးလ်နဗီးလ်

လာမည့် နွေရာသီတွင် ကျင်းပမည့် ဥရောပ ယူ-၂၁ ပြိုင်ပွဲတွင် အင်္ဂလန် အသင်းကို ကြီးကြပ်ပေးမည့် နည်းပြ ရာထူးအတွက် ဖီးလ်နဗီးလ်ကို တာဝန်ပေးရန် FA က စဉ်စားနေကြောင်း သိရသည်။ အဲဗာတန် ကပ္ပတိန် ဖြစ်သူ နဗီးလ်မှာ ၂၀၁၂ ဖေဖော်ဝါရီလအတွင်း ဘယ်လ်ဂျီယံနှင့် ကစားခဲ့သော ခြေစစ်ပွဲတွင် အင်္ဂလန် ယူ-၂၁ နည်းပြ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ ထို့အပြင် လက်ရှိနည်းပြ စတူးဝပ်ပီယာ့စ်၏ လက်ထောက်အဖြစ်

တိုးမြှင့် တာဝန်ယူခဲ့ရသေးသူဖြစ်သည်။ FA က ကျေညာချက် တစ်ခုအတွက် ပြန်ခဲ့ရာတွင် အတွေ့အကြုံ ရှိသော ငယ်ရွယ်သူ နည်းပြတစ်ဦးကို လိုအပ်နေကြောင်း လူငယ်များ ဘောလုံး အဆင့်အတန်း တိုးတက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ နဗီးလ်မှာ အင်္ဂလန် လက်ရွေးစင် အသင်းကြီး အတွက် ၅၉ ပွဲ ကစားပေးခဲ့သူဖြစ်ပြီး သူ၏ အစ်ကို ဂယ်ရီနဗီးလ်မှာ လက်ရှိ အင်္ဂလန်နည်းပြ ဟော့ဆန်၏ ညာလက်ရုံး သဖွယ် သတ်မှတ်ခံစားရသူဖြစ်သည်။ လွန်ခဲ့သော မေလက အင်တာဗျူး တစ်ခုတွင် နဗီးလ်က သူသာ နည်းပြ အဖြစ် တာဝန်ယူခွင့် ရခဲ့လျှင် အတိုင်းမသိ ကြည်နူးပျော်ရွှင်မိမည်ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံနှင့်ပွဲတွင် နည်းပြ အဖွဲ့ဝင် ဖြစ်ခဲ့သည်ကိုပင် ဂုဏ်ယူမဆုံး ဖြစ်ရကြောင်း ပြောဆိုခဲ့ဖူးသည်။

အီတလီ နည်းပြ ပရင်ဒယ်လီ တော့တီအား ပြန်ခေါ်လို

အီတလီ အသင်းနည်းပြ ပရင်ဒယ်လီက ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ တော့တီအား ကြံ့ခိုင်မှု ပြည့်ဝနေ ပါက ခေါ်ယူသွားမည်ဟု ပြောခဲ့သည်။ သူက တော့တီ၏ ခြေစွမ်း အား ကျေနပ်နေ ပြီး လာမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပချိန်ထိ တော့တီ၏ ကြံ့ခိုင်မှု ပြည့်ဝကောင်းမွန်ရန် မျှော်လင့်နေသည်။ ရိုးမား အသင်း၏ ဂန္တ၀င် ကစားသမားဖြစ်သူ တော့တီသည် ၂၀၀၇ မှာ လက်ရွေးစင် ကစားသမား ဘ၀မှ အနားယူခဲ့ပြီး ကလပ် အသင်းအတွက်သာ ကစားနေသူ ဖြစ်သည်။

