20.3.13

ပရိသတ်များ၏ လူမျိုးရေး ခွဲခြားမှုကြောင့် အင်တာ အသင်း တရားစွဲခံရ

ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA သည် လွန်ခဲ့သည့် စပါးအသင်းနှင့် အိမ်ကွင်း ယူရိုပါလိဂ် ပွဲစဉ်တွင် လူမျိုးရေး ခွဲခြားခဲ့ကြသော အိမ်ရှင် ပရိသတ်များကြောင့် အင်တာ အသင်းအား တရားစွဲဆိုခြင်း ခံထား ရကြောင်း သိရသည်။ စပါး အသင်းကို ၄း၁ ဖြင့် အနိုင်ရသော ပွဲစဉ်တွင် အိမ်ရှင် အင်တာ ပရိသတ်များ သည် စပါးအသင်းမှ အဒီဘာယောနှင့် အခြားသော လူမည်း ကစားသမားများကို မျောက်အော်သံများဖြင့် လူမျိုးရေး ခွဲခြားခဲ့ကြပြီး ယင်းဖြစ်ရပ်ကို ပွဲတာဝန်ရှိသူများနှင့် ရာဇ၀တ်မှု ဆန့်ကျင်တိုက်ဖျက်ရေး FARE တို့က UEFA သို့ တိုင်ကြားခဲ့သည်။

အင်တာ အသင်းသည် ကွင်းအတွင်းသို့ ပရိသတ်များက မီးပန်း သို့မဟုတ် အရာဝတ္ထုများဖြင့် ပစ်ပေါက်ခြင်း အတွက် စစ်ဆေးခံရမည် ဖြစ်ပြီး ဧပြီလ ၁၉ ရက်နေ့တွင် ကြားနာစစ်ဆေးမှု စတင်မည် ဖြစ်သည်။ စပါး အသင်းသည် အင်တာ အသင်းနှင့် အဝေးကွင်း ပွဲစဉ်တွင် ၄း၁ ဖြင့် ရှုံးခဲ့သော်လည်း နှစ်ကျော့ပေါင်း ၄း၎ အရ အဝေးဂိုးစည်းမျဉ်းဖြင့် နောက်တစ်ဆင့် တက်ကာ အိမ်ကွင်းမှာ ကစားစဉ်က အင်တာကို ၃းဝ ဖြင့် နိုင်ထားခဲ့သည်။ အင်တာ ပရိသတ်များသည် စပါး အသင်းမှ လူမည်း ကစားသမားများကို ပလတ်စတစ် ငှက်ပျောသီးများဖြင့် လည်း လူမျိုးရေး ခွဲခြားခဲ့ကြသည်။ စပါး အသင်းသည် ယခုရာသီ အီတလီ ကလပ်အသင်းများနှင့် တွေ့ဆုံတိုင်း လူမျိုးရေး ခွဲခြားမှုများနှင် မကြာခဏ ဆိုသလို တွေ့ကြုံ ရင်ဆိုင်နေရသည်။

0 comments:

Post a Comment