20.3.13

ယူ-၁၄ ပဏာမ အမျိုးသမီး လက်ရွေးစင် အသင်း စတင် ဖွဲ့စည်း

လာမည့် အာရှ ယူ-၁၄ ချန်ပီယံရှစ် အမျိုးသမီးပြိုင်ပွဲအတွက် ပြိုင်ပွဲအား ပါဝင် ယှဉ်ပြိုင်ရန် ပဏာမ မြန်မာ့ လက်ရွေးစင် အမျိုးသမီး ယူ-၁၄ အသင်းကို ကစားသမား (၃၀)ဦးဖြင့် ရွေးချယ်ဖွဲ့စည်း ထားကြောင်း သိရသည်။ အဆိုပါ အသင်းတွင် အမှတ်(၂) အခြေခံပညာ ဦးစီးဌာနမှ ကစားသမား (၃)ဦး၊ အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ ကစားသမား (၉)ဦး၊ အားကာ သိပ္ပံ (ရန်ကုန်)မှ ကစားသမား (၇)ဦး၊ အားကာ သိပ္ပံ (မန္တလေး)မှ ကစားသမား (၉)ဦးနှင့်
နေပြည်တော် Goal Camp မှ ကစားသမား (၂)ဦးဖြင့် ဖွဲ့စည်းထား သည်။
ပဏာမ မြန်မာ့ လက်ရွေးစင် အမျိုးသမီး ယူ-၁၄ အသင်းသည် မတ်လ (၁၇)ရက်နေ့မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။ အာရှယူ-၁၄ ချန်ပီယံရှစ် အမျိုးသမီးပြိုင်ပွဲကို ဗီယက်နမ် နိုင်ငံ ဟိုချီမင်း မြို့တွင် လာမည့် ဇွန်လ (၁၈)ရက်နေ့မှ (၂၃)ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်သည်။ မြန်မာ အမျိုးသမီး ယူ-၁၄ အသင်းသည် ယမန်နှစ်က ဟိုချီမင်း မြို့တွင် ပြုလုပ်ခဲ့သည့် အမျိုးသမီး ယူ-၁၄ အာဆီယံဇုန် ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည်။

0 comments:

Post a Comment