သို့သော် လက်ရှိ အီတလီ နည်းပြ ဖြစ်သူ ပရင်ဒယ်လီက တော့တီ အား ပြန်လည်ခေါ်ယူရန် စဉ်းစားနေကြောင်း ၀န်ခံခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ တော့တီ၏ ကြံ့ခိုင်မှုပေါ်မှာ မူတည်သည်ဟု သူက ပြောခဲ့သည်။ အီတလီ အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန်၏ အုပ်စု (B) မှာကျရောက်နေတာဖြစ်ပြီး လာမည့် ၂၆ ရက်နေ့မှာ မော်လ်တာ အသင်းနှင့် ယှဉ်ပြိုင်ရ မှာ ဖြစ်သည်။ တော့တီသည် အီတလီ အသင်းအတွက် ၅၈ ပွဲကစားပေးထားသူ ဖြစ်သည်။

ဂိုမက်စ်ကို စိတ်ဝင်စားနေသော နာပိုလီ

စီးရီးအေ ကလပ် နာပိုလီ အသင်းသည် ကာတားနီးယားမှ ကွင်းလယ်တိုက်စစ်သမား အလီဂျန်ဒရို ဂိုမက်စ်ကိုခေါ်ယူနိုင်ရေး အတွက် စောင့်ကြည့်နေကြောင်း သိရသည်။ နာပိုလီ အသင်းမှာ လာမည့်ရာသီတွင် ပိုမို အောင်မြင်မှုများ ရရှိလာနိုင်ရန် အတွက် အသင်း လိုအပ်ချက်နှင့် ကိုက်ညီမည့် ကစားသမားများကို စောင့်ကြည့်လျက်ရှိနေသည့် အသင်းဖြစ်သည်။ နာပိုလီ အသင်းမှာ အာဂျင်တီးနားသား ဂိုမက်စ်ကို စိတ်ဝင်စားနေကြောင်း

တရားဝင် ပြောဆိုထားသော်လည်း ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း အပေါ်တွင်မူ စဉ်းစားချင့်ချိန် လိမ့်မည်ဟု အချို့ သတင်းများက ဆိုသည်။ ဂိုမက်စ်မှာ လော်ရန်ဇို အသင်းမှ ကာတားနီးယား အသင်းသို့ ၂၀၁၀ နွေရာသီတွင် ရောက်ရှိခဲ့သူ ဖြစ်ပြီး အဓိက ကစားသမား တစ်ဦး ဖြစ်ကာ ယခုအထိ ပွဲပေါင်း ၁၀၀ ကျော် ကစားပေးခဲ့ပြီး ဖြစ်သည်။ နာပိုလီမှာ လောလောဆယ်တွင် စီးရီးအေ အဆင့် ၂ တွင် ရပ်တည်နေပြီး လာမည့်ရာသီတွင် ချန်ပီယံလိဂ် ၀င်ခွင့် ရရန် အကောင်းဆုံး အနေအထားတွင် ရှိနေသည်။

ဝေးလ် အသင်းပွဲစဉ်အား အကောင်းဆုံး ထိန်းချုပ်မည့် စကော့တလန် အသင်း

ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင် စကော့တလန် အသင်း လက်ထောက် နည်းပြ မက်ဂီးက သောကြာနေ့မှာ ရင်ဆိုင်ရမည့် ဝေးလ်အသင်းနှင့် ပွဲစဉ်အတွက် ဂါရတ်ဘေးလ်အား ထိန်းချုပ်နိုင်ရန် ပြင်ဆင်ထားေ ကြာင်း ပြောခဲ့သည်။ သူက ဝေးလ် အသင်းနှင့် ရင်ဆိုင်ရန် ယုံကြည်မှု အပြည့်အ၀ ရှိနေပြီး ဝေးလ်အသင်းမှ တောင်ပံကစားသမား ဂါရတ်ဘေးလ်အားထိမ်းချုပ်နိုင် မည်ဟု ယုံကြည်နေသည်။စကော့တလန်အသင်းနှင့် ဝေးလ်အသင်းတို့သည်

