20.3.13

ဂိုမက်စ်ကို စိတ်ဝင်စားနေသော နာပိုလီ

စီးရီးအေ ကလပ် နာပိုလီ အသင်းသည် ကာတားနီးယားမှ ကွင်းလယ်တိုက်စစ်သမား အလီဂျန်ဒရို ဂိုမက်စ်ကိုခေါ်ယူနိုင်ရေး အတွက် စောင့်ကြည့်နေကြောင်း သိရသည်။ နာပိုလီ အသင်းမှာ လာမည့်ရာသီတွင် ပိုမို အောင်မြင်မှုများ ရရှိလာနိုင်ရန် အတွက် အသင်း လိုအပ်ချက်နှင့် ကိုက်ညီမည့် ကစားသမားများကို စောင့်ကြည့်လျက်ရှိနေသည့် အသင်းဖြစ်သည်။ နာပိုလီ အသင်းမှာ အာဂျင်တီးနားသား ဂိုမက်စ်ကို စိတ်ဝင်စားနေကြောင်း

တရားဝင် ပြောဆိုထားသော်လည်း ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း အပေါ်တွင်မူ စဉ်းစားချင့်ချိန် လိမ့်မည်ဟု အချို့ သတင်းများက ဆိုသည်။ ဂိုမက်စ်မှာ လော်ရန်ဇို အသင်းမှ ကာတားနီးယား အသင်းသို့ ၂၀၁၀ နွေရာသီတွင် ရောက်ရှိခဲ့သူ ဖြစ်ပြီး အဓိက ကစားသမား တစ်ဦး ဖြစ်ကာ ယခုအထိ ပွဲပေါင်း ၁၀၀ ကျော် ကစားပေးခဲ့ပြီး ဖြစ်သည်။ နာပိုလီမှာ လောလောဆယ်တွင် စီးရီးအေ အဆင့် ၂ တွင် ရပ်တည်နေပြီး လာမည့်ရာသီတွင် ချန်ပီယံလိဂ် ၀င်ခွင့် ရရန် အကောင်းဆုံး အနေအထားတွင် ရှိနေသည်။

0 comments:

Post a Comment