ဥရောပဇုန် အုပ်စု (A) မှာ ကျရောက်နေခဲ့ပြီး ၂ သင်းစလုံးဟာ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေသည့် အသင်းများဖြစ်သည်။ စကော့တလန် အသင်းသည် ဝေးလ် အသင်းနှင့် မတ်လ ၂၆ ရက်နေ့မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး ထိုပွဲစဉ်မှာ ဟူးစီးတီး တိုက်စစ်မှူး ဂျော့ဘွိုင်းနှင့် ဒန်ဒီး အသင်းတိုက်စစ်မှူး မက်ကေး စတီဗင်တို့ စကော့တလန် အသင်းမှာ ပါဝင်နိုင်မည် ဖြစ်သည်။ ဂျော့ဘွိုင်းကလည်း မိမိတို့သည် ဝေးလ် အသင်းအား အကောင်းဆုံး ခြိမ်းခြောက် သွားရမည်ဟု ပြောခဲ့သည်။

မြက်ခင်းစိမ်းတွေကို အိုဝင် ကျောခိုင်းတော့မည်

စတုတ်စီးတီး တိုက်စစ်မှူး မိုက်ကယ်အိုဝင်မှာ ရာသီကုန်တွင် ဘောလုံးလောကမှ အနားယူတော့မည်ဖြစ် သည်။ အသက် ၃၂နှစ်အရွယ်ရှိ အိုဝင်မှာ လီဗာပူးနှင့်အတူ ကျော်ကြားလာသော ကစားသမား တစ်ဦးဖြစ်ပြီး အင်္ဂလန် လက်ရွေးစင် အသင်းတွင်လည်း ဘက်ခမ်း၊ ဂျရတ်၊ ဟက်စကီးတို့နှင့် အတွဲညီခဲ့သူဖြစ်သည်။ ၎င်းမှာ လီဗာပူးနှင့်အတူ ဖလား၅လုံး ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ဥရောပအကောင်းဆုံး ကစားသမား ဆု ဆွတ်ခူးနိုင်ခဲ့သည်။

အိုဝင်မှာ အင်္ဂလန်အသင်းတွင် စတုတ္ထ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး ဂိုး ၂၂၀ သွင်းယူနိုင်ခဲ့ကာ ရီးရဲလ်၊ နယူးကာဆယ်၊ မန်ယူတို့တွင် ကစားခဲ့ဖူးသူလည်းဖြစ်သည်။

သို့သော် အိုဝင်မှာ ယခုရာသီတွင် စတုတ်စီးတီးနှင့်အတူ ၇ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ရုန်းကန်နေရသူ လည်းဖြစ်သည်။ “ ကျွန်တော့်ကစားသမားဘ၀မှာ ကျွန်တော်အိပ်မက်မက်ခဲ့ သလို ဖြစ်ခဲ့လို့ ကံကောင်းတယ်လို့ ပဲပြောရမှာပါ။ ဒါ့ကြောင့်ပဲ ရာသီကုန်မှာ အနားယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဂုဏ်ယူစွာနဲ့ ပြောနိုင်ခဲ့ပါတယ်”ဟု အိုဝင်က ပြောကြားခဲ့သည်။

ကြံ့ခိုင်မှုပြဿနာကြောင့် အင်္ဂလန်အသင်းမှ ဖာဒီနန်နုတ်ထွက်

မန်ယူနောက်ခံလူ ဖာဒီနန်မှာ ဆန်မာရီနို၊ မွန်တီနီဂရိုးတို့နှင့် ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲဝင် အင်္ဂလန် လက်ရွေးစင်အသင်းမှ နုတ်ထွက်ခဲ့သည်။ ၎င်းမှာ ကြံ့ ခိုင်မှုမပြည့်ဝသောကြောင့် ပွဲဆက်များသည့် ဒဏ် ခံနိုင်မည်မဟုတ်ဟု ဆေးမှတ်တမ်းများက ဖော်ပြခဲ့သည်။ ဖာဒီနန်မှာ နည်းပြ ရွိုင်းဟော့ဆန်နှင့် တွေ့ဆုံ ခဲ့ပြီး နောက် ယခုကဲ့သို့ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ “အသင်းမှာ ဖာဒီနန်ကို မထည့်သွင်း နိုင်ခဲ့လို့ စိတ်ပျက်မိပေမယ့်

ဆေးမှတ်တမ်းတွေအရ သူ့ကို ခေါ်ယူဖို့မဖြစ်နိုင်ခဲ့ပါဘူး။ ဖာဒီနန်ဟာ အင်္ဂလန်ကို ကိုယ်စားပြုပါဝင် ချင်တဲ့သူဖြစ်ပြီး သူ့ရဲ့လက်ရွေးစင် အနာဂတ်လည်း အဆုံးသတ်ပြီလို့ မပြောနိုင်သေးပါဘူး”ဟု ရွိုင်းဟော့ ဆန်က ဆိုခဲ့သည်။ ဖာဒီနန် နုတ်ထွက် ခဲ့ခြင်းကြောင့် ၎င်း၏နေရာတွင် ယူ-၂၁အသင်းမှ စပါးနောက်ခံလူ ကော်လ်ကာကို အစားထိုးခေါ်ယူခဲ့သည်။

လက်ရွေးစင်အသင်းမှ နုတ်ထွက်ခဲ့ ခြင်းကြောင့် ဖာဒီနန်ကို လက်ရွေးစင် ကစားသမားဟောင်းများက တွစ်တာမှ တစ်ဆင့် ဝေဖန်ခဲ့ကြသည်။ ဖာဒီနန်မှာ ၁၉၉၇ခုနှစ် ကင်မရွန်းနှင့် ပွဲစဉ်တွင် အင်္ဂလန်အတွက် စတင်ပွဲထွက်ခဲ့ပြီး လက်ရွေးစင်ပွဲပေါင်း ၈၁ပွဲ ကစားထား ခဲ့သူလည်းဖြစ်သည်။ သို့သော် ၎င်းမှာ ပြီးခဲ့သော ယူရိုပြိုင်ပွဲတွင် အင်္ဂလန် အတွက် ရွေးချယ်ခံရခြင်း မရှိပေ။

ပျားအဆိပ်သည် HIV ပိုးကို တားဆီး ကာကွယ်နိုင်ကြောင်း သုတေသန ပညာရှင်များ လေ့လာ တွေ့ ရှိ

"melittin" အမည်ရှိ ပျားအဆိပ် တစ်မျိုးသညHIV ပိုးကို တိုက်ဖျက်နိုင်ပြီး ၎င်းပတ်ဝန်း ကျင်ရှိ အခြားဆဲလ် များ ကို ထိခိုက်စေခြင်း မရှိကြောင်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာ ရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

AIDS ရောဂါ ဖြစ်စေနိုင်သည့် HIV ပိုး ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်သည့် ga(ဂျဲလ်) တစ်မျိုးကို ထုတ်လုပ် ရာတွင် ပျားအဆိပ်သည် အရေး ပါသောကြောင့် အဆိုပါ လေ့လာတွေ့ ရှိမှုကို ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။

"melittin" အမည်ရှိ ပျားအဆိပ်ကို သေးငယ်သော အမှုန်အစိတ် အပိုင်းများဖြစ်အောင် သိပ္ပံ ပညာရှင်များ က ဖန်တီးခဲ့ကြပြီး HIV ဆဲလ်များပေါ်သို့ ထည့်သွင်းလိုက်သည့် အခါတွင် HIV ဆဲလ်များ သေ ဆုံးခဲ့သည် ကို သိပ္ပံပညာ ရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

အဆိုပါ လေ့လာမှုကို အမေရိကန် ပြည်ထောင်စု စိန့်လူးဝစ်မြို့ရှိ ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင် များ အဖွဲ့က လုပ်ဆောင်ခဲ့ပြီး HIV ပိုး ကူးစက် ပျံ့နှံ့ခြင်းကို ကာကွယ်ရန် အတွက် ပျားအဆိပ်ကို အမျိုး သမီး အင်္ဂါတွင် ထည့်သွင်းသည့် ဂျဲလ်ထဲတွင် ထည့်သွင်း အသုံးပြုနိုင်ကြောင်း သုတေသန ပညာရှင် ဒေါက် တာ ဂျို့စ်ဟွာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။

HIVပိုးကနဦး ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်ရန် ကာကွယ်ရေး အစီအစဉ် တစ်ရပ်အဖြစ် ပြည်သူများသည် ၎င်းဂျဲလ် ကို အသုံးပြုနိုင်မည် ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အမှန်စင် စစ်အားဖြင့် HIV ပိုးတိုက်ဖျက်သည့် ဆေးဝါး အများစုသည် ဗိုင်းရပ်စ်ပိုးများ မျိုးပွားခြင်းကို ဟန့် တား နိုင်စွမ်းသာရှိပြီး ပျားအဆိပ်များသည် ဗိုင်းရပ်စ်ပိုး ဖွဲ့စည်း တည်ဆောက်ပုံကို အမှန်တကယ် တိုက် ဖျက် နိုင်စွမ်းရှိ၍ ကူးစက်မှုကို ကာကွယ် နိုင်စွမ်းရှိသည် ကို သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။

ထို့ပြင် ပျားအဆိပ် အမှုန်လေး များသည် အကျိတ်ဆဲလ်များကို သေစေရန် အသုံးပြုနိုင်သည့် ထိရောက်ေ သာ နည်းလမ်း တစ်ခုဖြစ်လာ နိုင်ဖွယ် ရှိကြောင်း ဒေါက်တာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။

လိမ္မော်သီး ဆန်းကစ်ဖျော်ရည် မှန်မှန်သောက်တဲ့ အကျိုး

လိမ္မော်သီး သို့မဟုတ် ဆန်းကစ် သီး လတ်လတ် ဆတ်ဆတ်ကို ဖျော်ရည် မှန်မှန် လုပ်သောက် ပါက သင်ရဲ့ ရင်သား တစ်ဝိုက် အဆီတွေ ကျ သွား စေခြင်း၊ ဗိုက်ကြီး ပူနေလို့ ဘယ်နေ့ မွေးမှာလဲ အမေးခံရခြင်း (အမှန်တော့ ကိုယ်ဝန် မဟုတ်ဘဲ) မရှိ စေ တော့ပါ။ ထို့အပြင် ခုခံ အားစနစ်ကို တိုးစေတဲ့ အတွက် နှာစေးလို့၊ အအေး မိလို့ ဖျားပြီး ဆေးခန်း သွားရတဲ့ စရိတ်တွေ မကုန် တော့ခြင်း စတဲ့ အကျိုး ကျေးဇူးတွေ ရနိုင် ပါတယ်။

ထို့အပြင် နို့နှင့် နို့ထွက် ပစ္စည်းများ နှင့်ပါတွဲပြီး မှန်မှန် သောက်ပေး မယ်ဆိုပါက အရိုး ပါးရောဂါ မဖြစ်အောင် ကာကွယ် နိုင် ပါတယ်။

ရေသောက်ခြင်း၏ အကျိုးကျေးဇူးများ

လူ့ခန္ဓာ ကိုယ်ကြီးရဲ့ ၆၀ မှ ၇၀ ရာခိုင် နှုန်းဟာ ရေဓာတ်နဲ့ ဖွဲ့စည်း ထား တာပါ။ ကျွန်မ တို့ရဲ့ ဦးနှောက် မှာလည်း ရေဓာတ် ၇၅ ရာခိုင်နှုန်း ပြည့်မှ ခေါင်း ကြည်ပြီး နေရထိုင်ရပျော်ရွှင် ရပါတယ်။ အနည်းငယ် ရေဓာတ် ခန်းခြောက်တာ နဲ့ ခေါင်းကိုက် တော့တာ ပါပဲ။ နွေရာသီ မှာ ခေါင်းကိုက် ခြင်းဟာ ရေများများ သောက်ဖို့ လိုတယ်ဆိုတာ ပြသနေ တာဖြစ် ပါတယ်။ သွေးထဲ မှာလည်း ရေဓာတ် ၉၂ ရာခိုင်နှုန်း လိုတာပဲ။ ကြွက်သား တွေမှာလည်း ရေဓာတ် ၇၅ ရာခိုင်နှုန်း လိုတာပါပဲ။ ဒါကြောင့် ရေသောက်ဖို့ မမေ့ကြ ပါနဲ့။

ကြက်သွန်နီသည် ချောင်းဆိုးခြင်းကို သက်သာစေနိုင်

ရိုးရှင်းတဲ့ ချောင်းဆိုးပျောက် ဆေးတစ်ခု ဖော်စပ် နည်းက ဒီလိုပါ။ လက်ဖက် ခြောက်ရည် လက်ဖကရည်ဇွန်း ၂ ဇွန်းနှင့် ပျားရည်လက်ဖက် ရည်ဇွန်း ၁ ဇွန်းရောပြီး ကြိုက်သလောက် လက်ဖက် ရည်ဇွန်းနှင့် ခပ်သောက်ပါ။ ပိုပြီး အစွမ်းထက် စေဖို့ ခြစ်ခုံနှင့် ခြစ်ထားတဲ့ ကြက်သွန်နီ အနည်းငယ် ပေါင်းထည့် ပေးပါ။ ကြက်သွန် နီမှာက ချောင်းဆိုးခြင်း တုံ့ပြန်မှု ဖြစ်စေ တဲ့ ဒြပ်ပေါင်းများ ပါဝင် တဲ့အတွက် သလိပ် ထွက်စေ ပါတယ်။

နောက်တစ် နည်းကတော့ အရွယ် အလတ်စား ကြက်သွန်နီ ၆ လုံးကို အခွံခွာပြီး နုတ်နုတ် စဉ်းပါ။ ယင်းကို ပျားရည် ခွက်တစ် ဝက်လောက်နှင့် ရောပြီး ဆူပွက် နေတဲ့ အိုးအပေါ်မှာတင်ထားတဲ့ လက်ကိုင်ပါ ဒယ်အိုး သို့မဟုတ် ရိုးရိုး ဒယ်အိုးထဲ ထည့်လိုက်ပါ။ ယင်းကို အဖုံး အုပ်ပြီး ရေနွေး ငွေ့နှင့် ၂ နာရီကြာ အပူ ပေးပါ။ အရည် ကိုစစ် ယူပြီး အဖုံးပါ ဖန်ဘူး တစ်ခုထဲ ထည့်ထားပါ။ ၂ နာရီ၊ ၃ နာရီခြား တစ်ကြိမ် လက်ဖက် ရည်တစ်ဇွန်း စာသောက် ပေးပါ။

ကလေးနှင့် ပတ်သက်၍ ဝမ်းနည်းဝမ်းသာဖြစ်ခြင်း ဘာကြောင့် ဖြစ်ရသလဲ

ကိုယ်ဝန် ဆောင်ချိန်မှာ ပရိုဂျက် စတီ ရုန်းနှင့် အီစ ထရိုဂျင် ဟော်မုန်းများ မြင့်တက် ခဲ့ပါတယ်။ ကလေး မွေးပြီး တဲ့ နောက် အဲဒီ ဟော်မုန်း များရဲ့ ပမာဏ ဟော်မုန်း ကျဆင်း မှုနှင့် လိုက်လျော ညီထွေ ဖြစ်ရန် ခက်ခဲစွာ ဆောင်ရွက် ရပါတယ်။ ဒါကြောင့် မွေးဖွား ပြီးစ မိခင်ရဲ့ စိတ်ခံ စားမှု များကို အကျိုး သက်ရောက် မှုတွေ ဖြစ်ပေါ်လာပါ တယ်။ မိခင် ဝမ်းထဲမှ ကလေးလုံးဝ ထွက်သွား ပြီးနောက်

မီးဖွား ပြီးစ မိခင်ဟာ မောပန်း နွမ်းနယ် သွားနိုင်ပါ တယ်။ အိပ်ရေး ပျက်ခဲ့ မှုတွေကြောင့် ပိုဆိုး စေပါတယ်။ ဒါကြောင့် သူ့ရဲ့ စိတ်ခံ စားမှုဟာ အမြင့်ဆုံး အခြေအနေ သို့ ရောက်ရှိ သွားခြင်းဟာ အံ့ဩစရာ မဟုတ်ပါ။

Baby Blues ကို မိမိဘာသာ မိမိကုသခြင်း

(၁) မိမိကိုယ်မိမိ အချိန် ပေးရ ပါမယ်။ ဒီလ ခံစား ရမှုမျိုးမှာ အချိန်တို မျှသာ ခံစား ရမည် ဖြစ်ကြောင်း၊ ဒါ့အပြင် ဒီလို အဖြစ် မျိုးဟာ ရှောင်လွှဲလို့ မရအောင် ကြုံတွေ့ ကြရလေ့ ရှိသည့် ပြဿနာ ဖြစ်ကြောင်း လက်ခံရပါမယ်။

(၂) အခြား သူများ၏ ကူညီ ဆောင် ရွက်ပေးမှုကို လက်ခံပါ။ အရာရာကို ငါလုပ်မှဖြစ်မယ် ဟူသော စိတ်မထား ပါနှင့်။

(၃) မိမိ ခံစားချက် များကို အခြားသူ များအား ဖွင့်ပြော ပြပါ။ ငိုလိုက်မှ ကောင်း သွားမယ် ထင်ရင်လည်း ငိုချ လိုက်ပါ။

(၄) ခင်ပွန်း ဖြစ်သူအား မိမိအပေါ် ချစ်ခင် ကြင်နာမှု အများကြီး ပြသဖို့ မိမိ လိုအပ် နေကြောင်း ပြောပြပါ။ ဒါပေမယ့် သတိ ရနေရမယ့် အကြောင်း ကတော့ သင့်ခင်ပွန်း အတွက်လည်း ပြောင်းလဲမှု တစ်ခု မဖြစ် မနေ လုပ်ရန် လိုအပ်တဲ့ အချိန်ဖြစ်တယ် ဆိုတာပါပဲ။

ဖခင်ရော Baby Blues ခံစားရသလား

ဖခင် များအတွက် ဇနီးသည် မွေးဖွား ပြီးတဲ့ အခါ ခံစားမှု ဇာတ်ရှိန် အမြင့် ဆုံးနှင့် ဆန့်ကျင်စွာ ခံစားရပါ မယ်။ သူတို့ အတွက် တာဝန် ယူရမှု တွေ ပိုမို များပြား လာပါတယ်။ ဒါ့အပြင် သူ့ရဲ့လူနေမှု စရိုက် ကလည်း ချက်ချင်း ပြောင်းလဲ သွားရပါတယ်။ ဖခင် အနေနဲ့ စိတ်ခံစား ရမှုတွေ နိမ့်ဆင်း နေရင် ဇနီးဖြစ်သူက ခွန်အားတွေရှိလာ အောင် မြှင့်တင်ပေးဖို့လိုပါတယ်။ ဒါဟာ တကယ့်ကို ကြီးမားသော ဖိစီး ရုန်းကန်ရမှု ဖြစ်နိုင်ပါတယ်။ ပထမ လအနည်းငယ် အတွင်းမှာ နှစ်ဦး စလုံး အတွက် မြန်ဆန် လှသော ပြောင်းလဲ မှုရဲ့ အစမ်း သပ်ခံ ကာလ အဖြစ် မှတ်ယူ ဖို့ ကြိုးစားပါ။ ဇနီးနှင့် ခင်ပွန်းဖြစ်သူ တို့ဟာ ယခု အချိန်ကျမှ ယခင်တုန်း ကထက် ပိုပြီး နီးကပ် လာကြတာဖြစ် ပါတယ်။ တကယ်လို့ စိတ်ပျော်ရွှင်မှု မရှိဘူးဆိုရင် မီးဖွားပေးရန် ကူညီသော သားဖွား ဆရာ မဖြစ်စေ၊ ဆရာဝန် ဖြစ်စေ၊ ရင်းနှီးသော သူငယ်ချင်းကိုဖြစ် စေ ခံစားရမှု များကို ဖွင့်အန် လိုက်ပါ။

ပြုံးရယ်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ


 
စိတ်ဖိစီးမှုကို ပြေလျော့ စေတဲ့ပြုံးရယ်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများအရာ

ကဗျာ များတဲ့ ဘဝက စိတ်ဖိ စီးမှု တစ်ပုံကြီး ပေးပါတယ်။ စိတ်ဖိ စီးမှု အားလုံးကို ပြေလျော့ စေတဲ့ ရိုးရှင်းတဲ့ နည်းတစ် နည်းကတော့ ပြုံးရယ် ခြင်းသာ ဖြစ်တယ်။ ပြုံးရယ် ခြင်းက သင့်ကို စိတ်ပျော်ရွှင် စေရုံမက စိတ်ဖိ စီးမှု ကိုလည်း အမြန် ဖြေလျှော့ ပေးတယ်။

သွေးဖိအား

(Blood Pressure)ကို ကျစေ သင့်မှာ သွေးတိုး ပြဿနာ ရှိနေ ရင် ဆေးစား၊ ဆေးသောက် အပြင် တစ်နေ့တာ အချိန်ကို ပြုံးရယ် ခြင်းနှင့် ကုန်လွန် ပါစေ။ တစ်ကြိမ် ပြုံးရယ်တိုင်း သွေးပေါင် ချိန်ပမာဏ အတော် အတန် ကျဆင်းကြောင်း သိရတယ်။

ခန္ဓာကိုယ်ခုခံ အားစနစ် ခန္ဓာကိုယ် ခုခံ အားစနစ်(Immune System) တိုးတက် ကောင်းမွန် စေတယ်

သင့်ခန္ဓာကိုယ်ခုခံအား စနစ်ကို တိုးမြှင့် စေဖို့ ပြုံးရယ်ပါ။ ပြုံးရယ် ခြင်းက ခန္ဓာကိုယ်ကို ကိုယ်စိတ် ပြေလျော့ စေ တဲ့အသွင် ရောက်စေပြီး ရောဂါများ (အထူး သဖြင့် အအေးမိ နှာစေးနှင့် တုပ်ကွေး) တိုက်ဖျက်နိုင်စွမ်းကို မြင့်တက် စေပါတယ်။ ရုပ်ကို နုပျိုစေ ပါးရေ တွန့်ခြင်း ကင်းပြီး လှပ တင်းရင်းတဲ့ မျက်နှာ ပိုင်ရှင် ဖြစ်ဖို့ မကြာ ခဏ ပြုံးရယ်ပါ။ ပြုံးရယ် ခြင်းက သင့်မျက်နှာကို တင်းရင်း စေတဲ့ သဘာဝ နည်းတစ်ခု ဖြစ်ပြီး ရေရှည်မှာ ရုပ်ကို နုပျိုစေပါတယ်။

အနာသက်သာ စေတဲ့ဆေးတစ်လက်

Endorphins ဓာတ်ပစ္စည်းများ က သင့်ခန္ဓာကိုယ်မှ နာကျင်ကိုက်ခဲမှု ကို သက်သာ စေတယ်လို့ သိရတယ်။ ပြုံးရယ်ခြင်းက ယင်းဓာတ်ပစ္စည်းတွေ ကို ထုတ်လွှတ် ပေးပါတယ်။ ဒါကြောင့် သဘာဝ အကိုက် အခဲ ပျောက်ဆေး သို့မဟုတ် နာကျင်မှု သက်သာဆေး တစ်ခု အနေနှင့် ပြုမူပါ။